ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, June 14, 2020

How do you overcome this pandemic?


Question: In this pandemic, how do you sacrifice yourself?
How do you overcome this pandemic?

မေး။ အခု ကပ်ရောဂါကာလမှာ သားက ဘယ်အရာတွေကိုအနစ်နာခံရပါသလဲ? ဒါကို ဘယ်လိုနည်းနဲ့ကျော်လွှားပါသလဲ?


Answer: I think this is something that I think about a lot where the pandemic feels bigger than all of us. It's not really up to any individual person to find a solution to this pandemic right? But it is up to all of us to follow the guidelines that our governments set for social distancing.

ဖြေ။ အခုအချိန်မှာ ခရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးဟာလူတိုင်းရဲ့စိတ်ထဲမှာကြီးစိုးနေပါတယ်။ ဒီကိစ္စဟာ လူတစ်ဦးတစ်ယောက်ထဲကဖြေရှင်းရုံနဲ့ပြေလည်သွားမှာမှမဟုတ်တာ။ ဒါပေမဲ့ အစိုးရရဲ့ "လူချဲနေခြင်း" ဆိုတဲ့လမ်းညွှန်မှုကိုလိုက်နာမယ့် ကျွန်တော်တို့အားလုံးအပေါ်မှာမူတည်နေပါတယ်။


Everybody has a role to play in making sure this pandemic poses as little of a danger as it can. The most important thing for us is to do our own job and to support the people that are doing more than us.

လူတစ်ဦးတစ်ယောက်တိုင်း ကပ်ရောဂါရဲ့အန္တရာယ်ကို အနည်းနဲ့အများဆိုသလိုကာကွယ်ဖို့တာဝန်ရှိပါတယ်။ တကယ်လုပ်ရမယ့်လုပ်ငန်းဆောင်တာကတော့ ကျွန်တော်တို့အလုပ် ကျွန်တော်တို့လုပ်ရင်း ကျွန်တော်တို့ထက်ပိုမိုလုပ်ဆောင်နေရသူတွေကိုအကူအညီပေးနိုင်ဖို့ဖြစ်ပါတယ်။

That's your healthcare workers, your doctors, your nurses---everyone that is really working long hours to be able to prevent the spread of the corona virus but also to help patients recover who have contracted it.

ရှေ့တန်းထွက်ကျန်းမာရေးလုပ်သားတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ခရိုနာဗိုင်းရပ်စ်မပြန့်ပွားအောင် အချိန်နာရီတွေဆက်တိုက်ကြိုးစားလုပ်ဆောင်နေရသလို ဆက်စပ်ထိတွေ့၊ ကူးစက်ခံထားရသူလူနေတွေ နလံပြန်ထနိုင်ရေးအတွက် အစွမ်းကုန်ကူညီပေးနေကြပါတယ်။


So I think if you become frustrated by the pandemic and the fact that you know, you can't go outside and live your normal life, it's important to remember that you are playing a role in making sure that this doesn't affect the people that are most vulnerable to it.

တကယ်လို့ "အပြင်ထွက်ပြီး သာမန်အချိန်လိုလှုပ်ရှားသွားလာလို့မရဘူး" လို့ ဦးလေးတို့ အဒေါ်တို့ထင်မြင်နေပြီးစိတ်ရှုတ်လာနေပြီဆိုရင်တော့ ကျွန်တော်ပြောပြချင်တာတစ်ခုက "ရောဂါခံစားနေရသူတွေကိုထိခိုက်မှုမရှိတဲ့အလုပ်တစ်ခုကိုလုပ်ဆောင်နေတယ်" ဆိုတာကို သတိကြီးကြီးမှတ်မိနေဖို့ပါပဲ။


So this is like older people, this is younger people that have conditions that make them more vulnerable to the corona virus.

အခု အများသိတဲ့အတိုင်း လူငယ် လူလတ်ပိုင်းထက်စာရင် လူကြီးပိုင်းတွေမှာ ဒီဗိုင်းရပ်စ်က ထိခိုက်မှုများလာနေတာပါ။


So how do you kind of sacrifice yourself?

ကျွန်တော့ကိုမေးတဲ့ "ဒီကိစ္စမှာဘယ်လိုအနစ်နာခံမလဲ" ဆိုတာကိုလား?


It's to remember that you are a part of a large global human community and your sacrifice of not going outside is very valuable.

ကမ္ဘာနဲ့အဝှမ်းချိတ်ဆက်မိနေတဲ့လူသားအသိုက်အဝန်းမှာ (ဒီရောဂါမပြန့်ပွားအောင်) ဦးလေးတို့ အဒေါ်တို့ကအပြင်မထွက်ဘူး (အိမ်ထဲမှာပဲနေတယ်) ဆိုတာက ကမ္ဘာလုံးဆိုင်ရာအနစ်နာခံမှုကြီးပါပဲ။


You are doing it for a reason.

ဒီလိုလုပ်ရတဲ့အတွက် ဦးလေးတို့ အဒေါ်တို့မှာအကြောင်းရင်းတစ်ခုရှိပါတယ်။


It's not like you're just forced to stay home for no reason. There's a perfectly good reason and I hope you can be satisfied with that.

ဘယ်သူတစ်ဦးတစ်ယောက်ကမှ အတင်းအကြပ်တိုက်တွန်းလို့ "အိမ်မှာနေရတာ" မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကျေကျေနပ်နပ်ကြီးနေတဲ့သဘောပါ။ ဒါကိုလည်း ဦးလေးတို့ အဒေါ်တို့ စိတ်တိုင်းကျ ကျေနပ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။


စွမ်းရဲထွဋ်ဖြေသည်
ကိုညီညီ (တောင်ကြီး) မေးသည်
06-13-2020

KNN-Tgi #422 In this pandemic, how do you sacrifice and over come this epidemic?

<Zawgyi>




No comments: