ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, March 18, 2018

အင္တာဗ်ဴးအလြန္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

.          အင္တာဗ်ဴးတစ္ခုျပီးသြားတိုင္း စဥ္းစားတယ္ . . ဒါကိုလုပ္လို႕ ကြ်န္ေတာ္ဘာရသလဲလို႕ . .။ သူမ်ားေတြေျပာသလို အရည္မရ အဖတ္မရ၊ အေရးမပါတာေတြလုပ္ေနတာလို႕ထင္ၾကပါေစ . . ကြ်န္ေတာ္က "အသိပညာေလာဘ" ၾကီးတယ္ ခင္ဗ် ..။
.
.        ဆက္ေျပာရရင္ ကြ်န္ေတာ္သိခ်င္သမွ်ကုိအေျဖရဖို႕ စာအုပ္ေတြအကုန္လိုက္မဖတ္ႏို္င္ပါ။ ၾကံဳရသမွ်အခက္အခဲေတြကုိ
စိတ္ေနစိတ္္ထားမွန္မွန္နဲ႕ရွင္းတတ္ဖို႕ စားက်က္ေတာရဲ႕ပန္းရိုင္းေျမမွာ အေျခမက်တဲ႕စိတ္ကုိျငိမ္ေနေအာင္ထိန္းထားဖို႕ ကြ်န္ေတာ္မတတ္ႏုိင္ပါ။ ဒါေၾကာင္႕ အေျဖရွိႏုိင္သူေတြကိုေမးရင္း ဥာဏ္အလင္းရွာရတယ္။ ျပန္တည္ေဆာက္ရတယ္။ ကိုယ္နဲ႕အျဖစ္တူသူ လူမ်ားတကာေတြကို ျပန္လည္မွ်ေဝခ်င္လာတယ္။ ဒီကေန အင္တာဗ်ဴးဆုိတာ ျဖစ္တည္လာခဲ႕တယ္။
.
.
.          ခ်စ္မိတ္ေဆြေတြေတာ႕မသိဘူး . . ကြ်န္ေတာ္ေတာ႕ အေျဖမရတဲ႕၊ ေျဖရခက္တဲ႕ပုစၦာရဲ႕တြက္ပံုတြက္နည္းကိုအနီးစပ္ဆံုးခ်ည္းကပ္မိတဲ႕အခါ သိပ္ေပ်ာ္တာမိတာ အမွန္ပဲ။ ဒီအၾကပ္အတည္းနံရံရဲ႕အျခားတစ္ဖက္မွာ ဘာရွိသလဲဆိုတာ မွန္းဆႏုိင္တယ္။ ဒါ႕အျပင္ ကြ်န္ေတာ႕လို ေမွးမွိန္မွိန္ေငးေမာေနတဲ႕ ေလးပင္ပင္အေတြးသမားေတြဘယ္ႏွစ္ေယာက္ရွိမလဲဆုိတာ ကိုယ္ခ်င္းစာမိတယ္။ ဒါေၾကာင္႕ ဆက္လုပ္ခဲ႕တယ္။
.
.          အတုယူစရာေတြရဲ႕ေနာက္ပိုင္းမွာ လက္ေတြ႕အေကာင္အထည္ေဖာ္ရမယ္႕အရာေတြလိုက္ပါလာတယ္။ အင္တာဗ်ဴးေျဖေပးသြားသူတိုင္းက ကြ်န္ေတာ႕ကိုလက္ေဆာင္တစ္ခုထက္မက ေပးခဲ႕တာခ်ည္းပဲ။ ဒါကိုအသံုးခ်ဖို႕ အတင္းအၾကပ္မခိုင္းေစတဲ႕ေလာကၾကီးကို ျပန္လည္သိတတ္ရမယ္ . .  “ကြ်န္ေတာ္တာဝန္ေက်ခ်င္တယ္” ခင္ဗ် ..။
.
.          အင္တာဗ်ဴးအလြန္ဆုိတုိင္း ဘဝအေတြးေတြက ကြ်ံသြားလို႕မရဘူး။ နည္းပညာရွင္တစ္ေယာက္ေျပာခဲ႕သလို ဘဝရဲ႕အစက္ေလးေတြကို တစ္စက္ခ်င္းဆက္သြားရမယ္။ အေရွ႕ကိုတိုးဆက္လို႕မရတာ ဘဝရဲ႕ေကာက္ေၾကာင္းေတြပါပဲ။
.
.          ဒါေၾကာင္႕ သမိုင္းေၾကာင္းေကာင္းေအာင္ အလုပ္ေကာင္းမွကံေကာင္းမယ္ဆိုတဲ႕စကားအတုိင္း ေနာက္လူေတြေျခရာခံဖို႕ အစက္အေပ်ာက္ကေလးေတြကိုခ်န္ခဲ႕မယ္။ အေရွ႕ကအစက္ နဲ႕ ပစၥဳပၸန္အစက္တုိ႕တြဲဆက္ျပီး အနာဂါတ္တစ္သက္ကိုပံုေဖာ္ႏုိင္မႏိုင္ကေတာ႕ မိတ္ေဆြတို႕ရဲ႕သေဘာပါပဲ။ ကြ်န္ေတာ္ကေတာ႕ “သမိုင္းေရးရတာဝါသနာၾကီးတယ္” ခင္ဗ် ..။
.
.          ခင္လ်က္
.
.          ကုိညီညီ (ေတာင္ၾကီး)
.          03-18-18
.
.
Unicode Version:
.
.
.          "အင်တာဗျူးအလွန်"
.          အင်တာဗျူးတစ်ခုပြီးသွားတိုင်း စဉ်းစားတယ် . . ဒါကိုလုပ်လို့ ကျွန်တော်ဘာရသလဲလို့ . .။ သူများတွေပြောသလို အရည်မရ အဖတ်မရ၊ အရေးမပါတာတွေလုပ်နေတာလို့ထင်ကြပါစေ . . ကျွန်တော်က "အသိပညာလောဘ" ကြီးတယ် ခင်ဗျ ..။
.
.        ဆက်ပြောရရင် ကျွန်တော်သိချင်သမျှကိုအဖြေရဖို့ စာအုပ်တွေအကုန်လိုက်မဖတ်နို်င်ပါ။ ကြုံရသမျှအခက်အခဲတွေကို
စိတ်နေစိတ််ထားမှန်မှန်နဲ့ရှင်းတတ်ဖို့ စားကျက်တောရဲ့ပန်းရိုင်းမြေမှာ အခြေမကျတဲ့စိတ်ကိုငြိမ်နေအောင်ထိန်းထားဖို့ ကျွန်တော်မတတ်နိုင်ပါ။ ဒါကြောင့် အဖြေရှိနိုင်သူတွေကိုမေးရင်း ဉာဏ်အလင်းရှာရတယ်။ ပြန်တည်ဆောက်ရတယ်။ ကိုယ်နဲ့အဖြစ်တူသူ လူများတကာတွေကို ပြန်လည်မျှဝေချင်လာတယ်။ ဒီကနေ အင်တာဗျူးဆိုတာ ဖြစ်တည်လာခဲ့တယ်။
.
.
.          ချစ်မိတ်ဆွေတွေတော့မသိဘူး . . ကျွန်တော်တော့ အဖြေမရတဲ့၊ ဖြေရခက်တဲ့ပုစ္ဆာရဲ့တွက်ပုံတွက်နည်းကိုအနီးစပ်ဆုံးချည်းကပ်မိတဲ့အခါ သိပ်ပျော်တာမိတာ အမှန်ပဲ။ ဒီအကြပ်အတည်းနံရံရဲ့အခြားတစ်ဖက်မှာ ဘာရှိသလဲဆိုတာ မှန်းဆနိုင်တယ်။ ဒါ့အပြင် ကျွန်တော့လို မှေးမှိန်မှိန်ငေးမောနေတဲ့ လေးပင်ပင်အတွေးသမားတွေဘယ်နှစ်ယောက်ရှိမလဲဆိုတာ ကိုယ်ချင်းစာမိတယ်။ ဒါကြောင့် ဆက်လုပ်ခဲ့တယ်။
.
.          အတုယူစရာတွေရဲ့နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ရမယ့်အရာတွေလိုက်ပါလာတယ်။ အင်တာဗျူးဖြေပေးသွားသူတိုင်းက ကျွန်တော့ကိုလက်ဆောင်တစ်ခုထက်မက ပေးခဲ့တာချည်းပဲ။ ဒါကိုအသုံးချဖို့ အတင်းအကြပ်မခိုင်းစေတဲ့လောကကြီးကို ပြန်လည်သိတတ်ရမယ် . .  “ကျွန်တော်တာဝန်ကျေချင်တယ်” ခင်ဗျ ..။
.
.
.          အင်တာဗျူးအလွန်ဆိုတိုင်း ဘဝအတွေးတွေက ကျွံသွားလို့မရဘူး။ နည်းပညာရှင်တစ်ယောက်ပြောခဲ့သလို ဘဝရဲ့အစက်လေးတွေကို တစ်စက်ချင်းဆက်သွားရမယ်။ အရှေ့ကိုတိုးဆက်လို့မရတာ ဘဝရဲ့ကောက်ကြောင်းတွေပါပဲ။
.
.          ဒါကြောင့် သမိုင်းကြောင်းကောင်းအောင် အလုပ်ကောင်းမှကံကောင်းမယ်ဆိုတဲ့စကားအတိုင်း နောက်လူတွေခြေရာခံဖို့ အစက်အပျောက်ကလေးတွေကိုချန်ခဲ့မယ်။ အရှေ့ကအစက် နဲ့ ပစ္စုပ္ပန်အစက်တို့တွဲဆက်ပြီး အနာဂါတ်တစ်သက်ကိုပုံဖော်နိုင်မနိုင်ကတော့ မိတ်ဆွေတို့ရဲ့သဘောပါပဲ။ ကျွန်တော်ကတော့ “သမိုင်းရေးရတာဝါသနာကြီးတယ်” ခင်ဗျ ..။
.
.          ခင်လျက်
.
.          ကိုညီညီ (တောင်ကြီး)

.          03-18-18

No comments: