ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, March 14, 2018

အသက္ (၄ဝ-၅ဝ) အရြယ္

ေမး ။။။။။။။။။။ ဦးညီရယ္ အသက္ (၄ဝ-၅ဝ) အရြယ္မွ အေမရိကားေရာက္မယ့္အခြင့္အေရးမ်ားေပၚလာခဲ့မယ္ဆိုရင္အခ်ိန္အခါေကာင္းပါ႕ဦးမလား? ေနဝင္ခါနီးမွ စပါးေျခာက္ေအာင္လွန္းေနသလိုမ်ားျဖစ္ေနမလားေနာ္။ ၾကိဳေတြးမိတာေလးပါ။
.
.
ေျဖ ။။။။။။။။။။ ဒီေမးခြန္းကုိမေျဖခင္ ေမးခြန္းရွင္ကုိအားနာနာနဲ႕ေမးခြန္း (၂) စံု ျပန္ေမးခ်င္ပါတယ္။
.
ပထမေမးခြန္းက
.
(၁) မိတ္ေဆြဟာ ပညာတစ္ခုကိုသင္ယူဖို႕လြယ္ကူသူလား? သင္ယူဖို႕ခက္ခဲသူလား?
.
. "ပညာ" ဆိုတဲ႕ေနရာမွာ ေက်ာင္းသင္ခန္းစာ - Formal Education အျပင္ ျပင္ပသင္ခန္းစာ - Informal Education ထဲကတစ္ခုခုကိုသာ ဆုိလိုပါတယ္။ အသက္ (၄ဝ-၅ဝ) ဆုိတာက ေက်ာင္းတက္ဖို႕အရြယ္မဟုတ္ေပမယ္႕ သတင္းေကာင္းတစ္ခုက မိတ္ေဆြလာေရာက္မယ္႕ႏုိင္ငံဟာ ေက်ာင္းပညာအရာမွာအသက္ကန္႕သတ္ထားျခင္းမရွိတဲ႕ႏုိင္ငံေတြထဲက တစ္ခုအပါအဝင္ဆုိတာပါပဲ။
.
. တစ္ဆက္တည္းမွာ မိတ္ေဆြဟာေက်ာင္းတက္ဖို႕စိတ္ဆႏၵရွိေသးတယ္၊ အဂၤလိပ္စာနဲ႕ေလ႕လာရမယ္႕ဘာသာရပ္တစ္ခုကိုဆက္ေလ႕လာခ်င္တယ္ (Programming ၊ Real Estate Broker ၊ Business Management စသျဖင္႕) ၊ ျမန္မာႏုိင္ငံကတတ္လာတဲ႕အသက္ေမြးဝမ္းေက်ာင္းတစ္ခုကိုဆက္ေလ႕လာခ်င္တယ္ (Biotechnology ၊ Registered Nurse ၊ Maintenance Technician စသျဖင္႕) ဆုိရင္ျဖင္႕ အသက္အရြယ္ဟာ ေက်ာင္းတက္ဖို႕အတားအဆီးျဖစ္မယ္႕အစား ဘဝအေတြ႕အၾကံဳျပည္႕စံုသူမို႕လုိ႕ ေနရာသစ္မွာ အေထာက္အကူေတာင္ရႏုိင္ဦးမွာပါ။
.
. သို႕ပါေသာ္လည္း အျခားတစ္ဖက္မွာ မိတ္ေဆြဟာ အဂၤလိပ္စာမရလို႕၊ အသံုးခ်လို႕မရတဲ႕ဘြဲ႕တစ္ခုခုရခဲ႕ျပီးကာလၾကာရွည္လို႕ ၊ အသက္ၾကီးျပီဆိုတဲ႕အေတြးသံသရာထဲကရုန္းမထြက္ႏုိင္ေလာက္ေအာင္ခံစားရလုိ႕၊ "စာ" ဆိုတာကိုဆက္သင္ဖို႕မျဖစ္ႏုိင္လို႕ ဆိုရင္လည္း အေျခခံ - Entry Level ကစလို႕ ဘဝကိုရွင္သန္ေအာင္လုပ္ႏုိင္ပါေသးတယ္။
.
. နယူးေယာက္ဘက္ျခမ္း လူမ်ိဳးစံုတဲ႕ေနရာေတြ နဲ႕ လူျဖဴေဒသခံေတြအေနမ်ားတဲ႕ေဒသေတြမွာ တရုတ္၊ ဂ်ပန္ အျပင္ ျမန္မာစားေသာက္ဆုိင္ေတြ၊ ဆူရွီ နဲ႕ အကင္ဆုိင္ေတြထံမွာ လြယ္လြယ္ကူကူအလုပ္ရႏုိင္တာေၾကာင္႕ လုပ္ခ်ိန္နာရီၾကာရွည္တဲ႕ခါးသက္သက္ေငြသားစိမ္းစိမ္းကိုလက္ခံႏုိင္ရင္ ဘဝကုိရပ္တည္ႏုိင္ျပန္ေသးတယ္။

.
.
ေနာက္ေမးခြန္းတစ္ခုက
.
.
(၂) မိတ္ေဆြဟာ ပညာသင္ခ်င္စိတ္ရွိေသးသူလား? ပညာသင္ခ်င္စိတ္မရွိေတာ႕သူလား?
.
. အေပၚပိုင္းမွာေရးထားတာနဲ႕မထပ္ေအာင္ ဒုတိယအပိုင္းမွာ "ျပည္ပကိုထြက္ခ်င္တဲ႕စိတ္" ကို အာရံုထားေျဖေစခ်င္ပါတယ္။ စာဖတ္သူေတြသိျပီးသားျဖစ္တဲ႕အတိုင္း စိတ္ဟာအရာရာကိုဦးေဆာင္ပါတယ္။ ဘာတစ္ခုမွမလုပ္ခင္ အၾကံရတာ၊ ပံုၾကမ္းဆြဲတာ၊ ေလထဲမွာတုိက္အိမ္ေဆာက္တာ၊ အိပ္မက္ၾကီးၾကီးမက္တာ စတာအားလံုးကိုအေကာင္အထည္ေပၚေစဖို႕ "စိတ္" က အရင္လႈံ႕ေဆာ္တာပါ။
.
. ဒါေၾကာင္႕ ဒီစိတ္မရွိဘူးပဲထားဦး . . ကိုယ္႕ကုိနယ္ေျမရပ္ျခားမွာကူညီမယ္႕သူအဆင္သင္႕ရွိျပီးသား (ဒါမွမဟုတ္ ေငြေၾကးခ်မ္းသာျပီးသား၊ ေငြ ပါလာသမား) ဆုိရင္ေတာင္ အဆင္ေျပႏုိင္ပါေသးတယ္။
.
. တစ္ဆက္တည္းမွာ ဘာပညာ၊ ဘယ္လိုစက္မႈလက္မႈအတတ္ပညာကိုမွမသင္ခ်င္ဘူးဆိုရင္ေတာင္ ကိုယ္လိုရာခရီးကိုသြားႏုိင္ဖို႕၊ ကားေမာင္းလိုင္စင္ရဖို႕၊ ေမးခြန္းေတြက်က္ဖို႕ နဲ႕ ကားေမာင္းသင္ဖို႕၊ စာေမးပြဲေျဖဖို႕ေလာက္ေတာ႕ လုပ္ခ်င္ကိုင္ခ်င္စိတ္ရွိရင္ ရပါတယ္။
.
. အားလံုးသိၾကတဲ႕အတိုင္း အေမရိကားကိုလာခ်င္တယ္ဆုိတာ လူအမ်ားစုက "လြတ္ေျမာက္ဖို႕ - Survival" အတြက္ပါ . . တစ္ခ်ိဳ႕ဆုိ သူတုိ႕မက္ထားတဲ႕အိပ္မက္ေတြကုိ ဒီေျမမွာလာျပီး အေကာင္အထည္ေဖာ္ဖို႕ပါ။
.
.
မိတ္ေဆြက ဘာမွမလုပ္ခ်င္ဘူး၊ ဘာမွအသစ္မသင္ခ်င္ဘူးဆိုရင္ေတာင္ လူကိုလူခ်င္းတန္ဖိုးထားတတ္ရံုမက တန္းတူမွ်တမႈကိုေရွ႕တန္းတင္ျပီး လူသားအရင္းအျမစ္ရဲ႕ဟုိးေအာက္ဆံုးအထိထည္႕သြင္းစဥ္းစားေပးတတ္တဲ႕ လူ႕အခြင္႕အေရးလူအုပ္ၾကီးနဲ႕ မသိမသာေမွ်ာပါလိုက္ပါသြားႏုိင္ပါေသးတယ္။
.
တစ္ခုပဲ . . မိတ္ေဆြက လမ္းေလွ်ာက္လိုက္ဖို႕ေတာ႕လုိတာေပါ႕ေနာ္ . . ဘယ္သူကမွေတာ႕ ထမ္းစင္နဲ႕ေခၚမသြားေပးႏုိင္တာ မွတ္ထားေပးရင္ ရပါျပီ။
.
.
မိတ္ေဆြေျပာသလို "ေနဝင္ခါနီးမွစပါးေျခာက္လွန္းသလုိ" ျဖစ္ပါေစဦး . . မနက္ျဖန္ဆုိတာ မရွိေတာ႕တာမွမဟုတ္ပဲေလ။ ဘာစိတ္ဓါတ္က်စရာရွိလုို႕လဲ . . စိတ္ဓါတ္မက်ပါနဲ႕။ ထပ္ရွင္းေအာင္ေျပာရရင္ ခရီးတစ္ခုသြားဖို႕က လက္မွတ္ျဖတ္ထားဖို႕အေရးၾကီးသလို ဟုိေရာက္ရင္ဝတ္ဖို႕ အဝတ္အစားအထုတ္ျပင္ထားခုိင္းရသလုိေပါ႕ . . ၾကိဳတင္မေၾကျငာတဲ႕ရထားက ဘယ္အခ်ိန္ထြက္မယ္မသိႏုိင္ပါဘူး။ မိတ္ေဆြမျပင္ဆင္ထားရင္ မိတ္ေဆြမလိုက္ရရံုပဲရွိေတာ႕မေပါ႕။
.
.
မိတ္ေဆြရဲ႕အေမးကို အကုန္ေျဖျပီးမိျပီလား မေျဖမိဘူးလားေတာ႕ ကြ်န္ေတာ္အတပ္မသိဘူး။
.
တကယ္လို႕ မိတ္ေဆြမၾကိဳက္တဲ႕အေျဖကိုေပးမိရင္ ကြ်န္ေတာ႕ကို အျပစ္တင္ႏုိင္ပါတယ္။
.
ၾကိဳက္တဲ႕အေျဖမွန္ကိုရသြားရင္ေတာ႕ ေနာက္မိတ္ေဆြေတြဖတ္ဖို႕ Like ေပးႏုိင္သလို Share ေပးႏုိင္ပါတယ္။ ထပ္ျပီး Comment ေတြ ပါဝင္ေရးေပးသြားႏုိင္ပါတယ္ေနာ္။ အဆင္ေျပပါေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 03-14-2018
.
.
Unicode Version:
.
.
. "အသက္ (၄ဝ-၅ဝ) အရြယ္"
မေး ။။။။။။။။။။ ဦးညီရယ် အသက် (၄ဝ-၅ဝ) အရွယ်မှ အမေရိကားရောက်မယ့်အခွင့်အရေးများပေါ်လာခဲ့မယ်ဆိုရင်အချိန်အခါကောင်းပါ့ဦးမလား? နေဝင်ခါနီးမှ စပါးခြောက်အောင်လှန်းနေသလိုများဖြစ်နေမလားနော်။ ကြိုတွေးမိတာလေးပါ။
.
.
ဖြေ ။။။။။။။။။။ ဒီမေးခွန်းကိုမဖြေခင် မေးခွန်းရှင်ကိုအားနာနာနဲ့မေးခွန်း (၂) စုံ ျပန္မေးချင်ပါတယ်။
.
ပထမမေးခွန်းက
.
(၁) မိတ်ဆွေဟာ ပညာတစ်ခုကိုသင်ယူဖို့လွယ်ကူသူလား? သင်ယူဖို့ခက်ခဲသူလား?
.
. "ပညာ" ဆိုတဲ့နေရာမှာ ကျောင်းသင်ခန်းစာ - Formal Education အပြင် ပြင်ပသင်ခန်းစာ - Informal Education ထဲကတစ်ခုခုကိုသာ ဆိုလိုပါတယ်။ အသက် (၄ဝ-၅ဝ) ဆိုတာက ကျောင်းတက်ဖို့အရွယ်မဟုတ်ပေမယ့် သတင်းကောင်းတစ်ခုက မိတ်ဆွေလာရောက်မယ့်နိုင်ငံဟာ ကျောင်းပညာအရာမှာအသက်ကန့်သတ်ထားခြင်းမရှိတဲ့နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဆိုတာပါပဲ။
.
. တစ်ဆက်တည်းမှာ မိတ်ဆွေဟာကျောင်းတက်ဖို့စိတ်ဆန္ဒရှိသေးတယ်၊ အင်္ဂလိပ်စာနဲ့လေ့လာရမယ့်ဘာသာရပ်တစ်ခုကိုဆက်လေ့လာချင်တယ် (Programming ၊ Real Estate Broker ၊ Business Management စသဖြင့်) ၊ မြန်မာနိုင်ငံကတတ်လာတဲ့အသက်မွေးဝမ်းကျောင်းတစ်ခုကိုဆက်လေ့လာချင်တယ် (Biotechnology ၊ Registered Nurse ၊ Maintenance Technician စသဖြင့်) ဆိုရင်ဖြင့် အသက်အရွယ်ဟာ ကျောင်းတက်ဖို့အတားအဆီးဖြစ်မယ့်အစား ဘဝအတွေ့အကြုံပြည့်စုံသူမို့လို့ နေရာသစ်မှာ အထောက်အကူတောင်ရနိုင်ဦးမှာပါ။
.
. သို့ပါသော်လည်း အခြားတစ်ဖက်မှာ မိတ်ဆွေဟာ အင်္ဂလိပ်စာမရလို့၊ အသုံးချလို့မရတဲ့ဘွဲ့တစ်ခုခုရခဲ့ပြီးကာလကြာရှည်လို့ ၊ အသက်ကြီးပြီဆိုတဲ႕အတွေးသံသရာထဲကရုန်းမထွက်နိုင်လောက်အောင်ခံစားရလို့၊ "စာ" ဆိုတာကိုဆက်သင်ဖို့မဖြစ်နိုင်လို့ ဆိုရင်လည်း အခြေခံ - Entry Level ကစလို့ ဘဝကိုရှင်သန်အောင်လုပ်နိုင်ပါသေးတယ်။
.
. နယူးယောက်ဘက်ခြမ်း လူမျိုးစုံတဲ့နေရာတွေ နဲ့ လူဖြူဒေသခံတွေအနေများတဲ့ဒေသတွေမှာ တရုတ်၊ ဂျပန် အပြင် မြန်မာစားသောက်ဆိုင်တွေ၊ ဆူရှီ နဲ့ အကင်ဆိုင်တွေထံမှာ လွယ်လွယ်ကူကူအလုပ်ရနိုင်တာကြောင့် လုပ်ချိန်နာရီကြာရှည်တဲ့ခါးသက်သက်ငွေသားစိမ်းစိမ်းကိုလက်ခံနိုင်ရင် ဘဝကိုရပ်တည်နိုင်ပြန်သေးတယ်။
.
.
နောက်မေးခွန်းတစ်ခုက
.
.
(၂) မိတ်ဆွေဟာ ပညာသင်ချင်စိတ်ရှိသေးသူလား? ပညာသင်ချင်စိတ်မရှိတော့သူလား?
.
. အပေါ်ပိုင်းမှာရေးထားတာနဲ့မထပ်အောင် ဒုတိယအပိုင်းမှာ "ပြည်ပကိုထွက်ချင်တဲ့စိတ်" ကို အာရုံထားဖြေစေချင်ပါတယ်။ စာဖတ်သူတွေသိပြီးသားဖြစ်တဲ့အတိုင်း စိတ်ဟာအရာရာကိုဦးဆောင်ပါတယ်။ ဘာတစ်ခုမှမလုပ်ခင် အကြံရတာ၊ ပုံကြမ်းဆွဲတာ၊ လေထဲမှာတိုက်အိမ်ဆောက်တာ၊ အိပ်မက်ကြီးကြီးမက်တာ စတာအားလုံးကိုအကောင်အထည်ပေါ်စေဖို့ "စိတ်" က အရင်လှုံ့ဆော်တာပါ။
.
. ဒါကြောင့် ဒီစိတ်မရှိဘူးပဲထားဦး . . ကိုယ့်ကိုနယ်မြေရပ်ခြားမှာကူညီမယ့်သူအဆင်သင့်ရှိပြီးသား (ဒါမှမဟုတ် ငွေကြေးချမ်းသာပြီးသား၊ ငွေ ပါလာသမား) ဆိုရင်တောင် အဆင်ပြေနိုင်ပါသေးတယ်။
.
. တစ်ဆက်တည်းမှာ ဘာပညာ၊ ဘယ်လိုစက်မှုလက်မှုအတတ်ပညာကိုမှမသင်ချင်ဘူးဆိုရင်တောင် ကိုယ်လိုရာခရီးကိုသွားနိုင်ဖို့၊ ကားမောင်းလိုင်စင်ရဖို့၊ မေးခွန်းတွေကျက်ဖို့ နဲ့ ကားမောင်းသင်ဖို့၊ စာမေးပွဲဖြေဖို့လောက်တော့ လုပ်ချင်ကိုင်ချင်စိတ်ရှိရင် ရပါတယ်။
.
. အားလုံးသိကြတဲ့အတိုင်း အမေရိကားကိုလာချင်တယ်ဆိုတာ လူအများစုက "လွတ်မြောက်ဖို့ - Survival" အတွက်ပါ . . တစ်ချို့ဆို သူတို့မက်ထားတဲ့အိပ်မက်တွေကို ဒီမြေမှာလာပြီး အကောင်အထည်ဖော်ဖို့ပါ။
.
.
မိတ်ဆွေက ဘာမှမလုပ်ချင်ဘူး၊ ဘာမှအသစ်မသင်ချင်ဘူးဆိုရင်တောင် လူကိုလူချင်းတန်ဖိုးထားတတ်ရုံမက တန်းတူမျှတမှုကိုရှေ့တန်းတင်ပြီး လူသားအရင်းအမြစ်ရဲ့ဟိုးအောက်ဆုံးအထိထည့်သွင်းစဉ်းစားပေးတတ်တဲ့ လူ့အခွင့်အရေးလူအုပ်ကြီးနဲ့ မသိမသာမျှောပါလိုက်ပါသွားနိုင်ပါသေးတယ်။
.
တစ်ခုပဲ . . မိတ်ဆွေက လမ်းလျှောက်လိုက်ဖို့တော့လိုတာပေါ့နော် . . ဘယ်သူကမှတော့ ထမ်းစင်နဲ့ခေါ်မသွားပေးနိုင်တာ မှတ်ထားပေးရင် ရပါပြီ။
.
.
မိတ်ဆွေပြောသလို "နေဝင်ခါနီးမှစပါးခြောက်လှန်းသလို" ဖြစ်ပါစေဦး . . မနက်ဖြန်ဆိုတာ မရှိတော့တာမှမဟုတ်ပဲလေ။ ဘာစိတ်ဓါတ်ကျစရာရှိလိုု့လဲ . . စိတ်ဓါတ်မကျပါနဲ့။ ထပ်ရှင်းအောင်ပြောရရင် ခရီးတစ်ခုသွားဖို့က လက်မှတ်ဖြတ်ထားဖို့အရေးကြီးသလို ဟိုရောက်ရင်ဝတ်ဖို့ အဝတ်အစားအထုတ်ပြင်ထားခိုင်းရသလိုပေါ့ . . ကြိုတင်မကြေငြာတဲ့ရထားက ဘယ်အချိန်ထွက်မယ်မသိနိုင်ပါဘူး။ မိတ်ဆွေမပြင်ဆင်ထားရင် မိတ်ဆွေမလိုက်ရရုံပဲရှိတော့မပေါ့။
.
.
မိတ်ဆွေရဲ့အမေးကို အကုန်ဖြေပြီးမိပြီလား မဖြေမိဘူးလားတော့ ကျွန်တော်အတပ်မသိဘူး။
.
တကယ်လို့ မိတ်ဆွေမကြိုက်တဲ့အဖြေကိုပေးမိရင် ကျွန်တော့ကို အပြစ်တင်နိုင်ပါတယ်။
.
ကြိုက်တဲ့အဖြေမှန်ကိုရသွားရင်တော့ နောက်မိတ်ဆွေတွေဖတ်ဖို့ Like ပေးနိုင်သလို Share ပေးနိုင်ပါတယ်။ ထပ်ပြီး Comment တွေ ပါဝင်ရေးပေးသွားနိုင်ပါတယ်နော်။ အဆင်ပြေပါစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 03-14-2018

No comments: