ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 2, 2017

ေသဖို႔တစ္ႏွစ္နီးလာျပန္ေပါ႔ကြယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.          
. ဘယ္အရာလဲဆိုတာသိေနေပမယ္႔ လူေတြအၿမဲေမ႔ထားတတ္တဲ႔အေၾကာင္းအရာတစ္ခုရွိတယ္။ အဲဒါကေတာ့ " သင္သည္ေမြးဖြားျခင္းျဖင္႔ဘဝစတင္၍ ေသဆံုးျခင္းျဖင္႕တစ္ေန႕အဆံုးသတ္ရမည္ " ဆိုတာပါပဲ။
.
. ဒီလုိအျမဲမွန္တဲ႕သံေဝဂတရားနဲ႕ဆန္႕က်င္ျပီးကြ်န္ေတာ္ဟာ ေမြးေန႕တစ္ခုတိုးလာတုိင္း ကိုယ္႕ဟာကိုယ္ေသဖို႕တစ္ရက္နီးလာျပီဆုိတာ ဒီအသက္ဒီအရြယ္အထိ အမွတ္မရွိႏိုင္ဘူး။ အနာေရာဂါထူကာေထြကာမရွိတာနဲ႕ " ဒီေန႕မေသေတာ႕ဘူး " လို႕ယူဆျပီး အမွားအေၾကာင္းရင္းကို အမွန္လို႕ထင္ေနခဲ႕တယ္။
.
.
. တကယ္႕အမွန္တရားက အေသြးအသားနဲ႕ဖြဲ႕စည္းထားတဲ႕ လူသားရဲ႕ခႏၶာကုိယ္မွာ ၾကြက္သားဆဲလ္ေတြဟာ အခ်ိန္နဲ႕အမွ် အမွ်ဥ္အသားအေရအတြက္ေပါင္းမ်ားစြာ ပ်က္စီးမႈေတြျဖစ္ေနၾကတယ္။ အသစ္ထြက္လာတဲ႕ဆဲလ္ေတြအတြက္ အစာစားျပီးျဖည္႕စြမ္းေပးရသလို ပ်က္စီးျပီးေၾကြလြင္႕အေရာင္ရင္႕သြားေတာ႕မယ္႕ ေသြးအိုေသြးေဟာင္းေတြကုိ စြန္႔ပစ္ေပးရတယ္။
.
. ဒီလို သဘာဝတရားကိုဆန္႕က်င္ျပီး ကြ်န္ေတာ္ဟာ ထပ္သိလာတဲ႕အသိဥာဏ္ေတြ၊ သင္ယူမိလာတဲ႕ ႏိုင္ငံတကာအသိပညာေတြ၊ ျပည္လည္မွ်ေဝဖို႕လိုတဲ႕ နည္းပညာေတြကို ေသးငယ္လွတဲ႕ဦးေဏွာက္ေသးေသးေလးထဲမွာ သိမ္းဆည္းရင္း ဆက္လက္သိမ္းဆည္းမိခဲ႕တာ ကာလၾကာလွေပါ႕။
.
.
. တစ္ဆက္တည္းမွာ စြန္႔ပစ္ရမယ္႕အသိဥာဏ္အေဆြးေတြ၊ မွားယြင္းေနတဲ႕ ကြန္ျမဴနစ္မဆန္တဆန္အယူအဆေဟာင္းေတြ၊ ဘာသာတရားရဲ႕ေကာင္းမြန္တဲ႕သြန္သင္ညႊန္ျပမႈေနာက္မလိုက္နာတဲ႕ အက်င္႕ဆိုးေတြ နဲ႕ ခက္ထန္တဲ႕၊ ရိုင္းစုိင္းတဲ႕၊ ၾကမ္းတမ္းတဲ႕၊ ေမာက္မာတဲ႕၊ ႏိုင္႕ထက္ညွဥ္းဆဲလုပ္ခ်င္တဲ႕စိတ္ေတြကို စြန္႔ပစ္သြန္ေမွာက္ဖို႕ ေမ႕လာတယ္။

.
. ဒါေပမယ္႕ ကြ်န္ေတာ္ဟာ ေလာဘ နဲ႕ အတၱကိုေရွ႕ထားျပီး ကုန္သြယ္စီးပြားရတဲ႕ဘဝကေန ပရဟိတ နဲ႕ အမ်ားအက်ိဳးကိုသယ္ပိုးခ်င္တဲ႕စိတ္၊ ပိုက္ဆံမရလည္း ပီတိရတဲ႕ဘဝ၊ သူေ႒းလိုမေနရေပမယ္႕ခ်စ္သူနဲ႕အျမဲအတူေနရတဲ႕ခဏ . . ဒါေတြအားလံုးထက္ ကေလးေတြကို ႏိုင္ငံတကာအဆင္႕ပညာသင္ေပးရတဲ႕ စံျပ . . ဒီအေျခအေနေရာက္လာေတာ႕ တစ္ခ်ိန္က ကြ်န္ေတာ္မက္ခဲ႕တဲ႕ေငြဟာ အခု အေရးမၾကီးေတာ႕ဘူး။ ဒါေၾကာင္႕ တစ္ခ်ိန္က အေၾကြးရွင္ကိုေၾကာက္ေနရတဲ႕စိတ္ ကြ်န္ေတာ႕မွာမရွိေတာ႕ဘူး။
.
.
. ဒါေတြအားလံုးထက္စာရင္ အသက္ရွင္ခြင္႕ေပးတဲ႕မိခင္ နဲ႕ မ်ိဳးေစ႕ခ်ေပးတဲ႕ ေၾကြလြင္႕ဖခင္ၾကီးကုိ အမ်ားၾကီးေက်းဇူးတင္မိတယ္။ သူတို႕ေပးတဲ႕အေသြးအသား၊ ရယူခဲ႕တဲ႕ မ်ိဳးရိုး၊ ေျခခ်ေလ႕လာခြင္႕ေပးတဲ႕ တိုင္းျပည္ နဲ႕ ဘာသာ သာသနာ၊ ေျမေတာင္ေျမွာက္ေပးခဲ႕တဲ႕ စပ္စုလိုစိတ္ - Curiosity နဲ႕ အခက္အခဲဆိုရင္ တုံးကိုက္ကိုက္ က်ားကိုက္ကိုက္ ေျဖရွင္းခ်င္တဲ႕ မေၾကာက္မရြံ႕စိတ္ေတြ တစ္စုတစ္ျပံဳတည္းထည္႕ေပးလိုက္တဲ႕အတြက္ လက္ေဆာင္အဆစ္ရလိုက္သလုိပါပဲ . . နယ္ျခားေျမေဝးမွာ သူမ်ားထက္ ႏွာတစ္ဖ်ားသာသလို အျမဲခံစားရတယ္။
.
. " တစ္ခုလိုခ်င္ရင္ တစ္ခုေပးဆပ္ရတယ္ " ဆုိတာ အသိပညာၾကြယ္ဝတဲ႕ ေရွးပညာရွိေတြထားခဲ႕တာ အေၾကာင္းရွိလိမ္႕မယ္။ အခုလိုအသက္အရြယ္ေရာက္တဲ႕အထိ အသက္ဆက္ခြင္႕ေပးခဲ႕တဲ႕ေလာကၾကီးမွာ ကူညီခဲ႕သူအားလံုးနဲ႕ လမ္းျပခဲ႕သူတစ္ေယာက္မက်န္ကို ေက်းဇူးတင္ေနပါတယ္။
.
.
. ေသြးဆိုး ေသြးညစ္ေတြေဖာက္ထုတ္ဖို႕ ကြ်န္ေတာ႕ကိုအခ်ိန္နည္းနည္းထပ္ေပးပါ။ ေသဖို႕တစ္ႏွစ္ထပ္နီးလာတဲ႕ဘဝမွာ ကြ်န္ေတာ္ဆက္ၾကိဳးစားပါရေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-03-2017
.
.
Unicode Version:
.
.
. “ သေဖို့တစ်နှစ်နီးလာပြန်ပေါ့ကွယ် “
. ဘယ်အရာလဲဆိုတာသိနေပေမယ့် လူတွေအမြဲမေ့ထားတတ်တဲ့အကြောင်းအရာတစ်ခုရှိတယ်။ အဲဒါကတော့ " သင်သည်မွေးဖွားခြင်းဖြင့်ဘဝစတင်၍ သေဆုံးခြင်းဖြင့်တစ်နေ့အဆုံးသတ်ရမည် " ဆိုတာပါပဲ။
.
. ဒီလိုအမြဲမှန်တဲ့သံဝေဂတရားနဲ့ဆန့်ကျင်ပြီးကျွန်တော်ဟာ မွေးနေ့တစ်ခုတိုးလာတိုင်း ကိုယ့်ဟာကိုယ်သေဖို့တစ်ရက်နီးလာပြီဆိုတာ ဒီအသက်ဒီအရွယ်အထိ အမှတ်မရှိနိုင်ဘူး။ အနာရောဂါထူကာထွေကာမရှိတာနဲ့ " ဒီနေ့မသေတော့ဘူး " လို့ယူဆပြီး အမှားအကြောင်းရင်းကို အမှန်လို့ထင်နေခဲ့တယ်။
.
.
. တကယ့်အမှန်တရားက အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ လူသားရဲ့ခန္ဓာကိုယ်မှာ ကြွက်သားဆဲလ်တွေဟာ အချိန်နဲ့အမျှ အမျှဉ်အသားအရေအတွက်ပေါင်းများစွာ ပျက်စီးမှုတွေဖြစ်နေကြတယ်။ အသစ်ထွက်လာတဲ့ဆဲလ်တွေအတွက် အစာစားပြီးဖြည့်စွမ်းပေးရသလို ပျက်စီးပြီးကြွေလွင့်အရောင်ရင့်သွားတော့မယ့် သွေးအိုသွေးဟောင်းတွေကို စွန့်ပစ်ပေးရတယ်။
.
. ဒီလို သဘာဝတရားကိုဆန့်ကျင်ပြီး ကျွန်တော်ဟာ ထပ်သိလာတဲ့အသိဥာဏ်တွေ၊ သင်ယူမိလာတဲ့ နိုင်ငံတကာအသိပညာတွေ၊ ပြည်လည်မျှဝေဖို့လိုတဲ့ နည်းပညာတွေကို သေးငယ်လှတဲ့ဦးဏှောက်သေးသေးလေးထဲမှာ သိမ်းဆည်းရင်း ဆက်လက်သိမ်းဆည်းမိခဲ့တာ ကာလကြာလှပေါ့။
.
.
. တစ်ဆက်တည်းမှာ စွန့်ပစ်ရမယ့်အသိဥာဏ်အဆွေးတွေ၊ မှားယွင်းနေတဲ့ ကွန်မြူနစ်မဆန်တဆန်အယူအဆဟောင်းတွေ၊ ဘာသာတရားရဲ့ကောင်းမွန်တဲ့သွန်သင်ညွှန်ပြမှုနောက်မလိုက်နာတဲ့ အကျင့်ဆိုးတွေ နဲ့ ခက်ထန်တဲ့၊ ရိုင်းစိုင်းတဲ့၊ ကြမ်းတမ်းတဲ့၊ မောက်မာတဲ့၊ နိုင့်ထက်ညှဉ်းဆဲလုပ်ချင်တဲ့စိတ်တွေကို စွန့်ပစ်သွန်မှောက်ဖို့ မေ့လာတယ်။
.
. ဒါပေမယ့် ကျွန်တော်ဟာ လောဘ နဲ့ အတ္တကိုရှေ့ထားပြီး ကုန်သွယ်စီးပွားရတဲ့ဘဝကနေ ပရဟိတ နဲ့ အများအကျိုးကိုသယ်ပိုးချင်တဲ့စိတ်၊ ပိုက်ဆံမရလည်း ပီတိရတဲ့ဘဝ၊ သူဋ္ဌေးလိုမနေရပေမယ့်ချစ်သူနဲ့အမြဲအတူနေရတဲ့ခဏ . . ဒါတွေအားလုံးထက် ကလေးတွေကို နိုင်ငံတကာအဆင့်ပညာသင်ပေးရတဲ့ စံပြ . . ဒီအခြေအနေရောက်လာတော့ တစ်ချိန်က ကျွန်တော်မက်ခဲ့တဲ့ငွေဟာ အခု အရေးမကြီးတော့ဘူး။ ဒါကြောင့် တစ်ချိန်က အကြွေးရှင်ကိုကြောက်နေရတဲ့စိတ် ကျွန်တော့မှာမရှိတော့ဘူး။
.
.
. ဒါတွေအားလုံးထက်စာရင် အသက်ရှင်ခွင့်ပေးတဲ့မိခင် နဲ့ မျိုးစေ့ချပေးတဲ့ ကြွေလွင့်ဖခင်ကြီးကို အများကြီးကျေးဇူးတင်မိတယ်။ သူတို့ပေးတဲ့အသွေးအသား၊ ရယူခဲ့တဲ့ မျိုးရိုး၊ ခြေချလေ့လာခွင့်ပေးတဲ့ တိုင်းပြည် နဲ့ ဘာသာ သာသနာ၊ မြေတောင်မြှောက်ပေးခဲ့တဲ့ စပ်စုလိုစိတ် - Curiosity နဲ့ အခက်အခဲဆိုရင် တုံးကိုက်ကိုက် ကျားကိုက်ကိုက် ဖြေရှင်းချင်တဲ့ မကြောက်မရွံ့စိတ်တွေ တစ်စုတစ်ပြုံတည်းထည့်ပေးလိုက်တဲ့အတွက် လက်ဆောင်အဆစ်ရလိုက်သလိုပါပဲ . . နယ်ခြားမြေဝေးမှာ သူများထက် နှာတစ်ဖျားသာသလို အမြဲခံစားရတယ်။
.
. " တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ် " ဆိုတာ အသိပညာကြွယ်ဝတဲ့ ရှေးပညာရှိတွေထားခဲ့တာ အကြောင်းရှိလိမ့်မယ်။ အခုလိုအသက်အရွယ်ရောက်တဲ့အထိ အသက်ဆက်ခွင့်ပေးခဲ့တဲ့လောကကြီးမှာ ကူညီခဲ့သူအားလုံးနဲ့ လမ်းပြခဲ့သူတစ်ယောက်မကျန်ကို ကျေးဇူးတင်နေပါတယ်။
.
.
. သွေးဆိုး သွေးညစ်တွေဖောက်ထုတ်ဖို့ ကျွန်တော့ကိုအချိန်နည်းနည်းထပ်ပေးပါ။ သေဖို့တစ်နှစ်ထပ်နီးလာတဲ့ဘဝမှာ ကျွန်တော်ဆက်ကြိုးစားပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-03-2017







No comments: