ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 24, 2020

ရင်ခုန်သံချင်းထပ်တူ

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)


          အဖေ နဲ့ သမီး ရင်ခုန်သံချင်းတူတယ်ဆိုရင် ယုံပါ့မလား။ အဖေ က အမေကိုတွေ့ ရင်ခုန်သံချင်းထပ်တူ။ အမေ က အဖေ့ကိုချစ် ရင်ခုန်သံချင်းထပ်တူ။ အမေ က သမီးကိုမွေး ရင်ခုန်သံချင်းထပ်တူ။ မောင်လေးက အစ်မကိုလေးစား ရင်ခုန်သံချင်းထပ်တူ။

          ကျွန်တော်တို့အားလုံးဟာ လောကထဲကိုအချိန်အတိုင်းအတာတစ်ခုအထိ အလည်လာခဲ့ကြတာပါ။ ဘယ်တုန်းကပြုခဲ့တဲ့ကံတွေကြောင့် ဒီဘဝရဲ့ ဒီရေစက်မှာပေါင်းဆက်ပြီး အိမ်သူနဲ့ဆို ဇနီးမယားအဖြစ်ပေါင်းဆုံရတယ်။ သမီး၊ သား နဲ့ကျတော့ ရင်နှစ်သည်းချာအဖြစ် ရင်ခုန်သံချင်းထပ်တူကျရတယ်။

         သမီးအကြောင်း ကျွန်တော့စာတွေမှာသိပ်ရေးလေ့မရှိဘူး။ သူ့ရဲ့အမူအကျင့်တွေကို လူသိအောင် ကျွန်တော်ရေးပြလေ့သိပ်မရှိဘူး။ ဒီနေ့ သူ့မွေးနေ့မှာတော့ သမီးအကြောင်းရေးဖို့စိတ်ကူးရလာခဲ့ပါပြီ။

          ကျွန်တော်ဟာ ငယ်ငယ်ကတည်းကမလုပ်ချင်တာတွေအများကြီးလုပ်ခဲ့ရတယ်။ သမီးကိုပျိုးထောင်တဲ့အချိန်မှာ သူမလုပ်ချင်တာဆိုရင် ကျွန်တော်အတင်းကြီးမလုပ်ခိုင်းဘူး။ အခု ကျွန်တော်မလုပ်ချင်တာကိုမလုပ်ပဲနေခွင့်ရတဲ့အချိန် သမီးနဲ့ရင်ခုန်သံချင်းထပ်တူကျလာပါပြီ။

          ကျွန်တော်ဟာ ငယ်ငယ်ကတည်းကလုပ်ချင်တဲ့တစ်ခုခုဆို မရရအောင်လုပ်တယ်။ မဖြစ်မနေလုပ်တယ်။ စားမေးပွဲတွေမှာတော့ အားမသန်လို့မာန်လျှော့ခဲ့ရတာလွဲရင် လုပ်ချင်တာကိုလုပ်ခွင့်ရခဲ့တာချည်းပဲ။

          သမီးက လုပ်ချင်တာကိုမှ‌ရွေးချယ်လုပ်ကိုင်‌တော့
ကျွန်တော့ထက်ခရီးရောက်ပိုမြန်တယ်။ သူလုပ်သမျှက သူ့နှလုံးသားကစီးဆင်းလာတာချည်းချည်း။ အလုပ်ဆိုရင် နည်းနည်းများများမဆို နားနားနေနေမဟုတ်ဘဲ တကုတ်ကုတ်လုပ်တတ်တယ်။

          သမီးရဲ့အောင်မြင်မှုကိုလူတွေရှေ့ချပြဖို့အချိန်တစ်ခုစောင့်ရတယ်။ အခုဆိုရင်လမ်းခုလပ်မှာ စခန်းပြတ်သွားတဲ့လူငယ်တွေက သမီးကိုပြန်ငေးကြည့်နေရတယ်။ ဒါပေမဲ့ သမီးဟာအမြဲတမ်း သိုသိုသိပ်သိပ် နှုတ်ဆိတ်ဆိတ်နေတတ်တယ်။

ဒီနေ့ကျရောက်တဲ့သမီးရဲ့မွေ့း‌နေ့မှာ အဝေးရောက် အဖေ၊ အမေ နဲ့ မောင်လေးတို့ပြောချင်တာက . .

သမီးရဲ့ဖြစ်ချင်စိတ်နောက်ကိုအမြဲလိုက်ပါ။

လုပ်ချင်စိတ်ကိုအမြဲခိုင်းစေပါ။

ရယူချင်စိတ်ကိုလျှော့နိုင်သလောက်အမြဲလျှော့ပါ။

ပေးဆပ်ချင်တဲ့စိတ်ကိုမွေးနိုင်သလောက်အမြဲမွေးပါ။

သမီးကိုရင်ခုန်သံချင်းထပ်တူကျတဲ့မိသားစုကအမြဲယုံကြည်နေပါတယ်။

ချစ်တဲ့ ပါပါး
01-21-2020

<Zawgyi>

"ရင္ခုန္သံခ်င္းထပ္တူ"

          အေဖ နဲ႔ သမီး ရင္ခုန္သံခ်င္းတူတယ္ဆိုရင္ ယုံပါ့မလား။ အေဖ က အေမကိုေတြ႕ ရင္ခုန္သံခ်င္းထပ္တူ။ အေမ က အေဖ့ကိုခ်စ္ ရင္ခုန္သံခ်င္းထပ္တူ။ အေမ က သမီးကိုေမြး ရင္ခုန္သံခ်င္းထပ္တူ။ ေမာင္ေလးက အစ္မကိုေလးစား ရင္ခုန္သံခ်င္းထပ္တူ။

          ကၽြန္ေတာ္တို႔အားလုံးဟာ ေလာကထဲကိုအခ်ိန္အတိုင္းအတာတစ္ခုအထိ အလည္လာခဲ့ၾကတာပါ။ ဘယ္တုန္းကျပဳခဲ့တဲ့ကံေတြေၾကာင့္ ဒီဘဝရဲ့ ဒီေရစက္မွာေပါင္းဆက္ၿပီး အိမ္သူနဲ႔ဆို ဇနီးမယားအျဖစ္ေပါင္းဆုံရတယ္။ သမီး၊ သား နဲ႔က်ေတာ့ ရင္ႏွစ္သည္းခ်ာအျဖစ္ ရင္ခုန္သံခ်င္းထပ္တူက်ရတယ္။

         သမီးအေၾကာင္း ကၽြန္ေတာ့စာေတြမွာသိပ္ေရးေလ့မရွိဘူး။ သူ႔ရဲ့အမူအက်င့္ေတြကို လူသိေအာင္ ကၽြန္ေတာ္ေရးျပေလ့သိပ္မရွိဘူး။ ဒီေန႔ သူ႔ေမြးေန႔မွာေတာ့ သမီးအေၾကာင္းေရးဖို႔စိတ္ကူးရလာခဲ့ပါၿပီ။

          ကၽြန္ေတာ္ဟာ ငယ္ငယ္ကတည္းကမလုပ္ခ်င္တာေတြအမ်ားႀကီးလုပ္ခဲ့ရတယ္။ သမီးကိုပ်ိဳးေထာင္တဲ့အခ်ိန္မွာ သူမလုပ္ခ်င္တာဆိုရင္ ကၽြန္ေတာ္အတင္းႀကီးမလုပ္ခိုင္းဘူး။ အခု ကၽြန္ေတာ္မလုပ္ခ်င္တာကိုမလုပ္ပဲေနခြင့္ရတဲ့အခ်ိန္ သမီးနဲ႔ရင္ခုန္သံခ်င္းထပ္တူက်လာပါၿပီ။

          ကၽြန္ေတာ္ဟာ ငယ္ငယ္ကတည္းကလုပ္ခ်င္တဲ့တစ္ခုခုဆို မရရေအာင္လုပ္တယ္။ မျဖစ္မေနလုပ္တယ္။ စားေမးပြဲေတြမွာေတာ့ အားမသန္လို႔မာန္ေလၽွာ့ခဲ့ရတာလြဲရင္ လုပ္ခ်င္တာကိုလုပ္ခြင့္ရခဲ့တာခ်ည္းပဲ။

          သမီးက လုပ္ခ်င္တာကိုမွ‌ေရြးခ်ယ္လုပ္ကိုင္‌ေတာ့
ကၽြန္ေတာ့ထက္ခရီးေရာက္ပိုျမန္တယ္။ သူလုပ္သမၽွက သူ႔ႏွလုံးသားကစီးဆင္းလာတာခ်ည္းခ်ည္း။ အလုပ္ဆိုရင္ နည္းနည္းမ်ားမ်ားမဆို နားနားေနေနမဟုတ္ဘဲ တကုတ္ကုတ္လုပ္တတ္တယ္။

          သမီးရဲ့ေအာင္ျမင္မႈကိုလူေတြေရွ႕ခ်ျပဖို႔အခ်ိန္တစ္ခုေစာင့္ရတယ္။ အခုဆိုရင္လမ္းခုလပ္မွာ စခန္းျပတ္သြားတဲ့လူငယ္ေတြက သမီးကိုျပန္ေငးၾကည့္ေနရတယ္။ ဒါေပမဲ့ သမီးဟာအျမဲတမ္း သိုသိုသိပ္သိပ္ ႏႈတ္ဆိတ္ဆိတ္ေနတတ္တယ္။

ဒီေန႔က်ေရာက္တဲ့သမီးရဲ့ေမြ႕း‌ေန႔မွာ အေဝးေရာက္ အေဖ၊ အေမ နဲ႔ ေမာင္ေလးတို႔ေျပာခ်င္တာက . .

သမီးရဲ့ျဖစ္ခ်င္စိတ္ေနာက္ကိုအျမဲလိုက္ပါ။

လုပ္ခ်င္စိတ္ကိုအျမဲခိုင္းေစပါ။

ရယူခ်င္စိတ္ကိုေလၽွာ့နိုင္သေလာက္အျမဲေလၽွာ့ပါ။

ေပးဆပ္ခ်င္တဲ့စိတ္ကိုေမြးနိုင္သေလာက္အျမဲေမြးပါ။

သမီးကိုရင္ခုန္သံခ်င္းထပ္တူက်တဲ့မိသားစုကအျမဲယုံၾကည္ေနပါတယ္။

ခ်စ္တဲ့ ပါပါး

01-21-2020

No comments: