ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, December 29, 2014

ကြ်န္ေတာ္တုိ႕ရန္ကုန္မွာဆိုရင္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ဒီေန႕ “ စြမ္း ” ကို သြားေဆးခန္းျပျပီးေတာ႕ သူ႕ေက်ာင္းက လုပ္အားေပးအဖြဲ႕ကေပးတဲ႕ ေစ်းဝယ္ေၾကာ္ျငာ - Flyer ကုိ ကိုင္ျပီး လိပ္စာအတိုင္းသြားခဲ႕တယ္။ ဆိုင္နာမည္ကေတာ႕ အဓိကမက်လို႕ မေျပာေတာ႕ပါဘူး။ လိပ္စာအတိုင္း ဖုန္းထဲက GPS နဲ႕ သြားလိုက္ေတာ႕ အရင္က ဒီ္လက္ကိုင္ဖုန္းဝယ္တဲ႕ဆိုင္ေရွ႕က ေျမကြက္ေပၚမွာ ေဆာက္ထားတဲ႕ အေဆာက္အဦၾကားက ဟမ္ဘာဂါဆိုင္သစ္တစ္ခုကို ေရာက္လာတယ္။
.
ျပီးခဲ႕တဲ႕ ( ၂ ) လ ေလာက္က ဒီေရွ႕ကျဖတ္သြားေတာ႕ ေျမကြက္ၾကီးကို ဘာမွမေဆာက္ရေသးဘူး။ ကားပါကင္ေဟာင္းၾကီးကို ျမိဳ႕ေတာ္ - City က အကြက္ခ်ျပီး ဆိုင္ ( ၆ ) ဆိုင္ေလာက္ကို ခြဲျခမ္းေပးလုိက္ပံုပဲ။ တစ္ကယ္ဆုိ ဒီေလာက္ရုပ္ ဒီေလာက္ထည္ ဆိုင္ခန္းေတြကို ရန္ကုန္မွာ ( ၁၈ ) လ ေဆာက္ခဲ႕တာမဟုတ္လား။ အထဲမွာ ကားအစီး ( ၃ဝ ) ေလာက္ရပ္လို႕ရတဲ႕ ေကြ႕ေကြ႕ေကာက္ေကာက္ ကားပါကင္ေလးကို မျဖစ္မေနထည္႕သြင္းေဆာက္ထားတာ သတိထားမိတယ္။ ကြ်န္ေတာ္တို႕ရန္ကုန္မွာ ကားရပ္လို႕မရလို႕ ( ၁၉ ) လမ္းထိပ္ လမ္းလယ္စည္းျဖဴတည္႕တည္႕မွာ ကားရပ္ျပီး အစားအေသာက္ဆင္းဝယ္တဲ႕ ေရႊညီအစ္ကိုမ်ားကို မဆီမဆိုင္ သတိရမိပါရဲ႕။
.
.
အေဆာက္အဦသစ္ကိုလွမ္းျမင္ေနရာကေန လမ္းကူးမယ္လို႕လုပ္တုန္းမွာ ဆုိင္ကေလးေရွ႕ ၾကက္လွ်ာစြန္းေလးမွာ ေဂါက္သီးထီးပံုစံ ေလဟာျပင္ထီးေတြေအာက္မွာ ခပ္ၾကပ္ၾကပ္ခ်ထားတဲ႕ စားေသာက္ခံုေလးေတြ ေတြ႕လိုက္တယ္။ ဆန္ဖရန္စစၥကုိပင္လယ္ေအာ္ေဒသမွာ ေလတဟူးဟူးတုိက္ေနလည္း ဟင္းလင္းျပင္မွာ ဟမ္ဘာဂါထိုင္စားရင္း ကိုကာကိုလာထုိင္ေသာက္ေနၾကသူေတြ ရွိေနေသးတာကိုး။ သူတို႕ထုိင္ေနတာ ေကြ႕သြားတဲ႕ကားေတြနဲ႕ ေပအနည္းငယ္သာကြာမယ္ .. က်ဥ္းက်ဥ္းေလးနဲ႕ ေနရာရေအာင္လုပ္ထားတာ ခ်ီးက်ဴးမိတယ္။

.
တစ္ကယ္လို႕သာ ဒီေနရာတုိေလးကို ကြ်န္ေတ္ာတုိ႕ ျမိဳ႕ေတာ္ေဟာင္းေရႊရန္ကုန္ပလက္ေဖာင္းကေစ်းသည္ေတြကိုသာ လက္ဝအပ္လုိက္ရင္ ဒီလို ဟမ္ဘာဂါဆုိင္ေလးသာ ဘယ္ကမလဲ .. လက္ဘက္ရည္၊ ေကာက္ညွင္းထုတ္၊ ေအာ္ေက႕ၾကည္၊ ေကာ္ရည္ေခါက္ဆြဲ၊ ဝက္ေခါင္းသုပ္၊ ဝက္နံရိုးေပါင္း၊ ေပါက္စီ၊ ဝက္သားလိပ္၊ ဝက္သားတုတ္ထိုး၊ ထမင္းေပါင္း .. အားလံုးစားျပီးသြားရင္ ေက်ာက္ေက်ာရည္  .. အစံု အစံု ရေအာင္ တစ္ခဏအတြင္း လုပ္ျပပါလိမ္႕မယ္။
.
.
တံခါးဖြင္႕ဝင္လိုက္တာနဲ႕ ဆိုင္ထဲမွာ မီးခိုးေတြ ေဝ႕ေနတယ္။ ဒီအခါမွာလည္း မဆီမဆိုင္ ညေစ်းတန္းကို သြားသတိရမိတယ္။ ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္ မွာတုိင္း ေဆာင္းတြင္းၾကီး လက္အိပ္မပါပဲ စက္ဘီးနဲ႕ သြားဝယ္ေပးခဲ႕ရတုန္းက ျမင္ခဲ႕ရတာ ဒီလိုမီးခိုးမ်ိဳးပဲ။ ဒယ္ဆရာက ဖက္ရြက္ကိုျဖန္႕၊ ေဘးနားက ခပ္မည္းမည္းအဝတ္စုတ္ေလးနဲ႕ ခပ္နာနာသုတ္ရင္း၊ လက္ႏွစ္ဖက္က သံေယာက္မကို တစ္ခြ်မ္းခြ်မ္းေခါက္ရင္း ေခါက္ဆြဲေၾကာ္ကို တစ္ဖက္နဲ႕ဖက္ေပၚတင္၊ ေနာက္လက္တစ္္ဖက္က ၾကက္ဥေခါက္ျပီး ေခါက္ဆြဲေၾကာ္ေပၚအုပ္ေပးတဲ႕အခ်ိန္ ဆိုင္ရွင္ကြမ္တုန္းမၾကီးက ေရမစြတ္ထားတဲ႕ႏွီး နဲ႕ ခပ္သြက္သြက္ ေခါက္တြန္႕ခ်ည္ေပးလိုက္တဲ႕အခါ ေခါက္ဆြဲေၾကာ္တစ္ပြဲ ရပါျပီ .. လို႕ အေတြးဝင္ေနတုန္းမွာ “ Hi Mister, are you ready? ” ဘာမွာမလဲ? ဆုိေတာ႕မွ ရန္ကုန္အမွ်င္အတန္းေလးျပတ္သြားတယ္။
.
.
ေကာင္တာက ေကာင္မေလးရဲ႕ေနာက္က မီးဖိုေခ်ာင္ကုိလွမ္းၾကည္႕လိုက္ေတာ႕ လား .. လား .. ဟမ္ဘာဂါအတြက္ ေပါင္မုန္႕ေတြကို လက္နဲ႕ ပယ္ပယ္နယ္နယ္ ကိုင္ျပီး မီးကင္ေနပါလား။ ဒါမ်ိဳးကေတာ႕ ကြ်န္္ေတာ္တုိ႕ေရေျမာင္းထိပ္က ကုလားလက္ဘက္ရည္ကို မမီွေရးခ်မမီွ။ ကိုကုလားက လက္တစ္ဖက္က လက္ဘက္ရည္ထည္႕ေနတုန္း ေနာက္လက္တစ္ဖက္က ေပါင္မုန္႕မီးကင္၊ ျပီးေတာ႕ ေရေႏြးအိုးခ်ျပီး ေထာပတ္သုပ္ရင္း ပုဆိုးေတာင္ လွည္႕ဝတ္လိုက္ေသးတယ္။ တစ္ဆက္တည္း မီးတူးေပါင္မုန္႕ကိုလက္နဲ႕ကိုင္ျပီး ပန္းကန္ငယ္ထဲထည္႕ေပးလိုက္တဲ႕အခ်ိန္ ေနာက္လက္တစ္ဖက္က ၾကက္ဥေၾကာ္ေနျပီ။
.
.
လိုခ်င္တာမွာျပီးတဲ႕အခါ ေအာ္ဒါလက္ခံတဲ႕ေကာင္မေလးကေမးတယ္ “ Eat in Or To go? ” တဲ႕။ ဆုိင္ထဲမွာထုိင္စားမွာမုိ႕လို႕ Eat in လို႕ပဲေျပာလုိက္တယ္။ ပါဆယ္ဝယ္သြားမွာဆိုရင္ To go ေပါ႕ .. သိသားပဲ။ ေကာင္တာက ေငြရွင္းေျပစာနဲ႕အတူ CD ေခြအရြယ္ ပစၥည္းေလးတစ္ခုပါ ေပးလာတယ္။  “ ခံုမွာသြားေစာင္႕ေနလို႕ရပါျပီ။ စက္ကေလးက တုန္ခါလာတဲ႕အခါ ေကာင္တာမွာ လာယူပါ ” ဆိုေတာ႕မွသေဘာေပါက္္တယ္ .. ဒီစက္ကေလးကုိ အိမ္ယူသြားရမွာမဟုတ္ဘူး။ ခံုေပၚမွာတင္ထားဖုိ႕ ခဏေပးလိုက္တာ။ ခက္ေတာ႕တာပဲ .. ဒီမွာက ကုိယ္တိုင္ယူ - Self Service စံနစ္။ ကြ်န္ေတာ္တို႕ရန္ကုန္မွာဆို ဘာလုိခ်င္လဲ .. ပါးစပ္ကေန “ ျဗြတ္ ” လို႕ စားပြဲထုိးေခၚသံေပးလိုက္ရံုပဲ .. ဘာစက္ကေလးမွ လက္ထဲကိုင္ထားစရာမလိုဘူး။ စိတ္မထင္ရင္ ပါးစပ္နဲ႕ ေအာ္ေခၚလိုက္ရံုပဲ .. ခဏေလးနဲ႕ေရာက္လာတယ္။ ကိုယ္႕ေရွ႕ေရာက္လာေတာ႕ မွာလိုက္တာ .. ေရေႏြးတစ္အုိးေလာက္။
.
.
ေကာင္တာက ဘိလပ္ရည္ - Soda ေသာက္ဖို႕ ခြက္ဗလာပဲ ေပးလုိက္တာ။ အဲဒါကို Soda Machine မွာ ကိုယ္တိုင္ထည္႕တဲ႕အခါ “ စြမ္း ” က ဘိလပ္ရည္ထည္႕တဲ႕ခလုပ္ပဲ ေတြ႕တယ္္၊ ေရထည္႕တဲ႕ခလုပ္ကို ရွာမေတြ႕ဘူး။ ဒါနဲ႕ ေကာင္တာက အပိုေပးတဲ႕ ခြက္ပုေလးနဲ႕ ေရထခပ္လိုက္တယ္။ ထုိင္ခံုမွာေစာင္႕ေနတုန္း တုန္ခါတဲ႕စက္ကေလးက ထခုန္ပါေလေရာ။ ခက္တာက ကြ်န္ေတာ္္က ဖုန္းနဲ႕ဓါတ္ပံုရိုက္လို႕မျပီးေသးဘူး။ ခဏေစာင္႕လို႕ေျပာတဲ႕ၾကားက “ စြမ္း ” က အဲဒီအျပားေလးကိုင္ျပီး ေကာင္တာမွာ ဗန္းလိုက္ သြားမလာတယ္။ အခ်ဥ္ခြက္ေလးေတြထည္႕ျပီး ထိုင္ခံုေပၚေရာက္ေရာ “ စြမ္း ” နဲ႕ ကြ်န္ေတာ္နဲ႕ ဓါတ္ပံုတစ္ဖ်ပ္ဖ်ပ္ရိုက္ပါေလေတာ႕တယ္။ ဓါတ္ပံုရိုက္ျပီးမွ ျမန္ျမန္စားရမယ္ေလ။ Facebook အေကာင္႕ဖြင္႕တုန္းက User Agreement မွာ ဘာေရးထားတာလဲ ေသခ်ာမဖတ္ခဲ႕မိဘူး။ ဘာအစားအေသာက္စားစား Facebook ေပၚတင္ျပီးမွစားရမယ္လို႕ေတာ႕ မပါေလာက္ပါဘူးေနာ္။
.
.

.
.
ေငြရွင္းတုန္းက လာရင္းရည္ရြယ္ခ်က္တစ္ခုကို “ စြမ္း ” က မေမ႕ရွာဘူး။ ေက်ာင္းကေပးလိုက္တဲ႕ Flyer ကုိ ေကာင္မေလးလက္ထဲ ထည္႕ေပးလိုက္တယ္။ စာရြက္ေပၚမွာ “ ေအာ္ဒါမွာတဲ႕အခါ ကြ်န္ေတာ္/ကြ်န္မတို႕ရဲ႕ အင္တာေနရွင္နယ္ပေရာဂ်က္ ကို လွဴဖုိ႕ ဒီစာရြက္ကိုျပလုိက္ပါ ” လို႕ ေရးထားပါတယ္။ ဒီစာရြက္ျပျပီးဝယ္စားသမွ် ကေလးေတြေက်ာင္းအဖြဲ႕ကို သတ္မွတ္ထားတဲ႕ရာခိုင္ႏႈန္းတစ္ခုကုိ လွဴေပးသြားမွာ ျဖစ္ပါတယ္လို႕ ဆိုလိုတာျဖစ္တယ္။
.
.
ဒါဆို စီးပြားေရးအရ - ဆိုင္သစ္က ခ်က္ခ်င္းေရာင္းရမယ္။ ပညာေရးအရ - ေက်ာင္းသားေတြရဲ႕လႈပ္ရွားမႈကို ေငြလွဴတယ္။ မိသားစုေရးရာအဖို႕ - သားသမီးကို ဒီဆိုင္လိုက္ပို႕ေပးေတာ႕ မိဘနဲ႕သားသမီးရင္းႏွီးမႈ ပိုရတယ္။ အေရာင္းျမွင္႕တင္ေရးမွာ - သူမ်ားနဲ႕မတူတဲ႕ ပရုိမိုးရွင္းျဖစ္လုိ႕ လူပိုစိတ္ဝင္စားတယ္။ လူမႈေရးရႈေထာင္႕ကေနၾကည္႕မလား - ဒီလို ေငြ ( ၁၂ ) ေဒၚလာ ကို သားသမီးေက်ာင္းအတြက္ သံုးေပးၾကမယ္႕ မိခင္၊ ဖခင္ေတြခ်ည္းပါပဲ။ ျပီးေတာ႕ အစားလည္း စားရေသးတယ္ေလ။
.
.
ကြ်န္ေတ္ာတို႕ရန္ကုန္မွာ ဒီလို Flyer နဲ႕ စည္းရံုးဖို႕မလိုပါဘူး။ ေက်ာင္းအပ္ကတည္းက “ ေက်ာင္းသားတစ္ေယာက္ ေငြဘယ္ေလာက္ “ ဆုိတာ ႏွစ္ဦးႏွစ္ဖက္ သိျပီးသား။ ဘယ္ေတာ႕မွမလုပ္ရတဲ႕ ပေရာဂ်က္အတြက္လည္း လွည္႕ပတ္ျပီး ဒီလိုအလွဴခံ - Fundraise ဖို႕မလိုပါဘူး။ ေက်ာင္းေတြမွာ အလွဴေငြမေကာက္ပါဘူးဆုိတဲ႕ ဆုိင္းဘုဒ္ခ်ိတ္ထားတယ္ေလ။
.
စဥ္းစားရင္း .. ေတြးၾကည္႕ရင္း .. ကြ်န္ေတာ္တုိ႕ရန္ကုန္မွာဆုိရင္ ..
.

koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ ကျွန်တော်တို့ရန်ကုန်မှာဆိုရင် ” 
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

ဒီနေ့ “ စွမ်း ” ကို သွားဆေးခန်းပြပြီးတော့ သူ့ကျောင်းက လုပ်အားပေးအဖွဲ့ကပေးတဲ့ ဈေးဝယ်ကြော်ငြာ - Flyer ကို ကိုင်ပြီး လိပ်စာအတိုင်းသွားခဲ့တယ်။ ဆိုင်နာမည်ကတော့ အဓိကမကျလို့ မပြောတော့ပါဘူး။ လိပ်စာအတိုင်း ဖုန်းထဲက GPS နဲ့ သွားလိုက်တော့ အရင်က ဒီ်လက်ကိုင်ဖုန်းဝယ်တဲ့ဆိုင်ရှေ့က မြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦကြားက ဟမ်ဘာဂါဆိုင်သစ်တစ်ခုကို ရောက်လာတယ်။
.
ပြီးခဲ့တဲ့ ( ၂ ) လ လောက်က ဒီရှေ့ကဖြတ်သွားတော့ မြေကွက်ကြီးကို ဘာမှမဆောက်ရသေးဘူး။ ကားပါကင်ဟောင်းကြီးကို မြို့တော် - City က အကွက်ချပြီး ဆိုင် ( ၆ ) ဆိုင်လောက်ကို ခွဲခြမ်းပေးလိုက်ပုံပဲ။ တစ်ကယ်ဆို ဒီလောက်ရုပ် ဒီလောက်ထည် ဆိုင်ခန်းတွေကို ရန်ကုန်မှာ ( ၁၈ ) လ ဆောက်ခဲ့တာမဟုတ်လား။ အထဲမှာ ကားအစီး ( ၃ဝ ) လောက်ရပ်လို့ရတဲ့ ကွေ့ကွေ့ကောက်ကောက် ကားပါကင်လေးကို မဖြစ်မနေထည့်သွင်းဆောက်ထားတာ သတိထားမိတယ်။ ကျွန်တော်တို့ရန်ကုန်မှာ ကားရပ်လို့မရလို့ ( ၁၉ ) လမ်းထိပ် လမ်းလယ်စည်းဖြူတည့်တည့်မှာ ကားရပ်ပြီး အစားအသောက်ဆင်းဝယ်တဲ့ ရွှေညီအစ်ကိုများကို မဆီမဆိုင် သတိရမိပါရဲ့။
.
.
အဆောက်အဦသစ်ကိုလှမ်းမြင်နေရာကနေ လမ်းကူးမယ်လို့လုပ်တုန်းမှာ ဆိုင်ကလေးရှေ့ ကြက်လျှာစွန်းလေးမှာ ဂေါက်သီးထီးပုံစံ လေဟာပြင်ထီးတွေအောက်မှာ ခပ်ကြပ်ကြပ်ချထားတဲ့ စားသောက်ခုံလေးတွေ တွေ့လိုက်တယ်။ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ လေတဟူးဟူးတိုက်နေလည်း ဟင်းလင်းပြင်မှာ ဟမ်ဘာဂါထိုင်စားရင်း ကိုကာကိုလာထိုင်သောက်နေကြသူတွေ ရှိနေသေးတာကိုး။ သူတို့ထိုင်နေတာ ကွေ့သွားတဲ့ကားတွေနဲ့ ပေအနည်းငယ်သာကွာမယ် .. ကျဉ်းကျဉ်းလေးနဲ့ နေရာရအောင်လုပ်ထားတာ ချီးကျူးမိတယ်။
.
တစ်ကယ်လို့သာ ဒီနေရာတိုလေးကို ကျွန်တော်တို့ မြို့တော်ဟောင်းရွှေရန်ကုန်ပလက်ဖောင်းကဈေးသည်တွေကိုသာ လက်ဝအပ်လိုက်ရင် ဒီလို ဟမ်ဘာဂါဆိုင်လေးသာ ဘယ်ကမလဲ .. လက်ဘက်ရည်၊ ကောက်ညှင်းထုတ်၊ အော်ကေ့ကြည်၊ ကော်ရည်ခေါက်ဆွဲ၊ ဝက်ခေါင်းသုပ်၊ ဝက်နံရိုးပေါင်း၊ ပေါက်စီ၊ ဝက်သားလိပ်၊ ဝက်သားတုတ်ထိုး၊ ထမင်းပေါင်း .. အားလုံးစားပြီးသွားရင် ကျောက်ကျောရည်  .. အစုံ အစုံ ရအောင် တစ်ခဏအတွင်း လုပ်ပြပါလိမ့်မယ်။
.
.
တံခါးဖွင့်ဝင်လိုက်တာနဲ့ ဆိုင်ထဲမှာ မီးခိုးတွေ ဝေ့နေတယ်။ ဒီအခါမှာလည်း မဆီမဆိုင် ညဈေးတန်းကို သွားသတိရမိတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော် မှာတိုင်း ဆောင်းတွင်းကြီး လက်အိပ်မပါပဲ စက်ဘီးနဲ့ သွားဝယ်ပေးခဲ့ရတုန်းက မြင်ခဲ့ရတာ ဒီလိုမီးခိုးမျိုးပဲ။ ဒယ်ဆရာက ဖက်ရွက်ကိုဖြန့်၊ ဘေးနားက ခပ်မည်းမည်းအဝတ်စုတ်လေးနဲ့ ခပ်နာနာသုတ်ရင်း၊ လက်နှစ်ဖက်က သံယောက်မကို တစ်ချွမ်းချွမ်းခေါက်ရင်း ခေါက်ဆွဲကြော်ကို တစ်ဖက်နဲ့ဖက်ပေါ်တင်၊ နောက်လက်တစ်ဖက်က ကြက်ဥခေါက်ပြီး ခေါက်ဆွဲကြော်ပေါ်အုပ်ပေးတဲ့အချိန် ဆိုင်ရှင်ကွမ်တုန်းမကြီးက ရေမစွတ်ထားတဲ့နှီး နဲ့ ခပ်သွက်သွက် ခေါက်တွန့်ချည်ပေးလိုက်တဲ့အခါ ခေါက်ဆွဲကြော်တစ်ပွဲ ရပါပြီ .. လို့ အတွေးဝင်နေတုန်းမှာ “ Hi Mister, are you ready? ” ဘာမှာမလဲ? ဆိုတော့မှ ရန်ကုန်အမျှင်အတန်းလေးပြတ်သွားတယ်။
.
.
ကောင်တာက ကောင်မလေးရဲ့နောက်က မီးဖိုချောင်ကိုလှမ်းကြည့်လိုက်တော့ လား .. လား .. ဟမ်ဘာဂါအတွက် ပေါင်မုန့်တွေကို လက်နဲ့ ပယ်ပယ်နယ်နယ် ကိုင်ပြီး မီးကင်နေပါလား။ ဒါမျိုးကတော့ ကျွန်တော်တို့ရေမြောင်းထိပ်က ကုလားလက်ဘက်ရည်ကို မမှီရေးချမမှီ။ ကိုကုလားက လက်တစ်ဖက်က လက်ဘက်ရည်ထည့်နေတုန်း နောက်လက်တစ်ဖက်က ပေါင်မုန့်မီးကင်၊ ပြီးတော့ ရေနွေးအိုးချပြီး ထောပတ်သုပ်ရင်း ပုဆိုးတောင် လှည့်ဝတ်လိုက်သေးတယ်။ တစ်ဆက်တည်း မီးတူးပေါင်မုန့်ကိုလက်နဲ့ကိုင်ပြီး ပန်းကန်ငယ်ထဲထည့်ပေးလိုက်တဲ့အချိန် နောက်လက်တစ်ဖက်က ကြက်ဥကြော်နေပြီ။
.
.
လိုချင်တာမှာပြီးတဲ့အခါ အော်ဒါလက်ခံတဲ့ကောင်မလေးကမေးတယ် “ Eat in Or To go? ” တဲ့။ ဆိုင်ထဲမှာထိုင်စားမှာမို့လို့ Eat in လို့ပဲပြောလိုက်တယ်။ ပါဆယ်ဝယ်သွားမှာဆိုရင် To go ပေါ့ .. သိသားပဲ။ ကောင်တာက ငွေရှင်းပြေစာနဲ့အတူ CD ခွေအရွယ် ပစ္စည်းလေးတစ်ခုပါ ပေးလာတယ်။  “ ခုံမှာသွားစောင့်နေလို့ရပါပြီ။ စက်ကလေးက တုန်ခါလာတဲ့အခါ ကောင်တာမှာ လာယူပါ ” ဆိုတော့မှသဘောပေါက်တယ် .. ဒီစက်ကလေးကို အိမ်ယူသွားရမှာမဟုတ်ဘူး။ ခုံပေါ်မှာတင်ထားဖို့ ခဏပေးလိုက်တာ။ ခက်တော့တာပဲ .. ဒီမှာက ကိုယ်တိုင်ယူ - Self Service စံနစ်။ ကျွန်တော်တို့ရန်ကုန်မှာဆို ဘာလိုချင်လဲ .. ပါးစပ်ကနေ “ ဗြွတ် ” လို့ စားပွဲထိုးခေါ်သံပေးလိုက်ရုံပဲ .. ဘာစက်ကလေးမှ လက်ထဲကိုင်ထားစရာမလိုဘူး။ စိတ်မထင်ရင် ပါးစပ်နဲ့ အော်ခေါ်လိုက်ရုံပဲ .. ခဏလေးနဲ့ရောက်လာတယ်။ ကိုယ့်ရှေ့ရောက်လာတော့ မှာလိုက်တာ .. ရေနွေးတစ်အိုးလောက်။
.
.
ကောင်တာက ဘိလပ်ရည် - Soda သောက်ဖို့ ခွက်ဗလာပဲ ပေးလိုက်တာ။ အဲဒါကို Soda Machine မှာ ကိုယ်တိုင်ထည့်တဲ့အခါ “ စွမ်း ” က ဘိလပ်ရည်ထည့်တဲ့ခလုပ်ပဲ တွေ့တယ်၊ ရေထည့်တဲ့ခလုပ်ကို ရှာမတွေ့ဘူး။ ဒါနဲ့ ကောင်တာက အပိုပေးတဲ့ ခွက်ပုလေးနဲ့ ရေထခပ်လိုက်တယ်။ ထိုင်ခုံမှာစောင့်နေတုန်း တုန်ခါတဲ့စက်ကလေးက ထခုန်ပါလေရော။ ခက်တာက ကျွန်တော်္က ဖုန်းနဲ့ဓါတ်ပုံရိုက်လို့မပြီးသေးဘူး။ ခဏစောင့်လို့ပြောတဲ့ကြားက “ စွမ်း ” က အဲဒီအပြားလေးကိုင်ပြီး ကောင်တာမှာ ဗန်းလိုက် သွားမလာတယ်။ အချဉ်ခွက်လေးတွေထည့်ပြီး ထိုင်ခုံပေါ်ရောက်ရော “ စွမ်း ” နဲ့ ကျွန်တော်နဲ့ ဓါတ်ပုံတစ်ဖျပ်ဖျပ်ရိုက်ပါလေတော့တယ်။ ဓါတ်ပုံရိုက်ပြီးမှ မြန်မြန်စားရမယ်လေ။ Facebook အကောင့်ဖွင့်တုန်းက User Agreement မှာ ဘာရေးထားတာလဲ သေချာမဖတ်ခဲ့မိဘူး။ ဘာအစားအသောက်စားစား Facebook ပေါ်တင်ပြီးမှစားရမယ်လို့တော့ မပါလောက်ပါဘူးနော်။
.
.
.
.
ငွေရှင်းတုန်းက လာရင်းရည်ရွယ်ချက်တစ်ခုကို “ စွမ်း ” က မမေ့ရှာဘူး။ ကျောင်းကပေးလိုက်တဲ့ Flyer ကို ကောင်မလေးလက်ထဲ ထည့်ပေးလိုက်တယ်။ စာရွက်ပေါ်မှာ “ အော်ဒါမှာတဲ့အခါ ကျွန်တော်/ကျွန်မတို့ရဲ့ အင်တာနေရှင်နယ်ပရောဂျက် ကို လှူဖို့ ဒီစာရွက်ကိုပြလိုက်ပါ ” လို့ ရေးထားပါတယ်။ ဒီစာရွက်ပြပြီးဝယ်စားသမျှ ကလေးတွေကျောင်းအဖွဲ့ကို သတ်မှတ်ထားတဲ့ရာခိုင်နှုန်းတစ်ခုကို လှူပေးသွားမှာ ဖြစ်ပါတယ်လို့ ဆိုလိုတာဖြစ်တယ်။
.
.
ဒါဆို စီးပွားရေးအရ - ဆိုင်သစ်က ချက်ချင်းရောင်းရမယ်။ ပညာရေးအရ - ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ငွေလှူတယ်။ မိသားစုရေးရာအဖို့ - သားသမီးကို ဒီဆိုင်လိုက်ပို့ပေးတော့ မိဘနဲ့သားသမီးရင်းနှီးမှု ပိုရတယ်။ အရောင်းမြှင့်တင်ရေးမှာ - သူများနဲ့မတူတဲ့ ပရိုမိုးရှင်းဖြစ်လို့ လူပိုစိတ်ဝင်စားတယ်။ လူမှုရေးရှုထောင့်ကနေကြည့်မလား - ဒီလို ငွေ ( ၁၂ ) ဒေါ်လာ ကို သားသမီးကျောင်းအတွက် သုံးပေးကြမယ့် မိခင်၊ ဖခင်တွေချည်းပါပဲ။ ပြီးတော့ အစားလည်း စားရသေးတယ်လေ။
.
.
ကျွန်တော်တို့ရန်ကုန်မှာ ဒီလို Flyer နဲ့ စည်းရုံးဖို့မလိုပါဘူး။ ကျောင်းအပ်ကတည်းက “ ကျောင်းသားတစ်ယောက် ငွေဘယ်လောက် “ ဆိုတာ နှစ်ဦးနှစ်ဖက် သိပြီးသား။ ဘယ်တော့မှမလုပ်ရတဲ့ ပရောဂျက်အတွက်လည်း လှည့်ပတ်ပြီး ဒီလိုအလှူခံ - Fundraise ဖို့မလိုပါဘူး။ ကျောင်းတွေမှာ အလှူငွေမကောက်ပါဘူးဆိုတဲ့ ဆိုင်းဘုဒ်ချိတ်ထားတယ်လေ။
.
စဉ်းစားရင်း .. တွေးကြည့်ရင်း .. ကျွန်တော်တို့ရန်ကုန်မှာဆိုရင် ..
.

koko2yeye@gmail.com
.
“ ကြ်န္ေတာ္တုိ႕ရန္ကုန္မွာဆိုရင္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၂၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: https://app.box.com/s/aqqnrnwvqczzcy8xl3pop9e9uyczyl3d


No comments: