ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, December 19, 2019

A True Friend Will Take You to Your Destiny

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)

မကြာသေးခင်လေးကမှဖတ်ထားဖူးတဲ့စာသားလေးတစ်ကြောင်းဟာ ကျွန်တော့်ခေါင်းထဲကနေပြန်မထွက်သွားနိုင်ဘဲ စိတ်ထဲစွဲလို့ ရင်ထဲမှာမြဲနေတဲ့အတွေးတွေဟာ အချိန်ပြည့်စိုးမိုးနေပါတယ်။ A True Friend ဆိုတာဘာလဲ? Destiny ဆိုတာဘာလဲ? ဒီနှစ်ခုက ဘယ်လိုဆက်စပ်နေပါသလဲ? တစ်ဆက်တည်း အတွေးနယ်ချဲ့နေမိရင်း ကိုယ့်ဟာကိုယ် စာရေးဖို့အချိန်နည်းနေတဲ့အကြောင်းကို အပြစ်ဖို့နေမိတယ်။

Google မှာ A True Friend လို့ရိုက်ချလိုက်တာ ရှာဖွေနိုင်တဲ့အဖြေပေါင်း (2,670,000,000) ခု ရှိပါတယ်။ အဖြေတွေဘယ်လောက်ပဲများပြားနေပါစေ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်းကောင်းရှားတယ်လို့အမြဲကြားနေရတာတွေက လူသားတွေရဲ့ဘဝကို အထီးကျန်စေတယ်၊ အကျည်းတန်စေပါတယ်။
သန်းပေါင်းများစွာသောလူတွေကြားထဲမှာ သူငယ်ချင်းကောင်းတစ်ယောက်ရဖို့ဘာကြောင့်ခက်ခဲနေကြတာပါလဲ? Destiny အကြောင်းဆက်မဆွေးနွေးခင် သူငယ်ချင်းကောင်းတစ်ယောက်မှာရှိသင့် ရှိအပ်တဲ့အချက်တွေထဲက ရင်ကိုလာစိုက်တဲ့သံယောဇဉ်အပ်လေးတွေကိုထုတ်နှုတ်ပြသချင်မိတယ်။

သူငယ်ချင်းကောင်းတစ်ယောက်ဟာ . . .

၁.. မိတ်ဆွေအတွက်အမြဲရပ်တည်တယ်-A True Friend Has Your Back
ရုပ်အားဖြင့်ဖြစ်စေ၊ စိတ်ဓါတ်အားဖြင့်ဖြစ်စေ သူငယ်ချင်းကောင်းတစ်ယောက်ဟာ မိတ်ဆွေရဲ့အကျိုးကိုအမြဲလိုလားသူတစ်ယောက်ဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်နေရာကနေရန်ပြုနေပါစေ သူငယ်ချင်းတစ်ယောက်ဟာ မိတ်ဆွေကိုကာကွယ်ဖို့ဝန်မလေးတတ်ဘူး။ တကယ်လိုအပ်တဲ့အချိန်မှာ ဘာအကျိုးပြန် အကျိုးစားမှမမျှော်လင့်ဘဲ ကူညီတတ်တာ သူငယ်ချင်းကောင်းတစ်ယောက်လို့ နိဒါန်းပျိုး မော်ကွန်းထိုးချင်တယ်။


၂.. အစစ်အမှန်ဖြစ်ပြီးရိုးသားတယ်-They're Authentic and Honest with You
ရှင်းလင်းပြတ်သားတဲ့ဘယ်ကိစ္စမဆိုရိုးသားမှုမှာအခြေတည်ကြရတယ်။ သူငယ်ချင်းကောင်းအချင်းချင်းဆက်နွယ်မှုအရ ဘယ်နေရာပဲရောက်နေနေ ရှေ့တင်မှာရော မမြင်ကွယ်ရာနောက်အခြေအနေတစ်ခုမှာရော "အစစ်အမှန်ဖြစ်ဖို့" လိုအပ်လှပါတယ်။
သူငယ်ချင်းကောင်းတစ်ယောက်ဟာ သူအောင်မြင်ဖို့ထက် မိတ်ဆွေအောင်မြင်တာကိုပိုမြင်ချင်တယ်။ သူငယ်ချင်းကောင်းတစ်ယောက်က မိတ်ဆွေအပေါ်တကယ်ကောင်းရဲ့လားဆိုတာ အခက်အခဲတွေကိုပြောပြရင်းစမ်းသပ်ကြည့်လို့ရတယ်။ မိတ်ဆွေအပေါ်ထားတဲ့သူ့ရဲ့ယုံကြည်မှု နဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာ ဒီနေရာမှာမှတ်ကျောက်အတင်ခံပါလိမ့်မယ်။