ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
|
ကျွန်တော့နာမည်ဖေ့စ်ဘွတ်ခ် ၊ အများကခေါ်တော့
ဖေ့ဘုတ် လို့လဲ ခေါ်တယ် ၊ နေတာ က ဟဲ .. ဟဲ . .
အမေရိကားမှာ ဗျ ၊ မင်လိုပန်းခြံ လို့ခေါ်တဲ့နေရာ ဟာ ကျွန်တော့အိမ်ပဲ ၊ အိမ်ရောက်ဖို့ဆို
တံတားတစ်ခုကိုဖြတ်ရတယ် ၊ နာမယ်က ဒန်ပါတန် တံတားလို့ခေါ်တယ် ဆိုလားပဲ ၊ ကျွန်တော်ကတော့
စိတ်မဝင်စားပါဘူး ၊ လာချင်တဲ့သူလာ ထွက်ချင်တဲ့သူထွက် ကျွန်တော်နဲ့မဆိုင် ၊ ကျွန်တော့အလုပ်က
လူမှုရေးတွေ မျှပေးမယ် ၊ ဆွေးနွေးမယ် ၊ လူတွေက ဘယ်လိုမှန်းကို မသိဘူး ၊ အလကားနေရင်း
ကျွန်တော့ဆီမှာ လာလာ “ Share ” နေကြတာပဲ ၊ ကိုယ့်ဖာသာကိုယ်တော့ မရေးကြဘူး ၊ တင်လိုက်ကြတဲ့ဓါတ်ပုံတွေ
ရိုက်လိုက်ကြတဲ့ လှုပ်ရှားမှု Clip တွေ ၊ တစ်ခါတစ်လေ ညီအစ်ကိုမောင်နှမ မမြင်သင့်တာတွေကော
တင်သဗျ ၊ ကျွန်တော် က ဘာပြောလို့ရမလဲ ၊ ဟုတ်တယ်လေ စဉ်းစားကြည့် လူတစ်ခု ကံတစ်ခု မဟုတ်လား
၊ ဒါပေမယ့် လူတစ်ခု ဖေ့စ်ဘွတ်ခ် အကောင့် အများကြီးရှိတာ ခင်များတို့ ဘယ်လိုပြောမလဲ
၊ ကဲ ထပ်ကြည့်လိုက်ဦး ကျုပ်ပြောလို့ရသလားလို့ ၊ ဟွန်း .. ပြောရင်း ပြောရင်း နည်းနည်းတောင်
တင်းလာပြီ ၊ ဥပမာ - ဦးဘ ဆိုတဲ့အကောင့်က ဦးဘ ဟုတ်လို့လား ၊ ဦးရဲထွဋ် အကောင့်ကတော့
ဦးရဲထွဋ် အမှန်လို့ပြောတာပဲ ၊ အေးဟုတ်တယ် သူမှ သူအစစ်ပါ ၊ သူတင်တဲ့ ပို့စ်အောက်မှာ
ဘာရေးရေး ဘယ်လောက်နာအောင်ပြောပြော သူဘာမှ ပြန်မပြောဘူး မဖြုံဘူး ၊ ဒါဆိုသေချာသလောက်ရှိတယ်
၊ မြန်မာတစ်နိုင်ငံလုံးရဲ့အသံကို ပါးစပ်တစ်ပေါက်တည်း
ကို ဝ, ကွက် အပ်ထားတဲ့ အရေခွံထူ စပီကာ ဆိုတာ ဖြစ်နိုင်ခြေအများကြီးရှိတယ် ။
မရှေးမနှောင်း ဖွားဘက်တော်တွေအကြောင်းပြောမလို့ခင်ဗျ
။ ရှူးရှူးရှဲရှဲ နဲ့ ကြော်ငြာတွေ အင်မတန်ရတဲ့ “ ဂူးဂဲလ် ” လေ သိတယ် မလား ၊ ကျွန်တော့်အိမ်နဲ့
( ၆ ) မိုင်ပဲ ဝေးတယ် ၊ သူနေတဲ့ နေရာက တောင်ပေါ်မဟုတ်တဲ့ တောင်ပေါ်နာမည် ( ရှုပ်သွားလား
) နာမယ်က “ တောင်ပေါ်ရှုခင်းမြို့ ” တဲ့ ၊ ဒါပေမယ့် မြေပြန့်မှာ ၊ " မောင်းတင်းဗျူး " လို့ခေါ်တယ်လို့ပြောတာပဲ
၊ သိပါပြီ " ဆန်တာခရု " တောင်ပေါ်က ကြည့်ရင် မြင်ရတဲ့ ရှုခင်းကောင်း လှလှလေးမို့လို့ ဒီနာမယ်ပေးထားတယ်လို့ပြောတာပဲ
၊ ဒီကောင့် နာမယ်က အရင် အစကတည်းက အမှားကြီးဗျ ၊ ဖြစ်ရမှာက “ ဂူးဂေါ်လ် ” ၊ မွေးစာရင်းသွင်းဖို့တင်လိုက်တော့
ဂူးဂဲလ် ဖြစ်သွားတာ ပြင်လို့မရတော့ဘူး ၊ ဒီနာမည်အမှားကြောင့်ပဲ ဒီအမွှာ ( ၂ ) ကောင်
အောင်မြင်တာလားမသိ ၊ ကျုပ်ကတော့ အကုသိုလ်မပွားပါဘူးဗျာ ၊ သူ့ကံ နဲ့ သူလာတာ ဟုတ်တယ်ဟုတ်
။ အဲဒီမြို့မှာ ဂေါ်ဇီလာ မဟုတ်ဘူးနော် မြေခွေးကမ္ဘာလုံး လို့ လူသိများတဲ့ မော်ဇီလာဖောင်ဒေးရှင်း
က ထုတ်တဲ့ “ ဖိုင်းယားဖောက်စ် ” ရှိတယ် ၊ ဟို
ပိုးသတ်ဆေးရောင်းတဲ့ကောင်လည်းရှိတယ် ၊ အင်တီဗိုင်းရပ်စ် ဆိုလား ဘာလား နာမည်ကြီး “ နော်တန် ” လေ .. မြန်မာပြည်မှာ စီဒီတစ်ချပ်
( ၆ဝဝ ) နဲ့ ဝယ်ပြီး ကွန်ပျူတာထဲထည့်ရတာလေ ၊ သူရှိနေရင် အပြင်က ရောဂါမကူးဘူးပေါ့ (
သူ့ရောဂါက လွဲရင် ) ။
ကဲ
နောက်တစ်ခု ။ အင်တာနက် မူလလက်ဟောင်း ငယ်သံပါအောင်အော်တဲ့ အစ်ကိုကြီး “ ရဟူး ” - ရာဟူး
မဟုတ်ဘူးနော် ၊ ဒီက ဘိုတွေ တစ်ခုခုဆို အားရပါးရကြွေးကြော်တဲ့အသံကိုယူထားတာ ၊ ထွက်လာကတည်းက
သူက မြည်သံစွဲလင်္ကာ နဲ့ နာမည်ပေးထားတာလို့ပြောတာပဲ ၊ ၁၉၉၅ ပတ်လည်လောက်ကဆို ကျွန်တော်ဘယ်မွေးဦးမလဲ
သူပဲရှိတာ ၊ သူ့ပလက်ဖောင်းပေါ်မှာ ကျွန်တော်တို့ ဘိုးအေ တွေ နောက်ပေါက်တဲ့ ရွှေကြာပင်တွေဆိုတာ
ပြေးလွှားဆော့ကစား ကလိလာခဲ့ကြတာ ပျော်စရာကြီးပေါ့ ၊ ကျွန်တော်နဲ့ ( ၁၁ ) မိုင်ဝေးပြီး
နေသာလွင်ပြင် လို့ခေါ်တဲ့ “ ဆန်နီဗေးလ် ” မှာသူနေတယ် ၊ အခုတော့ အိမ်ကြီးရှင်ပြောင်းသွားပြီ
အိမ်ရှင်ဘွားတော်ကြီးဖြစ်သွားပြီ ၊ အဲဒီဘွားတော်ကြီး လက်ထက်မှ စီးပွားအတော်တက်လာတယ်
တဲ့ … အများက ပြောကြတာပဲ ။
အိုင်းဇက်နယူတန် ဘယ်အပင်က က ပန်းသီးကြွေကျတာကို
မြင်ပြီး ဖော်မြူလာ ရသွားတာလဲ မသိဘူး ၊ ကျွန်တော်သိတဲ့ တစ်ဖဲ့ကိုက်ခံထားတဲ့ “ ပန်းသီး
” က ကျုပ်အိမ်နဲ့ ( ၁၄ ) မိုင် ခွဲ ဝေးသဗျ ၊ သူ့ခမျာ သနားပါတယ် .. အဖေဆုံးသွားလို့
ပထွေးနှိပ်စက်တာ ခံနေရရှာတယ် ၊ နောက်အဖေလည်းကောင်းပါတယ် ၊ တစ်ခု ခက်တာက သူက လူရှေ့ကို
တစ်နှစ်လုံးမှ ( ၂ ) ခေါက်လောက်ထွက်တာလေ ၊ အိမ်ကတော့ အိမ်ကြီး အိမ်ကောင်းပါဗျာ ၊ သူနေတဲ့နေရာက
အဓိပ္ပာယ်အမျိုးမျိုးဆောင်တော့ ကျွန်တော်ပြောမှားသွားရင် ကိုယ့်ဖာသာကိုယ်ပြင်လိုက်ကြ
၊ ( ၂ဝ ) ရာစုနှစ်မတိုင်ခင်က အနောက်ဘက်ခြမ်း လို့ အမည်ရတဲ့ “ ဝက်စ်ဆိုက် ” ကို နာမည်ပြောင်းလိုက်တဲ့
လူကုန်ထံရပ်ကွက် “ ကူပထီးနို ” မှာနေတာ ၊ အီတာလျံလို “ သေးငယ်တဲ့နားခိုရာလေး ” လို့
အဓိပ္ပာယ်ထွက်တယ်လို့ ပြောကြတယ် ၊ သေးတယ်ဆိုပြီး အထင်မကြီးနဲ့ဗျို့ ၊ သူ့အိမ်က ပစ္စည်းတွေက
အမှတ်တံဆိပ်မှတ်မိတဲ့ကုမ္ပဏီအုပ်စုမှာ ထိပ်ဆုံးမှာရှိတယ် .. ပေါ့သေးသေးမဟုတ်ဘူး ၊ ပြီးတော့
အမေကြီးကား သူဋ္ဌေးရပ်ကွက် လူဦးရေ ( ၅ဝဝဝဝ ) ရှိတဲ့ အချမ်းသာဆုံးထဲမှာ အဆင့် ( ၁၁ )
တဲ့ခင်များ ၊ ငွေအကြောင်းတော့မပြောနဲ့ သူ့ပိုငွေက အစိုးရထက်ချမ်းသာတယ် ၊ လူတွေ တစ်နေ့တစ်ရက်
ရေမသောက်ရင်သာနေမယ် ပန်းသီးပစ္စည်းမသုံးတဲ့သူ မရှိသလောက်ရှားတယ် ၊ ခင်များတို့စဉ်းစားကြည့်
.. ဘယ်လောက်ထိ ကဲ ကြလဲဆိုတာ ၊ ပန်းသီးယျဉ်ကျေးမှု တဲ့ ၊ ပန်းသီးချစ်သူများ တဲ့ ၊ အေးပါ
.. ဟုတ်တော့ဟုတ်ပါတယ် .. သူ့ အွန်လိုင်းစတိုး “ အက်ပဲ အီကို စစ္စတမ် ” ကို မှီတဲ့သူ
ဘယ်သူမှမရှိသေးဘူးလေ ၊ ဒါကြောင့်လဲ သူလေကျယ်နိုင်တာပေါ့ ။
ခင်များတို့
ကျုပ်ဆီလာဖို့ လေယျာဉ်စီးလာရင် ဆင်းတဲ့လေဆိပ်လေ သိတယ်မလား ၊ ဆန်ဖရန် လေ .. အေး - အဲဒီမြို့က
ငှက်ကလေးတစ်ကောင်အကြောင်းလည်းပြောပြရဦးမယ် ၊ သူ့မွေးနေ့က ကျွန်တော့ထက် ( ၂ ) နှစ်နောက်ကျတယ်
၊ ဒီကောင် နောက်မှလိုက်လုပ်ပေမယ့် သူ့စံနစ်က တစ်မျိုးပဲ ၊ စာလုံးရေ ( ၁၄ဝ ) ကျော်လို့မရဘူး
၊ ဟဲ ဟဲ .. ကျွန်တော့ဆီမှာ ခင်များတို့ ကြိုက်သလောက်ရိုက် ၊ စာလုံးတွေတင်မကဘူး ၊ ဓါတ်ပုံတင်မလား
ဗွီဒီယိုကလစ်တင်မလား အကုန်ရတယ် - ခင်များတို့ကြိုက်တယ်မလား ၊ သူ့ဆီမှာ “ ပွား
” တာကို “ ရှယ် ” ရင် ရှယ်တယ်ပေါ့ အခုတော့မဟုတ်ဘူး
.. ဘာတဲ့ ငှက်ကလေး ကျူသာသာ အသံ “ တွိ ” လုပ်တယ်တဲ့ ၊ တော်သေးတာပေါ့ “ ထွီ ” လို့အသံမထွက်လို့
။
ကျွန်တော့ကို သုံးစွဲသူ သန်းပေါင်း (
၁၂၈ဝ ) ရှိတယ်ဗျ ၊ မိုက်တယ်နော် ၊ အိန္ဒိယနိုင်ငံလူဦးရည်ထက် ( ၁ဝ ) သန်း ပိုသေးတယ်
၊ သိတယ်မလား ဖေ့စ်ဘွတ်ခ် လေ ၊ ချာတိတ်လေးမှ မဟုတ်တော့တာ ၊ ပြီးတော့ မော်ဒယ် ဖက်ရှင်
ဒီဇိုင်းတွေ ပွစိပေါက်နေတဲ့ အမေကြီးကားအရှေ့ဖက်ခြမ်းမှာ ကျွန်တော်မနေဘူး ၊ အိမ်ငှားလေးတွေတော့ရှိတာပေါ့
၊ ဒီ အနောက်ဘက်ခြမ်းမှာ နည်းပညာတွေစုံတဲ့ ဆီလီကွန်တောင်ကြား ဆိုတာ ကြားဖူးတယ် မဟုတ်လား
၊ ကျွန်တော်တို့ မြီးကောင်ပေါက်တွေ ဒီနားမှာ စုနေတယ် ၊ ရာသီဥတု မျှတယ် ၊ ခင်များတို့ဆီက
“ မေမြို့ ” နဲ့ အတူတူလောက်ပဲ ၊ ဒီတစ်ပြည်နယ်လုံးကို အရင်က စပိန်ကိုလိုနီ ကျွန်ပြုခဲ့တာ
၊ အဲဒါကို ( ၁၈ ) ရာစု မက္ကစီကိုနိုင်ငံ လွတ်လပ်ရေးရတော့ သူ့လက်အောက်ပါသွားရော ၊ အဲဒါနဲ့
ဘယ်နှစ်ခုနှစ်မှာလဲ မသိပါဘူး ၊ အမေကြီးကား က စစ်ပြန်တိုက်တာ မနိုင်နိုင်တော့ ငွေ နဲ့
မြေ တွေ တွက်ချက်ပြီး ကယ်လီဖိုးနီးယား ကို ဝယ်လိုက်တာ တဲ့ ၊ အံ့ရော .. ဒီလောက်ချမ်းသာကြတယ်နော်
၊ တိတ်တိတ်လေးလည်းနေကြဦး ၊ မြေ ဆိုတဲ့အသံကြားရင် ဆွေ့ဆွေ့ခုန် စိတ်ဝင်စားတဲ့သူတွေကြားသွားလို့
ဒုက္ခရောက်နေဦးမယ် ။
ဒါကြောင့် ဆီလီကွန်တောင်ကြား မြို့ ရဲ့ နာမယ်ရင်း က SAN JOSE ၊ ဒါပေမယ့် “ ဆန်ဂျိုးစ် “ လို့ မဖတ်ဘူး ၊ “ ဆန်ဟိုဆေး “ လို့ဖတ်တယ် ၊ အဓိပ္ပာယ် က စိန့်ဂျိုးဇက် ဘုန်းကြီး ရဲ့ နာမည်ကို ပေးထားတာ ၊ ဆန်ဖရန် ကနေ ဆန်ဟိုဆေး ပတ်လည်အထိကို ပင်လယ်အော်ဒေသ - BAY AREA လို့ ခေါ်သေးတယ် ၊ သြော် မေ့နေလို့ ကျွန်တော်နေတဲ့ နေရာကို လေယျာဉ်စီးမှ ရောက်တာမဟုတ်ဘူး ၊ ပစိဖိတ်သမုဒ္ဒရာ ကို အနောက်ဖက်တည့်တည့် သဘောင်္နဲ့လာရင်လည်းရောက်တယ်ဗျ ၊ ကဲ လေကြောနည်းနည်းရှည်သွားပြီ ၊ မားကက်တင်းဆင်းပါတော့မယ် ၊ သည်းခံပြီးဆက်နားထောင်ပေးပါ ၊ အလုပ်လည်းလုပ် အားလပ်ချိန်မှာ ကျွန်တော့ကိုအသုံးတော်ခံခိုင်း ၊ သူငယ်ချင်းတွေနဲ့ မျှဝေ ၊ ဓါတ်ပုံတွေကြည့် စာတွေ ရှယ် ပြီးရင် ကျွန်တော့ဆီမှာ ကြော်ငြာထည့် ဟုတ်ပြီလား ၊ သိပ်လဲ သုံးမနေနဲ့ဦး အလုပ်ရှင်သိသွားလို့ တော်ကြာအလုပ်ပြုတ်နေရင် ကျုပ်ကြောင့် ဖြစ်နေမယ် ၊ ကျုပ်ခေါ်တာမဟုတ်ဘူးနော် ၊ လူကြီးမင်းတို့ဖာသာ လာကြတာ ၊ တန်ရင်ဆေး လွန်ရင်ဘေး တဲ့နော ။
ဒါကြောင့် ဆီလီကွန်တောင်ကြား မြို့ ရဲ့ နာမယ်ရင်း က SAN JOSE ၊ ဒါပေမယ့် “ ဆန်ဂျိုးစ် “ လို့ မဖတ်ဘူး ၊ “ ဆန်ဟိုဆေး “ လို့ဖတ်တယ် ၊ အဓိပ္ပာယ် က စိန့်ဂျိုးဇက် ဘုန်းကြီး ရဲ့ နာမည်ကို ပေးထားတာ ၊ ဆန်ဖရန် ကနေ ဆန်ဟိုဆေး ပတ်လည်အထိကို ပင်လယ်အော်ဒေသ - BAY AREA လို့ ခေါ်သေးတယ် ၊ သြော် မေ့နေလို့ ကျွန်တော်နေတဲ့ နေရာကို လေယျာဉ်စီးမှ ရောက်တာမဟုတ်ဘူး ၊ ပစိဖိတ်သမုဒ္ဒရာ ကို အနောက်ဖက်တည့်တည့် သဘောင်္နဲ့လာရင်လည်းရောက်တယ်ဗျ ၊ ကဲ လေကြောနည်းနည်းရှည်သွားပြီ ၊ မားကက်တင်းဆင်းပါတော့မယ် ၊ သည်းခံပြီးဆက်နားထောင်ပေးပါ ၊ အလုပ်လည်းလုပ် အားလပ်ချိန်မှာ ကျွန်တော့ကိုအသုံးတော်ခံခိုင်း ၊ သူငယ်ချင်းတွေနဲ့ မျှဝေ ၊ ဓါတ်ပုံတွေကြည့် စာတွေ ရှယ် ပြီးရင် ကျွန်တော့ဆီမှာ ကြော်ငြာထည့် ဟုတ်ပြီလား ၊ သိပ်လဲ သုံးမနေနဲ့ဦး အလုပ်ရှင်သိသွားလို့ တော်ကြာအလုပ်ပြုတ်နေရင် ကျုပ်ကြောင့် ဖြစ်နေမယ် ၊ ကျုပ်ခေါ်တာမဟုတ်ဘူးနော် ၊ လူကြီးမင်းတို့ဖာသာ လာကြတာ ၊ တန်ရင်ဆေး လွန်ရင်ဘေး တဲ့နော ။
koko2yeye@gmail.com
" ကျွန်တော့နာမည် ဖေ့စ်ဘုတ် " စာမူသည် ၂ဝ၁၄ ခုနှစ် ၊ ဂျူလိုင်လ ( ၁၉ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၃ ) စာမျက်နှာ ( ၂၄ ) တွင် ဖော်ပြပါရှိသည်။
Download Link : http://www.mediafire.com/download/4qi0wbqn53s6ne2/Vol._3,_No._43.pdf
" ကျွန်တော့နာမည် ဖေ့စ်ဘုတ် " စာမူသည် ၂ဝ၁၄ ခုနှစ် ၊ ဂျူလိုင်လ ( ၁၉ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၃ ) စာမျက်နှာ ( ၂၄ ) တွင် ဖော်ပြပါရှိသည်။
Download Link : http://www.mediafire.com/download/4qi0wbqn53s6ne2/Vol._3,_No._43.pdf
No comments:
Post a Comment