ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Sunday, April 7, 2019
          လူသားတွေဟာ ပေါင်းသင်းဆက်ဆံတတ်တဲ့စကားပြောသတ္တဝါ-Social Animal လို့ လူသားအရင်းအမြစ်လေ့လာတဲ့ပညာရှင်တွေပြောတာ တမျိုးမမြင်လိုက်ပါနဲ့။ သတ္တလောကကြီးတစ်ခုလုံးမှာ လူသားလောက်ထက်မြက်တာ၊ လူသားလောက်တွေးခေါ်ကြံဆနိုင်တာ၊ လူသားတွေလောက် အမှားလုပ်နိုင်တာ ဘယ်သတ္တဝါမှ မရှိပါဘူး။ ကောင်းကောင်းဆိုးဆိုး အကြောင်းအကျိုးကိုလည်း ဒီလူသားတွေထဲကပဲ အမှားရှာလို့ အမှန်ပြန်တွေ့တဲ့သံသရာထဲမှာ ဆယ်ယူရရှိတဲ့သင်ခန်းစာက လူ့လောကကိုကောင်းကျိုးပေးဖို့အကြောင်းရင်းတွေ တဖန်ပြန်ဖြစ်လာပါတယ်။
          ကျွန်တော်တို့ဟာ မိမိတို့လိုချင်တဲ့အဖြေ နဲ့ ရလဒ်ကိုမျှော်လင့်ရင်း အကျိုးသက်ရောက်မယ့်စကားတွေကိုရွေးပြောကြတယ်။ ဒီအထဲမှာ မိမိကိုလေးစားလာစေဖို့အကြောင်းရင်းတွေပါမယ်၊ မိမိအလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့အလုပ်ခွင်လေးတစ်ခုဖြစ်လာအောင် ပြုပြင်ပြောင်းလဲစေမယ့် စည်းရုံးလုပ်ဆောင်ရတဲ့စကားတွေလည်းထည့်ပြောကြပါတယ်။
          လူအုပ်စုကြီးနဲ့အလုပ်လုပ်တဲ့နေရာမှာ ခေါင်းဆောင်ဟာအရေးကြီးလှသလို သူ/သူမ ရဲ့ ခေါင်းဆောင်မှုအရည်အသွေးနောက်မှာ ဘယ်အခြေအနေမှာ ဘယ်လိုစကားပြောပြီး လူတွေကိုဘယ်လိုဦးဆောင်သလဲဆိုတာက ပဓာနကျနေပြန်တယ်။ ဒါကြောင့် ဒူးနေရာဒူး တော်နေရာတော်၊ ရင်လောက်မှန်းမှ ဒူးလောက်ကျ၊ ကျွဲကူးရေပါ ဆိုတဲ့ မြန်မာ့နည်း မြန်မာ့ဟန်စကားပြောနည်းတွေထက် မြန်မာနိုင်ငံအပြင်ရောက်မှသိခဲ့ရတဲ့စကားပြောနည်းတစ်ချို့ကိုပြောပြချင်ပါတယ်။
1.. Authoritarian-အာဏာရှင်ဆန်သော(စကားပြောနည်း)
          ခေါင်းဆောင်တစ်ယောက်က ဘယ်လောက်ပမာဏထွက်ကုန်ကို ဘယ်အချိန်မှာလိုချင်တယ်ဆိုတာ အမိန့်ပေးသလိုညွှန်ကြားနေပြီဆိုရင် အာဏာရှင်ဆန်တဲ့စကားပြောနည်းသုံးနေတယ်ဆိုတာ သိလိုက်ပါ။ ဒီလိုစကားပြောဖို့က လုပ်ဆောင်ပေးမယ့်သူတွေဆီမှာ အနည်းဆုံးတော့ ဒီခေါင်းဆောင်ကို လေးစားမှု၊ ချစ်ခင်မှု နဲ့ ယုံကြည်မှုတို့ စုပြုံတိုးဝှေ့နေဖို့လိုတာတော့ သတိထားကြပါ။
           အနောက်နိုင်ငံရဲ့စီးပွားရေးလောကမှာလည်း “ရော့ပတ္တမြား ရော့နဂါး” ၊ “အကျိုးလိုလို့ညောင်ရေလောင်း” ဆိုတာမျိုးရှိပါတယ်။ ဒါပေမဲ့ ဒီစကားတွေက ကော်ပိုရေးရှင်းကြီးအချင်းချင်း နဲ့ မယုံကြည်သူတွေအတွက်သီးသန့်ထားတဲ့စကားတွေလို့တောင် ထင်ယောင်မြင်မှားဖြစ်ရတယ်။ တကယ်သုံးတဲ့စကားကတော့ အပေးအယူလုပ်ညှိနှိုင်းခြင်း-Quid Pro Quo ဆိုတာက ခေါင်းဆောင်ဘက်ကပေးတဲ့အပေးထဲမှာယုံကြည်မှုထည့်သွင်းပေးတာမျိုးကိုခေါ်ပါတယ်။
          Conciliatory Speech ကို လက်အောက်ငယ်သားနဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ် တစ်ခြားပုံမှန်နည်းလမ်း နဲ့ အပြုသဘောဆောင်တဲ့စိတ်ဓါတ်မြှင့်တင်ရေးနည်းလမ်းတွေကုန်တော့မှ နောက်ဆုံးကျည်ဆန်အနေနဲ့သုံးတတ်ကြပါတယ်။ ဒါကိုသုံးဖို့သိတာကလည်း ခေါင်းဆောင်မှုပညာတစ်မျိုးလို့နားလည်နိုင်ပါတယ်။
          “ဒီတစ်ပတ်အတွင်းအလုပ်တွေအကုန်ပြီးရင် သောကြာနေ့မှာ ရုံးစောစောပေးဆင်းမယ်” ဆိုတဲ့လေသံမှာ အပေးအယူလည်းလုပ်၊ ရည်မှန်းချက်လည်းပြည့်မြှောက်၊ ဘယ်သူ့ကိုမှလည်းမထိခိုက်၊ လူတိုင်းလည်းကြိုက်တဲ့အပြင် ခေါင်းဆောင်ကသူတို့ကိုစာနာတယ်ဆိုတဲ့စိတ်ခံစားချက်ကိုပါရသွားစေပါတယ်။
          လူအနေနဲ့ဖြည့်စွမ်းပေးနိုင်တဲ့ဥပမာဆိုရင် “မစံပါယ်က ဒီကိစ္စကိုရှင်းဖူးတဲ့အတွေ့အကြုံရှိတယ်။ အခုအစည်းအဝေးထဲကို သူ့ကိုတစ်ခါတည်းခေါ်ပြီး အတူတူဖြေရှင်းကြည့်ရအောင်” ကို စဉ်းစားကြည့်ရအောင်။ ဒီလိုစကားပြောနည်းကိုသုံးတဲ့ခေါင်းဆောင်ကို “သူ့လူမှတော်တယ်” တို့ “ငါတို့ကိုကျတော့လူရာမသွင်းဘူး” ဆိုတာမျိုးတွေ မမြင်တော့ဘူးပေါ့။
          ရောင်းအားမြှင့်တင်မှုကို မိမိတို့ရဲ့အသင်းအဖွဲ့ထဲမှာစကားလုံးနဲ့ပုံဖော်တာကို ခေါင်းဆောင်တစ်ချို့လုပ်ကြပါတယ်။ “စိတ်ထားကောင်းဖို့အဓိက” တို့၊ “စည်းကမ်းသည်လူ့တန်ဖိုး” တို့ ၊ “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ဆိုတာတွေက စိတ်ဓါတ်ကိုမြှင့်တင်ပေးရင်း အပြုသဘောဆောင်တဲ့လုပ်ငန်းခွင် နဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေရအောင် ဆောင်ပုဒ်လေးတွေကိုခေါင်းထဲရိုက်သွင်းကြတာပါ။
          “နောက်ဆုံးတစ်စက်အထိအရသာရှိ” ဆိုတဲ့ ကြော်ငြာကိုသုံးထားတဲ့ အချိုရည်ကုမ္ပဏီမှာ ခေါင်းဆောင်က “အလုပ်ခွင်ထဲကနောက်ဆုံးတစ်နာရီမှာ အကျိုးရှိအောင်ဘယ်လိုလုပ်ကြမလဲ” လို့ မေးလိုက်တယ်ဆိုရင်ပဲ လုပ်သားတွေက “ခေါင်းဆောင်ကသူတို့ကို အလုပ်ချိန်ကိုပိုမိုအာရုံစိုက်ပြီး ပစ္စည်းပိုထွက်ချင်တယ်” ဆိုတာ တန်းပြီးသဘောပေါက်ပါတယ်။
၁.. ရေကူးညာတင်ပြောနည်း
၂.. ကောက်ပင်ရိတ်လှီးပြောနည်း
၎.. အိုးတန်ဆန်ဖွတ်ပြောနည်း
၆.. ဆင်ဝှေ့ရန်ရှောင်ပြောနည်း
၉.. ရေစစ်ကရားပြောနည်း
          အဲဒီနည်းတွေကို ရှေးရိုးအစဉ်အလာမပျက်လေ့လာ၊ အခုခေတ် အနောက်နိုင်ငံတွေက သုတေသနပြုလုပ်ထားတဲ့ လူရှေ့ထွက်စကားပြောနည်း-Public Speaking တွေကိုလည်းလေ့လာ၊ ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှု-Leadership and Management တွေကိုလည်းလေ့လာထားပါမှ ပိုမိုပွင့်လန်းလာတဲ့မြန်မာ့စီးပွားရေးမှာ အဆင်သင့်လိုက်ပါလာနိုင်မယ်ဆိုတာကို “နှစ်မပြောင်းခင် စံနစ်ဟောင်းတွေကိုဖယ်ခွာရင်း သာယာဝပြော စီးပွားရေးအဆင်ချောကာ စကားပြောကောင်းလာပါစေကြောင်း” ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မှတ်ချက်။။။။။။။။။။ ကျွန်တော်မသိသောအင်္ဂလိပ်စကားလုံးများကို မြန်မာဘာသာပြန်ပေးသော ဒေါက်တာစိုးသန်း (အင်္ဂလိပ်စာ) ကို ကျေးဇူးတင်ရှိပါသည်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-06-2019
Ref: Costco Connection
Unicode Version:
“နည်းလမ်းကျအောင် စကားကိုဆောင်”
          လူသားတွေဟာ ပေါင်းသင်းဆက်ဆံတတ်တဲ့စကားပြောသတ္တဝါ-Social Animal လို့ လူသားအရင်းအမြစ်လေ့လာတဲ့ပညာရင်တွေပြောတာ တမျိုးမမြင်လိုက်ပါနဲ့။ သတ္တလောကကြီးတစ်ခုလုံးမာ လူသားလောက်ထက်မြက်တာ၊ လူသားလောက်တွေးခေါ်ကြံဆနိုင်တာ၊ လူသားတွေလောက် အမားလုပ်နိုင်တာ ဘယ်သတ္တဝါမ မရိပါဘူး။ ကောင်းကောင်းဆိုးဆိုး အကြောင်းအကျိုးကိုလည်း ဒီလူသားတွေထဲကပဲ အမားရာလို့ အမန်ပြန်တွေ့တဲ့သံသရာထဲမာ ဆယ်ယူရရိတဲ့သင်ခန်းစာက လူ့လောကကိုကောင်းကျိုးပေးဖို့အကြောင်းရင်းတွေ တဖန်ပြန်ဖြစ်လာပါတယ်။
          ကျွန်တော်တို့ဟာ မိမိတို့လိုချင်တဲ့အဖြေ နဲ့ ရလဒ်ကိုမျော်လင့်ရင်း အကျိုးသက်ရောက်မယ့်စကားတွေကိုရွေးပြောကြတယ်။ ဒီအထဲမာ မိမိကိုလေးစားလာစေဖို့အကြောင်းရင်းတွေပါမယ်၊ မိမိအလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မာ အပြုသဘောဆောင်တဲ့အလုပ်ခွင်လေးတစ်ခုဖြစ်လာအောင် ပြုပြင်ပြောင်းလဲစေမယ့် စည်းရုံးလုပ်ဆောင်ရတဲ့စကားတွေလည်းထည့်ပြောကြပါတယ်။
          လူအုပ်စုကြီးနဲ့အလုပ်လုပ််တဲ့နေရာမာ ခေါင်းဆောင်ဟာအရေးကြီးလသလို သူ/သူမ ရဲ့ ခေါင်းဆောင်မုအရည်အသွေးနောက်မာ ဘယ်အခြေအနေမာ ဘယ်လိုစကားပြောပြီး လူတွေကိုဘယ်လိုဦးဆောင်သလဲဆိုတာက ပဓာနကျနေပြန်တယ်။ ဒါကြောင့် ဒူးနေရာဒူး တော်နေရာတော်၊ ရင်လောက်မန်းမ ဒူးလောက်ကျ၊ ကျွဲကူးရေပါ ဆိုတဲ့ မြန်မာ့နည်း မြန်မာ့ဟန်စကားပြောနည်းတွေထက် မြန်မာနိုင်ငံအပြင်ရောက်မသိခဲ့ရတဲ့စကားပြောနည်းတစ်ချို့ကိုပြောပြချင်ပါတယ်။
1.. Authoritarian-အာဏာရင်ဆန်သော(စကားပြောနည်း)
          ခေါင်းဆောင်တစ်ယောက်က ဘယ်လောက်ပမာဏထွက်ကုန်ကို ဘယ်အချိ်န်မာလိုချင်တယ်ဆိုတာ အမိန့်ပေးသလိုညွန်ကြားနေပြီဆိုရင် အာဏာရင်ဆန်တဲ့စကားပြောနည်းသုံးနေတယ်ဆိုတာ သိလိုက်ပါ။ ဒီလိုစကားပြောဖို့က လုပ်ဆောင်ပေးမယ့်သူတွေဆီမာ အနည်းဆုံးတော့ ဒီခေါင်းဆောင်ကို လေးစားမု၊ ချစ်ခင်မု နဲ့ ယုံကြည်မုတို့ စုပြုံတိုးဝေ့နေဖို့လိုတာတော့ သတိထားကြပါ။
          “ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်” ဆိုတာမျိုးက နောက်ဆုံးပေါ် Authoritarian Speech လို့တောင်ပြောရမလိုပါပဲ။ ဒီစကားပြောနည်းကိုသုံးတဲ့ခေါင်းဆောင်မာ အာဏာတည်နေသ၍တော့ အလုပ်ဖြစ်နေပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ယုံကြည်မုကျဆင်းနေတဲ့အသင်းအဖွဲ့တွေမာဆိုရင် စည်းကမ်းဖောက်ပြီးလုပ်မယ့်သူတစ်ယောက်ထက်မကရိနေမယ်ဆိုတာကို ကြိုသိထားရင်ရပါပြီ။ 
2.. Conciliatory-အပေးအယူလုပ် (စကားပြောနည်း)
           အနောက်နိုင်ငံရဲ့စီးပွားရေးလောကမာလည်း “ရော့ပတ္တမြား ရော့နဂါး” ၊ “အကျိုးလိုလို့ညောင်ရေလောင်း” ဆိုတာမျိုးရိပါတယ်။ ဒါပေမဲ့ ဒီစကားတွေက ကော်ပိုရေးရင်းကြီးအချင်းချင်း နဲ့ မယုံကြည်သူတွေအတွက်သီးသန့်ထားတဲ့စကားတွေလို့တောင် ထင်ယောင်မြင်မားဖြစ်ရတယ်။ တကယ်သုံးတဲ့စကားကတော့ အပေးအယူလုပ်ညိနိုင်းခြင်း-Quid Pro Quo ဆိုတာက ခေါင်းဆောင်ဘက်ကပေးတဲ့အပေးထဲမာယုံကြည်မုထည့်သွင်းပေးတာမျိုးကိုခေါ်ပါတယ်။
          Conciliatory Speech ကို လက်အောက်ငယ်သားနဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ် တစ်ခြားပုံမန်နည်းလမ်း နဲ့ အပြုသဘောဆောင်တဲ့စိတ်ဓါတ်မြင့်တင်ရေးနည်းလမ်းတွေကုန်တော့မ နောက်ဆုံးကျည်ဆန်အနေနဲ့သုံးတတ်ကြပါတယ်။ ဒါကိုသုံးဖို့သိတာကလည်း ခေါင်းဆောင်မုပညာတစ်မျိုးလို့နားလည်နိုင်ပါတယ်။
          “ဒီတစ်ပတ်အတွင်းအလုပ်တွေအကုန်ပြီးရင် သောကြာနေ့မာ ရုံးစောစောပေးဆင်းမယ်” ဆိုတဲ့လေသံမာ အပေးအယူလည်းလုပ်၊ ရည်မန်းချက်လည်းပြည့်မြောက်၊ ဘယ်သူ့ကိုမလည်းမထိခိုက်၊ လူတိုင်းလည်းကြိုက်တဲ့အပြင် ခေါင်းဆောင်ကသူတို့ကိုစာနာတယ်ဆိုတဲ့စိတ်ခံစားချက်ကိုပါရသွားစေပါတယ်။
3.. Facilitatory-ပံ့ပိုးပေးသော (စကားပြောနည်း)
          အလုပ်ခွင်တွေမာ ဘာစိတ်ဝင်စားမုမမရိတော့ပဲ လက်တွေ၊ ခြေတွေ၊ စိတ်တွေကအလိုလိုလုပ်နေပြီ-Autopilotting ဖြစ်နေပြီဆိုရင် တိုးတက်မုကျဆင်းနိုင်ပါတယ်။ ဒီလို သမားရိုးကျလုပ်ငန်းခွင်ကို ကုန်ပစ္စည်းပိုထွက်စေဖို့-Productive ဖြစ်စေဖို့ လုပ်သားတွေလိုတဲ့ ကိရိယာ-Tool တွေတပ်ဆင်ပေးတာမျိုး၊ လမ်းပန်းဆက်သွယ်ရေး နဲ့ ဆက်သွယ်ရေးနည်းပညာပစ္စည်းတွေထပ်ဖြည့်ပေးတာမျိုးအပြင် အစားအသောက်အခမဲ့ကျွေးတာမျိုးတို့ဟာ Facilitatory စကားပြောနည်းကိုကျွမ်းကျင်တဲ့ခေါင်းဆောင်တွေရဲ့လက်စွဲပါ။
          လူအနေနဲ့ဖြည့်စွမ်းပေးနိုင်တဲ့ဥပမာဆိုရင် “မစံပါယ်က ဒီကိစ္စကိုရင်းဖူးတဲ့အတွေ့အကြုံရိတယ်။ အခုအစည်းအဝေးထဲကို သူ့ကိုတစ်ခါတည်းခေါ်ပြီး အတူတူဖြေရင်းကြည့်ရအောင်” ကို စဉ်းစားကြည့်ရအောင်။ ဒီလိုစကားပြောနည်းကိုသုံးတဲ့ခေါင်းဆောင်ကို “သူ့လူမတော်တယ်” တို့ “ငါတို့ကိုကျတော့လူရာမသွင်းဘူး” ဆိုတာမျိုးတွေ မမြင်တော့ဘူးပေါ့။
4.. Promotional-အထောက်အပံ့ပြုသော (စကားပြောနည်း)
          ရောင်းအားမြင့်တင်မုကို မိမိတို့ရဲ့အသင်းအဖွဲ့ထဲမာစကားလုံးနဲ့ပုံဖော်တာကို ခေါင်းဆောင်တစ်ချို့လုပ်ကြပါတယ်။ “စိတ်ထားကောင်းဖို့အဓိက” တို့၊ “စည်းကမ်းသည်လူ့တန်ဖိုး” တို့ ၊ “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ဆိုတာတွေက စိတ်ဓါတ်ကိုမြင့်တင်ပေးရင်း အပြုသဘောဆောင်တဲ့လုပ်ငန်းခွင် နဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေရအောင် ဆောင်ပုဒ်လေးတွေကိုခေါင်းထဲရိုက်သွင်းကြတာပါ။
          “နောက်ဆုံးတစ်စက်အထိအရသာရိ” ဆိုတဲ့ ကြော်ငြာကိုသုံးထားတဲ့ အချိုရည်ကုမ္ပဏီမာ ခေါင်းဆောင်က “အလုပ်ခွင်ထဲကနောက်ဆုံးတစ်နာရီမာ အကျိုးရိအောင်ဘယ်လိုလုပ်ကြမလဲ” လို့ မေးလိုက်တယ်ဆိုရင်ပဲ လုပ်သားတွေက “ခေါင်းဆောင်ကသူတို့ကို အလုပ်ချိန်ကိုပိုမိုအာရုံစိုက်ပြီး ပစ္စည်းပိုထွက်ချင်တယ်” ဆိုတာ တန်းပြီးသဘောပေါက်ပါတယ်။
          ဒါကြောင့် ခေတ်နဲ့အမီလိုက်နေကြတဲ့မြန်မာစီးပွားရေးလူငယ်၊ လူလတ်၊ ပညာတတ်တွေ နည်းပညာချည်းအားမကိုးပဲ စကားအရာမာ ဆရာကျကျ ပြောနိုင်ကြဖို့အတွက် ကျွန်တော်ရာဖွေကြည့်တယ်။ မြန်မာ့စကားကြီး (၁ဝ) မျိုးဖြစ်တဲ့
၁.. ရေကူးညာတင်ပြောနည်း
၂.. ကောက်ပင်ရိတ်လီးပြောနည်း
၃.. ရေစီးဖောင်ဆန်ပြောနည်း
၄.. အိုးတန်ဆန်ဖွတ်ပြောနည်း
၅.. ဆီပွတ်ကျည်ပွေ့ပြောနည်း
၆.. ဆင်ဝေ့ရန်ရောင်ပြောနည်း
၇.. တောင်သူယာခုတ်ပြောနည်း
၈.. ကြက်ဆွတ်ခပ်ပစ်ပြောနည်း
၉.. ရေစစ်ကရားပြောနည်း
၁ဝ.. ခက်တင်မောင်းနင်းပြောနည်း တို့ကိုတွေ့ပါတယ်။
          အဲဒီနည်းတွေကို ရေးရိုးအစဉ်အလာမပျက်လေ့လာ၊ အခုခေတ် အနောက်နိုင်ငံတွေက သုတေသနပြုလုပ်ထားတဲ့ လူရေ့ထွက်စကားပြောနည်း-Public Speaking တွေကိုလည်းလေ့လာ၊ ခေါင်းဆောင်မုနဲ့စီမံခန့်ခွဲမု-Leadership and Management တွေကိုလည်းလေ့လာထားပါမ ပိုမိုပွင့်လန်းလာတဲ့မြန်မာ့စီးပွားရေးမာ အဆင်သင့်လိုက်ပါလာနိုင်မယ်ဆိုတာကို “နစ်မပြောင်းခင် စံနစ်ဟောင်းတွေကိုဖယ်ခွာရင်း သာယာဝပြော စီးပွားရေးအဆင်ချောကာ စကားပြောကောင်းလာပါစေကြောင်း” ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
တ်ချက်။။။။။။။။။။ ကျွန်တော်မသိသောအင်္ဂလိပ်စကားလုံးများကို မြန်မာဘာသာပြန်ပေးသော ဒေါက်တာစိုးသန်း (အင်္ဂလိပ်စာ) ကို ကျေးဇူးတင်ရိပါသည်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-06-2019
Ref: Costco Connection
No comments: