ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး) |
ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသ-Bay Area ကေန ေလာ႕အိမ္႕ဂ်လိစ္ျမိဳ႕-L.A
ကုိ သြားရာလမ္းမွာ အျမန္လမ္းတစ္ရာ႕တစ္_US-101 နဲ႕ အမွတ္(၅) အျမန္လမ္း_(I-5) ဆိုတဲ႕
(၂) လမ္းထဲက (I-5) က လူအသြားအမ်ားဆံုးပါ။ အေရွ႕ခရီးသြားေဆာင္းပါးေတြမွာေရးခဲ႕သလို
(I-5) အလယ္မွာျခားထားတဲ႕ျမက္ခင္းတစ္ခ်ိဳ႕နဲ႕တစ္ဖက္တစ္ခ်က္မွာ ကား (၂) စီးေမာင္းစာလမ္းေလးနဲ႕ျဖစ္ေနလို႕
(၂ဝဝ၈) ခုႏွစ္ေလာက္က မိတၳီလာ-မႏၱေလးအျမန္လမ္းနဲ႕ဆင္တူတယ္ဆိုတာ ကြ်န္ေတာ႕မွတ္ဥာဏ္ကေျပာျပေနတယ္။
မတူတာက ကားလမ္းေတြရဲ႕အေဝး မ်က္စိတစ္ဆံုးမွာ
ဘယ္လိုပင္ၾကည္႕လိုက္ၾကည္႕လုိက္ လြမ္းစရာလံုးဝမရွိတဲ႕ေတာင္ဂတံုးပုတုေလးေတြပါ။ ဒီေတာင္ပုပုေလးေတြရဲ႕
ဘာအပင္စုိက္စိုက္ျဖစ္ထြန္းမယ္႕ပံုမေပၚတဲ႕ေတာေတာင္အေနအထားက L.A ကိုေမာင္းတိုင္း ရွမ္းျပည္သားကြ်န္ေတာ႕အျမင္အာရံုကိုဆြဲေဆာင္မထားႏုိင္ပါဘူး။
ဒီၾကားထဲ က်ယ္ေျပာလွတဲ႕ကယ္လီဖိုးနီးယားျပည္နယ္တစ္ဝုိက္မွာ
မီးက ခဏခဏလန္႕တယ္။ တကယ္ေလာင္လိုက္ရင္ အၾကီးအက်ယ္ . .။ ေျမဧကေပါင္းေထာင္ေသာင္းခ်ီဟာ
ရက္ပိုင္းအတြင္း ေတာမီးရဲ႕ဝါးျမိဳျခင္းကိုခံရေလတယ္။ ဒီေျမေတြၾကိဳက္သေလာက္ ေလာင္၊ အရင္ကလည္း
ေလာင္၊ မေရွးမေႏွာင္းလည္း ေလာင္၊ အခုလည္း ေလာင္ . . ဒီေလာက္မီးေလာင္ေနေပမဲ႕ လူေနအိမ္ေျခေတြမထိသ၍
လူသားေတြကသိပ္အေရးလုပ္ပံုမရၾကဘူး။
ဟုိတစ္ေလာက ကမၻာ႕နာမည္ၾကီးရုပ္ရွင္ေလာကသားတို႕ေငြပံုေအာဝယ္ယူထားၾကတဲ႕
မာလီဗူး-Malibu ျမိဳ႕ ေတာင္ပတ္လည္တစ္ျခမ္းေလာက္ေလာင္ေတာ႕မွ အူယားဖားယားျဖစ္လာျပီး သဘာဝအလွဟာ
သဘာဝေဘးအႏၱရာယ္အျပင္ လူသားေတြျပဳလုပ္တဲ႕ေပါ႕ဆမီးနဲ႕ဆက္ႏြယ္ေပါင္းယွက္ကာ အေကာင္းနဲ႕အဆုိးကုိ
ေၾကာင္းက်ိဳးဆက္ႏြယ္ယူေဆာင္လာတတ္ၾကတယ္ဆုိတာသတိထားမိလာၾကတယ္။
ဒီလို ကမၻာေျမကအခမဲ႕ေပးေနတဲ႕ေျမေပၚမွာဘာမွစုိက္လို႕မရမယ္႕အတူတူ
ဘဘာဝတရားက အေပၚယံေျမမႈန္ေဆြးေတြကို ေတာမီးနဲ႕ေလာင္ျမိဳက္လိုက္ေတာ႕ အေပၚယံေက်ာက္သားလႊာမွာကပ္ျငိေနတဲ႕အျမစ္တြယ္လုိ႕မရတဲ႕အပင္ေတြအတြက္
ေတာမီးက ေတာင္ေတြကို အစစ္အမွန္စိုက္ပ်ိဳးနည္းပညာနဲ႕ဂတံုးတံုးေပးလိုက္ၾကေလတယ္။ ဒီႏွစ္မွာေတာ႕
ဘယ္သူမွမေၾကျငာရပဲ ကယ္လီဖိုးနီးယားျပည္နယ္တစ္ခ်ိဳ႕မွာ ေရာင္စံုပန္းခင္းေလးေတြနဲ႕ ပန္းရုိင္းေတြပြင္႕တဲ႕ေတာရဂံုေတာင္တန္းေတြ
ပြင္႕လန္းရင္းမ်က္ႏွာပန္းလွလာၾကတယ္။
အလားတူအျဖစ္အပ်က္မ်ိဳးကုိ (၁၉၉၉) ၊ (၂ဝဝ၉)
နဲ႕ အနီးကပ္ဆံုး ျပီးခဲ႕တဲ႕ (၂ဝ၁၇) ခုႏွစ္မွာ ဘဘာဝကသက္ေသျပခဲ႕တာကေတာ႕ ကယ္လီဖိုးနီးယားရဲ႕ေျခာက္ကပ္တဲ႕သဲကႏၱာရဆန္ဆန္ေျမဆီလႊာေတြကို
ေပါက္ျပားနဲ႕တူး၊ ခြ်န္းနဲ႕ေပါက္လိုက္သလို ေျမလွန္မိလ်က္သားျဖစ္ေနတဲ႕အေၾကာင္းရင္းခံကေတာ႕
မီးေလာင္ျပီးစ ကမၻာ႕ေျမအသစ္ေပၚမွာ အၾကီးအက်ယ္မိုးရြာသြန္းမႈေတြရဲ႕ဘုရားေပးတဲ႕အက်ိဳးသက္ေရာက္မႈျဖစ္ပါတယ္။
အရင္ လမ္းမွာရပ္ဖို႕မေျပာနဲ႕
. . ျဖတ္သြားရင္ေတာင္လွည္႕မၾကည္႕ခ်င္တဲ႕ (I-5) အျမန္လမ္းမွာ ပန္းအဝါေရာင္ေတြနဲ႕ျပည္႕ႏွက္ေနသလို
ေဘးပတ္ပတ္လည္မွာလည္း ေအးသာယာေဂါက္ကြင္းၾကီးကုိ ျဖန္႕ျပီးခင္းထားလိုက္သလို စိမ္းစုိလန္းဆန္းျပီး
မ်က္စိပဒါသၾကည္လင္ေအးျမရပါတယ္။
လူေတြအရဲ႕အလိုရမၼက္ေလာဘအရ
အရင္သတိမထားမိတဲ႕ေတာင္တန္းေတြကို အခုေတာ႕ အမွတ္တရ အင္စတာဂရမ္ဖိုတိုရႈလုပ္ၾကေတာ႕တယ္။
ပန္းရုိင္းေတာထဲဝင္ျပီး ကိုယ္ေနဟန္ထားအမ်ိဳးမ်ိဳးနဲ႕ပုိ႕စ္ ေပး ဓါတ္ပံုရိုက္ၾကေတာ႕
ရွမ္းရုိးမခရီးစဥ္နဲ႕အေပ်ာ္ခရီးထြက္သူေတြ ရွမ္းျပည္နယ္ ရြာငံ၊ ပင္းတယသြားလမ္းဘက္က ပန္းႏွမ္းခင္းေတြထဲဝင္ျပီး
ေဖ႕စ္ဘြတ္ေပၚတင္ဖို႕ ဓါတ္ပံုေတြအတင္းဝင္ရိုက္၊ စိုက္ခင္းပ်က္စီး၊ ျခံရွင္ေတြစီးပြားပ်က္တာေတြကုိ
သတိရလာမိတယ္။
တစ္ဆက္တည္းမွာ
ကြ်န္ေတာ္ကားေမာင္းရင္းရတဲ႕အသိက သံေဝဂဆန္လြန္းတယ္။ အိမ္ကထြက္ေတာ႕ မိုးတျပဲျပဲရြာေပမယ္႕
လမ္းမွာမိုးေပ်ာက္ေလးေတြမရွိတဲ႕ (I-5) လမ္းတစ္ေလွ်ာက္မွာ ကားေရွ႕မွန္ကုိ မိုးစက္ေတြက်လာတယ္။
တစ္စက္၊ ႏွစ္စက္ သံုး ေလးစက္ . . သိပ္သတိမထားမိေသးဘူး။ ေနာက္မ်ားလာေတာ႕ ၾကည္႕လိုက္ေတာ႕
မုိးကမရြာပဲ မိုးစက္ေတြက်တာကထူးျခားေနတယ္။ ပုိျပီးထူးဆန္းတာက မိုးစက္ေတြက ဖေယာင္းသားလို
အျဖဴေတြနဲ႕ သရက္သီးအတြင္းသားအေရာင္လို အက္စက္မိုးေရအဝါေတြျဖစ္ေနတာပါပဲ။
ဘုရား ဘုရား ဘုရား ကြ်န္ေတာ္ေတြးမိသလိုမျဖစ္ပါေစနဲ႕။
ကြ်န္ေတာ္ေလ႕လာထားမိသလိုအျဖစ္မွန္မဟုတ္ပါေစနဲ႕။ ကြ်န္ေတာ႕ဆုေတာင္းေတြဟာ ဒီတစ္ေခါက္ေတာ႕မျပည္႕ခဲ႕ပါဘူး။
ကြ်န္ေတာ႕ကားေပၚကုိက်လာတာ မုိးေရစက္ေတြမဟုတ္ဘူး။ ကြ်န္ေတာ႕ကားမွန္ေပၚက်လာတာ ဝါဖန္႕ဖန္႕အက္စက္မိုးေရေတြမဟုတ္ဘူး။
အဲဒါက ပန္းရုိင္းေတြပြင္႕လို႕ ဝတ္မႈန္ကူးဖို႕လာၾကတဲ႕ အင္းဆက္ေတြ၊ မ်က္စိနဲ႕ျမင္ဖို႕ခက္တဲ႕
ပုစဥ္းႏြယ္ပ်ားပိတံုးသတၱဝါေလးေတြ။
လူေတြက အျမန္လမ္းေတြေဖာက္၊
အျမန္ႏႈန္းကန္႕သတ္ခ်က္ကုိ (၆၅) မိုင္သတ္မွတ္၊ ဒီ (I-5) အျမန္လမ္းေပၚမွာ ဘယ္သူမွစံႏႈန္းကိုမလိုက္နာ
. . မိုင္ေက်ာ္ေမာင္းၾကတာခ်ည္းဆိုတာ ေမာင္းဖူးသူတိုင္းအသိ။ ဒါေတြကို လမ္းကူးတဲ႕အင္းဆက္ေတြမသိဘူး။
သူတို႕မွာ ျမင္ႏုိင္တဲ႕မ်က္စိ-Touch Screen မရွိဘူး။ ဘယ္ကုိသြားရမယ္ဆိုတဲ႕-GPS မရွိဘူး။
သူတုိ႕သိတာ ဟိုမွာ ဒီမွာ၊ ဒီမွာ ဟုိမွာ ရွားရွားပါးပါးပြင္႕လာတဲ႕ ပန္းရိုင္း-Wildflower
ေတြ။
အခုလို ပန္းရုိင္းစံုပြင္႕တဲ႕ရာသီကုိ
Super Bloom လို႕ေခၚၾကတယ္။ ကြ်န္ေတာ္ကေတာ႕ ပန္းႏွမ္းနဲ႕ဆင္တူတဲ႕ အဝါေရာင္ေတြသာေတြ႕ခဲ႕ေပမယ္႕
တစ္ခ်ိဳ႕အထင္ကရေနရာေတြမွာ အစိမ္း၊ အနီ၊ လိေမၼာ္ နဲ႕ ခရမ္းေရာင္ေတြပါပြင္႕လန္းၾကတယ္။
တစ္ခ်ိဳ႕ေနရာေတြမွာ ခရီးသြားရင္းကားရပ္ဓါတ္ပံုရိုက္ၾကလို႕ အျမန္လမ္းေတြဆက္သြားလို႕မရေအာင္
ကားပိ္တ္ကုန္တယ္။
အဓိကေပါက္တဲ႕အပင္ေတြက Poppies, Popcorn Flowers,
Purple Lupins ေတြလို႕ ေျပာၾကတယ္။ ေျမာက္ပိုင္းကယ္လီဖိုးနီးယားမွာရွိတဲ႕ အယ္ဆင္ေနာ္ေရကန္-
Lake Elsinore တစ္ဝုိက္မွာဆိုရင္ လူ (၁ဝဝဝဝ) ကေန သိန္းနဲ႕ခ်ီတဲ႕လူေတြ ပန္းရုိင္းၾကည္႕ပြဲ-Instagram
Selfie ေတြဆြဲတဲ႕ေနရာေတြရဲ႕အျမန္ကားလမ္းေတြေပၚမွာ ပန္းဝတ္မႈန္ကူးအင္းဆက္ေတြသိန္းနဲ႕ခ်ီ
ေသပြဲဝင္ၾကရတယ္။ ဒီအရင္းခံအေၾကာင္းတရားေတြေၾကာင္႕လားေတာ႕ မေျပာတတ္ . . ဘဘာဝက အလွအပတရားကုိ
ဒီအတုိင္းမထားပဲ သတၱဝါေတြရဲ႕အသက္ေတြနဲ႕အလဲအထပ္လုပ္ၾကေလသလားလို႕ ကြ်န္ေတာ္ဆက္ကာေတြးမိေနတယ္။
ဒီဘက္ေျမကိုမလာခင္ေလးက ေတာင္ၾကီးျမိဳ႕အလြန္
(၂) မိုင္ဘုန္းၾကီးေက်ာင္းမွာ ဘုရားထီးတင္တုန္းက ဆရာေတာ္တစ္ပါးေျပာတာကုိအမွတ္ရမိတယ္။
မနက္တိုင္း သူ႕ကပၸိယေမာင္းတဲ႕စလြန္းကားေလးကိုမစီးခင္လမ္းခရီးမွာေတြ႕မယ္႕သတၱဝါေတြကို
ဆရာေတာ္က ေမတၱာပုိ႕ေလ႕ရွိတယ္။ “အဲဒီသတၱဝါေတြဟာ ျမင္အပ္ မျမင္အပ္ သက္ရွိသတၱဝါေတြထဲမွာပါတယ္”
လို႕ ေဟာေျပာခဲ႕တုန္းက အဲဒီအနက္အဓိပၸာယ္ကုိ နက္နက္နဲနဲမေတြးမိဘူး။
ဒီေနာက္ဆံုးတစ္ေခါက္ L.A ကုိသြားတဲ႕
(I-5) လမ္းေပၚမွာ ကြ်န္ေတာ္မျမင္ခ်င္ဆံုးအရာကေတာ႕ ကြ်န္ေတာ႕ကားေရွ႕မွန္ၾကီးမွာ ျမင္အပ္မျမင္အပ္တဲ႕အင္းဆက္အေရာင္မ်ိဳးစံု
အေကာင္ (၂ဝဝ) ေက်ာ္ သူတုိ႕ရဲဲ႕အသက္ေတြကိုစေတးသြားခဲ႕ၾကတာပါ။ တစ္ရက္ကို ကားေပါင္းေသာင္းနဲ႕ခ်ီေမာင္းႏွင္ျဖတ္သန္းေနတဲ႕
(I-5) လမ္းမထက္မွာ အင္းဆက္အသက္ေပါင္းဘယ္ေလာက္ေသေၾကပ်က္စီးေနၾကမယ္ဆုိတာ မမွန္းဆရဲေလာက္ေအာင္
စိုးရြံ႕မိတယ္။
အစပထမေတာ႕ ဒီ
(I-5) လမ္္းကိုအသြားအျပန္ေမာင္းခဲ႕တဲ႕အၾကိမ္ (၁) ဒါဇင္ေက်ာ္မွာ “ဒီတစ္ေခါက္ပဲ ေတာေတာင္ေရေျမစိမ္းစိမ္းစုုိစိုကုိျမင္ဖူးေတာ႕တယ္”
လို႕ စိတ္ထဲမွာၾကိတ္ျပီး ဝမ္းသာေနမိခဲ႕တယ္။
ဒါနဲ႕တစ္ဆက္တည္း ကားစီယာတိုင္ေလးကိုညာဘက္ေကြ႕လုိက္ ဘယ္ဘက္စိမ္းစုိေတာင္တန္းေတြကိုေငးလိုက္၊
ကားစီယာတိုင္ေလးကိုဘယ္ဘက္ေကြ႕လုိက္ ညာဘက္က ေဒသခံေတြရဲ႕ေအာင္ျမင္စိမ္းျမေနတဲ႕စီးပြားျဖစ္စိုက္ခင္းေတြကိုေငးလိုက္နဲ႕
အင္မတန္ပနံရတဲ႕ျမင္ကြင္းလို႕ထင္ေယာင္မွားမိတယ္။
ေနာက္မွသိလာရတာက
ကားေရွ႕မွန္ကုိဖေယာင္းအေရာင္မိုးစက္ေတြက်တာက ပန္းဝတ္မႈန္အျဖဴကုိစားထားတဲ႕ ပ်ားပိတုံုးေသးေသးေလးေတြ၊
အက္စက္မိုးအဝါေရာင္အစက္ေလးေတြက ေပၚပီပန္းအဝါၾကားမွာ ဗိုက္ကားေနေအာင္ပန္းဝတ္ရည္စုပ္ထားတဲ႕
ခပ္ၾကီးၾကီးပန္းဝတ္မႈန္ကူးပ်ားပိတံုးေလးေတြ။ တကယ္တမ္းေတာ႕ လူေတြအတြက္ နားဝင္ပီယံသာယာနာေပ်ာ္ဖြယ္အသံၾကားရဖို႕
ပန္းရည္စုပ္ငွက္ေတြတြန္သံက်ဴးေပးဖို႕မလိုပါဘူး။ ခရီးတစ္ခုရဲ႕ရႈခင္းေတြ ျမင္သူအေပါင္းစိတ္ရႊင္လန္းေစဖို႕
ပန္းေပါင္းရည္စမ္းတဲ႕ႏုိင္လြန္ကတၱရာလမ္းမလိုပါဘူး။ ပ်ိဳေမတိုင္းၾကိဳက္ဖို႕ ပန္းတိမ္ငိုပန္းေတြ
ေဘးဝဲယာလမ္းေတြမွာစုိစိုေျပေျပပြင္႕လန္းေပးစရာမလိုအပ္ပါဘူး။
တကယ္ဆုိရင္ ျမင္အပ္မျမင္အပ္တဲ႕သတၱဝါေတြထဲက
ေသးငယ္လွတဲ႕ေလာကအက်ိဳးျပဳသက္ရွိသတၱဝါေလးေတြအေပၚထားရမယ္႕ ကရုဏာတရားသာလိုအပ္ပါတယ္။ ကားေမာင္းရင္းစဥ္းစား
စဥ္းစားရင္းကားေမာင္းေနတဲ႕ကြ်န္ေတာ္ဟာ “လူသားေတြ သက္_သတ္_လြတ္ စားျခင္းရဲ႕အနက္အဓိပၸာယ္”
ကုိ ျပန္ဆင္ျခင္ရင္း ေရာင္စံုပန္းရိုင္းရဂံုရဲ႕က်ိန္စာအေၾကာင္းေထြလာေသာင္းေျပာင္း အေၾကာင္းေၾကာင္းအဖန္ဖန္
စိတ္နယ္လွ်ံေနမိခဲ႕တာ ဝန္ခံလိုက္ပါရေစ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
03-27-2019
Unicode Version:
“Super Bloom (သို့မဟုတ်) အမြန်လမ်း_(I-5) ပေါ်မှ ရောင်စုံပန်းရိုင်းရဂုံ”
ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ-Bay Area ကနေ
လော့အိမ့်ဂျလိစ်မြို့-L.A ကို သွားရာလမ်းမှာ အမြန်လမ်းတစ်ရာ့တစ်_US-101 နဲ့ အမှတ်(၅) အမြန်လမ်း_(I-5) ဆိုတဲ့ (၂) လမ်းထဲက (I-5) က လူအသွားအများဆုံးပါ။
အရှေ့ခရီးသွားဆောင်းပါးတွေမှာရေးခဲ့သလို (I-5) အလယ်မှာခြားထားတဲ့မြက်ခင်းတစ်ချို့နဲ့တစ်ဖက်တစ်ချက်မှာ ကား (၂) စီးမောင်းစာလမ်းလေးနဲ့ဖြစ်နေလို့ (၂ဝဝ၈) ခုနှစ်လောက်က မိတ္ထီလာ-မန္တလေးအမြန်လမ်းနဲ့ဆင်တူတယ်ဆိုတာ ကျွန်တော့မှတ်ဉာဏ်ကပြောပြနေတယ်။
မတူတာက ကားလမ်းတွေရဲ့အဝေး မျက်စိတစ်ဆုံးမှာ ဘယ်လိုပင်ကြည့်လိုက်ကြည့်လိုက် လွမ်းစရာလုံးဝမရှိတဲ့တောင်ဂတုံးပုတုလေးတွေပါ။ ဒီတောင်ပုပုလေးတွေရဲ့ ဘာအပင်စိုက်စိုက်ဖြစ်ထွန်းမယ့်ပုံမပေါ်တဲ့တောတောင်အနေအထားက
L.A ကိုမောင်းတိုင်း ရှမ်းပြည်သားကျွန်တော့အမြင်အာရုံကိုဆွဲဆောင်မထားနိုင်ပါဘူး။
ဒီကြားထဲ ကျယ်ပြောလှတဲ့ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝိုက်မှာ
မီးက ခဏခဏလန့်တယ်။ တကယ်လောင်လိုက်ရင် အကြီးအကျယ် . .။ မြေဧကပေါင်းထောင်သောင်းချီဟာ
ရက်ပိုင်းအတွင်း တောမီးရဲ့ဝါးမြိုခြင်းကိုခံရလေတယ်။ ဒီမြေတွေကြိုက်သလောက် လောင်၊ အရင်ကလည်း
လောင်၊ မရှေးမနှောင်းလည်း
လောင်၊ အခုလည်း လောင် . . ဒီလောက်မီးလောင်နေပေမဲ့ လူနေအိမ်ခြေတွေမထိသ၍ လူသားတွေကသိပ်အရေးလုပ်ပုံမရကြဘူး။
ဟိုတစ်လောက ကမ္ဘာ့နာမည်ကြီးရုပ်ရှင်လောကသားတို့ငွေပုံအောဝယ်ယူထားကြတဲ့ မာလီဗူး-Malibu မြို့ တောင်ပတ်လည်တစ်ခြမ်းလောက်လောင်တော့မှ အူယားဖားယားဖြစ်လာပြီး သဘာဝအလှဟာ သဘာဝဘေးအန္တရာယ်အပြင် လူသားတွေပြုလုပ်တဲ့ပေါ့ဆမီးနဲ့ဆက်နွယ်ပေါင်းယှက်ကာ အကောင်းနဲ့အဆိုးကို ကြောင်းကျိုးဆက်နွယ်ယူဆောင်လာတတ်ကြတယ်ဆိုတာသတိထားမိလာကြတယ်။
ဒီလို ကမ္ဘာမြေကအခမဲ့ပေးနေတဲ့မြေပေါ်မှာဘာမှစိုက်လို့မရမယ့်အတူတူ ဘဘာဝတရားက အပေါ်ယံမြေမှုန်ဆွေးတွေကို တောမီးနဲ့လောင်မြိုက်လိုက်တော့ အပေါ်ယံကျောက်သားလွှာမှာကပ်ငြိနေတဲ့အမြစ်တွယ်လို့မရတဲ့အပင်တွေအတွက်
တောမီးက တောင်တွေကို အစစ်အမှန်စိုက်ပျိုးနည်းပညာနဲ့ဂတုံးတုံးပေးလိုက်ကြလေတယ်။
ဒီနှစ်မှာတော့
ဘယ်သူမှမကြေငြာရပဲ ကယ်လီဖိုးနီးယားပြည်နယ်တစ်ချို့မှာ ရောင်စုံပန်းခင်းလေးတွေနဲ့ ပန်းရိုင်းတွေပွင့်တဲ့တောရဂုံတောင်တန်းတွေ
ပွင့်လန်းရင်းမျက်နှာပန်းလှလာကြတယ်။
အလားတူအဖြစ်အပျက်မျိုးကို (၁၉၉၉) ၊ (၂ဝဝ၉)
နဲ့ အနီးကပ်ဆုံး ပြီးခဲ့တဲ့ (၂ဝ၁၇) ခုနှစ်မှာ
ဘဘာဝကသက်သေပြခဲ့တာကတော့ ကယ်လီဖိုးနီးယားရဲ့ခြောက်ကပ်တဲ့သဲကန္တာရဆန်ဆန်မြေဆီလွှာတွေကို ပေါက်ပြားနဲ့တူး၊ ချွန်းနဲ့ပေါက်လိုက်သလို မြေလှန်မိလျက်သားဖြစ်နေတဲ့အကြောင်းရင်းခံကတော့ မီးလောင်ပြီးစ ကမ္ဘာ့မြေအသစ်ပေါ်မှာ အကြီးအကျယ်မိုးရွာသွန်းမှုတွေရဲ့ဘုရားပေးတဲ့အကျိုးသက်ရောက်မှုဖြစ်ပါတယ်။
အရင် လမ်းမှာရပ်ဖို့မပြောနဲ့ . . ဖြတ်သွားရင်တောင်လှည့်မကြည့်ချင်တဲ့ (I-5) အမြန်လမ်းမှာ
ပန်းအဝါရောင်တွေနဲ့ပြည့်နှက်နေသလို ဘေးပတ်ပတ်လည်မှာလည်း အေးသာယာဂေါက်ကွင်းကြီးကို ဖြန့်ပြီးခင်းထားလိုက်သလို စိမ်းစိုလန်းဆန်းပြီး
မျက်စိပဒါသကြည်လင်အေးမြရပါတယ်။
လူတွေအရဲ့အလိုရမ္မက်လောဘအရ
အရင်သတိမထားမိတဲ့တောင်တန်းတွေကို အခုတော့ အမှတ်တရ အင်စတာဂရမ်ဖိုတိုရှုလုပ်ကြတော့တယ်။ ပန်းရိုင်းတောထဲဝင်ပြီး ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ပို့စ်
ပေး ဓါတ်ပုံရိုက်ကြတော့ ရှမ်းရိုးမခရီးစဉ်နဲ့အပျော်ခရီးထွက်သူတွေ
ရှမ်းပြည်နယ် ရွာငံ၊ ပင်းတယသွားလမ်းဘက်က
ပန်းနှမ်းခင်းတွေထဲဝင်ပြီး ဖေ့စ်ဘွတ်ပေါ်တင်ဖို့
ဓါတ်ပုံတွေအတင်းဝင်ရိုက်၊ စိုက်ခင်းပျက်စီး၊ ခြံရှင်တွေစီးပွားပျက်တာတွေကို သတိရလာမိတယ်။
တစ်ဆက်တည်းမှာ ကျွန်တော်ကားမောင်းရင်းရတဲ့အသိက သံဝေဂဆန်လွန်းတယ်။ အိမ်ကထွက်တော့
မိုးတပြဲပြဲရွာပေမယ့် လမ်းမှာမိုးပျောက်လေးတွေမရှိတဲ့ (I-5) လမ်းတစ်လျှောက်မှာ
ကားရှေ့မှန်ကို
မိုးစက်တွေကျလာတယ်။ တစ်စက်၊ နှစ်စက် သုံး လေးစက် . . သိပ်သတိမထားမိသေးဘူး။
နောက်များလာတော့ ကြည့်လိုက်တော့ မိုးကမရွာပဲ မိုးစက်တွေကျတာကထူးခြားနေတယ်။ ပိုပြီးထူးဆန်းတာက
မိုးစက်တွေက ဖယောင်းသားလို အဖြူတွေနဲ့ သရက်သီးအတွင်းသားအရောင်လို အက်စက်မိုးရေအဝါတွေဖြစ်နေတာပါပဲ။
ဘုရား ဘုရား ဘုရား ကျွန်တော်တွေးမိသလိုမဖြစ်ပါစေနဲ့။
ကျွန်တော်လေ့လာထားမိသလိုအဖြစ်မှန်မဟုတ်ပါစေနဲ့။ ကျွန်တော့ဆုတောင်းတွေဟာ
ဒီတစ်ခေါက်တော့မပြည့်ခဲ့ပါဘူး။ ကျွန်တော့ကားပေါ်ကိုကျလာတာ မိုးရေစက်တွေမဟုတ်ဘူး။ ကျွန်တော့ကားမှန်ပေါ်ကျလာတာ ဝါဖန့်ဖန့်အက်စက်မိုးရေတွေမဟုတ်ဘူး။ အဲဒါက ပန်းရိုင်းတွေပွင့်လို့
ဝတ်မှုန်ကူးဖို့လာကြတဲ့ အင်းဆက်တွေ၊ မျက်စိနဲ့မြင်ဖို့ခက်တဲ့
ပုစဉ်းနွယ်ပျားပိတုံးသတ္တဝါလေးတွေ။
လူတွေက အမြန်လမ်းတွေဖောက်၊
အမြန်နှုန်းကန့်သတ်ချက်ကို (၆၅) မိုင်သတ်မှတ်၊ ဒီ (I-5) အမြန်လမ်းပေါ်မှာ ဘယ်သူမှစံနှုန်းကိုမလိုက်နာ . . မိုင်ကျော်မောင်းကြတာချည်းဆိုတာ မောင်းဖူးသူတိုင်းအသိ။
ဒါတွေကို လမ်းကူးတဲ့အင်းဆက်တွေမသိဘူး။ သူတို့မှာ မြင်နိုင်တဲ့မျက်စိ-Touch
Screen မရှိဘူး။ ဘယ်ကိုသွားရမယ်ဆိုတဲ့-GPS မရှိဘူး။ သူတို့သိတာ ဟိုမှာ ဒီမှာ၊
ဒီမှာ ဟိုမှာ
ရှားရှားပါးပါးပွင့်လာတဲ့
ပန်းရိုင်း-Wildflower တွေ။
အခုလို ပန်းရိုင်းစုံပွင့်တဲ့ရာသီကို
Super Bloom လို့ခေါ်ကြတယ်။ ကျွန်တော်ကတော့ ပန်းနှမ်းနဲ့ဆင်တူတဲ့ အဝါရောင်တွေသာတွေ့ခဲ့ပေမယ့်
တစ်ချို့အထင်ကရနေရာတွေမှာ အစိမ်း၊ အနီ၊ လိမ္မော် နဲ့ ခရမ်းရောင်တွေပါပွင့်လန်းကြတယ်။
တစ်ချို့နေရာတွေမှာ ခရီးသွားရင်းကားရပ်ဓါတ်ပုံရိုက်ကြလို့
အမြန်လမ်းတွေဆက်သွားလို့မရအောင် ကားပိ်တ်ကုန်တယ်။
အဓိကပေါက်တဲ့အပင်တွေက Poppies, Popcorn
Flowers, Purple Lupins တွေလို့ ပြောကြတယ်။ မြောက်ပိုင်းကယ်လီဖိုးနီးယားမှာရှိတဲ့ အယ်ဆင်နော်ရေကန်- Lake
Elsinore တစ်ဝိုက်မှာဆိုရင် လူ (၁ဝဝဝဝ) ကနေ သိန်းနဲ့ချီတဲ့လူတွေ
ပန်းရိုင်းကြည့်ပွဲ-Instagram Selfie တွေဆွဲတဲ့နေရာတွေရဲ့အမြန်ကားလမ်းတွေပေါ်မှာ ပန်းဝတ်မှုန်ကူးအင်းဆက်တွေသိန်းနဲ့ချီ သေပွဲဝင်ကြရတယ်။
ဒီအရင်းခံအကြောင်းတရားတွေကြောင့်လားတော့ မပြောတတ် . . ဘဘာဝက အလှအပတရားကို ဒီအတိုင်းမထားပဲ သတ္တဝါတွေရဲ့အသက်တွေနဲ့အလဲအထပ်လုပ်ကြလေသလားလို့
ကျွန်တော်ဆက်ကာတွေးမိနေတယ်။
ဒီဘက်မြေကိုမလာခင်လေးက တောင်ကြီးမြို့အလွန်
(၂) မိုင်ဘုန်းကြီးကျောင်းမှာ ဘုရားထီးတင်တုန်းက ဆရာတော်တစ်ပါးပြောတာကိုအမှတ်ရမိတယ်။ မနက်တိုင်း သူ့ကပ္ပိယမောင်းတဲ့စလွန်းကားလေးကိုမစီးခင်လမ်းခရီးမှာတွေ့မယ့်သတ္တဝါတွေကို ဆရာတော်က မေတ္တာပို့လေ့ရှိတယ်။ “အဲဒီသတ္တဝါတွေဟာ မြင်အပ် မမြင်အပ် သက်ရှိသတ္တဝါတွေထဲမှာပါတယ်” လို့ ဟောပြောခဲ့တုန်းက အဲဒီအနက်အဓိပ္ပာယ်ကို
နက်နက်နဲနဲမတွေးမိဘူး။
ဒီနောက်ဆုံးတစ်ခေါက် L.A ကိုသွားတဲ့
(I-5) လမ်းပေါ်မှာ ကျွန်တော်မမြင်ချင်ဆုံးအရာကတော့
ကျွန်တော့ကားရှေ့မှန်ကြီးမှာ မြင်အပ်မမြင်အပ်တဲ့အင်းဆက်အရောင်မျိုးစုံ အကောင် (၂ဝဝ) ကျော်
သူတို့ရဲဲ့အသက်တွေကိုစတေးသွားခဲ့ကြတာပါ။ တစ်ရက်ကို ကားပေါင်းသောင်းနဲ့ချီမောင်းနှင်ဖြတ်သန်းနေတဲ့ (I-5) လမ်းမထက်မှာ
အင်းဆက်အသက်ပေါင်းဘယ်လောက်သေကြေပျက်စီးနေကြမယ်ဆိုတာ မမှန်းဆရဲလောက်အောင်
စိုးရွံ့မိတယ်။
အစပထမတော့ ဒီ
(I-5) လမ််းကိုအသွားအပြန်မောင်းခဲ့တဲ့အကြိမ် (၁) ဒါဇင်ကျော်မှာ “ဒီတစ်ခေါက်ပဲ တောတောင်ရေမြေစိမ်းစိမ်းစုုိစိုကိုမြင်ဖူးတော့တယ်” လို့ စိတ်ထဲမှာကြိတ်ပြီး ဝမ်းသာနေမိခဲ့တယ်။ ဒါနဲ့တစ်ဆက်တည်း
ကားစီယာတိုင်လေးကိုညာဘက်ကွေ့လိုက် ဘယ်ဘက်စိမ်းစိုတောင်တန်းတွေကိုငေးလိုက်၊ ကားစီယာတိုင်လေးကိုဘယ်ဘက်ကွေ့လိုက်
ညာဘက်က ဒေသခံတွေရဲ့အောင်မြင်စိမ်းမြနေတဲ့စီးပွားဖြစ်စိုက်ခင်းတွေကိုငေးလိုက်နဲ့ အင်မတန်ပနံရတဲ့မြင်ကွင်းလို့ထင်ယောင်မှားမိတယ်။
နောက်မှသိလာရတာက ကားရှေ့မှန်ကိုဖယောင်းအရောင်မိုးစက်တွေကျတာက
ပန်းဝတ်မှုန်အဖြူကိုစားထားတဲ့ ပျားပိတုုံးသေးသေးလေးတွေ၊
အက်စက်မိုးအဝါရောင်အစက်လေးတွေက ပေါ်ပီပန်းအဝါကြားမှာ ဗိုက်ကားနေအောင်ပန်းဝတ်ရည်စုပ်ထားတဲ့
ခပ်ကြီးကြီးပန်းဝတ်မှုန်ကူးပျားပိတုံးလေးတွေ။ တကယ်တမ်းတော့
လူတွေအတွက် နားဝင်ပီယံသာယာနာပျော်ဖွယ်အသံကြားရဖို့ ပန်းရည်စုပ်ငှက်တွေတွန်သံကျူးပေးဖို့မလိုပါဘူး။ ခရီးတစ်ခုရဲ့ရှုခင်းတွေ မြင်သူအပေါင်းစိတ်ရွှင်လန်းစေဖို့ ပန်းပေါင်းရည်စမ်းတဲ့နိုင်လွန်ကတ္တရာလမ်းမလိုပါဘူး။
ပျိုမေတိုင်းကြိုက်ဖို့ ပန်းတိမ်ငိုပန်းတွေ ဘေးဝဲယာလမ်းတွေမှာစိုစိုပြေပြေပွင့်လန်းပေးစရာမလိုအပ်ပါဘူး။
တကယ်ဆိုရင် မြင်အပ်မမြင်အပ်တဲ့သတ္တဝါတွေထဲက
သေးငယ်လှတဲ့လောကအကျိုးပြုသက်ရှိသတ္တဝါလေးတွေအပေါ်ထားရမယ့် ကရုဏာတရားသာလိုအပ်ပါတယ်။ ကားမောင်းရင်းစဉ်းစား
စဉ်းစားရင်းကားမောင်းနေတဲ့ကျွန်တော်ဟာ “လူသားတွေ သက်_သတ်_လွတ် စားခြင်းရဲ့အနက်အဓိပ္ပာယ်”
ကို ပြန်ဆင်ခြင်ရင်း ရောင်စုံပန်းရိုင်းရဂုံရဲ့ကျိန်စာအကြောင်းထွေလာသောင်းပြောင်း အကြောင်းကြောင်းအဖန်ဖန်
စိတ်နယ်လျှံနေမိခဲ့တာ ဝန်ခံလိုက်ပါရစေ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-27-2019
No comments:
Post a Comment