ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, April 30, 2018

(၂၆) ႏွစ္ျပည္႕လို႕ သိပ္မၾကာခင္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. နွစ္ေပါင္းက (၂၆) လူက (၂) ေယာက္၊ ကြ်န္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ခဲ့ၾကတယ္။ ကမၻာႀကီးက က်ဥ္းက်ဥ္းေလး ကံ့ေကာ္ေတာမွာ စကားတေျပာေျပာ ရင္ခုန္သံေရာေႏွာ ကြ်န္ေတာ္တို႕လြမ္းေမာခဲ့ၾကတယ္။
.
. အခ်စ္ဆိုတာ အျပင္းစားေရာဂါအမ်ိဳးအစားလား? ျပိဳင္တူပန္းဝင္မယ္႕ခ်စ္ျခင္းေမတၱာလား? ေဝခြဲမရခင္ ေက်ာင္းေတြပိတ္ေတာ့ လမ္းခြဲရင္းမွန္လံုကားေပၚတက္ ရွမ္းရိုးမဘက္ ေတာင္တန္းေတြေပၚ ကြ်န္ေတာ္ျပန္တက္ခဲ႕ရတယ္။
.
.
. သိပ္မၾကာခင္
ခြဲမေနခ်င္တဲ႕ ၾကင္နာသူ (၂) ဦး ျပည္သူ႕ရင္ျပင္မွာေစ႕စပ္ၾကတယ္။
.
. သိပ္မၾကာခင္
ရွမ္းရုိးမကားလမ္းေတြရဲ႕ေခၚေဆာင္ရာ ကြ်န္ေတာ္ပါသြားျပန္တယ္။
.
. သိပ္မၾကာခင္
ခ်စ္သူရဲ႕အေခၚစာ ေတာင္ၾကီးဖဝါးေအာက္ ဆုိက္ဆိုက္ျမိဳက္ျမိဳက္ ေရာက္လာတယ္။ ကေမၻာဇ BM ကားက မာရွယ္ေလာ ကာလၾကား ရေသ႕ေတာင္မွာ ကြ်န္ေတာ္ညအိပ္နားရေတာ႕ ဘုရားမွာ ဆုေတာင္းတယ္။ သိပ္မၾကာခင္ ခ်စ္သူနဲ႕အျမန္္ျပန္ေတြ႕ရပါေစလို႕ . .။
.
. ဒီလိုနဲ႕ ေမာင္က မယ္႕ကုိပိုးပန္းခဲ႕သမွ် မယ္က ေမာင္႕ရဲ႕ဝန္ထုတ္ဝန္ပုိးကုိ တလွည္႕ထမ္းပိုးရင္း တစ္ျမိဳ႕တစ္ရြာကို အၾကိမ္ၾကိမ္ အခါခါေျပာင္းေနခဲ႕ရသေလာက္ အေနာက္ကမၻာရဲ႕ရြာတံခါးကို ေရာက္ခဲ႕တယ္။
.
. အခုေတာ႕ အသက္ေတြရလာေပမယ္႕ ပင္ပန္းေနတဲ႕ခ်စ္သူကုိ ျပဳစုရမယ္။ ႏို႕မို႕ဆို ဟင္းေကာင္းေကာင္း နဲ႕ ပဲပုပ္ေထာင္းေတြ၊ ျငဳပ္ေကာင္းနံ႕သင္းတဲ႕ မုံ႕ဟင္းခါးေတြ၊ ဟင္းခါးႏြယ္ရံု လက္သုပ္စံုေတြ သုပ္မေကြ်းရင္ ခက္ရခ်ည္ရဲ႕ . .။ ကိုယ္တို႕ႏွစ္ေယာက္ဟာ . .
.
. သိပ္မၾကာခင္
သားသမီးေတြလက္လႊဲရလို႕ တူႏွစ္ကုိယ္ ဟန္းနီးမြန္းခရီးဆင္ႏႊဲရေတာ႕မယ္။
.
. သိပ္မၾကာခင္
အပူအပင္ကင္းလို႕ အေရာင္တဝင္းဝင္း နဲ႕ ေရႊအလင္းအနာဂါတ္ေတြ ေရာက္လာေတာ႕မယ္။
.
. သိပ္မၾကာခင္
ရည္မွန္းခ်က္ေတြျပည္႕မွီလို႕ တိုင္းျပည္ဆီ အစီအရီ ျပန္ႏုိင္ၾကေတာ႕မယ္။
.
. ခ်စ္သူရဲ႕အနား တဖဝါးမွမခြာခ်င္သလို အိမ္မွာေနရင္ ထမင္းလက္ဆံု စားခ်င္တယ္။ ႏိုင္ငံအျပင္ထြက္ရင္လည္း အတူတူ . . တိုင္းက်ိဳးျပည္ျပဳလုပ္ရင္လည္း အတူတူ . . ျငိမ္းခ်မ္းေရး နဲ႕ ခ်စ္ျခင္းေမတၱာနဲ႕ အတူတူ . . ႏွစ္ပတ္လည္ေန႕ကစ မိသားစုေလးနဲ႕ အတူတူေနၾကမယ္ တစ္သက္လံုးကြယ္ . .။
.
. ခ်စ္တဲ႕
.
. ကို
. 05-01-2018 for 05-01-1992
.
.
Unicode Version:
.
.
. "(၂၆) နှစ်ပြည့်လို့ သိပ်မကြာခင်"
. နှစ်ပေါင်းက (၂၆) လူက (၂) ယောက်၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ခဲ့ကြတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ကံ့ကော်တောမှာ စကားတပြောပြော ရင်ခုန်သံရောနှော ကျွန်တော်တို့လွမ်းမောခဲ့ကြတယ်။
.
. အချစ်ဆိုတာ အပြင်းစားရောဂါအမျိုးအစားလား? ပြိုင်တူပန်းဝင်မယ့်ချစ်ခြင်းမေတ္တာလား? ဝေခွဲမရခင် ကျောင်းတွေပိတ်တော့ လမ်းခွဲရင်းမှန်လုံကားပေါ်တက် ရှမ်းရိုးမဘက် တောင်တန်းတွေပေါ် ကျွန်တော်ပြန်တက်ခဲ့ရတယ်။
.
.
. သိပ်မကြာခင်
ခွဲမနေချင်တဲ့ ကြင်နာသူ (၂) ဦး ပြည်သူ့ရင်ပြင်မှာစေ့စပ်ကြတယ်။
.
. သိပ်မကြာခင်
ရှမ်းရိုးမကားလမ်းတွေရဲ့ခေါ်ဆောင်ရာ ကျွန်တော်ပါသွားပြန်တယ်။
.
. သိပ်မကြာခင်
ချစ်သူရဲ့အခေါ်စာ တောင်ကြီးဖဝါးအောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ကမ္ဘောဇ BM ကားက မာရှယ်လော ကာလကြား ရသေ့တောင်မှာ ကျွန်တော်ညအိပ်နားရတော့ ဘုရားမှာ ဆုတောင်းတယ်။ သိပ်မကြာခင် ချစ်သူနဲ့အမြန််ပြန်တွေ့ရပါစေလို့ . .။
.
. ဒီလိုနဲ့ မောင်က မယ့်ကိုပိုးပန်းခဲ့သမျှ မယ်က မောင့်ရဲ့ဝန်ထုတ်ဝန်ပိုးကို တလှည့်ထမ်းပိုးရင်း တစ်မြို့တစ်ရွာကို အကြိမ်ကြိမ် အခါခါပြောင်းနေခဲ့ရသလောက် အနောက်ကမ္ဘာရဲ့ရွာတံခါးကို ရောက်ခဲ့တယ်။
.
. အခုတော့ အသက်တွေရလာပေမယ့် ပင်ပန်းနေတဲ့ချစ်သူကို ပြုစုရမယ်။ နို့မို့ဆို ဟင်းကောင်းကောင်း နဲ့ ပဲပုပ်ထောင်းတွေ၊ ငြုပ်ကောင်းနံ့သင်းတဲ့ မုံ့ဟင်းခါးတွေ၊ ဟင်းခါးနွယ်ရုံ လက်သုပ်စုံတွေ သုပ်မကျွေးရင် ခက်ရချည်ရဲ့ . .။ ကိုယ်တို့နှစ်ယောက်ဟာ . .
.
. သိပ်မကြာခင်
သားသမီးတွေလက်လွှဲရလို့ တူနှစ်ကိုယ် ဟန်းနီးမွန်းခရီးဆင်နွှဲရတော့မယ်။
.
. သိပ်မကြာခင်
အပူအပင်ကင်းလို့ အရောင်တဝင်းဝင်း နဲ့ ရွှေအလင်းအနာဂါတ်တွေ ရောက်လာတော့မယ်။
.
. သိပ်မကြာခင်
ရည်မှန်းချက်တွေပြည့်မှီလို့ တိုင်းပြည်ဆီ အစီအရီ ပြန်နိုင်ကြတော့မယ်။
.
. ချစ်သူရဲ့အနား တဖဝါးမှမခွာချင်သလို အိမ်မှာနေရင် ထမင်းလက်ဆုံ စားချင်တယ်။ နိုင်ငံအပြင်ထွက်ရင်လည်း အတူတူ . . တိုင်းကျိုးပြည်ပြုလုပ်ရင်လည်း အတူတူ . . ငြိမ်းချမ်းရေး နဲ့ ချစ်ခြင်းမေတ္တာနဲ့ အတူတူ . . နှစ်ပတ်လည်နေ့ကစ မိသားစုလေးနဲ့ အတူတူနေကြမယ် တစ်သက်လုံးကွယ် . .။
.
. ချစ်တဲ့
.
. ကို
. 05-01-2018 for 05-01-1992

No comments: