ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 2, 2020

½ သာကျန်တော့တဲ့အမေရိကား ကားဈေးကွက်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကမ်းခြေနဲ့ရေမိုင် ၁ မိုင်အကွာအရောက်မှာ သ‌‌င်္ဘောကိုကျောက်ချထားဖို့အမိန့်ကျလာတဲ့ကပ္ပတိန်ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်တွေဝေသွားပါတယ်။ သူ့တာဝန်က ဂျပန်နာဂိုယာဆိပ်ကမ်းကနေ သီတင်း ၃ ပတ်ကြာမောင်းပြီးလို့ အမေရိကန်နိုင်ငံ လော့အိစ်ဂျလိစ်မြို့ကိုရောက်ရင် ပါလာသမျှ ကမ်းမှာချဖို့လုပ်ရတာပါ။

တကယ်တမ်း Nissan ကားအစီး ၂ဝဝဝ ကို မောင်းချဖို့ အချိန်နေ့တစ်ဝက်သာလိုပါတယ်။ အခုတော့ ပင်လယ်ထဲ မလှမ်းမကမ်းမှာရပ်ထားတဲ့ ကားသ‌‌င်္ဘောကြီးဟာ ၁ ပတ် ရှိနေပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာအမိန့်မရသေး။ အမေရိကန်ဆိပ်ကမ်းပတ်ပတ်လည်ရဲ့ကားပါကင်တွေဟာ ကားကုမ္ပဏီပေါင်းများစွာရဲ့ထုတ်ယူမှုမရှိတဲ့ဒဏ်ကိုပြွတ်သိပ်စွာခံစားရင်း ကားအသစ်တွေကိုထပ်ရပ်ခွင့်မပေးနိုင်တော့ပါဘူး။

ကပ်ကမ္ဘာမှာသက်သာမယ်ဆိုတဲ့အထဲမှာ ကားကုမ္ပဏီတွေလည်းမပါပါဘူး။ အဓိက ငွေရှား၊ အလုပ်ပြုတ်၊ အလုပ်သွားစရာမလို၊ အပန်းဖြေခရီးထွက်လို့မရ စတာတွေကြောင့် မိုင်းလစ်မတက်တဲ့ကားတွေပုံလာတဲ့နောက်မှာ လူအနည်းစုသာ ကားအသစ်ဝယ်ကြတာကြောင့်ပါ။

လုပ်ငန်းတိုင်းနီးပါး ခရိုနာဗိုင်းရပ်စ်ရဲ့စာမေးပွဲစစ်ခြင်းကိုမလွဲမသေကျော်ဖြတ်ရတဲ့အထဲမှာ တိုယိုတာက ၅၄%၊ ဆူပါရုက ၄၇% နဲ့ ဟွန်ဒေးမော်တာက ၃၉% တို့ ရောင်းအားတွေကျဆင်းလာတဲ့အတွက် အတော်အထိနာတယ်လို့ပြောရပါလိမ့်မယ်။

ကားအရောင်းကိုယ်စားလှယ်တွေက ကားအသစ်တွေထပ်လက်မခံပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကား ကားလောကရဲ့အသက်သွေးကြောဖြစ်တဲ့ ကားအငှားချစားခြင်း-Rental Car Service မှာ ကားကိုဘယ်သူမှလာမငှားကြတော့လို့ပါပဲ။

"ကားတွေကို တစ်စီးနဲ့တစ်စီးထပ်ထားလို့မရပါဘူး" ဆိပ်ကမ်းအာဏာပိုင်ဖြစ်တဲ့ ခရစ္စတင်းဒီကပ်စ် ပြောလိုက်တာဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် သယ်လာတဲ့ကားတွေကမ်းချ မရလို့အခက်တွေ့တာကိုရင်ဆိုင်ဖို့ တိုယိုတာ နဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဟာ L.A အနီးအနားက ကားခြံတွေလိုက်ငှားရင်း လတ်တလောဖြေရှင်းနေရတယ်။

နီစန်းကုမ္ပဏီက အခုဆိုရင် ကားကိုယ်စားလှယ်တွေ၊ ပြခန်းတွေကိုချည်းကပ်တဲ့နည်းကို အမြန်ပြုပြင်ပြောင်းလဲထားရတယ်လို့ဆိုပါတယ်။ သူတို့နဲ့အချိန်ပြည့်အနီးကပ်ဆက်ဆံရင်း ကားလိုတယ်ဆိုတဲ့အသံကြားတာနဲ့ ပန်းကန်လုံးစီးပြီး အမြန်ဆုံးနည်းနဲ့ပို့ပေးနေရတာပါ။

အမေရိကား ကားအသစ်ရောင်းဝယ်ရေးဟာ ½ ဖြစ်လာဖို့ဦးတည်နေတာမှာ အခုဆိုရင် ၂၇% ကျဆင်းခြင်းအနေအထားကိုရောက်နေပါပြီ။ ကားအဟောင်းဈေးကွက်ဟာလည်း ၈% ကနေ ၁၆% အထိလိုက်ကျနေတာဖြစ်လို့ "၂ဝ၂ဝ နှစ်ကုန်ကျရင်ပြန်ကောင်းလာမလား?" ဆိုတဲ့ မျှော်လင့်ချက်နဲ့ဆက်အလုပ်လုပ်နေကြပါတယ်။

အရှေ့ပိုင်းကမ္ဘာကကားထုတ်သူတွေဟာ ကားတင်တင်ပို့မှု ၂၅% ကျလာတယ်။ အလုပ်ဖြုတ်တဲ့ရာခိုင်နှုန်းက လူ ၁ဝဝ မှာ ၂ဝ ပဲ ချန်ထားတယ်။ တစ်ဆက်တည်းမှာ အမေရိကန်ကားတွေကလည်း စီးပွားရေးလိုက်ကျနေပါတယ်။ သူတို့နိုင်ငံသားတွေ သူတို့တိုင်းပြည်ထွက်ကားတွေကိုမျိုးချစ်စိတ်နဲ့အဝယ်လိုက်အောင်ရောင်းနိုင်မလား? ဆီစားသက်သာတဲ့ ဂျပန်ထုတ်ကားတွေကိုဝယ်စီးကြဦးမလား? ဆိုတာကတော့ ကပ်ရောဂါအလွန်စီးပွားရေးပြန်ကောင်းလာမယ့်အချိန်က အဖြေပေးသွားပါလိမ့်မယ်။

ကားတင် ကားချကိုသာအဓိကအားကိုးနေရင် အမေရိကန်ဆိပ်ကမ်းတွေ ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက အလုပ်လက်မဲ့ဖြစ်နေပါပြီ။ အခြားတစ်ဖက်မှာ သီးနှံကွန်တိန်နာတွေနဲ့စားသောက်ကုန်ပစ္စည်းတွေကြောင့် ခံသာတယ်လို့ပြောရပါမယ်။ အပူပိုင်းဒေသသီးနှံထွက်ကုန်တွေဖြစ်တဲ့ နာနတ်သီး၊ ထောပတ်သီး နဲ့ ငှက်ပျောသီးတွေက လူတွေအခုလိုအိမ်တွင်းအောင်းလေ ရောင်းကောင်းလေပါ။

"စီးပွားပျက်ရင်လူတွေ ကားဝယ်မစီးပါဘူး။ ဒါပေမဲ့ ငှက်ပျောသီးတော့အမြဲစားပါတယ်" ခရစ္စတင်းပြောသွားတာဖြစ်ပါတယ်။

Ref: Bloomberg
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-02-2020

<Zawgyi>

" ½ သာက်န္ေတာ့တဲ့အေမရိကား ကားေဈးကြက္" ကမ္းေျခနဲ႔ေရမိုင္ ၁ မိုင္အကြာအေရာက္မွာ သ‌‌ေဘၤာကိုေက်ာက္ခ်ထားဖို႔အမိန႔္က်လာတဲ့ကပၸတိန္ဟာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ေတြေဝသြားပါတယ္။ သူ႔တာဝန္က ဂ်ပန္နာဂိုယာဆိပ္ကမ္းကေန သီတင္း ၃ ပတ္ၾကာေမာင္းၿပီးလို႔ အေမရိကန္နိုင္ငံ ေလာ့အိစ္ဂ်လိစ္ၿမိဳ႕ကိုေရာက္ရင္ ပါလာသမၽွ ကမ္းမွာခ်ဖို႔လုပ္ရတာပါ။ တကယ္တမ္း Nissan ကားအစီး ၂ဝဝဝ ကို ေမာင္းခ်ဖို႔ အခ်ိန္ေန႔တစ္ဝက္သာလိုပါတယ္။ အခုေတာ့ ပင္လယ္ထဲ မလွမ္းမကမ္းမွာရပ္ထားတဲ့ ကားသ‌‌ေဘၤာႀကီးဟာ ၁ ပတ္ ရွိေနၿပီ။ ဘာဆက္လုပ္ရမယ္ဆိုတာအမိန႔္မရေသး။ အေမရိကန္ဆိပ္ကမ္းပတ္ပတ္လည္ရဲ့ကားပါကင္ေတြဟာ ကားကုမၸဏီေပါင္းမ်ားစြာရဲ့ထုတ္ယူမႈမရွိတဲ့ဒဏ္ကိုႁပြတ္သိပ္စြာခံစားရင္း ကားအသစ္ေတြကိုထပ္ရပ္ခြင့္မေပးနိုင္ေတာ့ပါဘူး။ ကပ္ကမၻာမွာသက္သာမယ္ဆိုတဲ့အထဲမွာ ကားကုမၸဏီေတြလည္းမပါပါဘူး။ အဓိက ေငြရွား၊ အလုပ္ျပဳတ္၊ အလုပ္သြားစရာမလို၊ အပန္းေျဖခရီးထြက္လို႔မရ စတာေတြေၾကာင့္ မိုင္းလစ္မတက္တဲ့ကားေတြပုံလာတဲ့ေနာက္မွာ လူအနည္းစုသာ ကားအသစ္ဝယ္ၾကတာေၾကာင့္ပါ။ လုပ္ငန္းတိုင္းနီးပါး ခရိုနာဗိုင္းရပ္စ္ရဲ့စာေမးပြဲစစ္ျခင္းကိုမလြဲမေသေက်ာ္ျဖတ္ရတဲ့အထဲမွာ တိုယိုတာက ၅၄%၊ ဆူပါ႐ုက ၄၇% နဲ႔ ဟြန္ေဒးေမာ္တာက ၃၉% တို႔ ေရာင္းအားေတြက်ဆင္းလာတဲ့အတြက္ အေတာ္အထိနာတယ္လို႔ေျပာရပါလိမ့္မယ္။ ကားအေရာင္းကိုယ္စားလွယ္ေတြက ကားအသစ္ေတြထပ္လက္မခံပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကား ကားေလာကရဲ့အသက္ေသြးေၾကာျဖစ္တဲ့ ကားအငွားခ်စားျခင္း-Rental Car Service မွာ ကားကိုဘယ္သူမွလာမငွားၾကေတာ့လို႔ပါပဲ။ "ကားေတြကို တစ္စီးနဲ႔တစ္စီးထပ္ထားလို႔မရပါဘူး" ဆိပ္ကမ္းအာဏာပိုင္ျဖစ္တဲ့ ခရစၥတင္းဒီကပ္စ္ ေျပာလိုက္တာျဖစ္ပါတယ္။ ဒီအတိုင္းဆိုရင္ သယ္လာတဲ့ကားေတြကမ္းခ် မရလို႔အခက္ေတြ႕တာကိုရင္ဆိုင္ဖို႔ တိုယိုတာ နဲ႔ ၿပိဳင္ဘက္ကုမၸဏီေတြဟာ L.A အနီးအနားက ကားၿခံေတြလိုက္ငွားရင္း လတ္တေလာေျဖရွင္းေနရတယ္။ နီစန္းကုမၸဏီက အခုဆိုရင္ ကားကိုယ္စားလွယ္ေတြ၊ ျပခန္းေတြကိုခ်ည္းကပ္တဲ့နည္းကို အျမန္ျပဳျပင္ေျပာင္းလဲထားရတယ္လို႔ဆိုပါတယ္။ သူတို႔နဲ႔အခ်ိန္ျပည့္အနီးကပ္ဆက္ဆံရင္း ကားလိုတယ်ဆိုတဲ့အသံၾကားတာနဲ႔ ပန္းကန္လုံးစီးၿပီး အျမန္ဆုံးနည္းနဲ႔ပို႔ေပးေနရတာပါ။ အေမရိကား ကားအသစ္ေရာင္းဝယ္ေရးဟာ ½ ျဖစ္လာဖို႔ဦးတည္ေနတာမွာ အခုဆိုရင္ ၂၇% က်ဆင္းျခင္းအေနအထားကိုေရာက္ေနပါၿပီ။ ကားအေဟာင္းေဈးကြက္ဟာလည္း ၈% ကေန ၁၆% အထိလိုက္က်ေနတာျဖစ္လို႔ "၂ဝ၂ဝ ႏွစ္ကုန္က်ရင္ျပန္ေကာင္းလာမလား?" ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ဆက္အလုပ္လုပ္ေနၾကပါတယ္။ အေရွ႕ပိုင္းကမၻာကကားထုတ္သူေတြဟာ ကားတင္တင္ပို႔မႈ ၂၅% က်လာတယ္။ အလုပ္ျဖဳတ္တဲ့ရာခိုင္ႏႈန္းက လူ ၁ဝဝ မွာ ၂ဝ ပဲ ခ်န္ထားတယ္။ တစ္ဆက္တည္းမွာ အေမရိကန္ကားေတြကလည္း စီးပြားေရးလိုက္က်ေနပါတယ္။ သူတို႔နိုင္ငံသားေတြ သူတို႔တိုင္းျပည္ထြက္ကားေတြကိုမ်ိဳးခ်စ္စိတ္နဲ႔အဝယ္လိုက္ေအာင္ေရာင္းနိုင္မလား? ဆီစားသက္သာတဲ့ ဂ်ပန္ထုတ္ကားေတြကိုဝယ္စီးၾကဦးမလား? ဆိုတာကေတာ့ ကပ္ေရာဂါအလြန္စီးပြားေရးျပန္ေကာင္းလာမယ့္အခ်ိန္က အေျဖေပးသြားပါလိမ့္မယ္။ ကားတင္ ကားခ်ကိုသာအဓိကအားကိုးေနရင္ အေမရိကန္ဆိပ္ကမ္းေတြ ၿပီးခဲ့တဲ့ ၂ လေလာက္ကတည္းက အလုပ္လက္မဲ့ျဖစ္ေနပါၿပီ။ အျခားတစ္ဖက္မွာ သီးႏွံကြန္တိန္နာေတြနဲ႔စားေသာက္ကုန္ပစၥည္းေတြေၾကာင့္ ခံသာတယ္လို႔ေျပာရပါမယ္။ အပူပိုင္းေဒသသီးႏွံထြက္ကုန္ေတြျဖစ္တဲ့ နာနတ္သီး၊ ေထာပတ္သီး နဲ႔ ငွက္ေပ်ာသီးေတြက လူေတြအခုလိုအိမ္တြင္းေအာင္းေလ ေရာင္းေကာင္းေလပါ။ "စီးပြားပ်က္ရင္လူေတြ ကားဝယ္မစီးပါဘူး။ ဒါေပမဲ့ ငွက္ေပ်ာသီးေတာ့အျမဲစားပါတယ္" ခရစၥတင္းေျပာသြားတာျဖစ္ပါတယ္။ Ref: Bloomberg ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 05-02-2020

No comments: