ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, April 28, 2016

ေဖ႕စ္ဘြတ္ခ္အသက္ ႏွစ္ရက္နဲ႕တစ္မနက္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ဒီေဆာင္းပါးကိုေရးဖို႕ အားသြင္းထားတာၾကာျပီ  ေတာ္ေတာ္နဲ႕ မေရးျဖစ္ခဲ႕ဘူး။ ေရးျပီးတိုင္းလည္း အသက္ ေငြ႕ေငြ႕သာရွိတဲ႕ ေဖ႕စ္ဘြတ္ခ္ေပၚက အမ်ားသူငါေရးတဲ႕ Status ေတြရဲ႕သက္တမ္းကိုသိေနေတာ႕ တစ္ျခား အက်ိဳးျပဳစာေတြဘက္ကိုသာ ေရာက္ေရာက္သြားခဲ႕တယ္။ အခုလည္းၾကည္႕ေလ .. စာဖတ္သူက “ ဒီေဆာင္းပါးအရွည္ၾကီးလား ? ” ဆိုျပီး ဖုန္းေအာက္ပိုင္းကို လက္မေလးနဲ႕ဖိျပီး ၾကည္႕ေနတယ္မဟုတ္လား? သိေနပါတယ္ေလ..။
.
တစ္ေလာက ကုန္သည္ဘဝတုန္းက ေက်းဇူးရွိတဲ႕ အစ္ကိုတစ္ေယာက္ကို အလည္ေရာက္လာေတာ႕ ႏွင္းေတာင္လိုက္ပို႕ျဖစ္တယ္။ ကားေမာင္းေနတုန္း သူကေမးတယ္ “ မင္း ဘယ္လို စာေရးျဖစ္သြားတာလဲ ” တဲ႕?
.
( ၂ဝ၁၂ ) ခုႏွစ္မွာ ျမန္မာႏုိင္ငံတစ္ေခါက္ ျပန္တယ္၊ ကိုယ္သိတဲ႕ပညာရွာရာနည္းလမ္းေတြ၊ ေက်ာင္းေတြ ေကာလိပ္အေၾကာင္းေတြ၊ သားသမီးပ်ိဳးေထာင္ပံု ပ်ိဳးေထာင္နည္းေတြ နဲ႕ ေန႕စဥ္ေျပာစကားမတူတဲ႕နယ္ေျမရပ္ေဝးမွာ ေငြထုတ္ထမ္းျပီးသြာတာေတာင္ ဘယ္လုိရုန္းကန္ျပီး ဘဝရပ္တည္ရတယ္ဆိုတာကို ( သိသေလာက္ တတ္သေလာက္ မေတာက္တစ္ေခါက္ ) ေျပာျပဖို႕ကို ဘယ္သူမွ နားမေထာင္ခ်င္ဘူး။ ဘယ္ေမးခြန္းမွေမးမယ္႕သူမရွိဘူး။ သူတုိ႕ရဲ႕သား က နယူးေယာက္က တကၠသိုလ္မွာ ဆရာဝန္လိုင္းတက္ေနတာ ဆုိတာ နဲ႕ ငါ႕သမီးလည္း ေနာက္လ အေမရိကားသြားေတာ႕မွာဆုိတာေတြပဲ နားေထာင္ျပီး ျပန္လာခဲ႕ရတယ္။ ဒါနဲ႕ ဒီဘက္ေျမျပန္ေရာက္ျပီး ေနာက္တစ္ႏွစ္ေလာက္ေနေတာ႕ ကိုယ္သိထားတာေတြကုိ အသိပညာျဖန္႕ေဝဖို႕ စာေရးျပီးေျပာရတာပါပဲ .. လို႕ ရွည္ရွည္ေဝးေဝးရွင္းျပေတာ႕ သူက ေအာ္ .. သိျပီ .. “ ေျပာခ်င္တာကို နားေထာင္မယ္႕သူမရွိလုိ႕ စာေရးဆရာျဖစ္လာတာကိုး ” လို႕ သံုးသပ္သြားပါတယ္။ အမွန္က ကြ်န္ေတာ္က စာေရးဆရာမျဖစ္ေသးပါဘူး။ စာတိုမုတ္စေရးတဲ႕ စာေရးသားသူတစ္ေယာက္သာသာပါလုိ႕ ျပန္ရွင္းျပမိတယ္။
.
.
မွန္ပါတယ္။ ကြ်န္ေတာ္ဟာ အေဟာအေျပာေကာင္းဖို႕ေဝးစြ .. စကားတစ္ခြန္းေတာင္ ေလသံေခ်ာေအာင္ေျပာတတ္သူတစ္ေယာက္ မဟုတ္ပါဘူး။ ေျပာတဲ႕စကားတစ္ခြန္းတစ္ခြန္းကလည္း “ ကုလား ( ၅ ) ေယာက္ထမ္းလာတာကမွ သူ႕ထက္ေပါ႕ဦးမယ္ ” လို႕ သံုးသပ္သူလည္း ရွိခဲ႕ပါတယ္။ ဒါ႕အျပင္ ကုန္သည္ဘဝက ေငြရွင္ေၾကးရွင္ဆုိေတာ႕ ဆက္ဆံေရးက ပိုဆိုးတယ္။ အေပါက္ကလည္း ၾကမ္းတယ္္။ ေငြလည္းေပးဝယ္ရေသးတယ္ .. ေဟာက္လည္း ေဟာက္ငမ္းေသးတယ္လို႕ ေျပာသူလည္း ရွိသပ..။ ဒါေပမယ္႕ အေရာင္းအဝယ္သမားေပမို႕ ဝယ္သူရဲ႕အလုိလာဘ နဲ႕ ေစ်းကြက္ရဲ႕ရႏုိင္ေျခကို ဘယ္တုန္းကမွ ကြြ်န္ေတာ္မ်က္ေျခအျပတ္မခံခဲ႕ပါဘူး။ ကဲပါေလ .. စာေရးျဖစ္လာရျခင္းဘက္ကို ျပန္သြားရေအာင္..။

.
ဒါနဲ႕ ကြ်န္ေတာ္ စာေပေဟာေျပာပြဲေတြကုိျပန္လႊင္႕ေပးတဲ႕စာမ်က္ႏွာ တစ္ခု နဲ႕ တရားလႊင္႕ေပးတဲ႕စာမ်က္ႏွာတို႕ကို စလုပ္ျဖစ္တယ္။ ဒီကေန ေဖ႕စ္ဘြတ္ခ္ ကို သင္ရတာ ( ၆ ) လေလာက္ၾကာတယ္။ ေနာက္မွ Google မွာ Blog ဆိုတာကို စလုပ္ျဖစ္တဲ႕အခ်ိန္ ျမန္မာလိုေရးတဲ႕ဘေလာ႕ဂ္ေပၚမွာ စာဖတ္သူေမွးမွိန္ခ်ိန္နဲ႕ တည္႕တည္႕တိုးေနတယ္။ ဒါကိုလည္း ေလ႕လာရတာ ( ၂ ) လေလာက္အၾကာမွာ မွတ္မွတ္ရရ ( ၂ဝ၁၃ ) သၾကၤန္ျပီးခ်ိန္ The Hot News Weekly က ပထမဦးဆံုးစာမူကို ေဖာ္ျပခံရတယ္။ ကြ်န္ေတာ္ ရင္ခုန္လိုက္ရတာ .. ဇနီးကိုျပ၊ သမီးကိုျပ၊ သားကုိပါ ဖတ္ခိုင္း နဲ႕ တစ္သက္လံုး ကိုယ္ေရးတဲ႕စာကုိ ဘယ္ပံုႏွိပ္ေပၚမွာမွ မပါဖူးဘူးပဲကုိး..။
.
.
ပထမဦးဆံုး အြန္လိုင္းေပၚကေန ဂ်ာနယ္ေတြဖတ္္ရာက အင္တာနက္ဂ်ာနယ္ကို မိတ္ဆက္တယ္ .. ရက္ ( ၂ဝ ) ေလာက္ၾကာလည္း အေၾကာင္းျပန္စာမလာဘူး။ ဒါနဲ႕ အီးေမးလ္ပို႕ထပ္ေမးေတာ႕ စကားေျပာ “ တယ္။ ” နဲ႕ ေရးလို႕ မထည္႕ေပးႏုိင္ပါဘူး၊ သတင္းစာမွာလုိ “ သည္။ ” နဲ႕ ေရးမွ ေဖာ္ျပေပးႏုိင္ပါမယ္ တဲ႕။ ဒါေပမယ္႕ သူတုိ႕ရဲ႕ေနာက္တိုက္ခြဲတစ္ခုကထုတ္တဲ႕ ဂ်ာနယ္ကိုျပေပးၾကည္႕မယ္လို႕ေျပာတာ ေပ်ာက္သြားျပန္တယ္။ ဒါနဲ႕ ရွိတဲ႕ဂ်ာနယ္အီးေမးလိပ္စာေတြ အကုန္ရွာ၊ အီးေမးလ္ပို႕ေပမယ္႕ စာမူေရာက္ရွိေၾကာင္းအေၾကာင္းျပန္တာ တစ္ခါမွ မၾကံဳခဲ႕ရဘူး။ ေနာက္ေတာ႕ Auto World က ကားအေၾကာင္း တစ္ပုဒ္ယူသံုးတယ္။ ေစ်းကြက္ဂ်ာနယ္က ( ၅ ) ပုဒ္၊ ကုမုျဒာက ( ၁ ) ပုဒ္ ယူသံုးၾကတယ္။
.
သူတုိ႕ဂ်ာနယ္မွာပါတယ္သာေျပာတာ ( က ) ပါမယ္မွန္း ပယ္မယ္မွန္း ၾကိဳမသိရဘူး ( ခ ) မသံုးဘူးလားလို႕ေမးရင္ အီးေမးလ္ မျပန္ေတာ႕ဘူး ( ဂ ) ယူသံုးမသံုး အတည္ျပဳခ်င္ေပမယ္႕ ဘယ္လုိမွ ေမးလို႕မရဘူး။ သူတို႕ေျဖတာက စာမူတိုက္ရဲ႕ေပၚလစီအရ ပါမယ္ မပါဘူးဆုိတာ ၾကိဳေျပာလုိ႕မရပါဘူး တဲ႕။ စာမူခထုတ္လို႕ရမလားလို႕ေမးေတာ႕ တိုက္မွာလာထုတ္ခုိင္းလုိက္ပါလုိ႕ေျပာတယ္။ စဥ္းစားၾကည္႕ပါဦးဗ်ာ ..။ ကိုယ္႕ေဆာင္းပါတစ္ပုဒ္အေရြးခံထားရတဲ႕ စာမူတိုက္ကို ေရးခ ေငြ ( ၇ဝဝဝ ) က်ပ္ ရဖို႕ ဘယ္သူ႕ကုိ တကၠစီငွားျပီး သြားယူခိုင္းရမွာလဲဆုိတာ ကြ်န္ေတာ္ရွာမရခဲ႕ဘူး။
.
.
ေနာက္ေတာ႕ The Hot News မွာ အၾကီးတန္းအယ္ဒီတာျဖစ္လာတဲ႕ ( ကြယ္လြန္သူ - ႏုိင္/က်ဥ္းသား ) ကိုေဂ်ာ္လီထြန္းကို ေဆာင္းပါး ( ၁၄ ) ပုဒ္စာေငြထုတ္ခုိင္းျပီး ရုပ္ရွင္မင္းသားဦးေက်ာ္သူ နာမႈကူညီေရးအသင္းကုိ အကုန္သြားလွဴခုိင္းလိုက္ပါတယ္။ နည္းနည္းစီယူသံုးထားတဲ႕ စာမူတိုက္ေတြဟာ ကြ်န္ေတာ႕နား စာမူလည္းဆက္မေတာင္းသလို ကြ်န္ေတာ္လည္း မပို႕ျဖစ္ေတာ႕ဘူး။ တစ္နည္းအားျဖင္႕ ေငြအေၾကာင္း ကြ်န္ေတာ္မေျပာသလို သူတို႕လည္း ကြ်န္ေတာ႕ကို ေငြေပးဖို႕ သတိမရၾကဘူး။
.
NetGuide ကို စာမူတိုက္နဲ႕ဆက္သြယ္ရခက္ခဲတဲ႕ မၾကိဳက္ႏွစ္သက္တာေတြကုိ ေဆြးေႏြးျဖစ္တယ္။ သူ႕ဘက္က လုိက္ေလ်ာျပီး အဲဒီကေန ကြ်န္ေတာ႕ေဆာင္းပါးေတြ ဆက္တုိက္ပါလာတယ္။ ေနာက္ပိုင္းမွာ ကိုမုိးသန္းခ်စ္က ဆက္သြယ္လာလုိ႕ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ဘဝမွန္ေျပာျပသမွ်ကုိေရးထားတဲ႕ “ တိုးနီ ရဲ႕ အေမရိကန္အိပ္မက္ ” ကို Real Lives and Real Stories မွာ ေပးသံုးျဖစ္တယ္။ သူက မဂၢဇင္းထုတ္တာ ( ၂ ) လ တစ္ခါဆုိေတာ႕ ဆက္တိုက္ဖတ္ေနသူနဲ႕ အခ်ိတ္အဆက္လိုတယ္။ ဒါေၾကာင္႕ ေဖ႕စ္ဘြတ္ခ္ ေပၚတက္ျပီး ကုိးယုိးကားယားမင္းသားတက္လုပ္ရင္း အခု ဒီဘဝေရာက္လာတာပါပဲ။
.
.
ကြ်န္ေတာ္ ဒီအေၾကာင္းေတြကုိ မခြ်င္းမခ်န္ေျပာေနရတဲ႕အေၾကာင္းက အခ်က္ ( ၂ ) ခ်က္ရွိပါတယ္။ ပထမတစ္ခ်က္က ႏုိင္ငံတကာကေနစာေရးတယ္ဆုိတာ ေငြရဖို႕အဓိကမဟုတ္ဘူး ဆုိတဲ႕အခ်က္ပါ။ ဒါကို ဆက္ရွင္းရရင္ ၾကီးက်ယ္တယ္လုိ႕မထင္လိုက္ပါနဲ႕ .. စာမူတစ္ပုဒ္ေရးခရဖို႕ အေမရိကားမွာ ဘယ္ႏွစ္နာရီမွအလုပ္လုပ္ဖို႕မလုိပါဘူး .. ဒါေပမယ္႕ ဒီစာတစ္ပုဒ္ကို လက္ေပၚတင္ဖတ္ဖို႕အဆင္႕ေရာက္ေအာင္ ရက္ေပါင္းမ်ားစြာ စဥ္းစားရပါတယ္။
.
ကြ်န္ေတာ္ေျပာခ်င္တဲ႕ဒုတိယအခ်က္က ဒါပါပဲ။ စာေရးဖူးသူတုိင္းသိၾကမယ္ .. စာေရးတာထက္ စဥ္းစားရတာ ပိုခက္တယ္ဆုိတာ။ အဲဒီလို ေတာင္ေရာက္ေျမာက္ေရာက္အေတြးေတြကို လက္ေခ်ာင္းေလးေတြနဲ႕မတင္ျပီး ေဆာင္းပါးတစ္ပုဒ္အျဖစ္ ပံုေဖာ္ရတာက လက္အဝင္ဆံုးပါပဲ။ ကလက္တက္တက္လည္း မျဖစ္ရဘူး၊ ရမ္းသန္းမွန္းသန္းေရးထားတာလည္း မျဖစ္ရဘူး၊ ၾကီးက်ယ္ခမ္းနားျပီး အသံုးမက်တဲ႕စာစုလည္း မျဖစ္ရဘူး၊ ေျပာသာေျပာလုိက္တယ္ ဖတ္သူရင္မွာ ဘာတစ္ခုမွ အသိပညာမရသြားဘူးဆုိတာလည္း မျဖစ္ရဘူး ဆုိတဲ႕ ကိုယ္ခ်ထားတဲ႕ေဘာင္ ကိုယ္တိုင္ဝင္ဖို႕လုပ္ရတာက စာတစ္တန္ေပတစ္တန္ေျပာရရင္ “ စာေရးတာဟာ အႏုပညာ တစ္ခုထက္မနိမ္႕တဲ႕အားထုတ္မႈကို ေပးရပါတယ္ “ လို႕ ညႊန္းဆိုပါရေစ။
.
.
မည္သုိ႕ပင္ျဖစ္ေစကာမူ “ သတင္းအသက္ တစ္မနက္ ” လို႕ ၾကားဖူးတာကိုလည္း ေမ႕မရႏုိင္ဘူး။ မ်က္ျမင္စာအုပ္ - Hard Copy ဆုိလည္း ျမန္မာလူငယ္ေတြက ဝယ္မဖတ္ၾကေတာ႕ဘူး။ မဂၢဇင္း နဲ႕ ဂ်ာနယ္ေတြက ေၾကာ္ျငာေတြခ်ည္းဆိုေတာ႕ ေဖ႕စ္ဘြတ္ခ္ မွာ လြတ္လပ္စြာ မွ်ေဝရင္း ပုိက္ဆံမရတဲ႕ “ Like ” မ်ားစြာကို ေမွ်ာ္မွန္းမိခဲ႕တယ္။ တစ္ဆက္တည္းမွာ ဖတ္သူ နဲ႕ ေရးသူ တုိ႕ၾကား ေဆြးေႏြးမႈေလးေတြကို ေျဖၾကားမိတယ္။ မသိလုိက္ဖာသာ နဲ႕ ကုိယ္႕စာကို လူပိုဖတ္လာေရးကို ပရိုမိုးရွင္းလုပ္လာမိတယ္ေပါ႕ဗ်ာ .. ျပီးခဲ႕တဲ႕ ( ၂ ) ႏွစ္ေလာက္က ေျပာတာပါ..။
.
အခုမွာေတာ႕ ေဖ႕စ္ဘြတ္ခ္ဟာ လူငယ္၊ လူၾကီးအရြယ္မ်ိဳးစံု ရဲ႕ “ ရင္ဖြင္႕ကြင္းျပင္ၾကီး ” ျဖစ္လာရံုမက မႏုသေပါက္ကြဲသံေတြကို အဆံုးထိဆက္ဖတ္လို႕မရႏုိင္ေလာက္ေအာင္ ျမင္ေတြ႕လာရတယ္။ အဆူအဆဲခံရလုိ႕စိတ္မညစ္နဲ႕ .. ကိုယ္႕ထက္အျဖစ္ဆုိးတဲ႕ကိစၥတစ္ခုခုေပၚလာရင္ “ ျပီးသြားျပန္ျပီ တစ္ကြက္ ” ..။ ကြ်န္ေတာ္ေျပာခ်င္တာက ဒါပါပဲ။ အခု ကြ်န္ေတာ႕စာကို အင္တာနက္ဖုိးအကုန္ခံျပီး မိနစ္ ( ၂ဝ ) ေလာက္ဖတ္ေပးေနရင္ကုိ ေက်းဇူးတင္လြန္းလွျပီ။ ေဖ႕စ္ဘြတ္ခ္ရဲ႕အသက္ ( ၂ ) ရက္ နဲ႕ ( ၁ ) မနက္ပဲရွိတာကို ကြ်န္ေတာ္သိေနမိတာကိုး..။
.
တစ္ကယ္ေတာ႕ အေမရိကားမွာ ရုပ္ရွင္မင္းသားေရာက္လာလည္း ဒါပဲ။ အဆိုေတာ္ေရာက္လာလည္း ဒါပဲ။ တီးဝုိင္းအဖြဲ႕ပညာရွင္ေရာက္လာလည္း ဒါပဲ။ ဆရာဝန္ေရာက္လာလည္း ထုိင္စားလို႕ မရျပန္ဘူး။ စာေရးဆရာမို႕လို႕လည္း နာရီစားအလုပ္ လုပ္ရတာပါပဲ။ ဘယ္သူ႕ကုိမွ ၾကီးျမတ္ေအာင္ ခ်ီးေျမွာက္မေနၾကဘူး။ ဘယ္သူကမွ ထူးျခားျပီး အထင္ၾကီးေနတာမ်ိဳး ရွိမေနၾကပါဘူး။
.
ခင္လ်က္
.
04-28-2016
.
.
.
Myanmar Unicode Version:
.
.
“ ဖေ့စ်ဘွတ်ခ်အသက် နှစ်ရက်နဲ့တစ်မနက် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဒီဆောင်းပါးကိုရေးဖို့ အားသွင်းထားတာကြာပြီ  တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးပြီးတိုင်းလည်း အသက် ငွေ့ငွေ့သာရှိတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က အများသူငါရေးတဲ့ Status တွေရဲ့သက်တမ်းကိုသိနေတော့ တစ်ခြား အကျိုးပြုစာတွေဘက်ကိုသာ ရောက်ရောက်သွားခဲ့တယ်။ အခုလည်းကြည့်လေ .. စာဖတ်သူက “ ဒီဆောင်းပါးအရှည်ကြီးလား ? ” ဆိုပြီး ဖုန်းအောက်ပိုင်းကို လက်မလေးနဲ့ဖိပြီး ကြည့်နေတယ်မဟုတ်လား? သိနေပါတယ်လေ..။
.
တစ်လောက ကုန်သည်ဘဝတုန်းက ကျေးဇူးရှိတဲ့ အစ်ကိုတစ်ယောက်ကို အလည်ရောက်လာတော့ နှင်းတောင်လိုက်ပို့ဖြစ်တယ်။ ကားမောင်းနေတုန်း သူကမေးတယ် “ မင်း ဘယ်လို စာရေးဖြစ်သွားတာလဲ ” တဲ့?
.
( ၂ဝ၁၂ ) ခုနှစ်မှာ မြန်မာနိုင်ငံတစ်ခေါက် ပြန်တယ်၊ ကိုယ်သိတဲ့ပညာရှာရာနည်းလမ်းတွေ၊ ကျောင်းတွေ ကောလိပ်အကြောင်းတွေ၊ သားသမီးပျိုးထောင်ပုံ ပျိုးထောင်နည်းတွေ နဲ့ နေ့စဉ်ပြောစကားမတူတဲ့နယ်မြေရပ်ဝေးမှာ ငွေထုတ်ထမ်းပြီးသွာတာတောင် ဘယ်လိုရုန်းကန်ပြီး ဘဝရပ်တည်ရတယ်ဆိုတာကို ( သိသလောက် တတ်သလောက် မတောက်တစ်ခေါက် ) ပြောပြဖို့ကို ဘယ်သူမှ နားမထောင်ချင်ဘူး။ ဘယ်မေးခွန်းမှမေးမယ့်သူမရှိဘူး။ သူတို့ရဲ့သား က နယူးယောက်က တက္ကသိုလ်မှာ ဆရာဝန်လိုင်းတက်နေတာ ဆိုတာ နဲ့ ငါ့သမီးလည်း နောက်လ အမေရိကားသွားတော့မှာဆိုတာတွေပဲ နားထောင်ပြီး ပြန်လာခဲ့ရတယ်။ ဒါနဲ့ ဒီဘက်မြေပြန်ရောက်ပြီး နောက်တစ်နှစ်လောက်နေတော့ ကိုယ်သိထားတာတွေကို အသိပညာဖြန့်ဝေဖို့ စာရေးပြီးပြောရတာပါပဲ .. လို့ ရှည်ရှည်ဝေးဝေးရှင်းပြတော့ သူက အော် .. သိပြီ .. “ ပြောချင်တာကို နားထောင်မယ့်သူမရှိလို့ စာရေးဆရာဖြစ်လာတာကိုး ” လို့ သုံးသပ်သွားပါတယ်။ အမှန်က ကျွန်တော်က စာရေးဆရာမဖြစ်သေးပါဘူး။ စာတိုမုတ်စရေးတဲ့ စာရေးသားသူတစ်ယောက်သာသာပါလို့ ပြန်ရှင်းပြမိတယ်။
.
.
မှန်ပါတယ်။ ကျွန်တော်ဟာ အဟောအပြောကောင်းဖို့ဝေးစွ .. စကားတစ်ခွန်းတောင် လေသံချောအောင်ပြောတတ်သူတစ်ယောက် မဟုတ်ပါဘူး။ ပြောတဲ့စကားတစ်ခွန်းတစ်ခွန်းကလည်း “ ကုလား ( ၅ ) ယောက်ထမ်းလာတာကမှ သူ့ထက်ပေါ့ဦးမယ် ” လို့ သုံးသပ်သူလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကုန်သည်ဘဝက ငွေရှင်ကြေးရှင်ဆိုတော့ ဆက်ဆံရေးက ပိုဆိုးတယ်။ အပေါက်ကလည်း ကြမ်းတယ်။ ငွေလည်းပေးဝယ်ရသေးတယ် .. ဟောက်လည်း ဟောက်ငမ်းသေးတယ်လို့ ပြောသူလည်း ရှိသပ..။ ဒါပေမယ့် အရောင်းအဝယ်သမားပေမို့ ဝယ်သူရဲ့အလိုလာဘ နဲ့ ဈေးကွက်ရဲ့ရနိုင်ခြေကို ဘယ်တုန်းကမှ ကျွန်တော်မျက်ခြေအပြတ်မခံခဲ့ပါဘူး။ ကဲပါလေ .. စာရေးဖြစ်လာရခြင်းဘက်ကို ပြန်သွားရအောင်..။
.
ဒါနဲ့ ကျွန်တော် စာပေဟောပြောပွဲတွေကိုပြန်လွှင့်ပေးတဲ့စာမျက်နှာ တစ်ခု နဲ့ တရားလွှင့်ပေးတဲ့စာမျက်နှာတို့ကို စလုပ်ဖြစ်တယ်။ ဒီကနေ ဖေ့စ်ဘွတ်ခ် ကို သင်ရတာ ( ၆ ) လလောက်ကြာတယ်။ နောက်မှ Google မှာ Blog ဆိုတာကို စလုပ်ဖြစ်တဲ့အချိန် မြန်မာလိုရေးတဲ့ဘလော့ဂ်ပေါ်မှာ စာဖတ်သူမှေးမှိန်ချိန်နဲ့ တည့်တည့်တိုးနေတယ်။ ဒါကိုလည်း လေ့လာရတာ ( ၂ ) လလောက်အကြာမှာ မှတ်မှတ်ရရ ( ၂ဝ၁၃ ) သင်္ကြန်ပြီးချိန် The Hot News Weekly က ပထမဦးဆုံးစာမူကို ဖော်ပြခံရတယ်။ ကျွန်တော် ရင်ခုန်လိုက်ရတာ .. ဇနီးကိုပြ၊ သမီးကိုပြ၊ သားကိုပါ ဖတ်ခိုင်း နဲ့ တစ်သက်လုံး ကိုယ်ရေးတဲ့စာကို ဘယ်ပုံနှိပ်ပေါ်မှာမှ မပါဖူးဘူးပဲကိုး..။
.
.
ပထမဦးဆုံး အွန်လိုင်းပေါ်ကနေ ဂျာနယ်တွေဖတ်ရာက အင်တာနက်ဂျာနယ်ကို မိတ်ဆက်တယ် .. ရက် ( ၂ဝ ) လောက်ကြာလည်း အကြောင်းပြန်စာမလာဘူး။ ဒါနဲ့ အီးမေးလ်ပို့ထပ်မေးတော့ စကားပြော “ တယ်။ ” နဲ့ ရေးလို့ မထည့်ပေးနိုင်ပါဘူး၊ သတင်းစာမှာလို “ သည်။ ” နဲ့ ရေးမှ ဖော်ပြပေးနိုင်ပါမယ် တဲ့။ ဒါပေမယ့် သူတို့ရဲ့နောက်တိုက်ခွဲတစ်ခုကထုတ်တဲ့ ဂျာနယ်ကိုပြပေးကြည့်မယ်လို့ပြောတာ ပျောက်သွားပြန်တယ်။ ဒါနဲ့ ရှိတဲ့ဂျာနယ်အီးမေးလိပ်စာတွေ အကုန်ရှာ၊ အီးမေးလ်ပို့ပေမယ့် စာမူရောက်ရှိကြောင်းအကြောင်းပြန်တာ တစ်ခါမှ မကြုံခဲ့ရဘူး။ နောက်တော့ Auto World က ကားအကြောင်း တစ်ပုဒ်ယူသုံးတယ်။ ဈေးကွက်ဂျာနယ်က ( ၅ ) ပုဒ်၊ ကုမုဒြာက ( ၁ ) ပုဒ် ယူသုံးကြတယ်။
.
သူတို့ဂျာနယ်မှာပါတယ်သာပြောတာ ( က ) ပါမယ်မှန်း ပယ်မယ်မှန်း ကြိုမသိရဘူး ( ခ ) မသုံးဘူးလားလို့မေးရင် အီးမေးလ် မပြန်တော့ဘူး ( ဂ ) ယူသုံးမသုံး အတည်ပြုချင်ပေမယ့် ဘယ်လိုမှ မေးလို့မရဘူး။ သူတို့ဖြေတာက စာမူတိုက်ရဲ့ပေါ်လစီအရ ပါမယ် မပါဘူးဆိုတာ ကြိုပြောလို့မရပါဘူး တဲ့။ စာမူခထုတ်လို့ရမလားလို့မေးတော့ တိုက်မှာလာထုတ်ခိုင်းလိုက်ပါလို့ပြောတယ်။ စဉ်းစားကြည့်ပါဦးဗျာ ..။ ကိုယ့်ဆောင်းပါတစ်ပုဒ်အရွေးခံထားရတဲ့ စာမူတိုက်ကို ရေးခ ငွေ ( ၇ဝဝဝ ) ကျပ် ရဖို့ ဘယ်သူ့ကို တက္ကစီငှားပြီး သွားယူခိုင်းရမှာလဲဆိုတာ ကျွန်တော်ရှာမရခဲ့ဘူး။
.
.
နောက်တော့ The Hot News မှာ အကြီးတန်းအယ်ဒီတာဖြစ်လာတဲ့ ( ကွယ်လွန်သူ - နိုင်/ကျဉ်းသား ) ကိုဂျော်လီထွန်းကို ဆောင်းပါး ( ၁၄ ) ပုဒ်စာငွေထုတ်ခိုင်းပြီး ရုပ်ရှင်မင်းသားဦးကျော်သူ နာမှုကူညီရေးအသင်းကို အကုန်သွားလှူခိုင်းလိုက်ပါတယ်။ နည်းနည်းစီယူသုံးထားတဲ့ စာမူတိုက်တွေဟာ ကျွန်တော့နား စာမူလည်းဆက်မတောင်းသလို ကျွန်တော်လည်း မပို့ဖြစ်တော့ဘူး။ တစ်နည်းအားဖြင့် ငွေအကြောင်း ကျွန်တော်မပြောသလို သူတို့လည်း ကျွန်တော့ကို ငွေပေးဖို့ သတိမရကြဘူး။
.
NetGuide ကို စာမူတိုက်နဲ့ဆက်သွယ်ရခက်ခဲတဲ့ မကြိုက်နှစ်သက်တာတွေကို ဆွေးနွေးဖြစ်တယ်။ သူ့ဘက်က လိုက်လျောပြီး အဲဒီကနေ ကျွန်တော့ဆောင်းပါးတွေ ဆက်တိုက်ပါလာတယ်။ နောက်ပိုင်းမှာ ကိုမိုးသန်းချစ်က ဆက်သွယ်လာလို့ သူငယ်ချင်းတစ်ယောက်ရဲ့ဘဝမှန်ပြောပြသမျှကိုရေးထားတဲ့ “ တိုးနီ ရဲ့ အမေရိကန်အိပ်မက် ” ကို Real Lives and Real Stories မှာ ပေးသုံးဖြစ်တယ်။ သူက မဂ္ဂဇင်းထုတ်တာ ( ၂ ) လ တစ်ခါဆိုတော့ ဆက်တိုက်ဖတ်နေသူနဲ့ အချိတ်အဆက်လိုတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ် ပေါ်တက်ပြီး ကိုးယိုးကားယားမင်းသားတက်လုပ်ရင်း အခု ဒီဘဝရောက်လာတာပါပဲ။
.
.
ကျွန်တော် ဒီအကြောင်းတွေကို မချွင်းမချန်ပြောနေရတဲ့အကြောင်းက အချက် ( ၂ ) ချက်ရှိပါတယ်။ ပထမတစ်ချက်က နိုင်ငံတကာကနေစာရေးတယ်ဆိုတာ ငွေရဖို့အဓိကမဟုတ်ဘူး ဆိုတဲ့အချက်ပါ။ ဒါကို ဆက်ရှင်းရရင် ကြီးကျယ်တယ်လို့မထင်လိုက်ပါနဲ့ .. စာမူတစ်ပုဒ်ရေးခရဖို့ အမေရိကားမှာ ဘယ်နှစ်နာရီမှအလုပ်လုပ်ဖို့မလိုပါဘူး .. ဒါပေမယ့် ဒီစာတစ်ပုဒ်ကို လက်ပေါ်တင်ဖတ်ဖို့အဆင့်ရောက်အောင် ရက်ပေါင်းများစွာ စဉ်းစားရပါတယ်။
.
ကျွန်တော်ပြောချင်တဲ့ဒုတိယအချက်က ဒါပါပဲ။ စာရေးဖူးသူတိုင်းသိကြမယ် .. စာရေးတာထက် စဉ်းစားရတာ ပိုခက်တယ်ဆိုတာ။ အဲဒီလို တောင်ရောက်မြောက်ရောက်အတွေးတွေကို လက်ချောင်းလေးတွေနဲ့မတင်ပြီး ဆောင်းပါးတစ်ပုဒ်အဖြစ် ပုံဖော်ရတာက လက်အဝင်ဆုံးပါပဲ။ ကလက်တက်တက်လည်း မဖြစ်ရဘူး၊ ရမ်းသန်းမှန်းသန်းရေးထားတာလည်း မဖြစ်ရဘူး၊ ကြီးကျယ်ခမ်းနားပြီး အသုံးမကျတဲ့စာစုလည်း မဖြစ်ရဘူး၊ ပြောသာပြောလိုက်တယ် ဖတ်သူရင်မှာ ဘာတစ်ခုမှ အသိပညာမရသွားဘူးဆိုတာလည်း မဖြစ်ရဘူး ဆိုတဲ့ ကိုယ်ချထားတဲ့ဘောင် ကိုယ်တိုင်ဝင်ဖို့လုပ်ရတာက စာတစ်တန်ပေတစ်တန်ပြောရရင် “ စာရေးတာဟာ အနုပညာ တစ်ခုထက်မနိမ့်တဲ့အားထုတ်မှုကို ပေးရပါတယ် “ လို့ ညွှန်းဆိုပါရစေ။
.
.
မည်သို့ပင်ဖြစ်စေကာမူ “ သတင်းအသက် တစ်မနက် ” လို့ ကြားဖူးတာကိုလည်း မေ့မရနိုင်ဘူး။ မျက်မြင်စာအုပ် - Hard Copy ဆိုလည်း မြန်မာလူငယ်တွေက ဝယ်မဖတ်ကြတော့ဘူး။ မဂ္ဂဇင်း နဲ့ ဂျာနယ်တွေက ကြော်ငြာတွေချည်းဆိုတော့ ဖေ့စ်ဘွတ်ခ် မှာ လွတ်လပ်စွာ မျှဝေရင်း ပိုက်ဆံမရတဲ့ “ Like ” များစွာကို မျှော်မှန်းမိခဲ့တယ်။ တစ်ဆက်တည်းမှာ ဖတ်သူ နဲ့ ရေးသူ တို့ကြား ဆွေးနွေးမှုလေးတွေကို ဖြေကြားမိတယ်။ မသိလိုက်ဖာသာ နဲ့ ကိုယ့်စာကို လူပိုဖတ်လာရေးကို ပရိုမိုးရှင်းလုပ်လာမိတယ်ပေါ့ဗျာ .. ပြီးခဲ့တဲ့ ( ၂ ) နှစ်လောက်က ပြောတာပါ..။
.
အခုမှာတော့ ဖေ့စ်ဘွတ်ခ်ဟာ လူငယ်၊ လူကြီးအရွယ်မျိုးစုံ ရဲ့ “ ရင်ဖွင့်ကွင်းပြင်ကြီး ” ဖြစ်လာရုံမက မနုသပေါက်ကွဲသံတွေကို အဆုံးထိဆက်ဖတ်လို့မရနိုင်လောက်အောင် မြင်တွေ့လာရတယ်။ အဆူအဆဲခံရလို့စိတ်မညစ်နဲ့ .. ကိုယ့်ထက်အဖြစ်ဆိုးတဲ့ကိစ္စတစ်ခုခုပေါ်လာရင် “ ပြီးသွားပြန်ပြီ တစ်ကွက် ” ..။ ကျွန်တော်ပြောချင်တာက ဒါပါပဲ။ အခု ကျွန်တော့စာကို အင်တာနက်ဖိုးအကုန်ခံပြီး မိနစ် ( ၂ဝ ) လောက်ဖတ်ပေးနေရင်ကို ကျေးဇူးတင်လွန်းလှပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့အသက် ( ၂ ) ရက် နဲ့ ( ၁ ) မနက်ပဲရှိတာကို ကျွန်တော်သိနေမိတာကိုး..။
.
တစ်ကယ်တော့ အမေရိကားမှာ ရုပ်ရှင်မင်းသားရောက်လာလည်း ဒါပဲ။ အဆိုတော်ရောက်လာလည်း ဒါပဲ။ တီးဝိုင်းအဖွဲ့ပညာရှင်ရောက်လာလည်း ဒါပဲ။ ဆရာဝန်ရောက်လာလည်း ထိုင်စားလို့ မရပြန်ဘူး။ စာရေးဆရာမို့လို့လည်း နာရီစားအလုပ် လုပ်ရတာပါပဲ။ ဘယ်သူ့ကိုမှ ကြီးမြတ်အောင် ချီးမြှောက်မနေကြဘူး။ ဘယ်သူကမှ ထူးခြားပြီး အထင်ကြီးနေတာမျိုး ရှိမနေကြပါဘူး။
.
ခင်လျက်
.
04-28-2016


No comments: