ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ပန်းသီးစက္ကူလိပ်
( ၁ဝ ) လိပ် ဘယ်ဈေးဖြစ်နေပါပြီလဲ? ရွှေဝါးစက္ကူလိပ် ရော သုံးနေကြပါသေးလား? လန်ဒန်စက္ကူလိပ်
ရော အလိပ်သေးသွားပြီလား? မသုံးတာကြာလို့မေးကြည့်မိတာပါ။ ခက်တာက အိမ်မှာ ရေအိမ်သွားတဲ့
ဒီစက္ကူဟာ စားသောက်ဆိုင်ရောက်တော့ London စီးကရက်ကြော်ငြာဗူးထဲမှာ၊ Grand Royal အရက်ကြော်ငြာစက္ကူလိပ်ဗူးထဲမှာ
တွေ့နေရ မြင်နေရတယ်။
.
ဘယ်နေရာမှာ
ဘာစက္ကူသုံးဆိုတာ မခွဲထားတော့ နေရာတကာသုံးတဲ့ စက္ကူလိပ်ဘဝ ရောက်ကြရတာပေါ့။ ဈေးပိုယူတဲ့
အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ပါးစပ်သုပ်တဲ့ စက္ကူခေါက်လေးတွေနဲ့ အဆင်ပြေနိုင်ပေမယ့်
တစ်ချို့လက်ဘက်ရည်ဆိုင်တွေမှာဆို ညစ်ထေးနေတဲ့ လက်သုတ်ပုဝါ ကိုသာ မြင်ခဲ့ရသူအဖို့ အမြင်မဆန်းတော့ပါဘူး။
.
နယ်မြေခြားကို
စရောက်ချိန် ကိုယ့်ချွေးနည်စာမြန်မာကျပ်ငွေကို ဒေါ်လာဖွဲ့ပြီးသုံးရတဲ့အခါ ဘယ်ပစ္စည်းကိုမှ
မထိရက် မတို့ရက် ဖြစ်ရပါတယ်။ အထူးသဖြင့် ငါတို့
မြန်မာနိုင်ငံမှာ ပါးစပ်သုတ်တဲ့ စက္ကူလိပ်ကို ဒီမှာ ရေအိမ်မှာသုံးတယ်ဆိုပြီး နှမြောလိုက်တဲ့ဖြစ်ခြင်း။
နောက်ပိုင်း ကိုယ်လည်းမနေသာတော့ သုံးရင်းကနေ ပါလာတဲ့ ငွေလည်း လုံးပါးပါးလာတဲ့အချိန်ကျမှ
ကိုယ့်ပိုက်ဆံနဲ့ကိုယ် မဖြစ်မနေ ဝယ်ရပါတော့တယ်။ ဒီအခါကျမှ စက္ကူလိပ်ရဲ့ အခေါ်အဝေါ်သုံးစွဲပုံကို
အသေးစိတ်လေ့လာမိတော့တယ်။
.
မြန်မာနိုင်ငံမှာ
တစ်သျှူး ပေပါ လို့ခေါ်တဲ့ စက္ကူ ( အလိပ် ) ကို Roll Bath Tissue (or) Toilet Paper
Roll
.
ပါးစပ်သုတ်ဖို့
စက္ကူကို Napkin
.
တစ်ချို့
နည်းနည်းကြမ်းတဲ့ သုံးထပ်ခေါက်စက္ကူကိုတော့ 2 Ply Hand Tower
.
တစ်တောင်လောက်မြင့်တဲ့
စွယ်စုံသုံး စက္ကူချောကို Paper Towel Roll
.
ရန်ကုန်စားသောက်ဆိုင်တွေမှာ
လက်နှိုက်တဲ့ Kleenex စက္ကူဗူးမျိုးကို 2-Ply Facial Tissue
နဲ့
ခေါက်တွန့်စက္ကူအထပ်လိုက်ထည့်ပြီး
တစ်ရွက်ဆွဲထုတ်ရင် နောက်တစ်ရွက်က အသင့်ထွက်လာတဲ့ ထည့်စရာ ပုံးကို Surfaced Mounted
Paper Towel Dispenser လို့ခေါ်ပါတယ်။
.
.
ရေခြား
မြေခြား တစ်ကယ်ရောက်ရင် ဒါတွေသိဖို့ တတ်ဖို့က သိပ်မကြာပါဘူး။ အရေးကြီးတာက လေ့လာသင်ယူရင်
ခဏနဲ့တတ်ပါတယ်။ ကွန်ပျူတာတွေကိုသာ Back Up လုပ်တတ်ရုံနဲ့ မရပါဘူး။ အိမ်သာတက်ရင်လည်း
Back Up လုပ်တတ်မှ အဆင်ပြေပါတယ်။
.
နို့မို့ဆို
လက်ကိုင်ဖုန်းလေးကိုင်ပြီးအိမ်သာထဲဝင်လာ၊ ထိုင်ပြီး ကိစ္စရှင်းရင်း ဖုန်းမှာ ဖေ့စ်ဘွတ်ခ်
သုံး၊ ပြီးပြီဆိုတော့ဘေးက စက္ကူလိပ်တိုင်မှာ စက္ကူကကုန်နေ၊ အပြင်ကိုလှမ်းခေါ်လို့လည်းမကြား၊
ဖုန်းဆက်ခေါ်ရင်ရပေမယ့် ကိုယ့်မှာက ထလို့မရ၊ ခက်တာက စိတ်ညစ်နေတုန်း-အကြံထုတ်နေတုန်း
အနဲ့အသက်ကဆိုး .. ဒီလို ဒုက္ခတွေက ကင်းဝေးအောင်လို့ ရေချိုးခန်း နဲ့ အိမ်သာတွဲလျက်အခန်း
ကိုယ့် Bathroom မှာ အရံသင့် စက္ကူလိပ်ထည့်တဲ့ဗူး - Toilet Paper Storage တစ်ခု ဝယ်သုံးသင့်ပါတယ်လို့
အကြံပြုလိုက်ရပါတယ်။
.
မတော်တဆ
သူများအိမ်မှာ ဧည့်သည်သွားလုပ်တဲ့အခါမျိုးမှာကြုံရရင် မတွေးဝင့်စရာပါ။ သန့်စင်ခန်းမှာ
ကြုံရသော ဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ။
.
koko2yeye@gmail.com
No comments:
Post a Comment