ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, April 19, 2018

ေနမဝင္ခင္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
ကြ်န္ေတာ္လူငယ္တစ္ေယာက္နဲ႕စကားေျပာျဖစ္တယ္။ အေၾကာင္းအရာက ဘယ္ေတာ႕မွနားေထာင္လို႕မျပီးဆံုးႏုိင္တဲ႕ လူေတြဆီက အၾကိမ္အမ်ားဆံုး အၾကားရဆံုး "ကြ်န္ေတာ္လုပ္ႏုိင္မွာမဟုတ္ဘူး - I can't do it" ဆိုတာပါပဲ။
.
ဒီလူငယ္ဟာ သူ႕ဟာသူ မလုပ္ႏုိင္ဘူး ဆုိတဲ႕ ကြန္ယက္ထဲကေန လြတ္ေအာင္မရုန္းထြက္ႏုိင္ဘူး။ အမွန္တကယ္ျဖစ္ေနတာကေတာ႕ "မလုပ္ပဲေနရ မကုိင္ပဲေနရတာ - Doing nothing" က သူ႕အတြက္သက္ေတာင္႕သက္သာျဖစ္ေနေစတာပါ။
.
ဒီေနရာမွာ အေနာက္ႏုိင္ငံကေရးတဲ႕စာအုပ္ဖတ္သူေတြအေျပာမ်ားတဲ႕ "စည္းစိမ္က်ေနတဲ႕ရပ္ဝန္း - Comfort Zone" နဲ႕ မမွားေစခ်င္ဘူး။ စည္းဝုိင္းအျပင္ဘက္ထြက္လုိက္တာနဲ႕ Comfort Zone သမားက သူတစ္ခုခုလုပ္ရမယ္ဆုိတာကို ေသေသခ်ာခ်ာသိတယ္။ Doing nothing သမားက ဘာမွကုိမျဖစ္ခ်င္ေတာ႕သလုိ ဘာဆုိဘာမွမလုပ္ခ်င္ေတာ႕တာဟာ သိပ္ႏွေျမာစရာေကာင္းလွတယ္။
.
ဒီလိုလူငယ္လုိမ်ိဳးကုိ အနီးအနားက သူနဲ႕ျပိဳင္မယ္႕သူေတြက သိပ္ၾကိဳက္ၾကတယ္ . . ကိုယ္႕ျပိဳင္ဘက္အားနည္းသြားေတာ႕ ကိုယ္႕ဘက္က အသားလြတ္ၾကီးအားအသာရမယ္႕အေျခအေနကုိ ဘယ္သူကမၾကိဳက္ပဲေနပါ႕မလဲ။
.
သုိ႕ေသာ္လည္း ဒီလူငယ္လိုမ်ိဳးကို အလုပ္ခန္႕မယ္႕အလုပ္ရွင္ေတြ နဲ႕ ပညာတစ္ရပ္ရပ္ကုိသင္ေပးမယ္႕ သင္ၾကားေရးဆရာလို၊ အုပ္ခ်ဳပ္မႈမန္ေနဂ်ာလိုလူမ်ိဳးေတြက မၾကိဳက္ႏုိင္ေလာက္ဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ဒီလိုလူဟာ သူေရာက္သြားမယ္႕အသင္းအဖြဲ႕ဆီကုိဘာအေတြးအသစ္ ဘာအျမင္အသစ္မွ သယ္သြားေပးႏုိင္မွာမဟုတ္ဘူးေလ။
.
ဒါေၾကာင္႕ ခ်စ္မိတ္ေဆြတုိ႕လည္း ကိုယ္႕ဟာကိုယ္စဥ္းစားပါ . .
ကုိယ္ ဘာျဖစ္ခ်င္တာလဲ?
ကိုယ္ ဘာကုိလုပ္ခ်င္တာလဲ?
ကုိယ္ဟာ ဘယ္ေလာက္အထိလုပ္ႏုိင္သလဲ?
.
.
ဒါမွမဟုတ္ . .
ဘာကုိမွ မလုပ္ခ်င္ေတာ႕ဘူး
ဘာလုပ္လုပ္ျဖစ္လာမွာလဲ မဟုတ္ဘူး
ကြ်န္ေတာ္ ကြ်န္မတုိ႕က ဒါပဲလုပ္တတ္တာ . . ဆုိတဲ႕အထဲက ဘယ္အမ်ိဳးအစားထဲမွာပါေနသလဲဆုိတာကိုေပါ႕ . .။
.
ႏုိ္္င္ငံတစ္ႏုိ္င္ငံတုိးတက္ဖို႕က အကန္႕အသတ္မဲ႕ေတြးေခၚႏုိင္သူေတြမ်ားဖို႕လိုတယ္။ အျခားတစ္ဘက္မွာလည္း "ကြ်န္ေတာ္လုပ္ႏုိင္မွာမဟုတ္ဘူး" ဆုိတဲ႕လူေတြနည္းႏုိင္သမွ်နည္းေအာင္ အသိပညာ နဲ႕ ဥာဏ္ပညာစြမ္းအားေတြတိုးပြားေအာင္လုပ္ေနဖို႕လိုတယ္။ ဒါမွ ကုိယ္ၾကီးခဲ႕တဲ႕ေျမကုိေက်းဇူးသိတတ္ရာေရာက္သလို ေမြးသမိခင္ ေကြ်းသဖခင္တုိ႕ကို ေက်းဇူးဆပ္ရာ အဓိပၸာယ္သက္ေရာက္ပါတယ္။
.
ေန ဆုိတာ ေလာကၾကီးကုိ အခ်ိန္တန္ရင္ အလင္းေရာင္ေပးလုိ႕ အခ်ိန္တန္ရင္ေမွာင္သြားစျမဲပါ။ ဒါေပမဲ႕ "ေနဆိုတာအခ်ိန္တန္ရင္ဝင္သြားမွာပါပဲ။ ဘာလုပ္လုပ္မထူးေတာ႕ပါဘူး" လို႕ေတြးေနသူဘယ္ႏွစ္ဦးမ်ားရွိေနပါသလဲ?
.
ေနအေရာင္ရွိတုန္း လုပ္စရာရွိတာလုပ္ရင္း သဘာဝရဲ႕ေတာင္တန္းေတြအေညာင္းဆန္႕ရတယ္။
.
အလင္းေရာင္နဲ႕အပူစြမ္းအင္ကုိအားျပဳလို႕ သားရဲတိရိစၦာန္ေတြ ရွင္သန္ရတယ္။
.
အပူအေအးမွ်တမႈ နဲ႕ ေလဖိအားမတူညီမႈေတြၾကားမွာ လြင္ျပင္ၾကီးဟာ ေတာေတာင္ေရေျမအလွနဲ႕လိုက္ဖက္ညီစြာ ပြင္႕ထြက္စိုေျပရပါတယ္။
.
လက္ရွိအခ်ိန္ဟာ လုပ္စရာရွိတာလုပ္ဖုိ႕အေကာင္းဆံုးအခ်ိန္ပါ . . တကယ္လို႕ မိတ္ေဆြဟာ သဘာဝတရားကေပးတဲ႕လက္ေဆာင္ကိုေကာင္းမြန္စြာအသံုးခ်တတ္တယ္ဆုိရင္ေပါ႕ . .။
.
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
04-19-2018
.
.
Unicode Version:
.
.
"နေမဝင်ခင်"
ကျွန်တော်လူငယ်တစ်ယောက်နဲ့စကားပြောဖြစ်တယ်။ အကြောင်းအရာက ဘယ်တော့မှနားထောင်လို့မပြီးဆုံးနိုင်တဲ့ လူတွေဆီက အကြိမ်အများဆုံး အကြားရဆုံး "ကျွန်တော်လုပ်နိုင်မှာမဟုတ်ဘူး - I can't do it" ဆိုတာပါပဲ။
.
ဒီလူငယ်ဟာ သူ့ဟာသူ မလုပ်နိုင်ဘူး ဆိုတဲ့ ကွန်ယက်ထဲကနေ လွတ်အောင်မရုန်းထွက်နိုင်ဘူး။ အမှန်တကယ်ဖြစ်နေတာကတော့ "မလုပ်ပဲနေရ မကိုင်ပဲနေရတာ - Doing nothing" က သူ့အတွက်သက်တောင့်သက်သာဖြစ်နေစေတာပါ။
.
ဒီနေရာမှာ အနောက်နိုင်ငံကရေးတဲ့စာအုပ်ဖတ်သူတွေအပြောများတဲ့ "စည်းစိမ်ကျနေတဲ့ရပ်ဝန်း - Comfort Zone" နဲ့ မမှားစေချင်ဘူး။ စည်းဝိုင်းအပြင်ဘက်ထွက်လိုက်တာနဲ့ Comfort Zone သမားက သူတစ်ခုခုလုပ်ရမယ်ဆိုတာကို သေသေချာချာသိတယ်။ Doing nothing သမားက ဘာမှကိုမဖြစ်ချင်တော့သလို ဘာဆိုဘာမှမလုပ်ချင်တော့တာဟာ သိပ်နှမြောစရာကောင်းလှတယ်
.
ဒီလိုလူငယ်လိုမျိုးကို အနီးအနားက သူနဲ့ပြိုင်မယ့်သူတွေက သိပ်ကြိုက်ကြတယ် . . ကိုယ့်ပြိုင်ဘက်အားနည်းသွားတော့ ကိုယ့်ဘက်က အသားလွတ်ကြီးအားအသာရမယ့်အခြေအနေကို ဘယ်သူကမကြိုက်ပဲနေပါ့မလဲ။
.
သို့သော်လည်း ဒီလူငယ်လိုမျိုးကို အလုပ်ခန့်မယ့်အလုပ်ရှင်တွေ နဲ့ ပညာတစ်ရပ်ရပ်ကိုသင်ပေးမယ့် သင်ကြားရေးဆရာလို၊ အုပ်ချုပ်မှုမန်နေဂျာလိုလူမျိုးတွေက မကြိုက်နိုင်လောက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလူဟာ သူရောက်သွားမယ့်အသင်းအဖွဲ့ဆီကိုဘာအတွေးအသစ် ဘာအမြင်အသစ်မ သယ်သွားပေးနိုင်မှာမဟုတ်ဘူးလေ
.
ဒါကြောင့် ချစ်မိတ်ဆွေတို့လည်း ကိုယ့်ဟာကိုယ်စဉ်းစားပါ . .
ကိုယ် ဘာဖြစ်ချင်တာလဲ?
ကိုယ် ဘာကိုလုပ်ချင်တာလဲ?
ကိုယ်ဟာ ဘယ်လောက်အထိလုပ်နိုင်သလဲ?
.
.
ဒါမှမဟုတ် . .
ဘာကိုမ မလုပ်ချင်တော့ဘူး
ဘာလုပ်လုပ်ဖြစ်လာမှာလဲ မဟုတ်ဘူး
ကျွန်တော် ကျွန်မတို့က ဒါပဲလုပ်တတ်တာ . . ဆိုတဲ့အထဲက ဘယ်အမျိုးအစားထဲမှာပါနေသလဲဆိုတာကိုပေါ့ . .။
.
နို််င်ငံတစ်နို်င်ငံတိုးတက်ဖို့က အကန့်အသတ်တွမဲ႕ေတြးခေါ်နိုင်သူတွေများဖို့လိုတယ်။ အခြားတစ်ဘက်မှာလည်း "ကျွန်တော်လုပ်နိုင်မှာမဟုတ်ဘူး" ဆိုတဲ့လူတွေနည်းနိုင်သမျှနည်းအောင် အသိပညာ နဲ့ ဉာဏ်ပညာစွမ်းအားတွေတိုးပွားအောင်လုပ်နေဖို့လိုတယ်။ ဒါမ ကိုယ်ကြီးခဲ့တဲ့မြေကိုကျေးဇူးသိတတ်ရာရောက်သလို မွေးသမိခင် ကျွေးသဖခင်တို့ကို ကျေးဇူးဆပ်ရာ အဓိပ္ပာယ်သက်ရောက်ပါတယ်။
.
နေ ဆိုတာ လောကကြီးကို အချိန်တန်ရင် အလင်းရောင်ပေးလို့ အချိန်တန်ရင်မှောင်သွားစမြဲပါ။ ဒါပေမဲ့ "နေဆိုတာအချိန်တန်ရင်ဝင်သွားမှာပါပဲ။ ဘာလုပ်လုပ်မထူးတော့ပါဘူး" လို့တွေးနေသူဘယ်နှစ်ဦးများရှိနေပါသလဲ?
.
နေအရောင်ရှိတုန်း လုပ်စရာရှိတာလုပ်ရင်း သဘာဝရဲ့တောင်တန်းတွေအညောင်းဆန့်ရတယ်။
.
အလင်းရောင်နဲ့အပူစွမ်းအင်ကိုအားပြုလို့ သားရဲတိရိစ္ဆာန်တွေ ရှင်သန်ရတယ်။
.
အပူအအေးမျှတမှု နဲ့ လေဖိအားမတူညီမှုတွေကြားမှာ လွင်ပြင်ကြီးဟာ တောတောင်ရေမြေအလှနဲ့လိုက်ဖက်ညီစွာ ပွင့်ထွက်စိုပြေရပါတယ်။
.
လက်ရှိအချိန်ဟာ လုပ်စရာရှိတာလုပ်ဖို့အကောင်းဆုံးအချိန်ပါ . . တကယ်လို့ မိတ်ဆွေဟာ သဘာဝတရားကပေးတဲ့လက်ဆောင်ကိုကောင်းမွန်စွာအသုံးချတတ်တယ်ဆိုရင်ပေါ့ . .။
.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-19-2018

No comments: