ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, March 31, 2018

သမီးဘဝထဲက "စိုင္းစိုင္း က စိုင္းစိုင္း"



           သမီးေလးတကၠသုိလ္ေက်ာင္းျပီးသြားတဲ႕ေနာက္ပိုင္း ေတာင္းဆုတစ္ခုျပဳထားခဲ႕တဲ႕အတိုင္း (၂ဝ၁၈) ခုႏွစ္ ဧျပီလရဲ႕အစမွာ သူ႕ဘဝအတြက္မွတ္တိုင္တစ္ခုစုိက္ထူႏိုင္ခဲ႕ပါျပီ။ အအိပ္အစားနည္းသေလာက္ တကုတ္ကုတ္အလုပ္လုပ္တတ္တဲ႕ ဒီမိန္းကေလးမွာ အခုလုိ ရြက္ပုန္းသီးအရည္အခ်င္းေတြ ကိန္းဝပ္ေနမယ္ဆိုတာ အေဖတစ္ေယာက္ ကြ်န္ေတာ္အတပ္သိခဲ႕ပါတယ္။
.
.           အခိ်န္မတန္ေသးလို႕ ဖူးပြင္႕ခြင္႕မရေသးတဲ႕ ေဖာက္ထြက္လင္းလက္တဲ႕ေအာင္ျမင္မႈေတြက သမီးရဲ႕အနာဂါတ္လမ္းမွာ ေစာင္႕ၾကိဳေနတယ္ဆိုတာ ေလာကနတ္ၾကီးကလြဲလို႕ ဘယ္သူမွၾကိဳမသိႏိုင္ခဲ႕ဘူး။ မသိသူေက်ာ္သြား သိသူေဖာ္စားဆုိတဲ႕အတိုင္း သမီးရဲ႕ဝဘ္ဆိုဒ္မွာ သူဆြဲထားတဲ႕ပံုေတြ၊ ဒီဇုိင္းပံု Porfirio ေတြကိုသေဘာက်လို႕ အမ်ားလူျမင္ကြင္းဆီကုိအေရာက္ပို႕ေပးခဲ႕သူေတြက ရုပ္ရွင္သရုပ္ေဆာင္ / စာေရးဆရာ / အဆုိေတာ္ စိုင္းစိုင္းခမ္းလိႈင္တို႕ေမာင္ႏွမျဖစ္ပါတယ္။
.
.
.           စီးရီးေခြမထြက္တာ (၅) ႏွစ္ေက်ာ္ၾကာျပီျဖစ္တဲ႕စုိင္းစိုင္းခမ္းလိႈင္က သမီးကုိသူ႕ရဲ႕ (၉) ေခြေျမာက္ "စုိင္းစုိင္း က စိုင္းစိုင္း" စီးရီးအတြက္ အစအဆံုးစီစဥ္ရတဲ႕ "Art Director" အျဖစ္ယံုယံုၾကည္ၾကည္အပ္ႏွံခဲ႕တာ မိဘႏွစ္ပါးအေနနဲ႕ ဝမ္းသာဂုဏ္ယူေက်းဇူးတင္စရာပါ။
.
.           ကြ်န္ေတာ္တို႕တင္မဟုတ္ပါဘူး . . UCLA တက္ေနတဲ႕ သူ႕ေမာင္ေလးကပါ "သူ႕အစ္မဟာ အႏုပညာေသြးပါတဲ႕ ဒီဇုိင္နာတစ္ေယာက္တင္မကပဲ စြန္႕ဦးတီထြင္တဲ႕လုပ္ငန္းရွင္ - Entrepreneur တစ္ေယာက္ " ျဖစ္တဲ႕အေၾကာင္း ခ်ီးက်ဴးပါတယ္"
.
.
.           သမီးဆြဲတဲ႕ Album ရဲ႕ Main Cover အေရွ႕အေနာက္ ဒီဇိုင္း၊ Album ထဲမွာပါဝင္မယ့္ စာမ်က္ႏွာ (၆ဝ) ပါ Photobook ဒီဇိုင္း၊ Photo Retouching ၊ Photo Editing ၊ CD ျပားေပၚက ဒီဇိုင္း၊ ဆိုင္ေတြမွာတင္မယ့္ ေၾကာ္ျငာ၊ Banner ဒီဇိုင္း၊ Stage Backdrop ဒီဇိုင္း၊ T Shirt ဒီဇိုင္း၊ Social Media Cover Photo ၊ Profile Picture ၊ Spotify မွာတင္မယ့္ Photo အျပင္ ကားလမ္းေဘးမွာေထာင္တဲ႕ Billboard ဆုိင္းဘုတ္ၾကီးဒီဇိုင္း တုိ႕ဟာလည္း သမရိုးက်ပံုေတြနဲ႕မတူ မူကြဲျပီးထူးျခားခဲ႕တယ္။ ႏုိင္ငံျခားမွာပညာသင္လာတဲ႕ျမန္မာလူငယ္တစ္ေယာက္ရဲ႕သစ္လြင္ေတာက္ပျပီး အေဟာင္းေတြထဲကခြဲထြက္တဲ႕ဒီဇိုင္းေတြဟာ ေခတ္ရဲ႕လုိအပ္မႈကိုျဖည္႕စြမ္းေပးႏုိင္ခဲ႕တာနဲ႕အမွ် အသြင္းအျပင္မွာလန္းဆန္းျပီး ပနံရ လွပေနပါေတာ႕တယ္။
.
.           တစ္ခ်ိန္တည္းမွာ စုိင္းစုိင္းခမ္းလိႈင္ကိုယ္တုိင္က "ပုိးေလး ရဲ႕ ပါရမီကိုယံုၾကည္လို႕အပ္ႏွံခဲ႕တာ သူ လူေရြးမမွားဘူးလို႕" မွတ္ခ်က္ျပဳခဲ႕တာကိုၾကည္႕ရင္ လူငယ္ေတြကိုလက္တြဲေခၚတဲ႕ ဝါရင္႕အႏုပညာရွင္ရဲ႕ သဘာ၊ ပါဝါ နဲ႕ ေစတနာတို႕ကို မခ်ီးက်ဴးပဲ မေနႏိုင္ပါဘူး။ ဒီလိုအလုပ္ေတြလုပ္ရေတာ႕ သမီးအရင္လက္ခံခဲ႕တဲ႕ Freelance အလုပ္ေတြထက္ တာဝန္ပိုၾကီးလာေတာ႕ သမီးရဲ႕ပင္ပန္းမႈကုိစာနာမိတယ္။
.
.
. "Art Director" တာဝန္ယူထားရတဲ႕အတြက္ စိုင္းစုိင္းခမ္းလိႈင္ရဲ႕သီးခ်င္းနဲ႕လုိက္ဖက္မယ္႕ဓါတ္ပံုေတြအသံုးျပဳႏုိင္ဖို႕ သမီးဟာ ရိုက္ကြင္းေတြကုိ ကိုယ္တိုင္လုိက္ရွာခဲ႕တယ္။ ေနာက္ေန႕မွာ စိုင္းစိုင္းခမ္းလိႈင္နဲ႕ေနာက္လိုက္ေတြကုိခ်ိန္းျပီး ဓါတ္ပံုပညာရွင္ ကိုထက္ေအာင္ေက်ာ္ (StudioHak) နဲ႕ အဖြဲ႕သားေတြကုိ သမီးက သူလိုခ်င္တဲ႕ပံုစံေတြေျပာျပျပီး ညွိႏိႈင္းလုပ္ေဆာင္ရတယ္"
.
. ဒါနဲ႕ျပီးျပီလားဆိုေတာ႕ မဟုတ္ေသးဘူး . . ဒီဇိုင္းေတြကုိပံုႏွိပ္ဖို႕စုိင္းစိုင္းခမ္းလိႈင္ကေခၚေတြ႕တဲ႕အခါ ေပးတဲ႕ရက္ကတုိလြန္းျပီး တာဝန္ကၾကီးလြန္းတဲ႕ စိတ္ဖိစီးမႈဒဏ္ကုိ သမီးဟာ ေအာင္ေအာင္ျမင္ျမင္ေက်ာ္ျဖတ္ႏုိင္ခဲ႕တယ္။ မအိပ္ရတဲ႕ ရက္ဆက္ညေတြကုိ သမီးဟာ အာရံုမပ်က္ ခရီးဆက္ခဲ႕ေတာ႕ . . .
.
.
. ေနာက္ဆံုးမွာ ပရိသတ္ေရွ႕ကုိ ဒီဇိုင္းအတြဲ - Package လိုက္ၾကီး ခ်ျပလိုက္တဲ႕အခါမွာ စုိင္းစုိင္းခမ္းလိႈင္ကုိခ်စ္တဲ႕ Fan ေတြရဲ႕ ဒီဇိုင္းအေပၚၾကိဳက္ႏွစ္သက္မႈဟာ အားတက္စရာျဖစ္ခဲ႕တယ္။ တစ္ခ်ိန္တည္းမွာပဲ ကြ်န္ေတာ္တို႕မိသားစုဘဝမွာ ႏွစ္မ်ားစြာေစာင္႕စားခဲ႕ရတဲ႕ ေပ်ာ္ရႊင္မႈအထြဋ္အထိပ္ကုိ ခံစားခဲ႕ရပါတယ္။
.
. စာက်က္ရတဲ႕ေက်ာင္းသားရဲ႕ဒုကၡကေန လုပ္ကိုင္စားေသာက္ရန္စားက်က္ရွာရတဲ႕လူ႕ဘဝကုိကူးေျပာင္းရတာ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ ဖဲၾကိဳးျဖတ္ ဖြင္႕ပဲြက်င္းပထားတဲ႕ပန္းခင္းလမ္းကိုေလွ်ာက္လွမ္းရတာ မဟုတ္ပါဘူး။ ေျမာက္မ်ားလွစြာေသာေမွ်ာ္လင္႕ခ်က္ေတြထဲက သမီးရဲ႕အားထုတ္မႈေၾကာင္႕ တစ္ခ်ိန္တုန္းက သမီးကုိအထင္ေသးခဲ႕သူေတြ၊ သမီးကုိႏွိမ္ခဲ႕သူေတြနဲ႕ မလုိတူယွဥ္ျပိဳင္ခဲ႕သူေတြကုိ ဒီမွတ္တိုင္မွာ အားလံုးထားရစ္ခဲ႕ႏုိင္ရံုမက ေတာက္ပတဲ႕အနာဂါတ္လမ္းကိုတက္လွမ္းႏုိင္ျပီျဖစ္လို႕ အားအတက္ရဆံုးေသာ မိသားစုရဲ႕ေန႕တစ္ေန႕ေလးပါလုိ႕ ဂုဏ္ျပဳလိုက္ပါတယ္ သမီးေလးေရ . .။ Congratulations and Best Wishes for the future ပါ။
.
. သိပ္ခ်စ္တတ္တဲ႕ပါပါး၊ မာမား နဲ႕ စြမ္း
. 03-31-2018
.#SaiSaiisSaiSai #April1st #SaiSaiKhamLeng
.
.
Unicode Version:
.
. သမီးဘဝထဲက "စိုင်းစိုင်း က စိုင်းစိုင်း"
. သမီးလေးတက္ကသိုလ်ကျောင်းပြီးသွားတဲ့နောက်ပိုင်း တောင်းဆုတစ်ခုပြုထားခဲ့တဲ့အတိုင်း (၂ဝ၁၈) ခုနှစ် ဧပြီလရဲ့အစမှာ သူ့ဘဝအတွက်မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါပြီ။ အအိပ်အစားနည်းသလောက် တကုတ်ကုတ်အလုပ်လုပ်တတ်တဲ့ ဒီမိန်းကလေးမှာ အခုလို ရွက်ပုန်းသီးအရည်အချင်းတွေ ကိန်းဝပ်နေမယ်ဆိုတာ အဖေတစ်ယောက် ကျွန်တော်အတပ်သိခဲ့ပါတယ်။
.
. အချိန်မတန်သေးလို့ ဖူးပွင့်ခွင့်မရသေးတဲ့ ဖောက်ထွက်လင်းလက်တဲ့အောင်မြင်မှုတွေက သမီးရဲ့အနာဂါတ်လမ်းမှာ စောင့်ကြိုနေတယ်ဆိုတာ လောကနတ်ကြီးကလွဲလို့ ဘယ်သူမှကြိုမသိနိုင်ခဲ့ဘူး။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့အတိုင်း သမီးရဲ့ဝဘ်ဆိုဒ်မှာ သူဆွဲထားတဲ့ပုံတွေ၊ ဒီဇိုင်းပုံ Porfirio တွေကိုသဘောကျလို့ အများလူမြင်ကွင်းဆီကိုအရောက်ပို့ပေးခဲ့သူတွေက ရုပ်ရှင်သရုပ်ဆောင် / စာရေးဆရာ / အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့မောင်နှမဖြစ်ပါတယ်
.
.
. စီးရီးခွေမထွက်တာ (၅) နှစ်ကျော်ကြာပြီဖြစ်တဲ့စိုင်းစိုင်းခမ်းလှိုင်က သမီးကိုသူ့ရဲ့ (၉) ခွေမြောက် "စိုင်းစိုင်း က စိုင်းစိုင်း" စီးရီးအတွက် အစအဆုံးစီစဉ်ရတဲ့ "Art Director" အဖြစ်ယုံယုံကြည်ကြည်အပ်နှံခဲ့တာ မိဘနှစ်ပါးအနေနဲ့ ဝမ်းသာဂုဏ်ယူကျေးဇူးတင်စရာပါ။
.
. ကျွန်တော်တို့တင်မဟုတ်ပါဘူး . . UCLA တက်နေတဲ့ သူ့မောင်လေးကပါ "သူ့အစ်မဟာ အနုပညာသွေးပါတဲ့ ဒီဇိုင်နာတစ်ယောက်တင်မကပဲ စွန့်ဦးတီထွင်တဲ့လုပ်ငန်းရှင် - Entrepreneur တစ်ယောက် " ဖြစ်တဲ့အကြောင်း ချီးကျူးပါတယ်"
.
.
. သမီးဆွဲတဲ့ Album ရဲ့ Main Cover အရှေ့အနောက် ဒီဇိုင်း၊ Album ထဲမှာပါဝင်မယ့် စာမျက်နှာ (၆ဝ) ပါ Photobook ဒီဇိုင်း၊ Photo Retouching ၊ Photo Editing ၊ CD ပြားပေါ်က ဒီဇိုင်း၊ ဆိုင်တွေမှာတင်မယ့် ကြော်ငြာ၊ Banner ဒီဇိုင်း၊ Stage Backdrop ဒီဇိုင်း၊ T Shirt ဒီဇိုင္း၊ Social Media Cover Photo ၊ Profile Picture ၊ Spotify မှာတင်မယ့် Photo အပြင် ကားလမ်းဘေးမှာထောင်တဲ့ Billboard ဆိုင်းဘုတ်ကြီးဒီဇိုင်း တို့ဟာလည်း သမရိုးကျပုံတွေနဲ့မတူ မူကွဲပြီးထူးခြားခဲ့တယ်။ နိုင်ငံခြားမှာပညာသင်လာတဲ့မြန်မာလူငယ်တစ်ယောက်ရဲ့သစ်လွင်တောက်ပပြီး အဟောင်းတွေထဲကခွဲထွက်တဲ့ဒီဇိုင်းတွေဟာ ခေတ်ရဲ့လိုအပ်မှုကိုဖြည့်စွမ်းပေးနိုင်ခဲ့တာနဲ့အမျှ အသွင်အပြင်မှာလန်းဆန်းပြီး ပနံရ လှပနေပါတော့တယ်။
.
. တစ်ချိန်တည်းမှာ စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင်က "ပိုးလေး ရဲ့ ပါရမီကိုယုံကြည်လို့အပ်နှံခဲ့တာ သူ လူရွေးမမှားဘူးလို့" မှတ်ချက်ပြုခဲ့တာကိုကြည့်ရင် လူငယ်တွေကိုလက်တွဲခေါ်တဲ့ ဝါရင့်အနုပညာရှင်ရဲ့ သဘာ၊ ပါဝါ နဲ့ စေတနာတို့ကို မချီးကျူးပဲ မနေနိုင်ပါဘူး။ ဒီလိုအလုပ်တွေလုပ်ရတော့ သမီးအရင်လက်ခံခဲ့တဲ့ Freelance အလုပ်တွေထက် တာဝန်ပိုကြီးလာတော့ သမီးရဲ့ပင်ပန်းမှုကိုစာနာမိတယ်
.
.
. "Art Director" တာဝန်ယူထားရတဲ့အတွက် စိုင်းစိုင်းခမ်းလှိုင်ရဲ့သီးချင်းနဲ့လိုက်ဖက်မယ့်ဓါတ်ပုံတွေအသုံးပြုနိုင်ဖို့ သမီးဟာ ရိုက်ကွင်းတွေကို ကိုယ်တိုင်လိုက်ရှာခဲ့တယ်။ နောက်နေ့မှာ စိုင်းစိုင်းခမ်းလှိုင်နဲ့နောက်လိုက်တွေကိုချိန်းပြီး ဓါတ်ပုံပညာရှင် ကိုထက်အောင်ကျော် # (StudioHak) နဲ့ အဖွဲ့သားတွေကို သမီးက သူလိုချင်တဲ့ပုံစံတွေပြောပြပြီး ညှိနှိုင်းလုပ်ဆောင်ရတယ်"
.
. ဒါနဲ့ပြီးပြီလားဆိုတော့ မဟုတ်သေးဘူး . . ဒီဇိုင်းတွေကိုပုံနှိပ်ဖို့စိုင်းစိုင်းခမ်းလှိုင်ကခေါ်တွေ့တဲ့အခါ ပေးတဲ့ရက်ကတိုလွန်းပြီး တာဝန်ကကြီးလွန်းတဲ့ စိတ်ဖိစီးမှုဒဏ်ကို သမီးဟာ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့တယ်။ မအိပ်ရတဲ့ ရက်ဆက်ညတွေကို သမီးဟာ အာရုံမပျက် ခရီးဆက်ခဲ့တော့ . . .
.
.
. နောက်ဆုံးမှာ ပရိသတ်ရှေ့ကို ဒီဇိုင်းအတွဲ - Package လိုက်ကြီး ချပြလိုက်တဲ့အခါမှာ စိုင်းစိုင်းခမ်းလှိုင်ကိုချစ်တဲ့ Fan တွေရဲ့ ဒီဇိုင်းအပေါ်ကြိုက်နှစ်သက်မှုဟာ အားတက်စရာဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မိသားစုဘဝမှာှစ်များစွာစောင့်စားခဲ့ရတဲ့ ပျော်ရွှင်မှုအထွဋ်အထိပ်ကို ခံစားခဲ့ရပါတယ်။
.
. စာကျက်ရတဲ့ကျောင်းသားရဲ့ဒုက္ခကနေ လုပ်ကိုင်စားသောက်ရန်စားကျက်ရှာရတဲ့လူ့ဘဝကိုကူးပြောင်းရတာ ဘယ်သူတစ်ဦးတစ်ယောက်ကမ ဖဲကြိုးဖြတ် ဖွင့်ပွဲကျင်းပထားတဲ့ပန်းခင်းလမ်းကိုလျှောက်လှမ်းရတာ မဟုတ်ပါဘူး။ မြောက်များလှစွာသောမျှော်လင့်ချက်တွေထဲက သမီးရဲ့အားထုတ်မှုကြောင့် တစ်ချိန်တုန်းက သမီးကိုအထင်သေးခဲ့သူတွေ၊ သမီးကိုနှိမ်ခဲ့သူတွေနဲ့ မလိုတူယှဉ်ပြိုင်ခဲ့သူတွေကို ဒီမှတ်တိုင်မှာ အားလုံးထားရစ်ခဲ့နိုင်ရုံမက တောက်ပတဲ့အနာဂါတ်လမ်းကိုတက်လှမ်းနိုင်ပြီဖြစ်လို့ အားအတက်ရဆုံးသော မိသားစုရဲ့နေ့တစ်နေ့လေးပါလို့ ဂုဏ်ပြုလိုက်ပါတယ် သမီးလေးရေ . .။ Congratulations and Best Wishes for the future ပါ။
.
. သိပ်ချစ်တတ်တဲ့ပါပါး၊ မာမား နဲ့ စွမ်း
. 03-31-2018
.#SaiSaiisSaiSai #April1st #SaiSaiKhamLeng

No comments: