ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, October 4, 2019

စကားလုံးများနှင့်ကမ္ဘာတစ်ခြမ်းကိုဖြတ်သန်းခြင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
                 ငယ်ငယ်က ကျွန်တော့ခေါင်းထဲကိုရောက်တဲ့စာတွေက ကာတွန်းစာအုပ်ထဲက စာအတိုလေးတွေ။ ဖရဲသီးအကြီးကြီးတွေ၊ အားလူးတွေ အိမ်လောက်ကြီးသွားတာတွေ၊ အစားလွန်သွားလို့ နောက်ကနေ သစ်သီးတပ်သားတွေလိုက်ကြတာတွေ၊ စာတွေက သိပ်ကြောက်ဖို့ကောင်းသလောက် သိပ်စွဲလန်းခဲ့ရတာလေ။

       နောက် နှစ်အနည်းငယ်ကြီးလာတော့ လူကြီးတွေဖတ်တဲ့ ရွှေသွေး၊ တေဇ နဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေစကောက်ကိုင်လာပေမယ့် ကာတွန်းက ဖြတ်မရဘူး။ ကာတွန်းဆိုင်မှာ ညနေညနေဆိုရင် အသစ်ထွက်တဲ့မဂ္ဂဇင်းလာအပ်မယ့်လူအရောက် စာအုပ်ဆိုင်မှာသွားစောင့်ရင်း စာအုပ်ဆိုင်က ကာတွန်းတွေ မတ်တပ်ရပ်ရင်းဖတ်တာ စာအုပ်ဆိုင်ပိုင်ရှင်ကပေးလိုက်တဲ့မဂ္ဂဇင်းကိုချိုင်းကြားမှာညှပ်ပြီး နေကဝင်နေပြီ အိမ်ကိုပြန်မရောက်လို့ လိုက်ရှာရတဲ့အထိ။

      အတန်းနည်းနည်းကြီးလာတော့ စွဲလမ်းလိုက်တဲ့ မင်းသိင်္ခစာအုပ်တွေ ရှိသမျှအကုန်ဖတ်၊ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင်၊ နောက်ပိုင်းတွေထဲမှာဆို စမ်းချင်ရာစမ်း မောင်ဘဂျမ်း၊ ဆားပုလင်းနှင်းမောင်နှင့် (စိတ်ဓါတ်မြင့်မားသောရာဇဝတ်ကောင်မျိုးစုံ) အကုန် အကုန်ဖတ် တရစပ်။ တစ်ခါတုန်းကဆို ကျောင်းစာမလုပ်ဘဲ မနုစာရီထိုင်ဖတ်နေတာ အဖေတွေ့သွားပြီး စာအုပ်ကိုဓါးနဲ့ခုတ်မယ်ဆိုလို့ စာအုပ်ဆိုင်ကိုလျော်ဖို့ပိုက်ဆံသမို့ ငိုလိုက်ရတာ။ နောက်မှ အဖေက မီးဖိုချောင်က မီးခိုးခေါင်းတိုင်နောက်မှာဖွက်ထားတာ ဖော်ထုတ်ရှာဖွေတွေ့ရှိခဲ့လို့ပျော်လိုက်ရတာ တစ်သက်မမေ့။

    တဖြည်းဖြည်းနဲ့ရုပ်ပြ၊ သိပ္ပံသတင်း၊ သုတပဒေသာ၊ မိုးသောက်ပန်းတွေဖတ်ရင်း တရုတ်ကာတွန်းတွေဘက်ရောက်လာတယ်။ တရုတ်ကာတွန်းထဲက “လောက်ဖုကျွန်-Lao Fu Zi” ဆိုရင် မျက်မှန်တပ်ပေးထားတဲ့ဒီဇိုင်းနဲ့လူရွှင်တော်ကိုအရိုင်းကို တိုက်ပုံလက်ရှည်ကိုကပ်ကြေးနဲ့ဖြတ်ပြီးဝတ်ခိုင်းထားတဲ့ရုပ်မျိုး . . အဲဒီ Old Master Q ရဲ့ ကာတွန်းတွေ (၅) နှစ်လောက် အသေစွဲလန်းခဲ့တာလည်းအကြောင်းရှိတယ် သူ့ကာတွန်းကိုနားလည်ဖို့ တရုတ်စာတတ်ဖို့မှ မလိုတာ။

     ကဲ . . လူကြီးဖြစ်လာပြီ . . ကောင်းခန်းရောက်ဖို့အချိန်ကျလာပြီဆိုပါတော့။ ကြူမွှေး စဖတ်တယ်။ မောင်သိန်းဆိုင် ဖတ်တယ်။ မောင်စိန်ဝင်း (ပုတီးကုံး) ဖတ်တယ်။ ကဗျာတွေ စာတွေရူးတယ်။ ဂီတရူးတယ်။ တကယ်စွဲလမ်းသွားတာက အတွေးအခေါ်တို့ရဲ့မြင့်မားမှုကိုခေါ်ဆောင်ပေးသွားတဲ့ နန္ဒာသိန်းဇံ။ အတွေးတွေများလာတော့ ဗုဒ္ဓမြတ်စွာဘုရားအကြောင်းဘာသာပြန်အရေးများတဲ့ ပါရဂူ၊ နောက်တော့ ဓါးတောင်ကိုကျော်လို့ မီးပင်လယ်ကိုဖြတ်ပြီး စီးပွားရေးလှေကြီးစီးလို့ တောင်ကြီးရဲ့ပြေးမလွတ််တဲ့မြို့မစျေးထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အင်္ဂလိပ်စာတွေစဖတ်ခဲ့တယ်။

       မြန်မာစာ မြန်မာစကားဟာ တတ်ဖို့လွယ်သလောက် ကျွမ်းကျင်ဖို့ခက်တယ်။ တရုတ်စာကျတော့ တတ်ဖို့ခက်သလောက် တကယ်စိတ်ပါသူဟာ ကျွမ်းဖို့မခက်လှဘူး။ အင်္ဂလိပ်စာဟာ ဒီ (၂) ခု ကြားထဲမှာရှိနေတယ်လို့ကျွန်တော်မြင်တယ်။ ဒါကြောင့် ကာတွန်းစာအုပ်ဖတ်တဲ့အရွယ်မှာ အိမ်ကအတင်းသင်ခိုင်းတဲ့တရုတ်စာတွေကို ကျွန်တော်မကြိုက်ဘူး။ ကျွန်တော်ဆက်မလုပ်ဘူး။ လွှတ်ချလိုက်တယ်။ စီးပွားရေးလုပ်ရင်းပြောရမယ့်တရုတ်စကားပြောနိုင်ရင် ကျွန်တော်အလုပ်ဖြစ်ပြီ။ ဒီလိုနဲ့ ကျွန်တော်ဟာ အင်္ဂလိပ်စာကို တွေ့ကရာဖတ်သူတစ်ယောက် ဖြစ်လာခဲ့တယ်။

  ဆက်ပြောရရင် အမေရိကားကအစ်မအလည်လာတုန်းကမှာလိုက်တဲ့  1 GB တိုရှီဘာလက်တော့လေးနဲ့ အင်တာနက်ဆိုင်ကကူးလာတဲ့ အမေရိကားသတင်းပေါင်းစုံကို တစ်ရက်ကို အနည်းဆုံး (၃) နာရီဖတ်ပါတယ်။ နောက်တစ်ခါ အမေရိကားရူးသူဆိုတော့ မိုက်ခရိုဆော့ဖ်ကထုတ်တဲ့ အင်ကာတာ-Encarta စီဒီချပ်ဝယ်ပြီး လွယ်ကူတဲ့အင်္ဂလိပ်စာတွေ တစ်ချပ်လုံးပြီးအောင်ဖတ်တယ်။ စာအုပ်နဲ့ပြောရရင် လက်သုံးလုံးလောက်ထူတဲ့ အင်္ဂလိပ်စာအုပ် (၅) အုပ်လောက်ရှိတယ်။

  ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ကာတွန်းစာအုပ်ထဲကစာသားတွေဟာ ကျွန်တော့ဘဝထဲကိုလိုက်လာတယ်။ ရသအသိဆိုတာ ရသစာပေတစ်ခုထဲကနေရတာမဟုတ်တာ ကျွန်တော်သိလာတယ်။ ကာတွန်းတစ်ကွက်၊ အသိပညာတစ်စက် နဲ့ ဉာဏ်တစ်ချက်ဝင်းလက်ဖို့ကို ကာတွန်းစာသားတွေက စက္ကန့်ပိုင်းအတွင်းလုပ်ပေးတယ်။ စျေးရောင်းနေတဲ့ ကုန်သည်တစ်ယောက်ဟာ တစ်စျေးလုံးမှာတစ်လုံးထဲရှိတဲ့ လက်တော့နဲ့အင်္ဂလိပ်စာဖတ်နေတာကို လူတွေရယ်ချင်ကြတယ်။ ကာတွန်းနဲ့အစပြုခဲ့တဲ့ စာဖတ်ခြင်းဟာ နိုင်ငံခြားကိုတကယ်သွားရတော့မယ့် (၃) နှစ်လောက်မှာ အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်ကြည့်ခြင်းဘက်ကိုကူးပြောင်းခဲ့တယ်။

              ရုပ်ရှင်အောက်မှာထိုးတဲ့စာတန်းတွေဟာလည်း အသက်ရှိတယ်။ စကားပြောတယ်။ စာသင်ပေးတယ်။ သင်ခန်းစာပေးတယ်။ အမေရိကန်ခွေဆက်တွေမှာ လမ်းပေါ်မှာပြောတဲ့စကား-Street Talk တွေများပေမယ့် လိုရင်း နဲ့ တိုတိုရှင်းရှင်းပြောတဲ့အတတ််ပညာကိုပေးတယ်။ မရည်ရွယ်ဘဲ အမှားအမျိုးမျိုးလုပ်တတ်တဲ့ အမေရိကန်တွေရဲ့အကြောင်းရှင်းပြတယ်။ ခဏခဏကျော်တဲ့စည်းတွေရဲ့ကြား မခုန်လွှားဖို့တားဆီးပေးတဲ့ လူ့ကျင့်ဝတ်တွေကိုသင်ပေးတယ်။

              စစ်မြေပြင်ကိုရောက်တဲ့စစ်သားဟာ အကြောက်တရားမရှိတော့သလို နယ်မြေရပ်ခြားကိုရောက်တဲ့အခါ ကျွန်တော်ဟာ အင်္ဂလိပ်စာကိုမကြောက်တော့ပါဘူး။ ဘာလာလာအကုန်ဖတ်ရင်း အင်္ဂလိပ်စာလုံးတွေဟာ ကျွန်တော့ဘဝထဲမှာ အချိန်ပြည့်စီးဆင်းနေတာ သတိထားမိလာတယ်။ တကယ်မလိုက်နိုင်တာက လျှာ။ ပြောသမျှ မပီတာ၊ ပြောပေမဲ့ လိုရင်းကိုမရောက်နိုင်တာ၊ သဒ္ဒါနဲ့စကားဆက်တွေကိုအဓိကထားနေတာတွေက အမေရိကန်အင်္ဂလိပ်စာတတ်လာစေဖို့ စိမ်ခေါ်မှုတွေဖြစ်ခဲ့တယ်။

              ကျွန်တော်ဆိုရင် ဒီဘက်နို်င်ငံမှာ လူကြီးကျောင်း-Adult School တက်ဖူးတယ်။ ကွန်မြူနတီကောလိပ်တက်ဖူးတယ်။ အွန်လိုင်းသင်တန်းတက်ဖူးတယ်။ တကယ်သင်ပေးသွားတာက ကားထဲက အခမဲ့ FM ရေဒီယို။ တစ်ရက်ကို (၁) နာရီလောက် အလုပ်သွား အလုပ်ပြန် ကားမောင်းရတတ်တဲ့ အလုပ်ခွင်ခရီး-Commute မှာ ကားမောင်းရင်းက လေ့လာစရာများလိုက်တာ။ အဓိက နားထောင်တဲ့အရည်အချင်းဟာ ကားမောင်းရင်းနဲ့သင်ယူရင်းရခဲ့တာပါ။

              အလုပ်ခွင်မှာကျတော့ စကားပြောနည်း ပြန်သင်ရတယ်။ အလုပ်လုပ်သူအချင်းချင်းဆက်ဆံရေး၊ အီးမေးပို့၊ စာပို့၊ စာပြန်၊ ဖုန်းဆက်၊ ဘဏ်ကိုဖုန်းခေါ်၊ အင်တာနက်ကုမ္ပဏီကိုဖုန်းခေါ်၊ ပေါ်လာတဲ့ပြဿနာကိုသတင်းပို့၊ မှတ်တမ်းမှတ်ရာလုပ်၊ ရုံးကိစ္စ ဋ္ဌာနဆိုင်ရာကိစ္စဖောင်တွေဖြည့် သင်ယူစရာတွေက များမှများ။

              အစပိုင်းက ကောင်းကောင်းနားထောင်တတ်အောင်လေ့ကျင့်ပေးခဲ့တဲ့နားကြောင့် အင်္ဂလိပ်စကားတစ်ခုကိုပီအောင်မပြောနိုင်ပေမဲ့ မှန်အောင်ဘယ်လိုပြောရမယ်ဆိုတာ ကိုယ့်စိတ်ထဲမှာကိုယ် ပီပီသသကြားနေရတယ်။ ဒီလိုကနေ အပြော၊ အဖတ်၊ အရေး ဆက်တိုက်ဆွေးနွေးဖို့အစည်းအဝေးတွေကနေ ဆက်တိုက်သင်ယူရတယ်။

              ဒါကြောင့် စာတို စာစလေးမို့လို့ အထင်မသေးပါနဲ့။ အမေရိကားက မီလျံနာအများစုရဲ့ဘဝကိုပြောင်းလဲပေးခဲ့တာ စာအုပ် အုပ် (၁ဝဝ) ဘယ်ဟုတ်ပါ့မလဲ။ သူတို့ဘဝကိုပေးခဲ့တဲ့ ချမ်းသာမှုဓနဥစ္စာတွေက သူတို့အခက်အခဲဖြေရှင်းနည်းကို ဘယ်ကနေ ဘဝသင်ခန်းစာယူခဲ့သလဲဆိုတဲ့အပေါ်မှာ အခြေတည်တယ်။ သူတို့ဘဝရဲ့အောင်မြင်မှုကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သိမ်းထားခဲ့တဲ့ ရသအသိပညာတွေကနေ ရယူခဲ့ကြတယ်။ ကာတွန်းတစ်ကွက်၊ စာတစ်လုံး၊ ဆောင်းပါးတစ်ပုဒ်၊ စာတစ်အုပ်၊ စကားတစ်ခွန်း၊ အခက်အခဲတစ်ခု၊ အမှားတစ်စု . . ဒါတွေအားလုံးက သူတို့ရဲ့ဆရာဖြစ်ခဲ့တယ်။ သူတို့အားလုံးဟာလည်း နောင်တစ်ချိန်မှာ ကျွန်တော့ရဲ့ဆရာဖြစ်ခဲ့ကြပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-04-2019

𝐙𝐚𝐰𝐠𝐲𝐢 𝐕𝐞𝐫𝐬𝐢𝐨𝐧:

“စကားလံုးမ်ားႏွင္႕ကမၻာတစ္ျခမ္းကုိျဖတ္သန္းျခင္း”
          ငယ္ငယ္က ကြ်န္ေတာ႕ေခါင္းထဲကုိေရာက္တဲ႕စာေတြက ကာတြန္းစာအုပ္ထဲက စာအတုိေလးေတြ။ ဖရဲသီးအၾကီးၾကီးေတြ၊ အားလူးေတြ အိမ္ေလာက္ၾကီးသြားတာေတြ၊ အစားလြန္သြားလို႕ ေနာက္ကေန သစ္သီးတပ္သားေတြလိုက္ၾကတာေတြ၊ စာေတြက သိပ္ေၾကာက္ဖို႕ေကာင္းသေလာက္ သိပ္စြဲလန္းခဲ႕ရတာေလ။

          ေနာက္ ႏွစ္အနည္းငယ္ၾကီးလာေတာ႕ လူၾကီးေတြဖတ္တဲ႕ ေရႊေသြး၊ ေတဇ နဲ႕ ရုပ္ရွင္မဂၢဇင္းေတြစေကာက္ကိုင္လာေပမယ္႕ ကာတြန္းက ျဖတ္မရဘူး။ ကာတြန္းဆုိင္မွာ ညေနညေနဆိုရင္ အသစ္ထြက္တဲ႕မဂၢဇင္းလာအပ္မယ္႕လူအေရာက္ စာအုပ္ဆုိင္မွာသြားေစာင္႕ရင္း စာအုပ္ဆိုင္က ကာတြန္းေတြ မတ္တပ္ရပ္ရင္းဖတ္တာ စာအုပ္ဆိုင္ပုိင္ရွင္ကေပးလုိက္တဲ႕မဂၢဇင္းကုိခ်ိဳင္းၾကားမွာညွပ္ျပီး ေနကဝင္ေနျပီ အိမ္ကုိျပန္မေရာက္လို႕ လိုက္ရွာရတဲ႕အထိ။

          အတန္းနည္းနည္းၾကီးလာေတာ႕ စြဲလမ္းလိုက္တဲ႕ မင္းသိခၤစာအုပ္ေတြ ရွိသမွ်အကုန္ဖတ္၊ ပုဏၰားဘကြန္း၊ စေနေမာင္ေမာင္၊ ေနာက္ပုိင္းေတြထဲမွာဆုိ စမ္းခ်င္ရာစမ္း ေမာင္ဘဂ်မ္း၊ ဆားပုလင္းႏွင္းေမာင္ႏွင္႕ (စိတ္ဓါတ္ျမင္႕မားေသာရာဇဝတ္ေကာင္မ်ိဳးစံု) အကုန္ အကုန္ဖတ္ တရစပ္။ တစ္ခါတုန္းကဆုိ ေက်ာင္းစာမလုပ္ဘဲ မႏုစာရီထုိင္ဖတ္ေနတာ အေဖေတြ႕သြားျပီး စာအုပ္ကုိဓါးနဲ႕ခုတ္မယ္ဆုိလို႕ စာအုပ္ဆုိင္ကုိေလ်ာ္ဖို႕ပုိက္ဆံသမို႕ ငိုလိုက္ရတာ။ ေနာက္မွ အေဖက မီးဖုိေခ်ာင္က မီးခုိးေခါင္းတုိင္ေနာက္မွာဖြက္ထားတာ ေဖာ္ထုတ္ရွာေဖြေတြ႕ရွိခဲ႕လို႕ေပ်ာ္လိုက္ရတာ တစ္သက္မေမ႕။

          တျဖည္းျဖည္းနဲ႕ရုပ္ျပ၊ သိပၸံသတင္း၊ သုတပေဒသာ၊ မုိးေသာက္ပန္းေတြဖတ္ရင္း တရုတ္ကာတြန္းေတြဘက္ေရာက္လာတယ္။ တရုတ္ကာတြန္းထဲက “ေလာက္ဖုကြ်န္-Lao Fu Zi” ဆုိရင္ မ်က္မွန္တပ္ေပးထားတဲ႕ဒီဇိုင္းနဲ႕လူရႊင္ေတာ္ကုိအရုိင္းကုိ တုိက္ပံုလက္ရွည္ကိုကပ္ေၾကးနဲ႕ျဖတ္ျပီးဝတ္ခုိင္းထားတဲ႕ရုပ္မ်ိဳး . . အဲဒီ Old Master Q ရဲ႕ ကာတြန္းေတြ (၅) ႏွစ္ေလာက္ အေသစြဲလန္းခဲ႕တာလည္းအေၾကာင္းရွိတယ္ သူ႕ကာတြန္းကိုနားလည္ဖို႕ တရုတ္စာတတ္ဖို႕မွ မလိုတာ။

          ကဲ . . လူၾကီးျဖစ္လာျပီ . . ေကာင္းခန္းေရာက္ဖို႕အခ်ိန္က်လာျပီဆုိပါေတာ႕။ ၾကဴေမႊး စဖတ္တယ္။ ေမာင္သိန္းဆိုင္ ဖတ္တယ္။ ေမာင္စိန္ဝင္း (ပုတီးကံုး) ဖတ္တယ္။ ကဗ်ာေတြ စာေတြရူးတယ္။ ဂီတရူးတယ္။ တကယ္စြဲလမ္းသြားတာက အေတြးအေခၚတုိ႕ရဲ႕ျမင္႕မားမႈကိုေခၚေဆာင္ေပးသြားတဲ႕ နႏၵာသိန္းဇံ။ အေတြးေတြမ်ားလာေတာ႕ ဗုဒၶျမတ္စြာဘုရားအေၾကာင္းဘာသာျပန္အေရးမ်ားတဲ႕ ပါရဂူ၊ ေနာက္ေတာ႕ ဓါးေတာင္ကိုေက်ာ္လို႕ မီးပင္လယ္ကုိျဖတ္ျပီး စီးပြားေရးေလွၾကီးစီးလို႕ ေတာင္ၾကီးရဲ႕ေျပးမလြတ္္တဲ႕ျမိဳ႕မေစ်းထဲမွာ ကြန္ပ်ဴတာတစ္လံုးနဲ႕ အဂၤလိပ္စာေတြစဖတ္ခဲ႕တယ္။

       ျမန္မာစာ ျမန္မာစကားဟာ တတ္ဖို႕လြယ္သေလာက္ ကြ်မ္းက်င္ဖို႕ခက္တယ္။ တရုတ္စာက်ေတာ႕ တတ္ဖို႕ခက္သေလာက္ တကယ္စိတ္ပါသူဟာ ကြ်မ္းဖို႕မခက္လွဘူး။ အဂၤလိပ္စာဟာ ဒီ (၂) ခု ၾကားထဲမွာရွိေနတယ္လုိ႕ကြ်န္ေတာ္ျမင္တယ္။ ဒါေၾကာင္႕ ကာတြန္းစာအုပ္ဖတ္တဲ႕အရြယ္မွာ အိမ္ကအတင္းသင္ခုိင္းတဲ႕တရုတ္စာေတြကို ကြ်န္ေတာ္မၾကိဳက္ဘူး။ ကြ်န္ေတာ္ဆက္မလုပ္ဘူး။ လႊတ္ခ်လိုက္တယ္။ စီးပြားေရးလုပ္ရင္းေျပာရမယ္႕တရုတ္စကားေျပာႏုိင္ရင္ ကြ်န္ေတာ္အလုပ္ျဖစ္ျပီ။ ဒီလိုနဲ႕ ကြ်န္ေတာ္ဟာ အဂၤလိပ္စာကုိ ေတြ႕ကရာဖတ္သူတစ္ေယာက္ ျဖစ္လာခဲ႕တယ္။

           ဆက္ေျပာရရင္ အေမရိကားကအစ္မအလည္လာတုန္းကမွာလိုက္တဲ႕  1 GB တုိရွီဘာလက္ေတာ႕ေလးနဲ႕ အင္တာနက္ဆိုင္ကကူးလာတဲ႕ အေမရိကားသတင္းေပါင္းစံုကို တစ္ရက္ကုိ အနည္းဆံုး (၃) နာရီဖတ္ပါတယ္။ ေနာက္တစ္ခါ အေမရိကားရူးသူဆုိေတာ႕ မိုက္ခရိုေဆာ႕ဖ္ကထုတ္တဲ႕ အင္ကာတာ-Encarta စီဒီခ်ပ္ဝယ္ျပီး လြယ္ကူတဲ႕အဂၤလိပ္စာေတြ တစ္ခ်ပ္လံုးျပီးေအာင္ဖတ္တယ္။ စာအုပ္နဲ႕ေျပာရရင္ လက္သံုးလံုးေလာက္ထူတဲ႕ အဂၤလိပ္စာအုပ္ (၅) အုပ္ေလာက္ရွိတယ္။

          ငယ္ငယ္တုန္းကဖတ္ခဲ႕တဲ႕ကာတြန္းစာအုပ္ထဲကစာသားေတြဟာ ကြ်န္ေတာ႕ဘဝထဲကိုလုိက္လာတယ္။ ရသအသိဆုိတာ ရသစာေပတစ္ခုထဲကေနရတာမဟုတ္တာ ကြ်န္ေတာ္သိလာတယ္။ ကာတြန္းတစ္ကြက္၊ အသိပညာတစ္စက္ နဲ႕ ဥာဏ္တစ္ခ်က္ဝင္းလက္ဖို႕ကုိ ကာတြန္းစာသားေတြက စကၠန္႕ပိုင္းအတြင္းလုပ္ေပးတယ္။ ေစ်းေရာင္းေနတဲ႕ ကုန္သည္တစ္ေယာက္ဟာ တစ္ေစ်းလံုးမွာတစ္လံုးထဲရွိတဲ႕ လက္ေတာ႕နဲ႕အဂၤလိပ္စာဖတ္ေနတာကုိ လူေတြရယ္ခ်င္ၾကတယ္။ ကာတြန္းနဲ႕အစျပဳခဲ႕တဲ႕ စာဖတ္ျခင္းဟာ ႏုိင္ငံျခားကုိတကယ္သြားရေတာ႕မယ္႕ (၃) ႏွစ္ေလာက္မွာ အဂၤလိပ္စာတန္းထုိးရုပ္ရွင္ၾကည္႕ျခင္းဘက္ကိုကူးေျပာင္းခဲ႕တယ္။

              ရုပ္ရွင္ေအာက္မွာထုိးတဲ႕စာတန္းေတြဟာလည္း အသက္ရွိတယ္။ စကားေျပာတယ္။ စာသင္ေပးတယ္။ သင္ခန္းစာေပးတယ္။ အေမရိကန္ေခြဆက္ေတြမွာ လမ္းေပၚမွာေျပာတဲ႕စကား-Street Talk ေတြမ်ားေပမယ္႕ လုိရင္း နဲ႕ တုိတုိရွင္းရွင္းေျပာတဲ႕အတတ္္ပညာကုိေပးတယ္။ မရည္ရြယ္ဘဲ အမွားအမ်ိဳးမ်ိဳးလုပ္တတ္တဲ႕ အေမရိကန္ေတြရဲ႕အေၾကာင္းရွင္းျပတယ္။ ခဏခဏေက်ာ္တဲ႕စည္းေတြရဲ႕ၾကား မခုန္လႊားဖို႕တားဆီးေပးတဲ႕ လူ႕က်င္႕ဝတ္ေတြကိုသင္ေပးတယ္။

              စစ္ေျမျပင္ကုိေရာက္တဲ႕စစ္သားဟာ အေၾကာက္တရားမရွိေတာ႕သလို နယ္ေျမရပ္ျခားကိုေရာက္တဲ႕အခါ ကြ်န္ေတာ္ဟာ အဂၤလိပ္စာကိုမေၾကာက္ေတာ႕ပါဘူး။ ဘာလာလာအကုန္ဖတ္ရင္း အဂၤလိပ္စာလံုးေတြဟာ ကြ်န္ေတာ႕ဘဝထဲမွာ အခ်ိန္ျပည္႕စီးဆင္းေနတာ သတိထားမိလာတယ္။ တကယ္မလိုက္ႏုိင္တာက လွ်ာ။ ေျပာသမွ် မပီတာ၊ ေျပာေပမဲ႕ လိုရင္းကိုမေရာက္ႏုိင္တာ၊ သဒၵါနဲ႕စကားဆက္ေတြကုိအဓိကထားေနတာေတြက အေမရိကန္အဂၤလိပ္စာတတ္လာေစဖို႕ စိမ္ေခၚမႈေတြျဖစ္ခဲ႕တယ္။

              ကြ်န္ေတာ္ဆုိရင္ ဒီဘက္ႏုိ္င္ငံမွာ လူၾကီးေက်ာင္း-Adult School တက္ဖူးတယ္။ ကြန္ျမဴနတီေကာလိပ္တက္ဖူးတယ္။ အြန္လိုင္းသင္တန္းတက္ဖူးတယ္။ တကယ္သင္ေပးသြားတာက ကားထဲက အခမဲ႕ FM ေရဒီယို။ တစ္ရက္ကုိ (၁) နာရီေလာက္ အလုပ္သြား အလုပ္ျပန္ ကားေမာင္းရတတ္တဲ႕ အလုပ္ခြင္ခရီး-Commute မွာ ကားေမာင္းရင္းက ေလ႕လာစရာမ်ားလိုက္တာ။ အဓိက နားေထာင္တဲ႕အရည္အခ်င္းဟာ ကားေမာင္းရင္းနဲ႕သင္ယူရင္းရခဲ႕တာပါ။

              အလုပ္ခြင္မွာက်ေတာ႕ စကားေျပာနည္း ျပန္သင္ရတယ္။ အလုပ္လုပ္သူအခ်င္းခ်င္းဆက္ဆံေရး၊ အီးေမးပို႕၊ စာပို႕၊ စာျပန္၊ ဖုန္းဆက္၊ ဘဏ္ကုိဖုန္းေခၚ၊ အင္တာနက္ကုမၸဏီကုိဖုန္းေခၚ၊ ေပၚလာတဲ႕ျပႆနာကိုသတင္းပို႕၊ မွတ္တမ္းမွတ္ရာလုပ္၊ ရံုးကိစၥ ႒ာနဆိုင္ရာကိစၥေဖာင္ေတြျဖည္႕ သင္ယူစရာေတြက မ်ားမွမ်ား။

              အစပိုင္းက ေကာင္းေကာင္းနားေထာင္တတ္ေအာင္ေလ႕က်င္႕ေပးခဲ႕တဲ႕နားေၾကာင္႕ အဂၤလိပ္စကားတစ္ခုကိုပီေအာင္မေျပာႏုိင္ေပမဲ႕ မွန္ေအာင္ဘယ္လိုေျပာရမယ္ဆုိတာ ကုိယ္႕စိတ္ထဲမွာကိုယ္ ပီပီသသၾကားေနရတယ္။ ဒီလိုကေန အေျပာ၊ အဖတ္၊ အေရး ဆက္တိုက္ေဆြးေႏြးဖို႕အစည္းအေဝးေတြကေန ဆက္တုိက္သင္ယူရတယ္။

              ဒါေၾကာင္႕ စာတုိ စာစေလးမို႕လို႕ အထင္မေသးပါနဲ႕။ အေမရိကားက မီလ်ံနာအမ်ားစုရဲ႕ဘဝကုိေျပာင္းလဲေပးခဲ႕တာ စာအုပ္ အုပ္ (၁ဝဝ) ဘယ္ဟုတ္ပါ႕မလဲ။ သူတုိ႕ဘဝကုိေပးခဲ႕တဲ႕ ခ်မ္းသာမႈဓနဥစၥာေတြက သူတုိ႕အခက္အခဲေျဖရွင္းနည္းကုိ ဘယ္ကေန ဘဝသင္ခန္းစာယူခဲ႕သလဲဆုိတဲ႕အေပၚမွာ အေျခတည္တယ္။ သူတုိ႕ဘဝရဲ႕ေအာင္ျမင္မႈကို ဘယ္လိုထိန္းသိမ္းရမယ္ဆိုတာ သိမ္းထားခဲ႕တဲ႕ ရသအသိပညာေတြကေန ရယူခဲ႕ၾကတယ္။ ကာတြန္းတစ္ကြက္၊ စာတစ္လံုး၊ ေဆာင္းပါးတစ္ပုဒ္၊ စာတစ္အုပ္၊ စကားတစ္ခြန္း၊ အခက္အခဲတစ္ခု၊ အမွားတစ္စု . . ဒါေတြအားလံုးက သူတုိ႕ရဲ႕ဆရာျဖစ္ခဲ႕တယ္။ သူတုိ႕အားလံုးဟာလည္း ေနာင္တစ္ခ်ိန္မွာ ကြ်န္ေတာ႕ရဲ႕ဆရာျဖစ္ခဲ႕ၾကပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
10-04-2019

No comments: