ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
မေအးေအးႏွင္း
ေမးသည္ ။။။။။။။။။။ သားကို စာစိတ္ဝင္စားေအာင္ ဘယ္လို သင္ျပေပးခဲ့တယ္ဆိုတဲ့ စြမ္းရဲ႕
ငယ္ဘဝ အေၾကာင္းေရာ ေျပာျပပါလား ကိုညီညီ ရွင္႕။ ဘာျဖစ္လို႔လည္းဆိုေတာ႕ ကြ်န္မတို႔ သားက
( ၆ ) ႏွစ္အရြယ္ မို႔လို႔ပါ။ ကေလးေတြကို ထိန္းေက်ာင္းေပးတဲ့ ဥပမာေတြကို အမ်ားႀကီးေလ့လာခ်င္ပါတယ္။
ေတာ္တယ္ေနာ္။ နာမည္နဲ႔ လူနဲ႔ တကယ္လိုက္တဲ့ " စြမ္း " ပါလား..။
.
.
ကုိညီညီ
ေျဖသည္ ။။။။။။။။။။ ပထမဦးစြာ “ စြမ္း ” ကို ခ်ီးက်ဴးတဲ႕အတြက္ မိဘတစ္ေယာက္ေနရာကေန ၾကည္ႏူးဝမ္းသာျဖစ္ရပါတယ္။
အထူးသျဖင္႕ မေအးေအးႏွင္းတို႕လို ဒီႏိုင္ငံေရာက္ျပီး ကေလးငယ္တစ္ေယာက္နဲ႕ အလုပ္တစ္ဖက္လုပ္ကိုင္ရင္း
အေမရိကန္အိပ္မက္ကို ၾကိဳးစားအေကာင္အထည္ေဖာ္ေနသူအခ်င္းခ်င္း အသိအမွတ္ျပဳေတာ႕ ပိုခံစားရပါတယ္။
.
“
စြမ္း ” က ဒီႏုိင္ငံေရာက္ေတာ႕ ( ၉ ) ႏွစ္ ရွိေနပါျပီ။
ျမန္မာႏုိင္ငံကေန ( ၃ ) တန္း ေအာင္လာပါတယ္။ ကိုယ္႕အရင္းၾကီးလုိေျပာရမယ္ဆုိရင္ ေက်းဇူးရွိတဲ႕
အစ္မအိမ္မွာ တစ္ႏွစ္ေလာက္ေနခဲ႕တဲ႕ကာလအတြင္း မ်က္စိေရွ႕ကအရာအားလံုုးဟာ ေယာင္ခ်ာခ်ာပါပဲ။
ဘာလုပ္လို႕ ဘာကုိင္ရမွန္းမသိခ်ိန္တစ္ေလွ်ာက္မွာ ဒစၥေနခ်န္နယ္ ကလာတဲ႕ အဂၤလိပ္ဇာတ္လမ္းတြဲေတြကို
ေတာက္ေလွ်ာက္ထုိင္ၾကည္႕ေနတာကေတာ႕ “ စြမ္း ” ရဲ႕ ေသခ်ာတဲ႕တိုးတက္မႈတစ္ခု ျဖစ္မွန္းမသိျဖစ္ခဲ႕တယ္။
.
ဒါ႕အျပင္
ကေလးငယ္ေတြၾကည္႕တဲ႕ ကာတြန္းကား၊ အင္နီေမးရွင္းဇာတ္လမ္းတြဲေတြကို မရွိဘူးဆိုရင္ တစ္ရက္ကုိ
( ၄ ) နာရီေလာက္ ဆက္တုိက္ၾကည္႕တယ္။ တစ္ခါတစ္ခါမ်ားဆို မ်က္စိပ်က္မွာစုိးလို႕ ေလွ်ာ႕ၾကည္႕လို႕
ေျပာရတဲ႕အထိပါပဲ။ သူက လူၾကီးေတြၾကည္႕သလို အေပၚကအရုပ္ျပ ေအာက္က စာတန္းကိုလိုက္ဖတ္သူမဟုတ္ေတာ႕
သူရတဲ႕ အဂၤလိပ္စကားက ဒီေျမမွာေပါက္တဲ႕ “ ဘုိ ” ေတြလို အတိုင္းသား - Pure ျဖစ္သြားတာ
ကံေကာင္းတယ္လို႕ ကြ်န္ေတာ္ကေတာ႕ ယူဆမိပါတယ္။
.
.
မေအးေအးႏွင္း
ေမးခြန္းရဲ႕အစိတ္အပို္င္းတစ္ခ်ိဳ႕ကို စတင္ေျဖၾကားရရင္ “ စြမ္း ” ဟာ အစပိုင္းေက်ာင္းတက္ခါစ
တစ္လ - ႏွစ္လ ေလာက္မွာ အဂၤလိပ္စာအတြက္ ေတာ္ေတာ္အခက္အခဲေတြ႕ခဲ႕တယ္။ ျမန္မာမူလတန္းက
“ ဗူးသီး နဲ႕ ခရမ္းသီး ” ကုိသာ သင္ခဲ႕တဲ႕ျမန္မာေက်ာင္းကေလးငယ္ဟာ ဒီဘက္ႏုိင္ငံက “ မိုးရြာသြန္းျခင္း
- Precipitation ” လို စာလံုးမ်ိဳးကို ဘယ္လိုနည္းနဲ႕မွ လိုက္မီွေအာင္ နားမလည္ႏိုင္ခဲ႕ပါဘူး။
ဒီေနရာမွာ ကြ်န္ေတာ္က ျမန္မာလို စရွင္းျပခဲ႕ရတယ္။
.
ေနာက္
သူ႕ကုိ အရမ္းခ်စ္တဲ႕ ဒီႏိုင္ငံက သူ႕ အစ္မဝမ္းကြဲက မသိတာေတြကို ရွင္းျပေပးတယ္။ စာဖတ္ပံု
ဖတ္နည္းေတြကို ရွင္းျပတယ္။ ( ၅ ) ရက္ေလာက္ လမ္းေက်ာင္းေပးလိုက္တဲ႕အခါ ေက်ာင္းအထာေတြကို
အနည္းငယ္ဖမ္းႏိုင္ သိျမင္လာတယ္ .. ေက်ာင္းက ဘာသင္ေပးတယ္ဆုိတာကို သူ မွတ္ႏိုင္လာတယ္။
ေနာက္ဆံုး “ အိမ္စာကို ဘယ္လိုလုပ္ရတယ္ဆုိတာသိတဲ႕အခ်ိန္ က စျပီး “ စြမ္း ” စိတ္မညစ္ေတာ႕ဘူး။
.
.
ကြ်န္ေတာ္လုပ္ေပးရတဲ႕အပိုင္းက
ကနဦးရွိရင္းစြဲ “ သူ႕ရဲ႕ ကစားခ်င္စိတ္ ” ကုိ ပိုမုိရွင္သန္ေအာင္ပ်ိဳးေထာင္ေပးတာပါပဲ။
သူက ျမန္မာႏုိင္ငံမွာကတည္းက မနက္ဆို ေဘာ္လံုးကန္ရင္ကန္ တစ္ခုခုေဆာ႕ျပီးမွ ေက်ာင္းသြားဖို႕
လုပ္တယ္ေလ။ ဒီေရာက္လာေတာ႕လည္း ကစားကြင္း အျမဲလိုက္ပို႕ေပးရတယ္။
.
အခု
ဒီမွာ ေက်ာင္းျပန္လာရင္ စြမ္းကို သူ႕အေမက ထမင္းေကြ်းျပီးတဲ႕အခါ ကြ်န္ေတာ္က အလုပ္ကျပန္ေရာက္ခါစ
ႏြမ္းနယ္ေနျပီ .. ဘာဆိုဘာမွ မလုပ္ခ်င္မကိုင္ခ်င္ေတာ႕ဘူးဆုိေသာ္လည္း သူ႕ကုိ လမ္းတစ္လမ္းသာျခားတဲ႕
ကေလးကစားကြင္းကို ပုိ႕ေပးတယ္။ ဟုိမွာ ေခ်ာစီးတယ္ .. မန္းကီးဘား - Monkey Bar ဆြဲတယ္။
လူၾကီးကပ်င္းေပမယ္႕ ကေလးက ဒီႏုိင္ငံကရာသီဥတုနဲ႕ လိုက္ေလ်ာညီေထြစြာ ေကာင္းမြန္္တဲ႕က်န္းမာေရးကို
ရလာတယ္။ ႏွစ္ရွည္လမ်ား အာသီးေယာင္ျပီး ( ၁ ) လ တစ္ၾကိမ္ဖ်ားတဲ႕ဒုကၡကေန သူ ကင္းေဝးလာတယ္။
.
.
ဒီေျမဆီလႊာေပၚမွာ
တစ္ၾကိမ္ ႏွစ္ၾကိမ္ေလာက္သာ ဖ်ားျပီး အဖ်ားအျမစ္ျပတ္သြားတယ္လို႕ ကံေကာင္းစြာေျပာရပါလိမ္႕မယ္။
ဒါကိုအခြင္႕ေကာင္းယူျပီး မိဘလုပ္တဲ႕ ကြ်န္ေတာ္တုိ႕ဇနီးေမာင္ႏွံက သူ႕ရဲ႕ “ စူးစမ္းေလ႕လာခ်င္စိတ္
” ကို အဓိကပ်ိဳးေထာင္ေပးတဲ႕သေဘာသဘာဝက ပိုအေရးၾကီးတယ္လို႕ျမင္တဲ႕အတြက္
ကြ်န္ေတာ္ အျမဲေဆာင္ရြက္ခဲ႕တယ္။
.
အခု
ဒီစာကိုေရးဖို႕ စြမ္းကိုေျပာျပေတာ႕ “ ကစားကြင္း
( ေငြေပးစီးရတဲ႕ကစားကြင္းမဟုတ္ - အားကစားပါလုပ္လို႕ရတဲ႕ ပန္းျခံ - Park ) ကုိ မအားတဲ႕ၾကားထဲက
သူ႕ကုိလုိက္ပို႕ေပးေတာ႕ ကြန္ပ်ဴတာေရွ႕မွာ တစ္ခ်ိန္လံုးေနဖို႕ အခ်ိန္နည္းလာတယ္။ ကေလးေတြကို
ျငိမ္ရင္ျပီးေရာဆိုျပီး iPad ေပးထားတာထက္စာရင္ ကစားကြင္းလိုက္ပုိ႕တာက ပိုေကာင္းပါတယ္
” လို႕ ျဖည္႕စြက္ပါတယ္။
.
.
ကြ်န္ေတာ္
သူ႕ကို အျမဲေျပာျဖစ္တာက “ သားေရ .. အဓိက နဲ႕ သာမညကို ခြဲျခားပါ ” ဆုိတာပါပဲ။ သူ႕ကို
ကြ်န္ေတာ္တို႕လင္မယားက အိမ္မွာအျမဲ ျမန္မာလိုပဲ ေျပာပါတယ္။ ဒါေၾကာင္႕ တစ္ခ်ိဳ႕ကိစၥေတြမွာ
ရွင္းျပ၊ အလင္းျပ၊ သိမ္းသြင္းရတာ ပိုထိေရာက္တယ္ .. နားလည္လြယ္တယ္။ “ အဓိက ” ဆုိတာ ေက်ာင္းသားတစ္ေယာက္အေနနဲ႕
အေမရိကားပညာေရးမွာ “ အိမ္စာ - Homework ” ပါ။ “ သာမည ” ဆုိတာက သူ ကစားမယ္ .. ဂိမ္းေဆာ႕မယ္
.. အျပင္သြားလည္ပတ္မယ္ .. ဒါမ်ိဳးေတြကို ဆိုလိုတာ ျဖစ္ပါတယ္။
.
ဒါေၾကာင္႕
“ စြမ္း ” ကို စာစိတ္ဝင္စားေအာင္ မိဘေတြက သိပ္မလုပ္လိုက္ရပါဘူး။ အထူးသျဖင္႕ သူ႕ကို
ငယ္ငယ္က ဂိမ္းကိုအခ်ိန္အၾကာၾကီးမကစားမိေအာင္ေတာ႕ ကန္႕သတ္ခဲ႕တာ ရွိပါတယ္။ ဒါေပမယ္႕ ဘာလုပ္ခ်င္လုပ္ခ်င္
ေက်ာင္းကေပးလုိက္တဲ႕အိမ္စာျပီးမွလုပ္ခြင္႕ရွိတယ္ဆုိတာကို သူသိတယ္။ ဒါက အေမရိကားေရာက္
ျပည္ကူးႏိုင္ငံျခားသား မိဘေတြ သတိထားသင္႕တဲ႕အခ်က္ပါ။ ဒီစံႏႈန္းနဲ႕ ကြ်န္ေတာ္တို႕သားအဖ
ညီညီညြတ္ညြတ္ စခန္းသြားခဲ႕တယ္။
.
.
အလယ္တန္းေက်ာင္းေရာက္ေတာ႕
သူဟာ လူမႈကူညီေရး - Social Activity ၊ လုပ္အားေပး - Volunteer ၊ ေခါင္းေဆာင္သင္တန္း
- Leadership စတာေတြကို ပါဝင္လာတယ္။ ဒါမ်ိဳးဆို
ကြ်န္ေတာ္က အျမဲအားေပးတယ္။ တစ္ခ်ိဳ႕က႑ေတြမွာဆုိ ေက်ာင္းပိတ္ရင္ ခံုသန္႕ရွင္းေရးလုပ္
.. အမိႈက္ကန္ေတြရွင္းတာက အစ၊ ပြဲလမ္းသဘင္ မိုက္ခရိုဖုန္း နဲ႕ စင္ျမင္႕ျပင္ဆင္တာ အဆံုး
.. အကုန္ သူဒိုင္ခံလုပ္တယ္။ အခု အထက္တန္းေက်ာင္းေရာက္ေတာ႕ တက္ၾကြလႈပ္ရွားမႈ -
Interact မွာ ဝင္လုပ္ျပန္တယ္။ ေႏြရာသီေက်ာင္းပိတ္ရင္ေနရင္ေတာင္ ေက်ာင္းနဲ႕ဆိုင္တဲ႕
သန္႕ရွင္းေရးေတြကို တကူးတက သြားလုပ္တဲ႕အခါေတြ ရွိေသးတယ္။
.
ဒီအေၾကာင္းကိုလည္း
သူနဲ႕ေဆြးေႏြးၾကည္႕ေတာ႕ သူက “ ဟုတ္ေတာ႕ ဟုတ္ပါတယ္။ ေခါင္းေဆာင္မႈ - Leadership လုပ္ရေတာ႕
သူမ်ားေခါင္းေဆာင္ေတြရဲ႕ စိတ္ေကာင္း ႏွလံုးေကာင္း - Good Heart ကို သင္ယူရတယ္။ သူတုိ႕လုပ္တဲ႕
လူလူခ်င္းကူညီတဲ႕ ပရဟိတစိတ္ဓါတ္ေတြ ရလိုက္တယ္ ” လို႕ ထပ္မံျဖည္႕စြက္ေျပာပါတယ္။
.
.
ဒါက
ကြ်န္ေတာ္သိသေလာက္ထဲက ဗုဒၶအဆံုးအမနဲ႕အညီ တတ္ႏုိင္သေလာက္ ထိန္းေပးခဲ႕တာပါပဲ။ ထိန္းေက်ာင္းေပးတယ္ဆုိတာထက္
လမ္းမွန္ကုိျပေပးခဲ႕တယ္ဆုိတာက ပိုမွန္ပါလိမ္႕မယ္။ လတ္လတ္ဆတ္ဆတ္ေတြးၾကည္႕ရင္ သူ႕ကို
ဘယ္ေနရာမွ ခ်ဳပ္ခ်ယ္မႈသိပ္မလုပ္ထားဘူး။ လုပ္ခ်င္တာကို စိတ္ၾကိဳက္ေပးလုပ္တယ္။ သေဘာရွိ
ေရြးခ်ယ္ခြင္႕ေပးတယ္။ “ မသိတာကို ဘယ္မွာရွာေဖြရတယ္ဆုိတဲ႕လမ္းစ ” ကို ဆြဲထုတ္ျပတယ္။
ေက်ာင္းကေပးတဲ႕ အသိအမွတ္ျပဳ - Appreciation Certificate မွာ သူထိပ္ဆံုးရတာက “ စူးစမ္းခ်င္စိတ္
- Curiosity ” ဆိုေတာ႕ ပစ္လႊတ္တဲ႕လားရာ နဲ႕ ထိမွန္တဲ႕ပစ္မွတ္ ေတာ္ေတာ္တိုက္ဆုိင္တယ္လို႕
ယူဆမိပါတယ္။ ေနာက္ထပ္ အဓိက သူ႕ကို လူေပါင္းမမွားေစဖို႕ အျမဲလိုလို သတိေပးတယ္။ “ လူမိုက္နဲ႕မေပါင္းနဲ႕ သားေရ ” လို႕ေတာ႕ သတိရမိတိုင္း
ဆံုးမတယ္။
.
သူ႕အေမဆုိရင္လည္း
ေက်ာင္းအျမဲပို႔ေနေတာ႕ ငယ္ငယ္ကတည္းက ဘယ္သူနဲ႕တြဲတယ္ .. စာေတာ္လား မေတာ္ဘူးလား .. အိမ္စာေန႕တိုင္းျပီးသူလား
.. ေက်ာင္းအျမဲေနာက္က်သူလား အကုန္သိတယ္။ ညဆိုရင္ ( ၉ ) နာရီ ( ၉ ) နာရီခြဲ အျမဲအိပ္ခုိင္းတယ္။
အလယ္တန္းအထိေတာ႕ အိပ္ခ်ိန္ကို တစ္ေျပးညီသတ္မွတ္လို႕ရေပမယ္႕ အခုေနာက္ပိုင္း အထက္တန္းမွာ
စာမ်ားလာေတာ႕ မရေတာ႕ဘူး။ ဒါေပမယ္႕ ဘယ္လိုပင္အိပ္ခ်ိန္ေနုာက္က်ပါေစ သူလုပ္ရမယ္႕အိမ္စာကို
တင္ဖို႕အခ်ိန္မီျပီးေအာင္လုပ္တာက မိဘေတြ စိတ္ခ်မ္းသာရတယ္လို႕ ေျပာရလိမ္႕မယ္ မေအးေအးႏွင္းေရ..။
.
.
အားကစားကိုေတာ္ေတာ္စိတ္ဝင္စားတဲ႕အခ်က္က
ကေလးငယ္တစ္ေယာက္ရဲ႕ အေမရိကန္အေျခခံပညာေရးမွာ
အေရးၾကီးတဲ႕ေနရာကေန ပါဝင္ပတ္သက္ပါတယ္။ သိတဲ႕အတိုင္း အလယ္တန္းမွာ စလုပ္ရတဲ႕ အားကစားပညာေရး
- P.E - Physical Education ဆိုတာ စာသင္ခ်ိန္ေတြၾကားထဲမွာ ထည္႕ထားျပီးသား။ ေက်ာင္းဆင္းတဲ႕အခ်ိန္လုပ္ရတဲ႕
အားကစား ( ဥပမာ - အေျပး၊ ၾကက္ေတာင္၊ ဘတ္စကက္ေဘာ၊ ေဘာ္လံုး - Soccer ၊ Soft Ball နဲ႕
ေရကူး ) တစ္ခုခု ဆက္လုပ္လုိ႕ စာရင္းေပးခြင္႕ရွိတယ္။ ဒါကို တစ္ႏွစ္မွာ ( ၉ ) လေလာက္
“ စြမ္း ” က အေျပး နဲ႕ ၾကက္ေတာင္ ပါေသးတယ္ေလ။
.
ဒါေၾကာင္႕
ညေန ( ၃ ) နာရီေက်ာ္ ေက်ာင္းလႊတ္ျပီဆိုရင္ သူ႕အေမက သြားၾကိဳ၊ အိမ္ေခၚလာ၊ ေပါ႕ေပါ႕ပါးပါးအစားအေသာက္ေလး
ေကြ်း၊ ခဏ နား၊ ျပီးရင္ ျပန္ပို႕၊ ကြ်န္ေတာ္ကအလုပ္ကျပန္လာေတာ႕ သူကစားျပီးတဲ႕အခ်ိန္
ျပန္သြားေခၚ နဲ႕ ကေလးက ေတာ္ေတာ္ႏြမ္းလ်ေနတယ္။
.
ဒါေၾကာင္႕
သူ႕ကုိ “ ပင္ပန္းေတာ႕ နားပါလား။ နားနားေနေနနဲ႕အိမ္စာလုပ္ေတာ႕ သက္သာတာေပါ႕ ” လို႕ ဆုိေတာ႕
သူက “ အားကစားက ကုိယ္လက္လႈပ္ရွားမႈရွိျပီး လူက်န္းမာတဲ႕အျပင္ သူငယ္ခ်င္းေတြနဲ႕ အခ်ိန္ကုန္လို႕ရတယ္
“ တဲ႕ေလ။ ဒါနဲ႕ကို တားမရဘူး .. ေက်ာင္းလႊတ္ျပီး တစ္ေရးအိပ္ျပီး ျပန္သြား ကစားတာပါပဲ။
.
.
ေက်ာင္းလုပ္အားေပးကေန
လူေတြကိုကူညီရတာၾကိဳက္လာတဲ႕ “ စြမ္း ” ဟာ အထက္တန္းအေရာက္ Interact မွာ ပါဝင္လာခဲ႕တယ္။
သူ႕ရဲ႕လုပ္ငန္းကြ်မ္းက်င္မႈေတြနဲ႕ေလ်ာ္ညီစြာ ေနာက္ပိုင္းမွာ အရာရွိ - Officer ရာထူးေလွ်ာက္ေတာ႕
ထပ္ရျပန္တယ္။ ဒါနဲ႕ ေဒသဆိုင္ရာ ေက်ာင္းသားအရာရွိေတြနဲ႕ အစည္းအေဝးေတြ လုပ္၊ ေတြ႕ဆံုပြဲေတြ
တက္၊ ပြဲေတြ လမ္းေတြမွာ အကူအညီေပး စတာေတြ တိုးလုပ္ရင္း အခု ( ၁၁ ) တန္းမွာ ေနာက္တစ္ဆင္႕ေလွ်ာက္လုိက္တာ
လာမယ္႕ႏွစ္ ( ၁၂ ) တန္း - ( ၂ဝ၁၇ ) အတြက္ ဥကၠ႒ - President ရာထူး ရျပန္တယ္။ ဒီတစ္ခါပါဆို
President ျဖစ္တာ ( ၂ ) ၾကိမ္ေျမာက္။ ( ၈ ) တန္း တုန္းက အလယ္တန္းမွာ တစ္ေက်ာင္းလံုးရဲ႕
ေက်ာင္းသားေခါင္းေဆာင္ဥကၠ႒ - Student Leadership President ျဖစ္ခဲ႕တာကိုပါ ထည္႕တြက္ရင္ေပါ႕။
.
ရထားသံလမ္းျပဳိင္ေပၚမွာ
ေခါင္းတြဲတင္ေပးလိုက္သလိုပဲ ေရွ႕ကဆဲြျပီဆို ေနာက္တြဲေတြက အလုိက္သင္႕လုိက္ခ်ိတ္လိုက္ရံုနဲ႕
တြန္းစရာ အားထည္႕စရာမလိုသလို သက္ေတာင္႕သက္သာရွိေစပါတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္ နဲ႕ ကြ်န္ေတာ႕ဇနီးက
အတင္းတြန္းသင္ေပးတာဆုိလို႕ ျမန္မာစာေရး၊ စာရိုက္၊ စာဖတ္ေစတာပဲ ရွိပါတယ္။ က်န္တဲ႕ရာခိုင္းႏႈန္းမ်ားစြာက
သူ႕ဟာသူလုပ္သြားတာ ျဖစ္ပါတယ္။
.
ေက်ာင္းစာမ်ားလာတဲ႕အခါက်ေတာ႕
ဂိမ္းကစားတာကေန စာဘက္ ျပန္ေရာက္သြားတယ္။ ဒီႏုိင္ငံမွာၾကီးတဲ႕ သူနဲ႕ကစားေဖာ္ကစားဘက္သူငယ္ခ်င္းေတြက
ဂိမ္းေတာထဲမွာ က်န္ခဲ႕တယ္။ သူတို႕ကို “ စြမ္း ” က အိမ္စာေတြလုပ္ဖို႕ သတိေပးရတဲ႕အထိ
ျဖစ္ခဲ႕တယ္။ စာလုပ္ဖို႕ ဖိအားေပးတယ္ .. တိုက္တြန္းတယ္။ တစ္ခ်ိဳ႕ဆို ဂိမ္းစြဲျပီးေတာ႕
ေတာ္လ်က္သားနဲ႕ စာဘက္မွာ လစ္ဟင္းမႈေတြ ရွိလာခဲ႕တယ္။ အဲဒီႏြံထဲမွာ “ စြမ္း ” မပါသြားတာ ကြ်န္ေတာ္တုိ႕ကံေကာင္းတယ္လို႕ ေျပာရမယ္
မေအးေအးႏွင္းေရ ..။
.
.
ဒီၾကားထဲ
သူ႕အမွတ္စာရင္းကို မိဘနဲ႕ေက်ာင္းသားအေကာင္႕ တြဲလုပ္ထားေတာ႕ ကြ်န္ေတာ္အီးေမးလ္မွာ သူ႕ရဲ႕တိုးတက္မႈကို
အျမဲေတြ႕ျမင္ေနရတယ္။ အခု ဒီစာသင္လ - Term မွာ ( A+ ) ရျပီး ေနာက္တစ္ၾကိမ္ က်သြားရင္
“ သူဘာေၾကာင္႕ ဘယ္ေနရာမွာ အားနည္းသြားတယ္ ” ဆုိတဲ႕ အေၾကာင္းရင္း - Root Cause ကို သားအဖႏွစ္ေယာက္
ေဆြးေႏြးၾကတယ္။ အဓိက သူ႕ကို မဆူဘူး .. နားဝင္ေအာင္ ၾကိဳးစားရွင္းျပတယ္။ မမွားသင္႕တာ
မမွားထုိက္တာေတြကို ၾကိဳေျပာျပတယ္။ သူစိတ္အရမ္းတင္းၾကပ္တဲ႕အခါမ်ိဳးမွာ သိပ္မေျပာဘူး။
ေနာက္ပိုင္းရက္ သူ ေပ်ာ႕ေပ်ာင္းစိတ္ၾကည္တဲ႕အခ်ိန္မွ ကြ်န္ေတာ္ေျပာသင္႕တာကို တစ္ေခါက္ျပန္ေျပာတယ္။
.
“
အဲဒီတုန္းက ဒါက .. သား မွားႏုိင္တယ္ .. တစ္ကယ္ဆုိ ဘယ္ကိစၥက ဘယ္ေနရာမွာ ဒုကၡေရာက္ႏုိင္တယ္ဆုိတာကို
ေျပာျပမလို႕ .. သားက ေသြးပူေနလို႕ မသိတာ။ အေဖနဲ႕အေမက သားကုိ ဘယ္ေတာ႕မွ အတင္းမလုပ္ခ်င္ဘူး။
ဒါေၾကာင္႕ ျဖစ္သင္႕တာ၊ မျဖစ္သင္႕တာ ( ၂ ) မ်ိဳးလံုးကို အဆံုးအစြန္အထိ အကုန္ေျပာျပတယ္
… သား ၾကိဳက္တာကိုေရြး ” ဆိုျပီး ကြ်န္ေတာ္ကေတာ႕ ရွင္းျပလိုက္တာပါပဲ။
.
.
ဒီစာစုေလးဟာ
“ စြမ္း ” ေတာ္ေၾကာင္း၊ တတ္ေၾကာင္း၊ အမႊန္းတင္ ေျပာျပလိုရင္း မဟုတ္ရပါ။ သားသမီးရွိတဲ႕မိဘခ်င္း
ရင္ဖြင္႕တယ္လို႕ နားလည္ေပးႏုိင္ရင္ ေရးရ၊ ေျဖရက်ိဳးႏွပ္ပါတယ္။ အခုလို ေမးခြန္းမ်ိဳးကို
တစ္ပါးသူမ်ားကိုပါ အသိပညာရေေစေအာင္ ေရးခြင္႕၊ ေျဖၾကားခြင္႕ေပးတဲ႕ မေအးေအးႏွင္း တို႕
မိသားစုကို အထူးေက်းဇူးတင္ရွိပါေၾကာင္း ဒီေဆာင္းပါးေလးနဲ႕ မွတ္တမ္းတင္အပ္ပါတယ္။
.
ခင္လ်က္
.
04-24-2016
.
.
.
Myanmar
Unicode Version:
.
.
“ မအေးအေးနှင်း မေးသဖြင့် ဖြေပါသည် ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
မအေးအေးနှင်း
မေးသည် ။။။။။။။။။။ သားကို စာစိတ်ဝင်စားအောင် ဘယ်လို သင်ပြပေးခဲ့တယ်ဆိုတဲ့ စွမ်းရဲ့
ငယ်ဘဝ အကြောင်းရော ပြောပြပါလား ကိုညီညီ ရှင့်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ သားက
( ၆ ) နှစ်အရွယ် မို့လို့ပါ။ ကလေးတွေကို ထိန်းကျောင်းပေးတဲ့ ဥပမာတွေကို အများကြီးလေ့လာချင်ပါတယ်။
တော်တယ်နော်။ နာမည်နဲ့ လူနဲ့ တကယ်လိုက်တဲ့ " စွမ်း " ပါလား..။
.
.
ကိုညီညီ
ဖြေသည် ။။။။။။။။။။ ပထမဦးစွာ “ စွမ်း ” ကို ချီးကျူးတဲ့အတွက် မိဘတစ်ယောက်နေရာကနေ ကြည်နူးဝမ်းသာဖြစ်ရပါတယ်။
အထူးသဖြင့် မအေးအေးနှင်းတို့လို ဒီနိုင်ငံရောက်ပြီး ကလေးငယ်တစ်ယောက်နဲ့ အလုပ်တစ်ဖက်လုပ်ကိုင်ရင်း
အမေရိကန်အိပ်မက်ကို ကြိုးစားအကောင်အထည်ဖော်နေသူအချင်းချင်း အသိအမှတ်ပြုတော့ ပိုခံစားရပါတယ်။
.
“ စွမ်း ” က ဒီနိုင်ငံရောက်တော့ ( ၉ ) နှစ် ရှိနေပါပြီ။ မြန်မာနိုင်ငံကနေ
( ၃ ) တန်း အောင်လာပါတယ်။ ကိုယ့်အရင်းကြီးလိုပြောရမယ်ဆိုရင် ကျေးဇူးရှိတဲ့ အစ်မအိမ်မှာ
တစ်နှစ်လောက်နေခဲ့တဲ့ကာလအတွင်း မျက်စိရှေ့ကအရာအားလုံးဟာ ယောင်ချာချာပါပဲ။ ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိချိန်တစ်လျှောက်မှာ ဒစ္စနေချန်နယ် ကလာတဲ့ အင်္ဂလိပ်ဇာတ်လမ်းတွဲတွေကို
တောက်လျှောက်ထိုင်ကြည့်နေတာကတော့ “ စွမ်း ” ရဲ့ သေချာတဲ့တိုးတက်မှုတစ်ခု ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။
.
ဒါ့အပြင်
ကလေးငယ်တွေကြည့်တဲ့ ကာတွန်းကား၊ အင်နီမေးရှင်းဇာတ်လမ်းတွဲတွေကို မရှိဘူးဆိုရင် တစ်ရက်ကို
( ၄ ) နာရီလောက် ဆက်တိုက်ကြည့်တယ်။ တစ်ခါတစ်ခါများဆို မျက်စိပျက်မှာစိုးလို့ လျှော့ကြည့်လို့
ပြောရတဲ့အထိပါပဲ။ သူက လူကြီးတွေကြည့်သလို အပေါ်ကအရုပ်ပြ အောက်က စာတန်းကိုလိုက်ဖတ်သူမဟုတ်တော့
သူရတဲ့ အင်္ဂလိပ်စကားက ဒီမြေမှာပေါက်တဲ့ “ ဘို ” တွေလို အတိုင်းသား - Pure ဖြစ်သွားတာ
ကံကောင်းတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။
.
.
မအေးအေးနှင်း
မေးခွန်းရဲ့အစိတ်အပ်ိုင်းတစ်ချို့ကို စတင်ဖြေကြားရရင် “ စွမ်း ” ဟာ အစပိုင်းကျောင်းတက်ခါစ
တစ်လ - နှစ်လ လောက်မှာ အင်္ဂလိပ်စာအတွက် တော်တော်အခက်အခဲတွေ့ခဲ့တယ်။ မြန်မာမူလတန်းက
“ ဗူးသီး နဲ့ ခရမ်းသီး ” ကိုသာ သင်ခဲ့တဲ့မြန်မာကျောင်းကလေးငယ်ဟာ ဒီဘက်နိုင်ငံက “ မိုးရွာသွန်းခြင်း
- Precipitation ” လို စာလုံးမျိုးကို ဘယ်လိုနည်းနဲ့မှ လိုက်မှီအောင် နားမလည်နိုင်ခဲ့ပါဘူး။
ဒီနေရာမှာ ကျွန်တော်က မြန်မာလို စရှင်းပြခဲ့ရတယ်။
.
နောက်
သူ့ကို အရမ်းချစ်တဲ့ ဒီနိုင်ငံက သူ့ အစ်မဝမ်းကွဲက မသိတာတွေကို ရှင်းပြပေးတယ်။ စာဖတ်ပုံ
ဖတ်နည်းတွေကို ရှင်းပြတယ်။ ( ၅ ) ရက်လောက် လမ်းကျောင်းပေးလိုက်တဲ့အခါ ကျောင်းအထာတွေကို
အနည်းငယ်ဖမ်းနိုင် သိမြင်လာတယ် .. ကျောင်းက ဘာသင်ပေးတယ်ဆိုတာကို သူ မှတ်နိုင်လာတယ်။
နောက်ဆုံး “ အိမ်စာကို ဘယ်လိုလုပ်ရတယ်ဆိုတာသိတဲ့အချိန် က စပြီး “ စွမ်း ” စိတ်မညစ်တော့ဘူး။
.
.
ကျွန်တော်လုပ်ပေးရတဲ့အပိုင်းက
ကနဦးရှိရင်းစွဲ “ သူ့ရဲ့ ကစားချင်စိတ် ” ကို ပိုမိုရှင်သန်အောင်ပျိုးထောင်ပေးတာပါပဲ။
သူက မြန်မာနိုင်ငံမှာကတည်းက မနက်ဆို ဘော်လုံးကန်ရင်ကန် တစ်ခုခုဆော့ပြီးမှ ကျောင်းသွားဖို့
လုပ်တယ်လေ။ ဒီရောက်လာတော့လည်း ကစားကွင်း အမြဲလိုက်ပို့ပေးရတယ်။
.
အခု
ဒီမှာ ကျောင်းပြန်လာရင် စွမ်းကို သူ့အမေက ထမင်းကျွေးပြီးတဲ့အခါ ကျွန်တော်က အလုပ်ကပြန်ရောက်ခါစ
နွမ်းနယ်နေပြီ .. ဘာဆိုဘာမှ မလုပ်ချင်မကိုင်ချင်တော့ဘူးဆိုသော်လည်း သူ့ကို လမ်းတစ်လမ်းသာခြားတဲ့
ကလေးကစားကွင်းကို ပို့ပေးတယ်။ ဟိုမှာ ချောစီးတယ် .. မန်းကီးဘား - Monkey Bar ဆွဲတယ်။
လူကြီးကပျင်းပေမယ့် ကလေးက ဒီနိုင်ငံကရာသီဥတုနဲ့ လိုက်လျောညီထွေစွာ ကောင်းမွန်တဲ့ကျန်းမာရေးကို
ရလာတယ်။ နှစ်ရှည်လများ အာသီးယောင်ပြီး ( ၁ ) လ တစ်ကြိမ်ဖျားတဲ့ဒုက္ခကနေ သူ ကင်းဝေးလာတယ်။
.
.
ဒီမြေဆီလွှာပေါ်မှာ
တစ်ကြိမ် နှစ်ကြိမ်လောက်သာ ဖျားပြီး အဖျားအမြစ်ပြတ်သွားတယ်လို့ ကံကောင်းစွာပြောရပါလိမ့်မယ်။
ဒါကိုအခွင့်ကောင်းယူပြီး မိဘလုပ်တဲ့ ကျွန်တော်တို့ဇနီးမောင်နှံက သူ့ရဲ့ “ စူးစမ်းလေ့လာချင်စိတ်
” ကို အဓိကပျိုးထောင်ပေးတဲ့သဘောသဘာဝက ပိုအရေးကြီးတယ်လို့မြင်တဲ့အတွက်
ကျွန်တော် အမြဲဆောင်ရွက်ခဲ့တယ်။
.
အခု
ဒီစာကိုရေးဖို့ စွမ်းကိုပြောပြတော့ “ ကစားကွင်း
( ငွေပေးစီးရတဲ့ကစားကွင်းမဟုတ် - အားကစားပါလုပ်လို့ရတဲ့ ပန်းခြံ - Park ) ကို မအားတဲ့ကြားထဲက
သူ့ကိုလိုက်ပို့ပေးတော့ ကွန်ပျူတာရှေ့မှာ တစ်ချိန်လုံးနေဖို့ အချိန်နည်းလာတယ်။ ကလေးတွေကို
ငြိမ်ရင်ပြီးရောဆိုပြီး iPad ပေးထားတာထက်စာရင် ကစားကွင်းလိုက်ပို့တာက ပိုကောင်းပါတယ်
” လို့ ဖြည့်စွက်ပါတယ်။
.
.
ကျွန်တော်
သူ့ကို အမြဲပြောဖြစ်တာက “ သားရေ .. အဓိက နဲ့ သာမညကို ခွဲခြားပါ ” ဆိုတာပါပဲ။ သူ့ကို
ကျွန်တော်တို့လင်မယားက အိမ်မှာအမြဲ မြန်မာလိုပဲ ပြောပါတယ်။ ဒါကြောင့် တစ်ချို့ကိစ္စတွေမှာ
ရှင်းပြ၊ အလင်းပြ၊ သိမ်းသွင်းရတာ ပိုထိရောက်တယ် .. နားလည်လွယ်တယ်။ “ အဓိက ” ဆိုတာ ကျောင်းသားတစ်ယောက်အနေနဲ့
အမေရိကားပညာရေးမှာ “ အိမ်စာ - Homework ” ပါ။ “ သာမည ” ဆိုတာက သူ ကစားမယ် .. ဂိမ်းဆော့မယ်
.. အပြင်သွားလည်ပတ်မယ် .. ဒါမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
.
ဒါကြောင့်
“ စွမ်း ” ကို စာစိတ်ဝင်စားအောင် မိဘတွေက သိပ်မလုပ်လိုက်ရပါဘူး။ အထူးသဖြင့် သူ့ကို
ငယ်ငယ်က ဂိမ်းကိုအချိန်အကြာကြီးမကစားမိအောင်တော့ ကန့်သတ်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ဘာလုပ်ချင်လုပ်ချင်
ကျောင်းကပေးလိုက်တဲ့အိမ်စာပြီးမှလုပ်ခွင့်ရှိတယ်ဆိုတာကို သူသိတယ်။ ဒါက အမေရိကားရောက်
ပြည်ကူးနိုင်ငံခြားသား မိဘတွေ သတိထားသင့်တဲ့အချက်ပါ။ ဒီစံနှုန်းနဲ့ ကျွန်တော်တို့သားအဖ
ညီညီညွတ်ညွတ် စခန်းသွားခဲ့တယ်။
.
.
အလယ်တန်းကျောင်းရောက်တော့
သူဟာ လူမှုကူညီရေး - Social Activity ၊ လုပ်အားပေး - Volunteer ၊ ခေါင်းဆောင်သင်တန်း
- Leadership စတာတွေကို ပါဝင်လာတယ်။ ဒါမျိုးဆို
ကျွန်တော်က အမြဲအားပေးတယ်။ တစ်ချို့ကဏ္ဍတွေမှာဆို ကျောင်းပိတ်ရင် ခုံသန့်ရှင်းရေးလုပ်
.. အမှိုက်ကန်တွေရှင်းတာက အစ၊ ပွဲလမ်းသဘင် မိုက်ခရိုဖုန်း နဲ့ စင်မြင့်ပြင်ဆင်တာ အဆုံး
.. အကုန် သူဒိုင်ခံလုပ်တယ်။ အခု အထက်တန်းကျောင်းရောက်တော့ တက်ကြွလှုပ်ရှားမှု -
Interact မှာ ဝင်လုပ်ပြန်တယ်။ နွေရာသီကျောင်းပိတ်ရင်နေရင်တောင် ကျောင်းနဲ့ဆိုင်တဲ့
သန့်ရှင်းရေးတွေကို တကူးတက သွားလုပ်တဲ့အခါတွေ ရှိသေးတယ်။
.
ဒီအကြောင်းကိုလည်း
သူနဲ့ဆွေးနွေးကြည့်တော့ သူက “ ဟုတ်တော့ ဟုတ်ပါတယ်။ ခေါင်းဆောင်မှု - Leadership လုပ်ရတော့
သူများခေါင်းဆောင်တွေရဲ့ စိတ်ကောင်း နှလုံးကောင်း - Good Heart ကို သင်ယူရတယ်။ သူတို့လုပ်တဲ့
လူလူချင်းကူညီတဲ့ ပရဟိတစိတ်ဓါတ်တွေ ရလိုက်တယ် ” လို့ ထပ်မံဖြည့်စွက်ပြောပါတယ်။
.
.
ဒါက
ကျွန်တော်သိသလောက်ထဲက ဗုဒ္ဓအဆုံးအမနဲ့အညီ တတ်နိုင်သလောက် ထိန်းပေးခဲ့တာပါပဲ။ ထိန်းကျောင်းပေးတယ်ဆိုတာထက်
လမ်းမှန်ကိုပြပေးခဲ့တယ်ဆိုတာက ပိုမှန်ပါလိမ့်မယ်။ လတ်လတ်ဆတ်ဆတ်တွေးကြည့်ရင် သူ့ကို
ဘယ်နေရာမှ ချုပ်ချယ်မှုသိပ်မလုပ်ထားဘူး။ လုပ်ချင်တာကို စိတ်ကြိုက်ပေးလုပ်တယ်။ သဘောရှိ
ရွေးချယ်ခွင့်ပေးတယ်။ “ မသိတာကို ဘယ်မှာရှာဖွေရတယ်ဆိုတဲ့လမ်းစ ” ကို ဆွဲထုတ်ပြတယ်။
ကျောင်းကပေးတဲ့ အသိအမှတ်ပြု - Appreciation Certificate မှာ သူထိပ်ဆုံးရတာက “ စူးစမ်းချင်စိတ်
- Curiosity ” ဆိုတော့ ပစ်လွှတ်တဲ့လားရာ နဲ့ ထိမှန်တဲ့ပစ်မှတ် တော်တော်တိုက်ဆိုင်တယ်လို့
ယူဆမိပါတယ်။ နောက်ထပ် အဓိက သူ့ကို လူပေါင်းမမှားစေဖို့ အမြဲလိုလို သတိပေးတယ်။ “ လူမိုက်နဲ့မပေါင်းနဲ့ သားရေ ” လို့တော့ သတိရမိတိုင်း
ဆုံးမတယ်။
.
သူ့အမေဆိုရင်လည်း
ကျောင်းအမြဲပို့နေတော့ ငယ်ငယ်ကတည်းက ဘယ်သူနဲ့တွဲတယ် .. စာတော်လား မတော်ဘူးလား .. အိမ်စာနေ့တိုင်းပြီးသူလား
.. ကျောင်းအမြဲနောက်ကျသူလား အကုန်သိတယ်။ ညဆိုရင် ( ၉ ) နာရီ ( ၉ ) နာရီခွဲ အမြဲအိပ်ခိုင်းတယ်။
အလယ်တန်းအထိတော့ အိပ်ချိန်ကို တစ်ပြေးညီသတ်မှတ်လို့ရပေမယ့် အခုနောက်ပိုင်း အထက်တန်းမှာ
စာများလာတော့ မရတော့ဘူး။ ဒါပေမယ့် ဘယ်လိုပင်အိပ်ချိန်နေုာက်ကျပါစေ သူလုပ်ရမယ့်အိမ်စာကို
တင်ဖို့အချိန်မီပြီးအောင်လုပ်တာက မိဘတွေ စိတ်ချမ်းသာရတယ်လို့ ပြောရလိမ့်မယ် မအေးအေးနှင်းရေ..။
.
.
အားကစားကိုတော်တော်စိတ်ဝင်စားတဲ့အချက်က
ကလေးငယ်တစ်ယောက်ရဲ့ အမေရိကန်အခြေခံပညာရေးမှာ
အရေးကြီးတဲ့နေရာကနေ ပါဝင်ပတ်သက်ပါတယ်။ သိတဲ့အတိုင်း အလယ်တန်းမှာ စလုပ်ရတဲ့ အားကစားပညာရေး
- P.E - Physical Education ဆိုတာ စာသင်ချိန်တွေကြားထဲမှာ ထည့်ထားပြီးသား။ ကျောင်းဆင်းတဲ့အချိန်လုပ်ရတဲ့
အားကစား ( ဥပမာ - အပြေး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘော်လုံး - Soccer ၊ Soft Ball နဲ့
ရေကူး ) တစ်ခုခု ဆက်လုပ်လို့ စာရင်းပေးခွင့်ရှိတယ်။ ဒါကို တစ်နှစ်မှာ ( ၉ ) လလောက်
“ စွမ်း ” က အပြေး နဲ့ ကြက်တောင် ပါသေးတယ်လေ။
.
ဒါကြောင့်
ညနေ ( ၃ ) နာရီကျော် ကျောင်းလွှတ်ပြီဆိုရင် သူ့အမေက သွားကြို၊ အိမ်ခေါ်လာ၊ ပေါ့ပေါ့ပါးပါးအစားအသောက်လေး
ကျွေး၊ ခဏ နား၊ ပြီးရင် ပြန်ပို့၊ ကျွန်တော်ကအလုပ်ကပြန်လာတော့ သူကစားပြီးတဲ့အချိန်
ပြန်သွားခေါ် နဲ့ ကလေးက တော်တော်နွမ်းလျနေတယ်။
.
ဒါကြောင့်
သူ့ကို “ ပင်ပန်းတော့ နားပါလား။ နားနားနေနေနဲ့အိမ်စာလုပ်တော့ သက်သာတာပေါ့ ” လို့ ဆိုတော့
သူက “ အားကစားက ကိုယ်လက်လှုပ်ရှားမှုရှိပြီး လူကျန်းမာတဲ့အပြင် သူငယ်ချင်းတွေနဲ့ အချိန်ကုန်လို့ရတယ်
“ တဲ့လေ။ ဒါနဲ့ကို တားမရဘူး .. ကျောင်းလွှတ်ပြီး တစ်ရေးအိပ်ပြီး ပြန်သွား ကစားတာပါပဲ။
.
.
ကျောင်းလုပ်အားပေးကနေ
လူတွေကိုကူညီရတာကြိုက်လာတဲ့ “ စွမ်း ” ဟာ အထက်တန်းအရောက် Interact မှာ ပါဝင်လာခဲ့တယ်။
သူ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုတွေနဲ့လျော်ညီစွာ နောက်ပိုင်းမှာ အရာရှိ - Officer ရာထူးလျှောက်တော့
ထပ်ရပြန်တယ်။ ဒါနဲ့ ဒေသဆိုင်ရာ ကျောင်းသားအရာရှိတွေနဲ့ အစည်းအဝေးတွေ လုပ်၊ တွေ့ဆုံပွဲတွေ
တက်၊ ပွဲတွေ လမ်းတွေမှာ အကူအညီပေး စတာတွေ တိုးလုပ်ရင်း အခု ( ၁၁ ) တန်းမှာ နောက်တစ်ဆင့်လျှောက်လိုက်တာ
လာမယ့်နှစ် ( ၁၂ ) တန်း - ( ၂ဝ၁၇ ) အတွက် ဥက္ကဋ္ဌ - President ရာထူး ရပြန်တယ်။ ဒီတစ်ခါပါဆို
President ဖြစ်တာ ( ၂ ) ကြိမ်မြောက်။ ( ၈ ) တန်း တုန်းက အလယ်တန်းမှာ တစ်ကျောင်းလုံးရဲ့
ကျောင်းသားခေါင်းဆောင်ဥက္ကဋ္ဌ - Student Leadership President ဖြစ်ခဲ့တာကိုပါ ထည့်တွက်ရင်ပေါ့။
.
ရထားသံလမ်းပြိုင်ပေါ်မှာ
ခေါင်းတွဲတင်ပေးလိုက်သလိုပဲ ရှေ့ကဆွဲပြီဆို နောက်တွဲတွေက အလိုက်သင့်လိုက်ချိတ်လိုက်ရုံနဲ့
တွန်းစရာ အားထည့်စရာမလိုသလို သက်တောင့်သက်သာရှိစေပါတယ်။ ဒါကြောင့် ကျွန်တော် နဲ့ ကျွန်တော့ဇနီးက
အတင်းတွန်းသင်ပေးတာဆိုလို့ မြန်မာစာရေး၊ စာရိုက်၊ စာဖတ်စေတာပဲ ရှိပါတယ်။ ကျန်တဲ့ရာခိုင်းနှုန်းများစွာက
သူ့ဟာသူလုပ်သွားတာ ဖြစ်ပါတယ်။
.
ကျောင်းစာများလာတဲ့အခါကျတော့
ဂိမ်းကစားတာကနေ စာဘက် ပြန်ရောက်သွားတယ်။ ဒီနိုင်ငံမှာကြီးတဲ့ သူနဲ့ကစားဖော်ကစားဘက်သူငယ်ချင်းတွေက
ဂိမ်းတောထဲမှာ ကျန်ခဲ့တယ်။ သူတို့ကို “ စွမ်း ” က အိမ်စာတွေလုပ်ဖို့ သတိပေးရတဲ့အထိ
ဖြစ်ခဲ့တယ်။ စာလုပ်ဖို့ ဖိအားပေးတယ် .. တိုက်တွန်းတယ်။ တစ်ချို့ဆို ဂိမ်းစွဲပြီးတော့
တော်လျက်သားနဲ့ စာဘက်မှာ လစ်ဟင်းမှုတွေ ရှိလာခဲ့တယ်။ အဲဒီနွံထဲမှာ “ စွမ်း ” မပါသွားတာ ကျွန်တော်တို့ကံကောင်းတယ်လို့ ပြောရမယ်
မအေးအေးနှင်းရေ ..။
.
.
ဒီကြားထဲ
သူ့အမှတ်စာရင်းကို မိဘနဲ့ကျောင်းသားအကောင့် တွဲလုပ်ထားတော့ ကျွန်တော်အီးမေးလ်မှာ သူ့ရဲ့တိုးတက်မှုကို
အမြဲတွေ့မြင်နေရတယ်။ အခု ဒီစာသင်လ - Term မှာ ( A+ ) ရပြီး နောက်တစ်ကြိမ် ကျသွားရင်
“ သူဘာကြောင့် ဘယ်နေရာမှာ အားနည်းသွားတယ် ” ဆိုတဲ့ အကြောင်းရင်း - Root Cause ကို သားအဖနှစ်ယောက်
ဆွေးနွေးကြတယ်။ အဓိက သူ့ကို မဆူဘူး .. နားဝင်အောင် ကြိုးစားရှင်းပြတယ်။ မမှားသင့်တာ
မမှားထိုက်တာတွေကို ကြိုပြောပြတယ်။ သူစိတ်အရမ်းတင်းကြပ်တဲ့အခါမျိုးမှာ သိပ်မပြောဘူး။
နောက်ပိုင်းရက် သူ ပျော့ပျောင်းစိတ်ကြည်တဲ့အချိန်မှ ကျွန်တော်ပြောသင့်တာကို တစ်ခေါက်ပြန်ပြောတယ်။
.
“ အဲဒီတုန်းက ဒါက .. သား မှားနိုင်တယ်
.. တစ်ကယ်ဆို ဘယ်ကိစ္စက ဘယ်နေရာမှာ ဒုက္ခရောက်နိုင်တယ်ဆိုတာကို ပြောပြမလို့ .. သားက
သွေးပူနေလို့ မသိတာ။ အဖေနဲ့အမေက သားကို ဘယ်တော့မှ အတင်းမလုပ်ချင်ဘူး။ ဒါကြောင့် ဖြစ်သင့်တာ၊
မဖြစ်သင့်တာ ( ၂ ) မျိုးလုံးကို အဆုံးအစွန်အထိ အကုန်ပြောပြတယ် … သား ကြိုက်တာကိုရွေး
” ဆိုပြီး ကျွန်တော်ကတော့ ရှင်းပြလိုက်တာပါပဲ။
.
.
ဒီစာစုလေးဟာ
“ စွမ်း ” တော်ကြောင်း၊ တတ်ကြောင်း၊ အမွှန်းတင် ပြောပြလိုရင်း မဟုတ်ရပါ။ သားသမီးရှိတဲ့မိဘချင်း
ရင်ဖွင့်တယ်လို့ နားလည်ပေးနိုင်ရင် ရေးရ၊ ဖြေရကျိုးနှပ်ပါတယ်။ အခုလို မေးခွန်းမျိုးကို
တစ်ပါးသူများကိုပါ အသိပညာရေစေအောင် ရေးခွင့်၊ ဖြေကြားခွင့်ပေးတဲ့ မအေးအေးနှင်း တို့
မိသားစုကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီဆောင်းပါးလေးနဲ့ မှတ်တမ်းတင်အပ်ပါတယ်။
.
ခင္လ်က္
.
04-24-2016
No comments:
Post a Comment