ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, May 12, 2015

ေႏြရာသီေက်ာင္းသင္ခန္းစာ အီတလီမွာ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )

.
.
ပရုိဂရမ္မ်ိဳးစံုလွတဲ႕ အေနာက္ႏိုင္ငံကေက်ာင္းေတြမွာ စာသင္ႏွစ္ျပီးခါနီး ( ၆ ) လ ေလာက္အလိုမွာ တစ္ျခားႏိုင္ငံတစ္ခုကို သြားေရာက္ေနထုိင္ျပီး ေနာက္ဆံုးစာေမးပြဲကိုေျဖရတဲ႕ အစီအစဥ္ေတြ ရွိၾကတယ္။ ဒီလိုခရီးစဥ္မွာ ေက်ာင္းပေရာဂ်က္ကို ျပီးဆံုးေအာင္လုပ္ရတာ ရွိသလို သုေတသနစာတမ္း တစ္ခုခုကို ျပီးေျမာက္ေအာင္ျမင္ေအာင္ တင္ရတာေတြလည္း ရွိတယ္။ အခုေျပာျပခ်င္တာကေတာ႕ စာသင္ႏွစ္ - Semester ေတြရဲ႕အလယ္ ၾကားထဲမွာ ႏိုင္ငံျခားကုိသြားေရာက္ျပီး ေႏြရာသီသင္္ခန္းစာ သင္ရင္း ဘုရားလည္းဖူး လိပ္ဥလည္းတူး တစ္ခ်က္ခုတ္ သံုးခ်က္ေလာက္ျပတ္တဲ႕အစီအစဥ္ျဖစ္ပါတယ္။
.
ပိုျပီးထူးျခားတာက ဒီအစီအစဥ္မွာ အေမရိကန္တကၠသုိလ္က လက္ရွိသင္ေနတဲ႕ဆရာေတြပါ အတူတကြလိုက္ပါၾကမွာျဖစ္လို႕ အရင္ၾကားဖူးေနက် ခရီးစဥ္မ်ိဳးမဟုတ္ပဲ အျမင္ဆန္းျပီး သတင္းေမႊးေနပါတယ္။ ေဘာလံုးပြဲစကားနဲ႕ငွားေျပာရရင္ အေဝးကြင္းမွာ သြားကစားရသလိုပဲ ဒီစာေတြကုိ ပထဝီေဒသအရ သင္ခန္းစာတည္ေနရာရွိရာမွာ သြားသင္ရမွာျဖစ္လို႕ ထူးျခားရံုမက လက္ေတြ႕ခရီးစဥ္လို႕ ေျပာရမွာျဖစ္ပါတယ္။
.
ဘာသာရပ္က ဂရပ္ဖစ္ဒီဇုိင္း - Graphic Design ေမဂ်ာပါ။ ယူနစ္လုိအပ္ခ်က္အရ အေျခခံယူနစ္ေတြမွာ တူညီေပမယ္႕လည္း အတြင္းပိုင္းဒီဇုိင္း - Interior Design နဲ႕ အျပင္ပိုင္းဒီဇုိင္း - Graphic Design ဆုိျပီး ထပ္ခြဲထားပါတယ္။ Suffolk University, Boston  ရဲ႕အဆုိအရ ဒီႏွစ္ေႏြရာသီေက်ာင္းပိတ္ရက္မွာ သင္ရိုးညႊန္းတမ္းမွာပါတဲ႕ အီတလီႏိုင္ငံ ဖေလာရင္႕ျမိဳ႕ကို သြားေရာက္ေနထုိင္ သင္ၾကားၾကမွာ ျဖစ္တယ္။ ေမဂ်ာ ( ၂ ) ခု ျဖစ္တဲ႕ သရုပ္ေဖာ္ပန္းခ်ီ - Illustration က ဘာသာရပ္ ( ၃ ) ခု နဲ႕ အႏုပညာရာဇဝင္ - Art History က ဘာသာရပ္ ( ၂ ) ခု အတြက္ ခရီးထြက္ၾကရန္ ျဖစ္ပါတယ္။
.
.
Illustration မွာ အီတာလ်ံဂ်ာနယ္ - Italian Journal ဆိုတာ ပါပါတယ္။ ဘာသာရပ္ေခါင္းစဥ္္မွာကိုက ဖေလာရင္႕ျမိဳ႕မွာ ပံုဆြဲ ၊ ပန္းခ်ီဆြဲျပီး ေနာက္ပိုင္းမွာ မွတ္တမ္းဂ်ာနယ္ထုတ္လို႕ရတဲ႕အထိ စီစဥ္ေလ႕လာရမွာပါ။ Art History မွာ ေရွးေဟာင္းအီတလီ ရဲ႕ ျမိဳ႕တည္ေဆာက္ခဲ႕ပံုေတြ နဲ႕ အစဥ္အဆက္ ဗိသုကာလက္ရာေတြကုိ ေလ႕လာမွတ္တမ္းတင္ၾကမွာ ျဖစ္ပါတယ္။ ဒါ႕အျပင္ ေရာက္ေလရာ ျပတုိက္ နဲ႕ လက္မႈသုခုမအႏုပညာေတြကို မ်က္ဝါးထင္ထင္ စုတ္ခ်က္တင္ႏိုင္တဲ႕ ေရေဆးပန္းခ်ီဘာသာရပ္လည္း ပါဝင္ပါတယ္။

.
သင္တန္းကာလက သီတင္း ( ၆ ) ပတ္ခြဲ ၾကာျမင္႕မွာျဖစ္ျပီ္း အီတလီႏိုင္ငံရဲ႕ အထင္ကရျမိဳ႕ေတြျဖစ္တဲ႕ ဖေလာရင္႕၊ ေရာမ နဲ႕ ဗင္းနစ္ေရေပၚျမိဳ႕ေတြမွာ အခ်ိန္ကုန္လြန္ရမွာပါ။ ျမိဳ႕ေတြ၊ ေတာေတာင္ေတြရဲ႕ ရႈခင္းေတြကို ေရွးဆန္ဆန္ပဲ ဆြဲေတြးယူမလား .. ေခတ္ဆန္ဆန္ပဲ ဒစ္ဂ်စ္တယ္ရုိက္စ္ လုပ္ပစ္လုိက္မလား .. ဆရာ က အနီးမွာ ပါလာေတာ႕ အမွန္တကယ္ကို အဆင္ေျပပါတယ္။ ထုိမွ်မကေသး ရက္စက္မႈသမိုင္း နဲ႕ ဘာသာေရးနက္ရိႈင္းမႈ ေရာျပြန္းေနတဲ႕ သမိုင္းၾကြယ္ဝအီတလီကို ဘယ္လုိပံုေဖာ္ၾကမလဲဆုိတာ အဆံုးအျဖတ္ေပးတဲ႕ ေက်ာင္းယူနစ္ ( ၇ ) ခရက္ဒစ္ကို ပိုင္ဆိုင္ႏိုင္ဦးမွာလည္း ျဖစ္ပါတယ္။
.
.
ကုိယ္ရလာတဲ႕ အခ်က္အလက္ နဲ႕ အႏုပညာလက္ရာေတြကို စုေဆာင္းျပီး မိခင္တကၠသုိလ္ျပန္ေရာက္တဲ႕အခါ စာသင္ခန္းထဲမွာ ဖတ္စာအုပ္ကိုကိုင္ရင္း ဆရာအလာကိုေစာင္႕ျပီး ထုိင္သင္ေနတဲ႕ ေက်ာင္းသားနဲ႕ ဘယ္လုိမွ မတူေတာ႕ပါဘူး။ ေဆးစက္က်ရာအရုပ္ထင္ တဲ႕ အႏုပညာတန္ဖိုးထား ေၾကးစားဘဝကို အေရာက္လွမ္းဖို႕အတြက္ ဒီအစီအစဥ္ - Course က အေထာက္အကူေပးပါလိမ္႕မယ္။  ညေနပိုင္းေတြမွာ ျပတုိက္ေတြ၊ ေမာ္ကြန္းတုိက္ေတြ နဲ႕ သမုိင္းဝင္ဘုရားရွိခိုးေက်ာင္းေတြကို ေလ႕လာၾကမယ္။ ထိေတြ႕လိုက္တဲ႕ အမွားရဲ႕သင္ျပမႈ - သမိုင္းအမွန္ေတြေၾကာင္႕ ေက်ာင္းသားရဲ႕ အနာဂါတ္အလုပ္အကိုင္ဘဝလမ္းေၾကာင္းမွာ မတူတဲ႕ အျမင္သစ္ေတြ ပုိင္ဆိုင္ႏုိင္ပါလိမ္႕မယ္။
.
အထင္ကရျမိဳ႕ၾကီးေတြျပီးရင္ ထပ္စကင္ - Tuscan ျမိဳ႕ရဲ႕ “ ေနအက် ” အလွကို ေငးေမာမိေနတဲ႕ ေက်ာင္းသားေတြရဲ႕စိတ္ထဲမွာ ဘာေတြရွိေနမယ္ ထင္ပါသလဲ ? အနယ္နယ္အရပ္ရပ္ကေန အေမရိကားကိုေက်ာင္းလာတက္ရေပမယ္႕ ငါတုိ႕ႏိုင္ငံမွာလည္း ဒီလုိရႈခင္းေတြ ေပါမ်ားသားပဲ .. ငါတုိ႕က တန္ဖိုးမထားလို႕သာ .. ဒီကေန ဘြဲ႕ရျပီးရင္ အမိေျမျပန္ျပီး ကိုယ္တတ္တဲ႕ပညာနဲ႕ အလုပ္အေကြ်းျပဳမယ္လို႕ စိတ္ကူးေနမွာအေသအခ်ာပါပဲ။ ( ကြ်န္ေတာ္တုိရဲ႕ “ ပုဂံ ” ရွိေနတာပဲ ဆုိတာ သတိရမိတယ္ )
.
.
ေက်ာင္းဘာသာရပ္ကေပးတဲ႕ ယူနစ္ ( ၇ ) ခု သင္ခန္းစာအတြက္ ေက်ာင္းက်ဴရွင္ေၾကးက ( ၄၈၅ဝ ) ေဒၚလာပါ။ Illustration အတြက္ေပးတဲ႕ ( ၃ ) ယူနစ္ နဲ႕ Art and Architecture of the Italian Renaissance အတြက္ ( ၄ ) ယူနစ္ တုိ႕ကုိ တစ္ပါတည္း ထည္႕တြက္ - Count ေပးတာမုိ႕ ေက်ာင္းျပီးခါနီး ကုိယ္နဲ႕မရင္းႏွီးတဲ႕ႏိုင္ငံတစ္ခုမွာ တစ္ေယာက္တည္း သြားသင္စရာ မလိုေတာ႕ပါ။
.
ခရီးစားရိတ္ နဲ႕ ေနခ၊ သြားခ၊ လည္ပတ္ခ၊ စာသင္ခန္းခ တုိ႕အတြက္ ကုန္က်ေငြက ေဒၚလာ ( ၄ဝဝဝ ) ျဖစ္ပါတယ္။ ဒီစားရိတ္ေတြထဲမွာ ေလယာဥ္ကြင္းအသြားအျပန္တကၠစီခ၊ အိမ္ခန္းငွားေနခ ၊ အိမ္ခန္းသန္႕ရွင္းေရးခ၊ ၾကိဳးမဲ႕ဝိုင္ဖိုင္အင္တာနက္အသံုးျပဳခ၊ ေဟာ္တယ္ဝင္ မနက္စာ နဲ႕ ၾကိဳဆုိေရးေန႕လည္စာ၊ ေရ မီး အိမ္သာ အမိႈက္ပံုးခ၊ အေရးေပၚဖုန္းဆက္သြယ္ခ၊ ကြန္ပ်ဴတာ နဲ႕ ေက်ာင္းသင္ခန္းစာအင္တာနက္၊ စာၾကည္႕တုိက္ငွားရမ္းခ၊ စီးသမ်ွ ဘတ္စ္ကားခ ရထားခအကုန္လံုး တို႕ အတြက္ ပါဝင္ျပီး ျဖစ္ပါတယ္။
.
.
ဒီ႕အျပင္ အထူးသြားေလ႕လာစရာေတြျဖစ္တဲ႕ စီယားနာ - Siena ျမိဳ႕ ၊ ဆမ္ဂ်ီမီညာႏုိ - Sam Gimignano ျမိဳ႕ ၊ ခပ္ေစာင္းေစာင္း ပီစာေမွ်ာ္စင္ - Pisa ၊ ဖီးယက္ဆိုေလး - Fiesole ျမိဳ႕ ခရီးစဥ္အားလံုး အခမဲ႕ ျဖစ္ပါတယ္။ ဒီေလာက္တင္မကေသးပါဘူး .. ဆက္တီညာႏုိ - Settignano ေတာင္ေစာင္းအလွ နဲ႕ ေရွးေဟာင္းရဲတိုက္မ်ားကို ေလ႕လာတဲ႕အခါမွာေရာ ေတာင္ေစာင္းခါးတင္ေရွးေဟာင္းအႏုပညာျမိဳ႕ျဖစ္တဲ႕ ေကာသိုနာ - Cortona ျမိဳ႕ေတြ အလည္ေရာက္တဲ႕အခါမွာလည္း အိပ္ကပ္စိုက္ေငြ ထပ္ကုန္စရာ မလိုေတာ႕ပါ။ ဒါေတြကေတာ႕ ျမန္မာႏိုင္ငံေက်ာင္းေတြမွာ လုပ္ေလ႕ရွိတဲ႕ Field T      rips ေတြနဲ႕ ခပ္ဆင္ဆင္ ျဖစ္ပါတယ္။ မ်ားေသာအားျဖင္႕ကလည္း ေက်ာင္းသားေတြတည္းမယ္႕ ဖေလာရင္႕ျမိဳ႕ နဲ႕ အနီးအနားေတြမို႕ ေန႕ခ်င္းျပန္ခရီးစဥ္ေတြ ျဖစ္ပါတယ္။
.
( ၃ ) ညအိပ္ ( ၄ ) ရက္ ေရာမ ခရီးစဥ္ ျပီးတဲ႕အခါ ( ၅ ) ညအိပ္ ( ၆ ) ရက္ ဗင္းနစ္ ခရီးစဥ္ေတြအတြက္လည္း ကုန္က်စားရိတ္ေတြကုိ တြက္ခ်က္ယူျပီးသား ျဖစ္ပါတယ္။ အျမိဳ႕ျမိဳ႕ အနယ္နယ္ေရာက္တိုင္း ျပတိုက္ေတြ ၊ ပန္ခ်ီျပခန္း ေတြအတြက္ကေတာ႕ ဝင္ေၾကး ေဒၚလာ ( ၂ဝဝ ) ေကာက္ထားပါတယ္။ ဒီခရီးစဥ္မွာလုိက္ပါဖို႕ ေက်ာင္းသား ( ၁ဝ ) ေယာက္ပဲ လက္ခံမွာျဖစ္သလို အေမရိကား ကေန အီတလီ ေလယာဥ္လက္မွတ္ကေတာ႕ ကာယကံရွင္ေတြကုိယ္တုိင္ ကုန္က်ရမွာ ျဖစ္ပါတယ္။
.
.
အၾကိဳက္ဆံုးက႑က Art and Architecture of the Italian Renaissance အတန္းမွာ မနက္ပိုင္းကို လက္ခ်ာခန္းမွာ သရုပ္ေဖာ္ဆလိုက္ေတြနဲ႕ သင္ၾကားတဲ႕အခါ ဖတ္စာအုပ္ထဲမွုာပါတဲ႕ တကယ္႕ေနရာေတြကုိ အခန္းကေန အရွင္လတ္လတ္ျမင္ႏိုင္ေအာင္ လုပ္ေပးထားတဲ႕ အစီအစဥ္ပါ။ စိတ္မထင္ရင္ ေက်ာင္းသားေတြ ထျပီး စာအုပ္ထဲမွာပါတဲ႕ ျပတိုက္ကို ခ်က္ခ်င္းသြားေရာက္ႏိုင္ပါေသးတယ္။  စစ္သမုိင္းျပတုိက္ဆုိတာကလည္း နီးနီးေလးေပမုိ႕ “ စာေပဘူေဖးလ္စားေနရသလို ”  အရသာရွိရွိစာသင္္တဲ႕စံနစ္ကုိ ဘယ္လုိမွ မခ်ီးက်ဴးပဲ မေနႏိုင္ပါဘူး။ ဘာသာတရားကိုးကြယ္မႈကုိအသာထား .. ဘယ္နီးစပ္ရာခရစ္ယာန္ဘုရားရွိခိုးေက်ာင္းကိုဝင္လိုက္ ဝင္လိုက္ ဖတ္စာအုပ္ထဲကေရးထားတာမွန္မမွန္ မ်က္စိေရွ႕သမိုင္းသက္ေသအျဖစ္ လွစ္ဟျပေနမွာ ျဖစ္ပါတယ္။
.
ေက်ာင္းသားေတြဟာ ေပ်ာ္ရႊင္မႈ၊ ဝါသနာအကိုက္လုပ္ကိုင္ရမႈ၊ စိတ္ေက်နပ္မႈ၊ ခရီးလမ္းအေတြ႕အၾကံဳ နဲ႕ တုႏိႈင္းမရႏုိင္တဲ႕ဘဝသင္ခန္းစာေတြအျပင္ “ ခရီးသြားျခင္းျဖင္႕စာဖတ္ျခင္း ” ၊ ရႈခင္းမ်ားနဲ႕ရာဇဝင္႒ာဏီေတြကို လက္နဲ႕ေရးဖြဲ႕ပံုေဖာ္ျခင္းျဖင္႕ “ မ်က္လံုးမ်ားျဖင္႕စာဖတ္ျခင္း ” တုိ႕ကို လုပ္ျဖစ္သြားၾကသလို အေဖာ္မပါတစ္ေယာက္ထဲနဲ႕ ဘယ္လိုမွေရာက္ဖို႕မလြယ္တဲ႕ ဥေရာပခရီးစဥ္ကို လက္ေတြ႕ခံစား အႏုသယ ပညာယူႏိုင္ဦးမွာ ျဖစ္ပါတယ္။
.
.
ကြ်န္ေတာ႕စာေရးသက္မွာ သမီးတက္တဲ႕ေက်ာင္း နဲ႕ သူ႕သင္ယူေနတဲ႕ဘာသာရပ္အေၾကာင္းေတြကုိ ေရးေလ႕ေရးထ မရွိခဲ႕ပါဘူး။ အနီးစပ္ဆံုး အတူေနတဲ႕ စြမ္း အေၾကာင္းကို ပုိေရးျဖစ္ပါတယ္။ အခု ေမလ ( ၁၃ ) ရက္ေန႕ အီတလီႏုိင္ငံသြားရမယ္႕ သမီးရဲ႕စာသင္ခရီးအစီအစဥ္ကို ကိုယ္ေရးကိုယ္တာေနာက္ထားျပီး ၾကိဳးစားတင္ျပျခင္းပဲ ျဖစ္ပါတယ္။ ဒီေငြပမာဏဟာ သံုးႏိုင္သူေတြအတြက္ အလြယ္ေလးေပမယ္႕ ျမန္မာကုန္သည္ဘဝကေန အေမရိကန္ဝန္ထမ္းျဖစ္ေနတဲ႕ ကြ်န္ေတာ္တုိ႕လို မိဘေတြအတြက္ေတာ႕ တစ္ဖက္ထဲတင္မဟုတ္ပါဘူး .. ပုခံုးႏွစ္ဖက္လံုး ေလးပါတယ္။ ကေလးပညာေရးအတြက္ အပင္ပန္းခံၾကရတဲ႕ မိဘေတြကိုယ္စား စကားေျပာေပးခ်င္ပါတယ္။
.
ဘယ္လုိေျပာေျပာ  ဒီကေန သမီးဘဝအတြက္ “ တစ္ခုခု ” ရသြားပါေစလုိ႕ ေမွ်ာ္လင္႕တယ္ ဆုေတာင္းတယ္..။ ေနာက္ပိုင္းမွာ မိဘကို အားမကိုးတဲ႕ ထူးခြ်န္သမီးရတနာတစ္ပါး ျဖစ္ေစခ်င္တယ္။ ကုိယ္ထူးကိုယ္ခြ်န္ျပီး ကိုယ္ရည္ေသြး ေဖာက္ထြက္သြားေစခ်င္တယ္။ သမားရိုးက်အေတြးအေခၚအယူအဆေဟာင္းေတြကေန ေခတ္နဲ႕အညီ ေျပာင္းလဲေစခ်င္တယ္။ အျမင္သစ္၊ အသြင္သစ္ေတြနဲ႕ ေမြးႏိုင္ငံကို ျပန္လည္အကိ်ဳးျပဳေစခ်င္တယ္။
.
.
အထူးသျဖင္႕ ျမန္မာႏိုင္ငံမွာဆို ဘယ္လုိမွ စိတ္ကူးမယဥ္ႏိုင္တဲ႕ ပညာေရးအတြက္ အေမရိကားကုိ ေငြလာေပးေနရတယ္။ ရလဒ္ေကာင္းရင္ တန္တယ္လို႕႔ပဲ ဆုိခ်င္ပါတယ္။ လက္ေတြ႕ကို အားကိုးလြန္းလွတဲ႕အေနာက္ႏိုင္ငံရဲ႕ ပညာေရး “ အသီးအပြင္႕ ” ေတြရဲ႕ Fruitful Result ေတြကို ျမန္မာႏိုင္ငံသားေတြ ရေစခ်င္တယ္။ ဒီကေန ဆက္ျပီး ဆင္႕ပြားျဖန္႕ျဖဴးေစခ်င္တယ္။ သမီးကလည္းေျပာတယ္ .. ဒီလိုပညာေရးကို အမ်ားသိေအာင္ ေရးေပးပါ တဲ႕။ သြားလမ္းသာလို႕ လာလမ္းေျဖာင္႕ျပီး “ ဘဝအတြက္စာဖတ္ႏိုင္ပါေစ ” သမီးေလးေရ..။
.
.
“ ျငိမ္း ” ရဲ႕ အႏုပညာပေရာဂ်က္ On Adobe Cloud: https://www.behance.net/Valerino
.
.
.
Myanmar Unicode Version:
.
.
“  နွေရာသီကျောင်းသင်ခန်းစာ အီတလီမှာ ” 
 ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) 
.
ပရိုဂရမ်မျိုးစုံလှတဲ့ အနောက်နိုင်ငံကကျောင်းတွေမှာ စာသင်နှစ်ပြီးခါနီး ( ၆ ) လ လောက်အလိုမှာ တစ်ခြားနိုင်ငံတစ်ခုကို သွားရောက်နေထိုင်ပြီး နောက်ဆုံးစာမေးပွဲကိုဖြေရတဲ့ အစီအစဉ်တွေ ရှိကြတယ်။ ဒီလိုခရီးစဉ်မှာ ကျောင်းပရောဂျက်ကို ပြီးဆုံးအောင်လုပ်ရတာ ရှိသလို သုတေသနစာတမ်း တစ်ခုခုကို ပြီးမြောက်အောင်မြင်အောင် တင်ရတာတွေလည်း ရှိတယ်။ အခုပြောပြချင်တာကတော့ စာသင်နှစ် - Semester တွေရဲ့အလယ် ကြားထဲမှာ နိုင်ငံခြားကိုသွားရောက်ပြီး နွေရာသီသင်ခန်းစာ သင်ရင်း ဘုရားလည်းဖူး လိပ်ဥလည်းတူး တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့အစီအစဉ်ဖြစ်ပါတယ်။
.
ပိုပြီးထူးခြားတာက ဒီအစီအစဉ်မှာ အမေရိကန်တက္ကသိုလ်က လက်ရှိသင်နေတဲ့ဆရာတွေပါ အတူတကွလိုက်ပါကြမှာဖြစ်လို့ အရင်ကြားဖူးနေကျ ခရီးစဉ်မျိုးမဟုတ်ပဲ အမြင်ဆန်းပြီး သတင်းမွှေးနေပါတယ်။ ဘောလုံးပွဲစကားနဲ့ငှားပြောရရင် အဝေးကွင်းမှာ သွားကစားရသလိုပဲ ဒီစာတွေကို ပထဝီဒေသအရ သင်ခန်းစာတည်နေရာရှိရာမှာ သွားသင်ရမှာဖြစ်လို့ ထူးခြားရုံမက လက်တွေ့ခရီးစဉ်လို့ ပြောရမှာဖြစ်ပါတယ်။
.
ဘာသာရပ်က ဂရပ်ဖစ်ဒီဇိုင်း - Graphic Design မေဂျာပါ။ ယူနစ်လိုအပ်ချက်အရ အခြေခံယူနစ်တွေမှာ တူညီပေမယ့်လည်း အတွင်းပိုင်းဒီဇိုင်း - Interior Design နဲ့ အပြင်ပိုင်းဒီဇိုင်း - Graphic Design ဆိုပြီး ထပ်ခွဲထားပါတယ်။ Suffolk University, Boston  ရဲ့အဆိုအရ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်မှာ သင်ရိုးညွှန်းတမ်းမှာပါတဲ့ အီတလီနိုင်ငံ ဖလောရင့်မြို့ကို သွားရောက်နေထိုင် သင်ကြားကြမှာ ဖြစ်တယ်။ မေဂျာ ( ၂ ) ခု ဖြစ်တဲ့ သရုပ်ဖော်ပန်းချီ - Illustration က ဘာသာရပ် ( ၃ ) ခု နဲ့ အနုပညာရာဇဝင် - Art History က ဘာသာရပ် ( ၂ ) ခု အတွက် ခရီးထွက်ကြရန် ဖြစ်ပါတယ်။
.
.
Illustration မှာ အီတာလျံဂျာနယ် - Italian Journal ဆိုတာ ပါပါတယ်။ ဘာသာရပ်ခေါင်းစဉ်မှာကိုက ဖလောရင့်မြို့မှာ ပုံဆွဲ ၊ ပန်းချီဆွဲပြီး နောက်ပိုင်းမှာ မှတ်တမ်းဂျာနယ်ထုတ်လို့ရတဲ့အထိ စီစဉ်လေ့လာရမှာပါ။ Art History မှာ ရှေးဟောင်းအီတလီ ရဲ့ မြို့တည်ဆောက်ခဲ့ပုံတွေ နဲ့ အစဉ်အဆက် ဗိသုကာလက်ရာတွေကို လေ့လာမှတ်တမ်းတင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောက်လေရာ ပြတိုက် နဲ့ လက်မှုသုခုမအနုပညာတွေကို မျက်ဝါးထင်ထင် စုတ်ချက်တင်နိုင်တဲ့ ရေဆေးပန်းချီဘာသာရပ်လည်း ပါဝင်ပါတယ်။

.
သင်တန်းကာလက သီတင်း ( ၆ ) ပတ်ခွဲ ကြာမြင့်မှာဖြစ်ပ်ြီး အီတလီနိုင်ငံရဲ့ အထင်ကရမြို့တွေဖြစ်တဲ့ ဖလောရင့်၊ ရောမ နဲ့ ဗင်းနစ်ရေပေါ်မြို့တွေမှာ အချိန်ကုန်လွန်ရမှာပါ။ မြို့တွေ၊ တောတောင်တွေရဲ့ ရှုခင်းတွေကို ရှေးဆန်ဆန်ပဲ ဆွဲတွေးယူမလား .. ခေတ်ဆန်ဆန်ပဲ ဒစ်ဂျစ်တယ်ရိုက်စ် လုပ်ပစ်လိုက်မလား .. ဆရာ က အနီးမှာ ပါလာတော့ အမှန်တကယ်ကို အဆင်ပြေပါတယ်။ ထိုမျှမကသေး ရက်စက်မှုသမိုင်း နဲ့ ဘာသာရေးနက်ရှိုင်းမှု ရောပြွန်းနေတဲ့ သမိုင်းကြွယ်ဝအီတလီကို ဘယ်လိုပုံဖော်ကြမလဲဆိုတာ အဆုံးအဖြတ်ပေးတဲ့ ကျောင်းယူနစ် ( ၇ ) ခရက်ဒစ်ကို ပိုင်ဆိုင်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။
.
.
ကိုယ်ရလာတဲ့ အချက်အလက် နဲ့ အနုပညာလက်ရာတွေကို စုဆောင်းပြီး မိခင်တက္ကသိုလ်ပြန်ရောက်တဲ့အခါ စာသင်ခန်းထဲမှာ ဖတ်စာအုပ်ကိုကိုင်ရင်း ဆရာအလာကိုစောင့်ပြီး ထိုင်သင်နေတဲ့ ကျောင်းသားနဲ့ ဘယ်လိုမှ မတူတော့ပါဘူး။ ဆေးစက်ကျရာအရုပ်ထင် တဲ့ အနုပညာတန်ဖိုးထား ကြေးစားဘဝကို အရောက်လှမ်းဖို့အတွက် ဒီအစီအစဉ် - Course က အထောက်အကူပေးပါလိမ့်မယ်။  ညနေပိုင်းတွေမှာ ပြတိုက်တွေ၊ မော်ကွန်းတိုက်တွေ နဲ့ သမိုင်းဝင်ဘုရားရှိခိုးကျောင်းတွေကို လေ့လာကြမယ်။ ထိတွေ့လိုက်တဲ့ အမှားရဲ့သင်ပြမှု - သမိုင်းအမှန်တွေကြောင့် ကျောင်းသားရဲ့ အနာဂါတ်အလုပ်အကိုင်ဘဝလမ်းကြောင်းမှာ မတူတဲ့ အမြင်သစ်တွေ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
.
အထင်ကရမြို့ကြီးတွေပြီးရင် ထပ်စကင် - Tuscan မြို့ရဲ့ “ နေအကျ ” အလှကို ငေးမောမိနေတဲ့ ကျောင်းသားတွေရဲ့စိတ်ထဲမှာ ဘာတွေရှိနေမယ် ထင်ပါသလဲ ? အနယ်နယ်အရပ်ရပ်ကနေ အမေရိကားကိုကျောင်းလာတက်ရပေမယ့် ငါတို့နိုင်ငံမှာလည်း ဒီလိုရှုခင်းတွေ ပေါများသားပဲ .. ငါတို့က တန်ဖိုးမထားလို့သာ .. ဒီကနေ ဘွဲ့ရပြီးရင် အမိမြေပြန်ပြီး ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်အကျွေးပြုမယ်လို့ စိတ်ကူးနေမှာအသေအချာပါပဲ။ ( ကျွန်တော်တိုရဲ့ “ ပုဂံ ” ရှိနေတာပဲ ဆိုတာ သတိရမိတယ် )
.
.
ကျောင်းဘာသာရပ်ကပေးတဲ့ ယူနစ် ( ၇ ) ခု သင်ခန်းစာအတွက် ကျောင်းကျူရှင်ကြေးက ( ၄၈၅ဝ ) ဒေါ်လာပါ။ Illustration အတွက်ပေးတဲ့ ( ၃ ) ယူနစ် နဲ့ Art and Architecture of the Italian Renaissance အတွက် ( ၄ ) ယူနစ် တို့ကို တစ်ပါတည်း ထည့်တွက် - Count ပေးတာမို့ ကျောင်းပြီးခါနီး ကိုယ်နဲ့မရင်းနှီးတဲ့နိုင်ငံတစ်ခုမှာ တစ်ယောက်တည်း သွားသင်စရာ မလိုတော့ပါ။
.
ခရီးစားရိတ် နဲ့ နေခ၊ သွားခ၊ လည်ပတ်ခ၊ စာသင်ခန်းခ တို့အတွက် ကုန်ကျငွေက ဒေါ်လာ ( ၄ဝဝဝ ) ဖြစ်ပါတယ်။ ဒီစားရိတ်တွေထဲမှာ လေယာဉ်ကွင်းအသွားအပြန်တက္ကစီခ၊ အိမ်ခန်းငှားနေခ ၊ အိမ်ခန်းသန့်ရှင်းရေးခ၊ ကြိုးမဲ့ဝိုင်ဖိုင်အင်တာနက်အသုံးပြုခ၊ ဟော်တယ်ဝင် မနက်စာ နဲ့ ကြိုဆိုရေးနေ့လည်စာ၊ ရေ မီး အိမ်သာ အမှိုက်ပုံးခ၊ အရေးပေါ်ဖုန်းဆက်သွယ်ခ၊ ကွန်ပျူတာ နဲ့ ကျောင်းသင်ခန်းစာအင်တာနက်၊ စာကြည့်တိုက်ငှားရမ်းခ၊ စီးသမျှ ဘတ်စ်ကားခ ရထားခအကုန်လုံး တို့ အတွက် ပါဝင်ပြီး ဖြစ်ပါတယ်။
.
.
ဒီ့အပြင် အထူးသွားလေ့လာစရာတွေဖြစ်တဲ့ စီယားနာ - Siena မြို့ ၊ ဆမ်ဂျီမီညာနို - Sam Gimignano မြို့ ၊ ခပ်စောင်းစောင်း ပီစာမျှော်စင် - Pisa ၊ ဖီးယက်ဆိုလေး - Fiesole မြို့ ခရီးစဉ်အားလုံး အခမဲ့ ဖြစ်ပါတယ်။ ဒီလောက်တင်မကသေးပါဘူး .. ဆက်တီညာနို - Settignano တောင်စောင်းအလှ နဲ့ ရှေးဟောင်းရဲတိုက်များကို လေ့လာတဲ့အခါမှာရော တောင်စောင်းခါးတင်ရှေးဟောင်းအနုပညာမြို့ဖြစ်တဲ့ ကောသိုနာ - Cortona မြို့တွေ အလည်ရောက်တဲ့အခါမှာလည်း အိပ်ကပ်စိုက်ငွေ ထပ်ကုန်စရာ မလိုတော့ပါ။ ဒါတွေကတော့ မြန်မာနိုင်ငံကျောင်းတွေမှာ လုပ်လေ့ရှိတဲ့ Field T      rips တွေနဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ များသောအားဖြင့်ကလည်း ကျောင်းသားတွေတည်းမယ့် ဖလောရင့်မြို့ နဲ့ အနီးအနားတွေမို့ နေ့ချင်းပြန်ခရီးစဉ်တွေ ဖြစ်ပါတယ်။
.
( ၃ ) ညအိပ် ( ၄ ) ရက် ရောမ ခရီးစဉ် ပြီးတဲ့အခါ ( ၅ ) ညအိပ် ( ၆ ) ရက် ဗင်းနစ် ခရီးစဉ်တွေအတွက်လည်း ကုန်ကျစားရိတ်တွေကို တွက်ချက်ယူပြီးသား ဖြစ်ပါတယ်။ အမြို့မြို့ အနယ်နယ်ရောက်တိုင်း ပြတိုက်တွေ ၊ ပန်ချီပြခန်း တွေအတွက်ကတော့ ဝင်ကြေး ဒေါ်လာ ( ၂ဝဝ ) ကောက်ထားပါတယ်။ ဒီခရီးစဉ်မှာလိုက်ပါဖို့ ကျောင်းသား ( ၁ဝ ) ယောက်ပဲ လက်ခံမှာဖြစ်သလို အမေရိကား ကနေ အီတလီ လေယာဉ်လက်မှတ်ကတော့ ကာယကံရှင်တွေကိုယ်တိုင် ကုန်ကျရမှာ ဖြစ်ပါတယ်။
.
.
အကြိုက်ဆုံးကဏ္ဍက Art and Architecture of the Italian Renaissance အတန်းမှာ မနက်ပိုင်းကို လက်ချာခန်းမှာ သရုပ်ဖော်ဆလိုက်တွေနဲ့ သင်ကြားတဲ့အခါ ဖတ်စာအုပ်ထဲမှုာပါတဲ့ တကယ့်နေရာတွေကို အခန်းကနေ အရှင်လတ်လတ်မြင်နိုင်အောင် လုပ်ပေးထားတဲ့ အစီအစဉ်ပါ။ စိတ်မထင်ရင် ကျောင်းသားတွေ ထပြီး စာအုပ်ထဲမှာပါတဲ့ ပြတိုက်ကို ချက်ချင်းသွားရောက်နိုင်ပါသေးတယ်။  စစ်သမိုင်းပြတိုက်ဆိုတာကလည်း နီးနီးလေးပေမို့ “ စာပေဘူဖေးလ်စားနေရသလို ”  အရသာရှိရှိစာသင်တဲ့စံနစ်ကို ဘယ်လိုမှ မချီးကျူးပဲ မနေနိုင်ပါဘူး။ ဘာသာတရားကိုးကွယ်မှုကိုအသာထား .. ဘယ်နီးစပ်ရာခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုဝင်လိုက် ဝင်လိုက် ဖတ်စာအုပ်ထဲကရေးထားတာမှန်မမှန် မျက်စိရှေ့သမိုင်းသက်သေအဖြစ် လှစ်ဟပြနေမှာ ဖြစ်ပါတယ်။
.
ကျောင်းသားတွေဟာ ပျော်ရွှင်မှု၊ ဝါသနာအကိုက်လုပ်ကိုင်ရမှု၊ စိတ်ကျေနပ်မှု၊ ခရီးလမ်းအတွေ့အကြုံ နဲ့ တုနှိုင်းမရနိုင်တဲ့ဘဝသင်ခန်းစာတွေအပြင် “ ခရီးသွားခြင်းဖြင့်စာဖတ်ခြင်း ” ၊ ရှုခင်းများနဲ့ရာဇဝင်ဋ္ဌာဏီတွေကို လက်နဲ့ရေးဖွဲ့ပုံဖော်ခြင်းဖြင့် “ မျက်လုံးများဖြင့်စာဖတ်ခြင်း ” တို့ကို လုပ်ဖြစ်သွားကြသလို အဖော်မပါတစ်ယောက်ထဲနဲ့ ဘယ်လိုမှရောက်ဖို့မလွယ်တဲ့ ဥရောပခရီးစဉ်ကို လက်တွေ့ခံစား အနုသယ ပညာယူနိုင်ဦးမှာ ဖြစ်ပါတယ်။
.
.
ကျွန်တော့စာရေးသက်မှာ သမီးတက်တဲ့ကျောင်း နဲ့ သူ့သင်ယူနေတဲ့ဘာသာရပ်အကြောင်းတွေကို ရေးလေ့ရေးထ မရှိခဲ့ပါဘူး။ အနီးစပ်ဆုံး အတူနေတဲ့ စွမ်း အကြောင်းကို ပိုရေးဖြစ်ပါတယ်။ အခု မေလ ( ၁၃ ) ရက်နေ့ အီတလီနိုင်ငံသွားရမယ့် သမီးရဲ့စာသင်ခရီးအစီအစဉ်ကို ကိုယ်ရေးကိုယ်တာနောက်ထားပြီး ကြိုးစားတင်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒီငွေပမာဏဟာ သုံးနိုင်သူတွေအတွက် အလွယ်လေးပေမယ့် မြန်မာကုန်သည်ဘဝကနေ အမေရိကန်ဝန်ထမ်းဖြစ်နေတဲ့ ကျွန်တော်တို့လို မိဘတွေအတွက်တော့ တစ်ဖက်ထဲတင်မဟုတ်ပါဘူး .. ပုခုံးနှစ်ဖက်လုံး လေးပါတယ်။ ကလေးပညာရေးအတွက် အပင်ပန်းခံကြရတဲ့ မိဘတွေကိုယ်စား စကားပြောပေးချင်ပါတယ်။
.
ဘယ်လိုပြောပြော  ဒီကနေ သမီးဘဝအတွက် “ တစ်ခုခု ” ရသွားပါစေလို့ မျှော်လင့်တယ် ဆုတောင်းတယ်..။ နောက်ပိုင်းမှာ မိဘကို အားမကိုးတဲ့ ထူးချွန်သမီးရတနာတစ်ပါး ဖြစ်စေချင်တယ်။ ကိုယ်ထူးကိုယ်ချွန်ပြီး ကိုယ်ရည်သွေး ဖောက်ထွက်သွားစေချင်တယ်။ သမားရိုးကျအတွေးအခေါ်အယူအဆဟောင်းတွေကနေ ခေတ်နဲ့အညီ ပြောင်းလဲစေချင်တယ်။ အမြင်သစ်၊ အသွင်သစ်တွေနဲ့ မွေးနိုင်ငံကို ပြန်လည်အကျိုးပြုစေချင်တယ်။
.
.
အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ဘယ်လိုမှ စိတ်ကူးမယဉ်နိုင်တဲ့ ပညာရေးအတွက် အမေရိကားကို ငွေလာပေးနေရတယ်။ ရလဒ်ကောင်းရင် တန်တယ်လို့ပဲ ဆိုချင်ပါတယ်။ လက်တွေ့ကို အားကိုးလွန်းလှတဲ့အနောက်နိုင်ငံရဲ့ ပညာရေး “ အသီးအပွင့် ” တွေရဲ့ Fruitful Result တွေကို မြန်မာနိုင်ငံသားတွေ ရစေချင်တယ်။ ဒီကနေ ဆက်ပြီး ဆင့်ပွားဖြန့်ဖြူးစေချင်တယ်။ သမီးကလည်းပြောတယ် .. ဒီလိုပညာရေးကို အများသိအောင် ရေးပေးပါ တဲ့။ သွားလမ်းသာလို့ လာလမ်းဖြောင့်ပြီး “ ဘဝအတွက်စာဖတ်နိုင်ပါစေ ” သမီးလေးရေ..။
.
koko2yeye@gmail.com
.
“ ငြိမ်း ” ရဲ့ အနုပညာပရောဂျက် On Adobe Cloud: https://www.behance.net/Valerino
.
.
“ ေႏြရာသီေက်ာင္းသင္ခန္းစာ အီတလီမွာ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၂ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၄ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/o87bb66b80le2px/NetGuide+Vol.4%2C+No.24+pdf.pdf





No comments: