ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 30, 2016

Any Questions? ေမးခြန္းေမးရန္ရွိပါသလား?

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
Q&A, FAQ, Contact Us, About, Profile, Overview, InquiryHelp ဘယ္လိုပဲေရးေရး အဂၤလိပ္လိုဖတ္ႏုိင္ရင္ ကိုယ္သိခ်င္တဲ႕အရာတစ္ခုကို အခ်ိန္တိုအတြင္းရွာေဖြသိရွိႏုိင္လို႕ အင္တာနက္တီထြင္ခဲ႕တဲ႕ သိပၸံပညာရွင္ေတြကို အထူးေက်းဇူးတင္မိတယ္။ အခုကမၻာမွာ ကြ်န္ေတာ္တို႕ရဲ႕လက္ထဲမွာ အင္တာနက္တံခါးေပါက္ဖြင္႕လို႕ရတဲ႕ ပစၥည္း - Gadget တစ္ခုခုကုိ အလြယ္တကူသံုးစြဲခြင္႕ရေနတာကုိ အေကာင္းဘက္က ရႈျမင္မိပါတယ္။
.
ျပန္ျပီး အက်ယ္ဖြင္႕ေျပာရရင္
.
Q&A = ေမးခြန္းနဲ႕အေျဖ
.
FAQ = Frequently Asked Questions = အျမဲေမးေလ႕ရွိေသာေမးခြန္းမ်ား
.
Contact Us = ကြ်ႏု္ပ္တို႕ကုိဆက္သြယ္ရန္
.
About = ကြ်ႏ္ုပ္တုိ႕အေၾကာင္း
.
Profile = ကိုယ္ေရးအေၾကာင္းအရာ
.
Overview = ေယ်ဘုယ်အေၾကာင္းအရာ
.
Inquiry = ေမးျမန္းစံုစမ္းရန္
.
Help = ကူညီပါရေစ စသျဖင္႕ နားလည္ႏုိ္င္ပါတယ္။
.
.
ဒါေတြကို ကြ်န္ေတာ္တို႕ ဘယ္ေနရာေတြမွာ ေတြ႕မိလိုက္ပါလိမ္႕? .. လူမႈကြန္ယက္မွာ၊ ေစ်းအေရာင္းဝဘ္ဆိုဒ္ေတြမွာ၊ ကုမၸဏီေတြရဲ႕ကုိယ္ပုိင္စာမ်က္ႏွာေတြမွာ၊ ေက်ာင္း၊ တကၠသိုလ္ေတြရဲ႕ဝဘ္ဆုိဒ္ေတြမွာ၊ အဂၤလိပ္လိုေရးထားတဲ႕ အစိုးရ၊ ရံုးစာမ်က္ႏွာေတြမွာ အလြယ္တကူျမင္ႏုိင္တာ ခ်စ္စာဖတ္သူမ်ား သိၾကမွာပါ။
.
စာအေရးအသားဘယ္လိုပင္ ကြာကြာ၊ အတုိေကာက္ဘယ္လိုပင္ ေရးေရး .. တူညီတဲ႕အေၾကာင္းအရာတစ္ခုက အားလံုးထဲမွာ ပါဝင္ေနတာကို ေတြ႕ရပါမယ္။ ဒါကေတာ႕ ေမးခြန္းမ်ား  - Questions နဲ႕ ေမးခြန္းေမးျခင္း - Ask တုိ႕ ျဖစ္ၾကပါတယ္။
.
ဒီေနရာမွာေမးစရာတစ္ခုရွိတာကဘယ္သူေတြကေမးခ်င္လို႕ ဘယ္သူေတြက သိပ္ေျဖခ်င္ေနတာလဲ ”  ဆုိတာပါပဲ။ ခပ္တိုတိုေျပာရရင္ အသိပညာရွာေဖြသူ ( သိခ်င္သူ ) က ေမးျပီးေတာ႕ အသိပညာျဖန္႕ေဝခ်င္သူ ( ျပန္ေျပာျပခ်င္သူ ) က ေျဖေနၾကတာပါ။

.
.
တစ္တက္တည္းမွာ သိခ်င္သူေတြထဲမွာ ကေလးသူငယ္ေတြ ပါမယ္ .. ေက်ာင္းသားေတြပါမယ္ .. လူငယ္အမ်ားစု ပါပါမယ္။ ဒါက ငယ္ရြယ္သူအုပ္စုထဲမွာ ေျပာတာပါ။ ႏုိင္ငံနဲ႕ တုိျပည္နဲ႕ ကမၻာနဲ႕ခ်ီျပီးေျပာရရင္ လူေတာ္ေတာ္မ်ားမ်ားကသိခ်င္ၾကပါတယ္။ ဒါေၾကာင္႕ ေရဒီယုိနားေထာင္တယ္၊ တီဗီြၾကည္႕တယ္၊ စကားေျပာတယ္ .. အခုေခတ္မွာ အင္တာနက္တက္ျပီး စာဖတ္ၾကတယ္ .. ဗီဒီယုိကလစ္ေတြ ၾကည္႕ၾကတယ္။
.
ဒါေၾကာင္႕ မိမိသိခ်င္တဲ႕အေၾကာင္းအရာတစ္ခုခုကို ဘယ္ေနရာမွာရွိသလဲဆိုတာ လူေတြဟာ တစ္နည္းနည္းနဲ႕ ရွာေဖြေနၾကတယ္။
.
သတင္းစာသမားက ဘယ္ေနရာမွာ ထူးျခားတဲ႕သတင္းရွိသလဲဆုိတာ သိခ်င္တယ္။
.
စီးပြားေရးသမားက ဘယ္ေနရာမွာ ေငြရႏုိင္မလဲဆိုတာ သိခ်င္တယ္။
.
ဒီလိုပဲ .. အေမွာင္ကမၻာထဲမွာရွိတဲ႕ သူခုိးဟာလည္း ဘယ္ေနရာမွာ အခမဲ႕ရႏုိင္မလဲဆိုတာ အျမဲ သိခ်င္ေနပါတယ္။
.
.
ဒါဆိုေျဖေနသူေတြက ဘာအက်ိဳးေက်းဇူးရွိလုိ႕ ေျဖၾကားေနတာပါလဲ? ရွင္းပါတယ္ .. စီးပြားေရးသမားက လူေတြသိခ်င္ေလာက္တဲ႕အေၾကာင္းအရာကို သူတို႕စီးပြားေရးေၾကာ္ျငာထဲမွာ ထည္႕ေျပာတယ္ .. ဒါက သူတုိ႕ရဲ႕ကုိယ္ပိုင္အက်ိဳးစီးပြားကိစၥ ပါလာျပီ။
.
လူေတြ အဖတ္မ်ားတဲ႕ စာေစာင္ေတြ၊ လူမႈစာမ်က္ႏွာေတြမွာ ကြန္ယက္ဖြဲ႕ၾကတယ္ .. မိမိသိထားတာကို လူအမ်ားၾကီးကို တစ္ခ်ိန္တည္းမွာ က်ယ္က်ယ္ျပန္႕ျပန္႕ေျပာျပၾကတယ္။
.
အမ်ားအက်ိဳးလုပ္ေဆာင္ၾကသူေတြ ကုိယ္က်ိဳးစြန္႕လုပ္ကိုင္တဲ႕သူေတြ လူေရွ႕ထြက္လာၾကတယ္ .. သူတုိ႕လုပ္ေဆာင္တာေတြဟာ လက္ခံသူေတြအတြက္အက်ိဳးရွိျပီး သူတို႕အက်ိဳးမပါဘူးဆိုတာ လူအမ်ားၾကီးသိေအာင္ ေျပာျပတဲ႕အလုပ္ကို လုပ္ၾကတယ္။
.
.
ဒီေနရာမွာ ငယ္ငယ္တုန္းကေတြးမိခဲ႕ျပီး ဘယ္သူ႕ကိုမွ ျပန္မေျပာျဖစ္တဲ႕အေတြးေလးတစ္ခုကို သတိရမိတယ္။ ကုိယ္႕ဟာကုိယ္ေမး၊ ကုိယ္႕ဟာကုိယ္ေတြးျပီး ဘယ္ေတာ႕မွမေမ႕တဲ႕စာသားေလးတစ္ေၾကာင္းလို႕လည္း သတိထားမိတယ္။ အဲဒါက “ ျပန္သင္ေပး ျပန္ေျပာျပတဲ႕သူဟာ မသိေသးသူထက္ ပို ေလ႕လာ၊ က်က္မွတ္၊ တတ္ေျမာက္ထားၾကပါတယ္ဆုိတာေလးပါ။
.
အခုလို အေမရိကားေျမေပၚ ေခတၱနားခိုရတဲ႕အခါ ကေလးသူငယ္ေလးေတြရဲ႕မူလတန္းေက်ာင္းကေန အထက္တန္း တကၠသိုလ္အထိ ေမးခြန္းေတြနဲ႕ပညာေရးကို တည္ေဆာက္ထားတယ္ဆုိတာသိလာတဲ႕အခ်ိန္ ကြ်န္ေတာ္တုိ႕ရဲ႕ငယ္ဘဝေတြကို ျပန္လည္ႏွေျမာမိတယ္။
.
.
ေက်ာင္းေတြမွာ စာမရသူကုိ စာရသူက စာရွင္းျပရတယ္ .. ဆရာကပ်င္းလို႕ မဟုတ္ဘူး .. အဲဒီလိုစံနစ္ကုိ Peer to Peer Education လို႕ သူတုိ႕က ေခၚတယ္။
.
စာသိပ္မရသူ နဲ႕ စာေတာ္သူတုိ႕ကိုေရာထားျပီး အုပ္စုဖြဲ႕ေစကာ ေမးခြန္းေတြေျဖခုိင္းတယ္ .. အဲဒါကို Group Project လို႕ နာမယ္ေပးတယ္။
.
အတန္းေရွ႕မွာထြက္ျပီး သူငယ္ခ်င္းေတြေရွ႕မွာ ဆရာေပးတဲ႕ခါင္းစဥ္တစ္ခုကို ေဆြးေႏြးရတယ္ .. အဲဒါကို Presentation လို႕ အမည္ေပးတယ္။ ဒါေတြအားလံုးဟာ ေမးခြန္း - Questions ေတြ ေပၚမွာ မူတည္ျပီးစဥ္းစားရတဲ႕ ဆင္ျခင္ေတြးေတာဥာဏ္ - Critical Thinking ေတြ ပါပဲ။
.
.
အရြယ္နည္းနည္းၾကီးလာေတာ႕ ေကာလိပ္ေတြမွာ စာအုပ္ဖတ္ၾကိဳဖတ္ျပီးမွ အတန္းတက္ရတယ္ .. အဲဒါ ဆရာကဘာသင္မလဲဆုိတာကိုၾကိဳသိထားေအာင္ လုပ္လုိက္တာ ျဖစ္ပါတယ္။
.
ဖတ္လို႕မရွင္းတဲ႕အေၾကာင္းအရာကိုမွ ဆရာက ဆက္စပ္ေတြးေခၚျပီး ရွင္းျပတယ္။ ဥပမာ ဥပေမယ်နဲ႕ ယွဥ္တြဲ စဥ္းစားခုိင္းတယ္။ နားလည္ျပီဆိုရင္ ဆရာက ဘက္ေျပာင္းျပီး  “ စာေမးတယ္။ ဒီေတာ႕ ေက်ာင္းသားက စာေမးပြဲေျဖရတယ္။
.
ဒါအေျခခံက် ဓမၼဒိ႒ာန္မွ်တတဲ႕ပညာေရးစံနစ္ပါပဲ။
.
.
ေမးသူက မသိရင္ စာေမးပြဲခ်ရံုနဲ႕ အေျဖမထြက္ၾကဘူး ..မသိရင္ ဘယ္ေနရာမွာရွာဆိုတဲ႕ အရင္းအျမစ္ - Resource ကုိ ေပးတယ္။
.
စာၾကည္႕တုိက္မွာ .. အသင္းအဖြဲ႕ေတြမွာ .. ေနာက္ဆံုး အင္တာနက္မွာ .. ရွာေစတယ္..။
.
ေသခ်ာေအာင္ေျပာရရင္ အဲဒီေနရာေတြမွာသြားေမးလို႕ ေျပာလိုက္တာနဲ႕ အတူတူပါပဲ..။
.
.
ဒါေၾကာင္႕မသိသူဟာ ေမးခြန္းေတြေၾကာင္႕သိလာတယ္။
.
ဒီကေနတစ္ဆင္႕ မိမိရဲ႕သားခ်င္း၊ သားသမီး၊ မ်ိဳးဆက္ေတြကို အသိပညာျဖန္႕ေဝတတ္လာတယ္။
.
အမွားလုပ္ကြက္ေတြကိုေျပာျပျပီး သင္ခန္းစာယူတတ္လာေစတယ္။
.
အမွန္လုပ္ရပ္ေတြကို လူအမ်ားကိုေျပာျပျပီး အတုယူလာေစပါတယ္။
.
.
ဒီေနရာမွာ ကြ်န္ေတာ္ဖတ္ထားဖူးတဲ႕ အားျဖစ္ေစတဲ႕ေဆာင္ပုဒ္ - Motivational Motto ေလးတစ္ခုက ၾကားျဖတ္ျပီး ေခါင္းထဲဝင္လာျပန္တယ္ “ Think, Learn, Grow and Know ” တဲ႕ ..။ တစ္လံုးခ်င္းစဥ္းစားၾကည္႕ရင္ ပိုအရသာရွိပါလိမ္႕မယ္။ ဒါေပမယ္႕ ဘာပဲေျပာေျပာသိခ်င္တဲ႕စိတ္ - Curiosity “  က အသိတစ္ခုရဖို႕ ေရွ႕ေဆာင္လမ္းျပတာ အေသအခ်ာပါ။
.
လူရယ္လို႕ျဖစ္လာရင္ မလုပ္တတ္တာကို လုပ္တတ္ေအာင္ .. ေမးရမယ္။
.
မေသခ်ာရင္ လမ္းမွားမေရာက္ရေအာင္ သိသူေတြကို .. ေမးရမယ္။
.
လမ္းမွန္မေပ်ာက္ေအာင္ မိမိေရွ႕ကစံျပေတြကို .. ေမးရမယ္။
.
မိမိနဲ႕အလွမ္းေဝးသူေတြဆီက အသိပညာရဖို႕ဆုိရင္ သူတို႕အေၾကာင္းေရးထားတဲ႕စာေတြကို .. ဖတ္ရမယ္။
.
လူ႕ဘဝရဲ႕အႏွစ္ေပါၾကြယ္ဝတဲ႕အဓိပၸာယ္ကိုသိဖို႕ ေလာကၾကီးကုိ .. ေမးခြန္းေတြေမးရပါမယ္။
.
.
ခင္လ်က္
.
06-30-2016
.
.
.
Myanmar Unicode Version:
.
.

“ Any Questions? မေးခွန်းမေးရန်ရှိပါသလား? ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
Q&A, FAQ, Contact Us, About, Profile, Overview, InquiryHelp ဘယ်လိုပဲရေးရေး အင်္ဂလိပ်လိုဖတ်နိုင်ရင် ကိုယ်သိချင်တဲ့အရာတစ်ခုကို အချိန်တိုအတွင်းရှာဖွေသိရှိနိုင်လို့ အင်တာနက်တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို အထူးကျေးဇူးတင်မိတယ်။ အခုကမ္ဘာမှာ ကျွန်တော်တို့ရဲ့လက်ထဲမှာ အင်တာနက်တံခါးပေါက်ဖွင့်လို့ရတဲ့ ပစ္စည်း - Gadget တစ်ခုခုကို အလွယ်တကူသုံးစွဲခွင့်ရနေတာကို အကောင်းဘက်က ရှုမြင်မိပါတယ်။
.
ပြန်ပြီး အကျယ်ဖွင့်ပြောရရင်
.
Q&A = မေးခွန်းနဲ့အဖြေ
.
FAQ = Frequently Asked Questions = အမြဲမေးလေ့ရှိသောမေးခွန်းများ
.
Contact Us = ကျွန်ုပ်တို့ကိုဆက်သွယ်ရန်
.
About = ကျွန်ုပ်တို့အကြောင်း
.
Profile = ကိုယ်ရေးအကြောင်းအရာ
.
Overview = ယျေဘုယျအကြောင်းအရာ
.
Inquiry = မေးမြန်းစုံစမ်းရန်
.
Help = ကူညီပါရစေ စသဖြင့် နားလည်န်ိုင်ပါတယ်။
.
.
ဒါတွေကို ကျွန်တော်တို့ ဘယ်နေရာတွေမှာ တွေ့မိလိုက်ပါလိမ့်? .. လူမှုကွန်ယက်မှာ၊ ဈေးအရောင်းဝဘ်ဆိုဒ်တွေမှာ၊ ကုမ္ပဏီတွေရဲ့ကိုယ်ပိုင်စာမျက်နှာတွေမှာ၊ ကျောင်း၊ တက္ကသိုလ်တွေရဲ့ဝဘ်ဆိုဒ်တွေမှာ၊ အင်္ဂလိပ်လိုရေးထားတဲ့ အစိုးရ၊ ရုံးစာမျက်နှာတွေမှာ အလွယ်တကူမြင်နိုင်တာ ချစ်စာဖတ်သူများ သိကြမှာပါ။
.
စာအရေးအသားဘယ်လိုပင် ကွာကွာ၊ အတိုကောက်ဘယ်လိုပင် ရေးရေး .. တူညီတဲ့အကြောင်းအရာတစ်ခုက အားလုံးထဲမှာ ပါဝင်နေတာကို တွေ့ရပါမယ်။ ဒါကတော့ မေးခွန်းများ  - Questions နဲ့ မေးခွန်းမေးခြင်း - Ask တို့ ဖြစ်ကြပါတယ်။
.
ဒီနေရာမှာမေးစရာတစ်ခုရှိတာက ဘယ်သူတွေကမေးချင်လို့ ဘယ်သူတွေက သိပ်ဖြေချင်နေတာလဲ ”  ဆိုတာပါပဲ။ ခပ်တိုတိုပြောရရင် အသိပညာရှာဖွေသူ ( သိချင်သူ ) က မေးပြီးတော့ အသိပညာဖြန့်ဝေချင်သူ ( ပြန်ပြောပြချင်သူ ) က ဖြေနေကြတာပါ။
.
.
တစ်တက်တည်းမှာ သိချင်သူတွေထဲမှာ ကလေးသူငယ်တွေ ပါမယ် .. ကျောင်းသားတွေပါမယ် .. လူငယ်အများစု ပါပါမယ်။ ဒါက ငယ်ရွယ်သူအုပ်စုထဲမှာ ပြောတာပါ။ နိုင်ငံနဲ့ တိုင်းပြည်နဲ့ ကမ္ဘာနဲ့ချီပြီးပြောရရင် လူတော်တော်များများက သိချင် ကြပါတယ်။ ဒါကြောင့် ရေဒီယိုနားထောင်တယ်၊ တီဗွီကြည့်တယ်၊ စကားပြောတယ် .. အခုခေတ်မှာ အင်တာနက်တက်ပြီး စာဖတ်ကြတယ် .. ဗီဒီယိုကလစ်တွေ ကြည့်ကြတယ်။
.
ဒါကြောင့် မိမိသိချင်တဲ့အကြောင်းအရာတစ်ခုခုကို ဘယ်နေရာမှာရှိသလဲဆိုတာ လူတွေဟာ တစ်နည်းနည်းနဲ့ ရှာဖွေနေကြတယ်။
.
သတင်းစာသမားက ဘယ်နေရာမှာ ထူးခြားတဲ့သတင်းရှိသလဲဆိုတာ သိချင်တယ်။
.
စီးပွားရေးသမားက ဘယ်နေရာမှာ ငွေရနိုင်မလဲဆိုတာ သိချင်တယ်။
.
ဒီလိုပဲ .. အမှောင်ကမ္ဘာထဲမှာရှိတဲ့ သူခိုးဟာလည်း ဘယ်နေရာမှာ အခမဲ့ရနိုင်မလဲဆိုတာ အမြဲ သိချင်နေပါတယ်။
.
.
ဒါဆို ဖြေနေသူ တွေက ဘာအကျိုးကျေးဇူးရှိလို့ ဖြေကြားနေတာပါလဲ? ရှင်းပါတယ် .. စီးပွားရေးသမားက လူတွေသိချင်လောက်တဲ့အကြောင်းအရာကို သူတို့စီးပွားရေးကြော်ငြာထဲမှာ ထည့်ပြောတယ် .. ဒါက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိစ္စ ပါလာပြီ။
.
လူတွေ အဖတ်များတဲ့ စာစောင်တွေ၊ လူမှုစာမျက်နှာတွေမှာ ကွန်ယက်ဖွဲ့ကြတယ် .. မိမိသိထားတာကို လူအများကြီးကို တစ်ချိန်တည်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောပြကြတယ်။
.
အများအကျိုးလုပ်ဆောင်ကြသူတွေ ကိုယ်ကျိုးစွန့်လုပ်ကိုင်တဲ့သူတွေ လူရှေ့ထွက်လာကြတယ် .. သူတို့လုပ်ဆောင်တာတွေဟာ လက်ခံသူတွေအတွက်အကျိုးရှိပြီး သူတို့အကျိုးမပါဘူးဆိုတာ လူအများကြီးသိအောင် ပြောပြတဲ့အလုပ်ကို လုပ်ကြတယ်။
.
.
ဒီနေရာမှာ ငယ်ငယ်တုန်းကတွေးမိခဲ့ပြီး ဘယ်သူ့ကိုမှ ပြန်မပြောဖြစ်တဲ့အတွေးလေးတစ်ခုကို သတိရမိတယ်။ ကိုယ့်ဟာကိုယ်မေး၊ ကိုယ့်ဟာကိုယ်တွေးပြီး ဘယ်တော့မှမမေ့တဲ့စာသားလေးတစ်ကြောင်းလို့လည်း သတိထားမိတယ်။ အဲဒါက ပြန်သင်ပေး ပြန်ပြောပြတဲ့သူဟာ မသိသေးသူထက် ပို လေ့လာ၊ ကျက်မှတ်၊ တတ်မြောက်ထားကြရပါတယ် ဆိုတာလေးပါ။
.
အခုလို အမေရိကားမြေပေါ် ခေတ္တနားခိုရတဲ့အခါ ကလေးသူငယ်လေးတွေရဲ့မူလတန်းကျောင်းကနေ အထက်တန်း တက္ကသိုလ်အထိ မေးခွန်းတွေနဲ့ ပညာရေး ကို တည်ဆောက်ထားတယ်ဆိုတာသိလာတဲ့အချိန် ကျွန်တော်တို့ရဲ့ငယ်ဘဝတွေကို ပြန်လည်နှမြောမိတယ်။
.
.
ကျောင်းတွေမှာ စာမရသူကို စာရသူက စာရှင်းပြရတယ် .. ဆရာကပျင်းလို့ မဟုတ်ဘူး .. အဲဒီလိုစံနစ်ကို Peer to Peer Education လို့ သူတို့က ခေါ်တယ်။
.
စာသိပ်မရသူ နဲ့ စာတော်သူတို့ကိုရောထားပြီး အုပ်စုဖွဲ့စေကာ မေးခွန်းတွေဖြေခိုင်းတယ် .. အဲဒါကို Group Project လို့ နာမယ်ပေးတယ်။
.
အတန်းရှေ့မှာထွက်ပြီး သူငယ်ချင်းတွေရှေ့မှာ ဆရာပေးတဲ့ခေါင်းစဉ်တစ်ခုကို ဆွေးနွေးရတယ် .. အဲဒါကို Presentation လို့ အမည်ပေးတယ်။ ဒါတွေအားလုံးဟာ မေးခွန်း - Questions တွေ ပေါ်မှာ မူတည်ပြီးစဉ်းစားရတဲ့ ဆင်ခြင်တွေးတောဥာဏ် - Critical Thinking တွေ ပါပဲ။
.
.
အရွယ်နည်းနည်းကြီးလာတော့ ကောလိပ်တွေမှာ စာအုပ်ဖတ်ကြိုဖတ်ပြီးမှ အတန်းတက်ရတယ် .. အဲဒါ ဆရာကဘာသင်မလဲဆိုတာကို ကြိုသိ ထားအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။
.
ဖတ်လို့မရှင်းတဲ့အကြောင်းအရာကိုမှ ဆရာက ဆက်စပ်တွေးခေါ်ပြီး ရှင်းပြတယ်။ ဥပမာ ဥပမေယျနဲ့ ယှဉ်တွဲ စဉ်းစားခိုင်းတယ်။ နားလည်ပြီဆိုရင် ဆရာက ဘက်ပြောင်းပြီး  စာမေး တယ်။ ဒီတော့ ကျောင်းသားက စာမေးပွဲ ဖြေ ရတယ်။
.
ဒါ အခြေခံကျ ဓမ္မဒိဋ္ဌာန်မျှတတဲ့ပညာရေးစံနစ် ပါပဲ။
.
.
မေးသူက မသိရင် စာမေးပွဲချရုံနဲ့ အဖြေမထွက်ကြဘူး .. မသိရင် ဘယ်နေရာမှာရှာ ဆိုတဲ့ အရင်းအမြစ် - Resource ကို ပေးတယ်။
.
စာကြည့်တိုက်မှာ .. အသင်းအဖွဲ့တွေမှာ .. နောက်ဆုံး အင်တာနက်မှာ .. ရှာစေတယ်..။
.
သေချာအောင်ပြောရရင် အဲဒီနေရာတွေမှာ သွားမေး လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ..။
.
.
ဒါကြောင့် မသိသူ ဟာ မေးခွန်းတွေကြောင့် သိ လာတယ်။
.
ဒီကနေတစ်ဆင့် မိမိရဲ့သားချင်း၊ သားသမီး၊ မျိုးဆက်တွေကို အသိပညာဖြန့်ဝေတတ်လာတယ်။
.
အမှားလုပ်ကွက်တွေကိုပြောပြပြီး သင်ခန်းစာယူတတ်လာစေတယ်။
.
အမှန်လုပ်ရပ်တွေကို လူအများကိုပြောပြပြီး အတုယူလာစေပါတယ်။
.
.
ဒီနေရာမှာ ကျွန်တော်ဖတ်ထားဖူးတဲ့ အားဖြစ်စေတဲ့ဆောင်ပုဒ် - Motivational Motto လေးတစ်ခုက ကြားဖြတ်ပြီး ခေါင်းထဲဝင်လာပြန်တယ် “ Think, Learn, Grow and Know ” တဲ့ ..။ တစ်လုံးချင်းစဉ်းစားကြည့်ရင် ပိုအရသာရှိပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲပြောပြော သိချင်တဲ့စိတ် - Curiosity “  က အသိတစ်ခုရဖို့ ရှေ့ဆောင်လမ်းပြတာ အသေအချာပါ။
.
လူရယ်လို့ဖြစ်လာရင် မလုပ်တတ်တာကို လုပ်တတ်အောင် .. မေးရမယ်။
.
မသေချာရင် လမ်းမှားမရောက်ရအောင် သိသူတွေကို .. မေးရမယ်။
.
လမ်းမှန်မပျောက်အောင် မိမိရှေ့ကစံပြတွေကို .. မေးရမယ်။
.
မိမိနဲ့အလှမ်းဝေးသူတွေဆီက အသိပညာရဖို့ဆိုရင် သူတို့အကြောင်းရေးထားတဲ့စာတွေကို .. ဖတ်ရမယ်။
.
လူ့ဘဝရဲ့အနှစ်ပေါကြွယ်ဝတဲ့အဓိပ္ပာယ်ကိုသိဖို့ လောကကြီးကို .. မေးခွန်းတွေမေးရပါမယ်။
.
.
ခင်လျက်
.

06-30-2016

No comments: