ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 21, 2017

ဘဝတစ္ျခမ္းရဲ ႔ေမၽႇာ္လင့္ခ်က္ (၂၉ဝ၃) ရက္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
. ဒီေန႔ကိုေရာက္ဖို႔ေစာင္႔ရတာ (၂၉ဝ၃) ရက္ရွိပါၿပီ။ တစ္နည္းအားျဖင့္ (၈) ႏွစ္တာကာလအပိုင္းအျခားတစ္ခုအထိ ကြၽန္ေတာ္တို႔ေစာင္႔ခဲ႔တယ္။ အခု ကြၽန္ေတာ႔သမီး ဘြဲ႕ရၿပီ။ သူ ပညာတတ္တစ္ေယာက္ျဖစ္ၿပီ။
.
. ကြၽန္ေတာ႔ဘဝကို တစ္ခုလို႔တြက္မယ္ဆိုရင္ ခ်စ္သူဇနီးသည္က တစ္အေပၚက ႏွစ္ထပ္ကိန္းေပါ႔။ သမီး နဲ႔ သား ရင္ေသြး ႏွစ္ဦးရွိတဲ႔အတြက္ ကြၽန္ေတာ႔သမီးရဲ ႔ အခ်ိဳးအေကြ႕ပညာေရး အထြဋ္ထိပ္ဟာ ကိန္းဂဏန္းအားျဖင့္ (၁ဝဝ) ရွိရင္ (၅ဝ%) ကိစၥၿပီးေျမာက္ေအာင္ျမင္တာနဲ႔ အတူတူပါပဲ။
.
.
. ဒီအဆင္႔အထိေရာက္ဖို႔ရာ ကြၽန္ေတာ္တို႔ဟာ ခ်မ္းသာသူေတြလုပ္သလိုေငြလမ္းခင္းသြားခဲ႔ၾကတာ မဟုတ္ဘူး။ ဒီေလွခါးထစ္ကိုေက်ာ္ျဖတ္သြားႏိုင္ဖို႔ရာ ကြၽန္ေတာ္တို႔ဟာ အခြင့္အလမ္း လက္ရမ္းကို ျဖတ္သန္းသြားခဲ႔ၾကတာ မဟုတ္ေပဘူး။
.
. သူလိုခ်င္တာေတြကိုစြန္႔ပစ္ၿပီး သမီးဟာ ေျခစံုႏွစ္ႀကိဳးစားခဲ႔တယ္။ သူခင္တြယ္တဲ့သူငယ္ခ်င္းေတြနဲ႔ေဝးရာမွာ သမီးဟာ အထီးက်န္စြာပညာသင္ရတယ္။ မိသားစုကေပးတဲ့အားအင္ကို အမ်ားစုအေကာင္းျမင္ၿပီး ေနာက္ဆံုးမွာ အေၾကာင္းတရားကိုျမင္သာေအာင္ၾကည္႔ႏိုင္ခဲ႔တယ္။

.
.
. သူ႔ပညာေရးခရီးလမ္းမဆံုးေသးခင္မွာ ယံုၾကည္လို႔အလုပ္အပ္သူေတြေၾကာင့္ တစ္ဆင့္တက္ခြန္အားေတြ သမီးရခဲ့တယ္။ အမ်ားနဲ႔မတူတဲ႔ စဥ္းစားဥာဏ္ေၾကာင့္ သမီးဆြဲတဲ႔ဒီဇိုင္းဟာ ေနေရာင္မွာ ရွိဳင္းခဲ႔တယ္။
.
. အမ်ားနဲ႔ယွဥ္ရင္ အၾကင္နာေလးထည္႔ဆြဲတဲ႔ သမီးရဲ ႔ယဥ္ယဥ္ေလးပံုေတြေၾကာင့္ Minimalism လို႔ သူငယ္ခ်င္းေတြက ဝိုင္းအသိအမွတ္ျပဳၾကတယ္။
.
.
. မၾကာခဏ အိမ္စာအခက္ၾကီးေတြေပးတဲ့ ပေရာ္ဖက္ဆာၾကီးရဲ ႔ ေနာက္ဆံုးအမွတ္ေပးစာရင္းမွာ (A) အျပည့္ နဲ႔ ေရႊေန ႔ ျဖစ္ခဲ့တယ္။ ဒါေတြအားလံုးဟာ ႀကိဳးစားမႈရလဒ္ ရဲ ႔ျမဴမႈန္တို႔ အေရာင္ပြင္႕ေတာက္ပခဲ႕တဲ႔ေန႔ေတြလို႔မေျပာရင္ ဘယ္လိုအဓိပၸာယ္ဖြင္႔ရမွာလဲ။
.
. ဒီေတာ့ သမီးရယ္ ခ်ီးက်ဴးတယ္။ အခ်ိန္တစ္ခုအထိစြန္႔လႊတ္ခဲ႔ရမႈေတြအတြက္ သမီးဘဝမွာ ႀကီးႀကီးမားမားအမွတ္တရေတြ ျပန္ပိုင္ဆိုင္ရမယ္။ ကဲ႔ရဲ ႔ရွဳတ္ခ်ျခင္းရဲ ႔တံတိုင္းတစ္ဖက္မွာ အသိအမွတ္ျပဳျခင္းလက္ခုပ္သံေတြက သမီးကို ေစာင္႔ၾကိဳေနတယ္။
.
.
. ဆက္လုပ္ပါ သမီးေလး။ တစ္ေန႔ေတာ့ သူတကာထက္ အေအာင္ျမင္ဆံုးျဖစ္ရမယ္။ ေရႊနိမိတ္ နဲ႔ သပိတ္ဝင္အိတ္ဝင္လာဘ္ရႊင္ဖို႔ အဟိတ္တခြင္မွာ စိတ္ရႊင္စြာေနထိုင္ပါ သမီးေလး။ အခုလို မိဘရဲ ႔ (၅ဝ%) ဆႏၵေတြကို ျဖည္႔စြမ္းရင္း သမီးဘဝလွလွပပ (၁ဝဝ%) ရာခိုင္ႏႈန္းအျပည့္ ေအာင္ျမင္ပါေစေနာ္။ ေအာ္ . . ကြၽန္ေတာ႔သမီး ဘြဲ႕ရၿပီ။
.
. ခင္လ်က္
.
. ကိုညီညီ - ေတာင္ႀကီး
. 05-21-2017
.
.
. " ဘဝတစ်ခြမ်းရဲ့မျှော်လင့်ချက် (၂၉ဝ၃) ရက်"
. ဒီနေ့ကိုရောက်ဖို့စောင့်ရတာ (၂၉ဝ၃) ရက်ရှိပါပြီ။ တစ်နည်းအားဖြင့် (၈) နှစ်တာကာလအပိုင်းအခြားတစ်ခုအထိ ကျွန်တော်တို႔ေစောင့်ခဲ့တယ်။ အခု ကျွန်တော့သမီး ဘွဲ့ရပြီ။ သူ ပညာတတ်တစ်ယောက်ဖြစ်ပြီ။
.
. ကျွန်တော့ဘဝကို တစ်ခုလို့တွက်မယ်ဆိုရင် ချစ်သူဇနီးသည်က တစ်အပေါ်က နှစ်ထပ်ကိန်းပေါ့။ သမီး နဲ့ သား ရင်သွေး နှစ်ဦးရှိတဲ့အတွက် ကျွန်တော့သမီးရဲ့ အချိုးအကွေ့ပညာရေး အထြဋ်ထိပ်ဟာ ကိန်းဂဏန်းအားဖြင့် (၁ဝဝ) ရှိရင် (၅ဝ%) ကိစ္စပြီးမြောက်အောင်မြင်တာနဲ့ အတူတူပါပဲ။
.
.
. ဒီအဆင့်အထိရောက်ဖို့ရာ ကျွန်တော်တို့ဟာ ချမ်းသာသူတွေလုပ်သလိုငွေလမ်းခင်းသွားခဲ့ကြတာ မဟုတ်ဘူး။ ဒီလှေခါးထစ်ကိုကျော်ဖြတ်သွားနိုင်ဖို့ရာ ကျွန်တော်တို့ဟာ အခွင့်အလမ်း လက်ရမ်းကို ဖြတ်သန်းသွားခဲ့ကြတာ မဟုတ်ေပဘူး။
.
. သူလိုချင်တာတွေကိုစွန့်ပစ်ပြီး သမီးဟာ ခြေစုံနှစ်ကြိုးစားခဲ့တယ်။ သူခင်တွယ်တဲ့သူငယ်ချင်းတွေနဲ့ဝေးရာမှာ သမီးဟာ အထီးကျန်စွာပညာသင်ရတယ်။ မိသားစုကပေးတဲ့အားအင်ကို အများစုအကောင်းမြင်ပြီး နောက်ဆုံးမှာ အကြောင်းတရားကိုမြင်သအောင်ကြည့်နိုင်ခဲ့တယ်။
.
.
. သူ့ပညာရေးခရီးလမ်းမဆုံးသေးခင်မှာ ယုံကြည်လို့အလုပ်အပ်သူတွေကြောင့် တစ်ဆင့်တက်ခွန်အားတွေ သမီးရခဲ့တယ်။ အများနဲ့မတူတဲ့ စဉ်းစားဥာဏ်ကြောင့် သမီးဆွဲတဲ့ဒီဇိုင်းဟာ နေရောင်မှာ ရှိုင်းခဲ့တယ်။
.
. အများနဲ့ယှဉ်ရင် အကြင်နာလေးထည့်ဆွဲတဲ့ သမီးရဲ့ယဉ်ယဉ်လေးပုံတွေကြောင့် Minimalism လို့ သူငယ်ချင်းတွေက ဝိုင်းအသိအမှတ်ပြုကြတယ်။
.
.
. မကြာခဏ အိမ်စာအခက်ကြီးတွေပေးတဲ့ ပရော်ဖက်ဆာကြီးရဲ့ နောက်ဆုံးအမှတ်ပေးစာရင်းမှာ (A) အပြည့် နဲ့ ရွှေနေ့ ဖြစ်ခဲ့တယ်။ ဒါတွေအားလုံးဟာ ကြိုးစားမႈရလဒ် ရဲ့မြူမႈန်တို့ အေရာင္ပြင္႕ေတာက္ပခဲ႕တဲ႔ေန႔ေတြလို႕မေျပာရင္ ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမှာလဲ။
.
. ဒီတော့ သမီးရယ် ချီးကျူတယ်။ အချိန်တစ်ခုအထိစွန့်လွှတ်ခဲ့ရမႈေတွေအတွက် သမီးဘဝမှာ ကြီးကြီးမားမားအမှတ်တရတွေ ပြန်ပိုင်ဆိုင်ရမယ်။ ကဲ့ရဲ့ရှုတ်ချခြင်းရဲ့တံတိုင်းတစ်ဖက်မှာ အသိအမှတ်ပြုခြင်းလက်ခုပ်သံတွေက သမီးကုိ စောင့်ကြိုနေတယ်။
.
.
. ဆက်လုပ်ပါ သမီးလေး။ တစ်နေ့တော့ သူတကာထက် အအောင်မြင်ဆုံးဖြစ်ရမယ်။ ရွှေနိမိတ် နဲ့ သပိတ်ဝင်အိတ်ဝင်လာဘ်ရွှင်ဖို့ အဟိတ်တခွင်မှာ စိတ်ရွှင်စွာနေထိုင်ပါ သမီးလေး။ အခုလို မိဘရဲ့ (၅ဝ%) ဆန္ဒတွေကို ဖြည့်စွမ်းရင်း သမီးဘဝလှလှပပ (၁ဝဝ%) ရာခိုင်နှုန်းအပြည့် အောင်မြင်ပါစေနော်။ အော် . . ကြၽန္ေတာ႔သမီး ဘွဲ့ရပြီ။
.
. ခင်လျက်
.
. ကိုညီညီ - တောင်ကြီး
. 05-21-2017

No comments: