ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ကြ်န္ေတာ္ဟာ တစ္ေန႕လံုးနီးပါးစာဖတ္တယ္။ ဖတ္စရာမရွိရင္
ကားေမာင္းရင္းလမ္းညႊန္ဆိုင္းဘုတ္ေတြဖတ္တယ္။ ေတြ႕သမွ်အဂၤလိပ္စာ စာလံုးေပါင္းဖတ္တယ္။
ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာပါမက်န္ အကုန္လုိက္ဖတ္ လိုက္ေပါင္းတယ္။
လူတကာေတြေျပာသလို စာအုပ္ၾကီးတစ္အုပ္ကိုလက္ကကိုင္ျပီးဖတ္ခ်င္ေပမယ္႕ ေခတ္အခါကုိက လက္ကိုင္ဖုန္းမွာ ကြန္ပ်ဴတာေပၚမွာစာဖတ္တဲ႕ေခတ္၊ သြားရင္းလာရင္း နားၾကပ္တပ္ျပီး စာကိုသူမ်ားဖတ္ေပးသမွ်ျပန္ေလ႕လာရခဲ႕ေခတ္မွာ ကြ်န္ေတာ္အသက္ရွင္ေနပါတယ္။
ကြ်န္ေတာ္ဟာ တစ္ခုခုကိုအျမဲတမ္းေလ႕လာေနတယ္။ အလုပ္ဆုိလည္း အလုပ္မွာမို႕လို႕ လမ္းညႊန္ခ်က္ - WI - Work Instruction ေတြ၊ လုပ္ငန္းထဲကလိုက္နာရမယ္႕လုပ္ပံုလုပ္နည္း - SOP - Standard Operation Procedure ေတြ နဲ႕ လုပ္ငန္းခြင္လံုျခံဳေရး - Work Safety စာေတြ လိုအပ္သလိုဖတ္ေနရတယ္။
ဒီ႕အျပင္ အလုပ္နဲ႕ပတ္သက္လို႕ မိမိဆီေရာက္လာသမွ်အီးေမးလ္ေတြကုိဖတ္တယ္။ အဲဒီေနာက္မွာ မိမိကဆင္႕ပြားပို႕ - Forward လုပ္စရာရွိရင္လုပ္တယ္။ တစ္ခ်ိဳ႕ဟာေတြက ေမးခြန္းေတြပါတာမို႕လုိ႕ ေသခ်ာဖတ္ျပီး ေတာင္းဆိုခ်က္ေတြကိုေျဖၾကားရတယ္။ ေနာက္ထပ္တဖန္ မိမိက ေအာက္ကလူကိုခုိင္းစရာရွိျပီဆိုရင္ ဖုန္းဆက္တာျဖစ္ျဖစ္၊ လူကိုယ္တိုင္ေတြ႕တာျဖစ္ျဖစ္၊ အီးေမးလ္ နဲ႕ တစ္ဆင္႕ျပန္ခုိင္းတာျဖစ္ျဖစ္ ဆက္ေရးရ ဆက္ပို႕ရတယ္။
အေမရိကားမလာခင္တုန္းကျပင္ဆင္ခဲ႕တဲ႕
အဂၤလိပ္စာနဲ႕ရံုးသံုးေဖာင္ေတြျဖည္႕တဲ႕အိမ္စာေလ႕က်င္႕ခန္းေတြဟာ ဒီဘက္ေျမမွာကြ်န္ေတာ႕ကုိ
လူခ်င္းတူ လူ႕ေအာက္မက်တဲ႕အဂၤလိပ္စာအရည္အခ်င္းကိုေပးတယ္။ ဘယ္ေနရာက ဘာစာလံုးက မိမိရဲ႕ဘယ္အခ်က္အလက္ကိုေတာင္းတယ္ဆုိတာကုိ
အိမ္ေရွ႕ကစာတိုက္ပံုးကိုေရာက္လာတဲ႕ေနရာအစံုကစာအိပ္ စာေစာင္ေတြၾကားမွာ ေအးေဆးညွင္သာစြာျဖည္႕စြက္ႏုိင္ခဲ႕တယ္။လူတကာေတြေျပာသလို စာအုပ္ၾကီးတစ္အုပ္ကိုလက္ကကိုင္ျပီးဖတ္ခ်င္ေပမယ္႕ ေခတ္အခါကုိက လက္ကိုင္ဖုန္းမွာ ကြန္ပ်ဴတာေပၚမွာစာဖတ္တဲ႕ေခတ္၊ သြားရင္းလာရင္း နားၾကပ္တပ္ျပီး စာကိုသူမ်ားဖတ္ေပးသမွ်ျပန္ေလ႕လာရခဲ႕ေခတ္မွာ ကြ်န္ေတာ္အသက္ရွင္ေနပါတယ္။
ကြ်န္ေတာ္ဟာ တစ္ခုခုကိုအျမဲတမ္းေလ႕လာေနတယ္။ အလုပ္ဆုိလည္း အလုပ္မွာမို႕လို႕ လမ္းညႊန္ခ်က္ - WI - Work Instruction ေတြ၊ လုပ္ငန္းထဲကလိုက္နာရမယ္႕လုပ္ပံုလုပ္နည္း - SOP - Standard Operation Procedure ေတြ နဲ႕ လုပ္ငန္းခြင္လံုျခံဳေရး - Work Safety စာေတြ လိုအပ္သလိုဖတ္ေနရတယ္။
ဒီ႕အျပင္ အလုပ္နဲ႕ပတ္သက္လို႕ မိမိဆီေရာက္လာသမွ်အီးေမးလ္ေတြကုိဖတ္တယ္။ အဲဒီေနာက္မွာ မိမိကဆင္႕ပြားပို႕ - Forward လုပ္စရာရွိရင္လုပ္တယ္။ တစ္ခ်ိဳ႕ဟာေတြက ေမးခြန္းေတြပါတာမို႕လုိ႕ ေသခ်ာဖတ္ျပီး ေတာင္းဆိုခ်က္ေတြကိုေျဖၾကားရတယ္။ ေနာက္ထပ္တဖန္ မိမိက ေအာက္ကလူကိုခုိင္းစရာရွိျပီဆိုရင္ ဖုန္းဆက္တာျဖစ္ျဖစ္၊ လူကိုယ္တိုင္ေတြ႕တာျဖစ္ျဖစ္၊ အီးေမးလ္ နဲ႕ တစ္ဆင္႕ျပန္ခုိင္းတာျဖစ္ျဖစ္ ဆက္ေရးရ ဆက္ပို႕ရတယ္။
ကြ်န္ေတာ္ဟာ Facebook အသံုးၾကမ္းတယ္။ အရင္ GTalk ေခတ္နဲ႕မတူတာက အခု ဖုန္းဖြင္႕ျပီး Facebook (၁ဝ) ေခါက္ဖြင္႕ရင္ Google Search မွာ (၂) ေခါက္ေတာင္ရွာစရာမလိုဘူးျဖစ္လာတယ္။ ဒါေပမဲ႕ Facebook ကုိ အခ်ိန္ကုန္ဖို႕သံုးသလားဆိုေတာ႕ အေျဖကအကုန္မဟုတ္ဘူးလို႕ေျဖရမယ္။
Facebook ထဲမွာ ကြ်န္ေတာ္လိုခ်င္တာေတြအကုန္နီးပါးရွိတယ္။ ဒါေတြကိုသိခ်င္လို႕ ေနာက္ေယာင္ခံလုိက္ေနရတဲ႕သတင္းအရင္းအျမစ္ေတြကုိ ကြ်န္ေတာ႕ Timeline မွာ တန္းစီထားတယ္။ စာတုိေလး နဲ႕ပံုပါတာ၊ ဗီဒီယိုအတိုေလးကုိစာတန္းထုိးပါတာ၊ ေတးသံေလးနဲ႕ေျပာၾကားသူမပါပဲ စာတန္းထုိးရွင္းျပတာ၊ အသံဖြင္႕မွနားလည္မယ္႕ ျမန္မာစာတန္းထုိး ျမန္မာအသံထြက္ ဗီဒီယုိအတိုေလးေတြ စသျဖင္႕ ဘယ္ဟာမဆို စာဖတ္မွနားလည္တဲ႕အဆင္႕တစ္ခုကိုေရာက္တယ္။
ဒါေၾကာင္႕ ကြ်န္ေတာ္က စာအျမဲဖတ္တယ္လို႕ေျပာတာ။ ဒါေပမယ္႕ ရန္ကုန္ကေန မႏၱေလးကုိကားေမာင္းသြားသလို ခႏၶာကိုယ္က ခရီးေတာ႕မေရာက္ဘူး။ စာဖတ္တာက စိတ္နဲ႕ခရီးသြားေနတာပဲ။ အခုေန စိတ္ကေတာင္ၾကီးေရာက္လုိက္ ခဏေန အေမရိကားေရာက္လိုက္၊ ခဏေနက်ေတာ႕ေနာက္တစ္ေနရာ ဖတ္တဲ႕စာအလုိက္ အျမဲခရီးထြက္ေနတာက . . စိတ္။
တစ္ခါတစ္ရံစိတ္ထဲမွာမယ္မယ္ရရလုပ္စရာမရွိရင္ Google Play Book စတိုးကိုသြားျပီး eBook ဖတ္ေနလိုက္တယ္။ ေငြေပးဝယ္ရင္ အနည္းဆံုး (၂) ေဒၚလာကေန (၁၅) ေဒၚလာေလာက္အထိရွိတဲ႕လွ်ပ္စစ္စာအုပ္ေတြမွာ စာမ်က္ႏွာ (၂၅ဝ-၄၅ဝ) ေလာက္အထိပါတယ္။ Free Sample ကုိ ႏွိပ္လိုက္ရင္ အနည္းဆံုး စာမ်က္ႏွာ (၆ဝ) ေလာက္အခမဲ႕ဖတ္လုိက္လို႕ရတယ္။ သိပ္ၾကိဳက္တယ္ဆုိမွ အပိုင္ဝယ္ခ်င္ . . ဝယ္။ ေစ်းသက္သာခ်င္ရင္ ေကာ္ပီပြားျပီး ေအာက္ေစ်းနဲ႕ေရာင္းတဲ႕ eBay မွာ ရွာဝယ္ခ်င္ . . ဝယ္။
ဒီၾကားထဲမွာ ဝတၱဳဆန္တဲ႕ Fiction နဲ႕ သတင္းနဲ႕တင္ျပပံုဆင္တူတဲ႕ Non-Fiction တို႕ကိုယွဥ္လုိက္ရင္ ကြ်န္ေတာ္က အဂၤလိပ္လုိေရးထားတဲ႕ဝတၱဳကို မၾကိဳက္ဘူး။ ဖတ္မယ္႕ဖတ္ ျမန္မာဝတၱဳကစိတ္ထဲ အသည္းထဲဝင္တယ္။ အႏွစ္အရသာရွိတယ္။ မိမိအနီးအနားမွာ ဆရာတစ္ေယာက္ကလာသင္ေပးေနသလို ျမန္မာဝတၱဳဖတ္ရတာ ခံစားရင္းနဲ႕ နတ္ျပည္တကယ္ေရာက္တယ္။
တကယ္ေတာ႕ စာဖတ္တယ္ဆုိတာ စာေရးသူနားက သင္ယူခ်င္တာ။ နာမယ္ၾကီးလြန္းလို႕ ဖတ္ဖို႕စိတ္ကူးထားတဲ႕အဂၤလိပ္ဝတၱဳတစ္ပုိဒ္ဟာ ကြ်န္ေတာ႕ေရွ႕ေရာက္လာရင္ေတာင္ ဥာဏ္မမွီဘူးပဲေျပာပါရေစ . . သင္ယူစရာအမ်ားၾကီးပါတယ္လို႕အခုအခ်ိန္ထိ လက္မခံႏုိင္ေသးဘူး။
အသံနဲ႕နားေထာင္ႏုိင္တဲ႕ေဟာေျပာပြဲလိုမ်ိဳး၊ သတင္းအတိုအစေလးမ်ိဳး နဲ႕ ေလ႕လာသင္ယူႏုိင္တဲ႕ အဂၤလိပ္လုိေျပာတဲ႕ Podcast မ်ိဳးအျပင္ YouTube ကေန လူေတြ႕အင္တာဗ်ဴးေတြ နဲ႕ စင္ျမင္႕စကားဝုိင္းေတြဟာ လူငယ္ လူၾကီး ကေလးသူငယ္မေရြးေလ႕လာႏုိင္တဲ႕ အရင္းအျမစ္ေတြရွိေနတာ ဒီဘက္ေခတ္စာဖတ္နည္းလာတဲ႕ရပ္ဝန္းအတြက္ ကယ္ေပါက္တစ္ခုျဖစ္လာတာကို ကြ်န္ေတာ္သတိထားမိတယ္။
ျပန္႕က်ဲေနတဲ႕သတင္းအပိုင္းအစေတြကိုျမင္ရလုိ႕ ဒီအတုိင္းလက္ပုိက္ၾကည္႕မေနပဲ လက္ေတြ႕အသံုးခ်ဖို႕ၾကိဳးစားတဲ႕ကြ်န္ေတာ္ဟာ တစ္ရက္လံုးအလုပ္လုပ္ခ်ိန္ (၈) နာရီ နဲ႕ ဟုိသြား ဒီသြား အလုပ္နားခ်ိန္အပါ တစ္ေန႕ကုိ (အထက္ကေျပာခဲ႕တဲ႕နည္းေပါင္းစံုနဲ႕) အနည္းဆုံး စာအစံု၊ အတုိအစအစံု (၅) နာရီၾကာမွ်ေလာက္ဖတ္ျဖစ္ေနပါတယ္။
ဒါေပမဲ႕ ေက်ာင္းဒီဂရီတစ္ခုခု၊ ေမဂ်ာတစ္ခုခုရယူဖို႕ဆုိရင္ေတာ႕ "တစ္ခုတည္းကို တစုိက္မတ္မတ္" ဖတ္ဖို႕ရာ ေက်ာင္းသားရဲ႕တာဝန္သာျဖစ္ပါလိမ္႕မယ္။
ဒါမွသာ "ရန္ကုန္" ကေနခရီးစထြက္သမွ် Facebook သံုးသလို ဟုိနားဝင္ ဒီနားဝင္ ဟုိနားရပ္ ဒီနားရပ္ လုပ္စရာမလိုပဲ ထမင္းစားနားခ်ိန္၊ ေပါက္ေတာဝင္ခ်ိန္ေတြသာ ရပ္နားျပီး မိမိရဲ႕ပန္းတိုင္ "ေရႊျမိဳ႕ေတာ္ၾကီးမႏၱေလး" ကိုခရီးတစ္ခုအမွန္တကယ္ေပါက္သကဲ႕သို႕အေရာက္ကူး ဆြတ္ခူးႏုိင္ပါမယ္႕အေၾကာင္း ဝမ္းေျမွာက္ဝမ္းသာနည္းလမ္းေပးလိုက္ပါရေစ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
12-19-2018
Unicode Version:
"မဖတ်ရင်မနေနိုင်တာကလွဲလို့"
ကျွန်တော်ဟာ
တစ်နေ့လုံးနီးပါးစာဖတ်တယ်။ ဖတ်စရာမရှိရင် ကားမောင်းရင်းလမ်းညွှန်ဆိုင်းဘုတ်တွေဖတ်တယ်။ တွေ့သမျှအင်္ဂလိပ်စာ စာလုံးပေါင်းဖတ်တယ်။ မြန်မာစာ၊
အင်္ဂလိပ်စာ၊ သချင်္ာပါမကျန် အကုန်လိုက်ဖတ် လိုက်ပေါင်းတယ်။
လူတကာတွေပြောသလို စာအုပ်ကြီးတစ်အုပ်ကိုလက်ကကိုင်ပြီးဖတ်ချင်ပေမယ့်
ခေတ်အခါကိုက လက်ကိုင်ဖုန်းမှာ ကွန်ပျူတာပေါ်မှာစာဖတ်တဲ့ခေတ်၊ သွားရင်းလာရင်း နားကြပ်တပ်ပြီး စာကိုသူများဖတ်ပေးသမျှပြန်လေ့လာရခဲ့ခေတ်မှာ ကျွန်တော်အသက်ရှင်နေပါတယ်။
ကျွန်တော်ဟာ တစ်ခုခုကိုအမြဲတမ်းလေ့လာနေတယ်။
အလုပ်ဆိုလည်း အလုပ်မှာမို့လို့ လမ်းညွှန်ချက် - WI - Work
Instruction တွေ၊ လုပ်ငန်းထဲကလိုက်နာရမယ့်လုပ်ပုံလုပ်နည်း - SOP - Standard
Operation Procedure တွေ နဲ့ လုပ်ငန်းခွင်လုံခြုံရေး - Work Safety စာတွေ လိုအပ်သလိုဖတ်နေရတယ်။
ဒီ့အပြင် အလုပ်နဲ့ပတ်သက်လို့ မိမိဆီရောက်လာသမျှအီးမေးလ်တွေကိုဖတ်တယ်။ အဲဒီနောက်မှာ
မိမိကဆင့်ပွားပို့ - Forward လုပ်စရာရှိရင်လုပ်တယ်။ တစ်ချို့ဟာတွေက မေးခွန်းတွေပါတာမို့လို့
သေချာဖတ်ပြီး တောင်းဆိုချက်တွေကိုဖြေကြားရတယ်။ နောက်ထပ်တဖန် မိမိက အောက်ကလူကိုခိုင်းစရာရှိပြီဆိုရင် ဖုန်းဆက်တာဖြစ်ဖြစ်၊ လူကိုယ်တိုင်တွေ့တာဖြစ်ဖြစ်၊ အီးမေးလ်
နဲ့ တစ်ဆင့်ပြန်ခိုင်းတာဖြစ်ဖြစ် ဆက်ရေးရ ဆက်ပို့ရတယ်။
အမေရိကားမလာခင်တုန်းကပြင်ဆင်ခဲ့တဲ့ အင်္ဂလိပ်စာနဲ့ရုံးသုံးဖောင်တွေဖြည့်တဲ့အိမ်စာလေ့ကျင့်ခန်းတွေဟာ
ဒီဘက်မြေမှာကျွန်တော့ကို လူချင်းတူ လူ့အောက်မကျတဲ့အင်္ဂလိပ်စာအရည်အချင်းကိုပေးတယ်။
ဘယ်နေရာက ဘာစာလုံးက မိမိရဲ့ဘယ်အချက်အလက်ကိုတောင်းတယ်ဆိုတာကို အိမ်ရှေ့ကစာတိုက်ပုံးကိုရောက်လာတဲ့နေရာအစုံကစာအိပ် စာစောင်တွေကြားမှာ အေးဆေးညှင်သာစွာဖြည့်စွက်နိုင်ခဲ့တယ်။
ကျွန်တော်ဟာ Facebook အသုံးကြမ်းတယ်။ အရင်
GTalk ခေတ်နဲ့မတူတာက အခု ဖုန်းဖွင့်ပြီး Facebook (၁ဝ) ခေါက်ဖွင့်ရင် Google Search
မှာ (၂) ခေါက်တောင်ရှာစရာမလိုဘူးဖြစ်လာတယ်။ ဒါပေမဲ့ Facebook ကို အချိန်ကုန်ဖို့သုံးသလားဆိုတော့
အဖြေကအကုန်မဟုတ်ဘူးလို့ဖြေရမယ်။
Facebook ထဲမှာ
ကျွန်တော်လိုချင်တာတွေအကုန်နီးပါးရှိတယ်။ ဒါတွေကိုသိချင်လို့ နောက်ယောင်ခံလိုက်နေရတဲ့သတင်းအရင်းအမြစ်တွေကို
ကျွန်တော့ Timeline မှာ တန်းစီထားတယ်။ စာတိုလေး နဲ့ပုံပါတာ၊
ဗီဒီယိုအတိုလေးကိုစာတန်းထိုးပါတာ၊ တေးသံလေးနဲ့ပြောကြားသူမပါပဲ စာတန်းထိုးရှင်းပြတာ၊ အသံဖွင့်မှနားလည်မယ့် မြန်မာစာတန်းထိုး မြန်မာအသံထွက်
ဗီဒီယိုအတိုလေးတွေ စသဖြင့် ဘယ်ဟာမဆို စာဖတ်မှနားလည်တဲ့အဆင့်တစ်ခုကိုရောက်တယ်။
ဒါကြောင့် ကျွန်တော်က စာအမြဲဖတ်တယ်လို့ပြောတာ။
ဒါပေမယ့် ရန်ကုန်ကနေ မန္တလေးကိုကားမောင်းသွားသလို ခန္ဓာကိုယ်က ခရီးတော့မရောက်ဘူး။ စာဖတ်တာက
စိတ်နဲ့ခရီးသွားနေတာပဲ။ အခုနေ စိတ်ကတောင်ကြီးရောက်လိုက် ခဏနေ အမေရိကားရောက်လိုက်၊ ခဏနေကျတော့နောက်တစ်နေရာ
ဖတ်တဲ့စာအလိုက် အမြဲခရီးထွက်နေတာက . . စိတ်။
တစ်ခါတစ်ရံစိတ်ထဲမှာမယ်မယ်ရရလုပ်စရာမရှိရင် Google Play Book စတိုးကိုသွားပြီး
eBook ဖတ်နေလိုက်တယ်။ ငွေပေးဝယ်ရင် အနည်းဆုံး (၂) ဒေါ်လာကနေ (၁၅) ဒေါ်လာလောက်အထိရှိတဲ့လျှပ်စစ်စာအုပ်တွေမှာ စာမျက်နှာ (၂၅ဝ-၄၅ဝ) လောက်အထိပါတယ်။ Free
Sample ကို နှိပ်လိုက်ရင် အနည်းဆုံး စာမျက်နှာ (၆ဝ) လောက်အခမဲ့ဖတ်လိုက်လို့ရတယ်။ သိပ်ကြိုက်တယ်ဆိုမှ အပိုင်ဝယ်ချင် . . ဝယ်။ စျေးသက်သာချင်ရင်
ကော်ပီပွားပြီး အောက်စျေးနဲ့ရောင်းတဲ့ eBay မှာ ရှာဝယ်ချင်
. . ဝယ်။
ဒီကြားထဲမှာ ဝတ္တုဆန်တဲ့ Fiction နဲ့ သတင်းနဲ့တင်ပြပုံဆင်တူတဲ့
Non-Fiction တို့ကိုယှဉ်လိုက်ရင် ကျွန်တော်က အင်္ဂလိပ်လိုရေးထားတဲ့ဝတ္တုကို
မကြိုက်ဘူး။ ဖတ်မယ့်ဖတ် မြန်မာဝတ္တုကစိတ်ထဲ အသည်းထဲဝင်တယ်။ အနှစ်အရသာရှိတယ်။ မိမိအနီးအနားမှာ ဆရာတစ်ယောက်ကလာသင်ပေးနေသလို မြန်မာဝတ္တုဖတ်ရတာ ခံစားရင်းနဲ့ နတ်ပြည်တကယ်ရောက်တယ်။
တကယ်တော့ စာဖတ်တယ်ဆိုတာ စာရေးသူနားက သင်ယူချင်တာ။
နာမယ်ကြီးလွန်းလို့ ဖတ်ဖို့စိတ်ကူးထားတဲ့အင်္ဂလိပ်ဝတ္တုတစ်ပိုဒ်ဟာ ကျွန်တော့ရှေ့ရောက်လာရင်တောင် ဉာဏ်မမှီဘူးပဲပြောပါရစေ . . သင်ယူစရာအများကြီးပါတယ်လို့အခုအချိန်ထိ
လက်မခံနိုင်သေးဘူး။
အသံနဲ့နားထောင်နိုင်တဲ့ဟောပြောပွဲလိုမျိုး၊
သတင်းအတိုအစလေးမျိုး နဲ့ လေ့လာသင်ယူနိုင်တဲ့ အင်္ဂလိပ်လိုပြောတဲ့ Podcast မျိုးအပြင်
YouTube ကနေ လူတွေ့အင်တာဗျူးတွေ နဲ့ စင်မြင့်စကားဝိုင်းတွေဟာ လူငယ် လူကြီး ကလေးသူငယ်မရွေးလေ့လာနိုင်တဲ့
အရင်းအမြစ်တွေရှိနေတာ ဒီဘက်ခေတ်စာဖတ်နည်းလာတဲ့ရပ်ဝန်းအတွက်
ကယ်ပေါက်တစ်ခုဖြစ်လာတာကို ကျွန်တော်သတိထားမိတယ်။
ပြန့်ကျဲနေတဲ့သတင်းအပိုင်းအစတွေကိုမြင်ရလို့
ဒီအတိုင်းလက်ပိုက်ကြည့်မနေပဲ လက်တွေ့အသုံးချဖို့ကြိုးစားတဲ့ကျွန်တော်ဟာ တစ်ရက်လုံးအလုပ်လုပ်ချိန်
(၈) နာရီ နဲ့ ဟိုသွား ဒီသွား အလုပ်နားချိန်အပါ တစ်နေ့ကို (အထက်ကပြောခဲ့တဲ့နည်းပေါင်းစုံနဲ့)
အနည်းဆုံး စာအစုံ၊ အတိုအစအစုံ (၅) နာရီကြာမျှလောက်ဖတ်ဖြစ်နေပါတယ်။
ဒါပေမဲ့ ကျောင်းဒီဂရီတစ်ခုခု၊ မေဂျာတစ်ခုခုရယူဖို့ဆိုရင်တော့
"တစ်ခုတည်းကို တစိုက်မတ်မတ်" ဖတ်ဖို့ရာ ကျောင်းသားရဲ့တာဝန်သာဖြစ်ပါလိမ့်မယ်။
ဒါမှသာ "ရန်ကုန်" ကနေခရီးစထွက်သမျှ Facebook သုံးသလို ဟိုနားဝင်
ဒီနားဝင် ဟိုနားရပ် ဒီနားရပ် လုပ်စရာမလိုပဲ ထမင်းစားနားချိန်၊ ပေါက်တောဝင်ချိန်တွေသာ
ရပ်နားပြီး မိမိရဲ့ပန်းတိုင် "ရွှေမြို့တော်ကြီးမန္တလေး" ကိုခရီးတစ်ခုအမှန်တကယ်ပေါက်သကဲ့သို့အရောက်ကူး ဆွတ်ခူးနိုင်ပါမယ့်အကြောင်း ဝမ်းမြှောက်ဝမ်းသာနည်းလမ်းပေးလိုက်ပါရစေ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-19-2018
No comments:
Post a Comment