ခေတ်အဆက်ဆက်အုပ်စိုးခဲ့တဲ့
ပြည်သူသဘောတူတဲ့အစိုးရရော ပြည်သူသဘောဆန့်ကျင်ပြီင်္း မင်းလုပ်ခဲ့တဲ့ တာဝန်ယူသူများ (
တာဝန်ရှိသူများဟုမသုံးလိုပါ ) ရဲ့ လူငယ်တွေအပေါ်ဖွင့်ပေးခဲ့တဲ့ နည်းပညာလွတ်လပ်ခွင့်
၊ ရှာဖွေလေ့လာခွင့် ၊ စာအုပ်စာတမ်းလွတ်လပ်ခွင့် နဲ့ ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုကိုအားပေးမှု
အားနည်းမှုတွေကြောင့် မြောင်းထဲသို့ကျသွားသော ကျွန်တော်တို့လူငယ်အင်အားစုကြီး - ယခုလူလတ်ပိုင်း
နည်းပညာလူငယ်များကို ညွှန်းဆိုပြီး စကားတွေပြောချင်ပါတယ် ၊ ဦးနှောက်ယိုစီးမှု-Brain
Drain လို့ အမည်ကင်ပွန်းမတတ်ချင်တဲ့အကြောင်းက အဲဒီဦးနှောက်တွေကို လက်တွေ့ဘဝ မှာ စားဝတ်နေရေးအဆင်ပြေစွာ
ဘယ်သူက စမ်းသပ်ခွင့်ပြုခဲ့ပါသလဲ ၊ ခြေစမ်းခွင့်မရှိတဲ့ လမ်းဘေးဘောလုံးကွင်းမှာ လေ့ကျင့်ခဲ့ရတဲ့
မြန်မာအိုင်တီလူငယ် ၊ ကွန်ပျူတာကျွမ်းကျင်သူများဟာ ကွင်းနီးနားချင်း မြက်စိမ်းစိမ်းတွေမှာ
လေ့ကျင့်ရင်း ဘဝ ဝမ်းစာရှာဇာတ်လမ်းဖွင့်ခဲ့ကြရတာ ဘယ်သူ့အပြစ်ပါလဲခင်ဗျား ။
မြန်မာတွေရန်ဖြစ်နေတဲ့အချိန်မှာ စင်္ကာပိုးရီးယန်း
တွေက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အခွန်လျှော့ကောက်ခဲ့ပြီး ဆွဲဆောင်နိုင်ခဲ့တယ် ၊
တိုးလာတဲ့အခြေခံအဆောက်အဦနဲ့တွဲလျက်ပါလာတဲ့ နည်းပညာတွေကို ကျွန်တော်တို့ငယ်ငယ် ဂေါ်လီရိုက်တုန်းက
စကား အရပြောရမယ်ဆိုရင် “ အဆီကွပ် ” နိုင်ခဲ့တယ် ၊ ဝင်ငွေထွက်ငွေကျွမ်းကျင်လုပ်ငန်းဖြစ်တဲ့
ဘဏ်စံနစ်ကို အခြေတကျတည်ဆောက်နိုင်ခံသလို တစဲစဲဝင်ရောက်လာမယ့် အနယ်နယ်အရပ်ရပ်က ပြောင်းရွှေ့လုပ်သားတွေကိုရည်ရွယ်ပြီး
စီမံခန့်ခွဲမှုအဓိကပင်စည် စာရင်းအင်းပညာ-Accounting နဲ့ စီးပွားရေးစီမံ-Business
Management တွေကျွမ်းကျင်အောင်ထိုင်င်္ပြီးလေ့ကျင့်ခဲ့ကြတယ် ၊ စဉ်းစားကြည့်လေ ၊ ပြိုင်ပွဲအတွက်ဒီလောက်ပြင်ဆင်ထားသူ
စင်္ကာပူကမနိုင်ဘဲ အိမ်တွင်းရန်ဖြစ်နေတဲ့ ရန်ကုန်က နိုင်စရာအကြောင်းရှိပါ့မလား ၊ ဘောလုံးပွဲစကားငှားသုံးပြောရရင်
ရန်ကုန်ကွင်းကလူတွေ စလုံးကို အငှားသွားကစားကြပြီပေါ့ဗျာ ၊ ဒီတော့ ကိုယ့်ကွင်းမှာလူလိုရင်
ဒါမှမဟုတ် ကိုယ့်ကွင်းကကြေးကောင်းရင် နောက်ထပ်တစ်မျိုးဆိုရင် နယ်ချစ် မျိုးချစ်စိတ်ရှိရင်
ပြန်လာကစားကြမှာပေါ့ ၊ ဒီနေရာမှာ ကိုယ့်နိုင်ငံဘက်က အချိန်ကိုက်ကြိုဆိုနိုင်ပြီလားဆိုတာ
မေးစရာဖြစ်နေပါတယ် ၊ ကိုယ့်ကွင်းမှာမြက်ခင်းစိမ်းမှ ကစားသမားတွေပြန်လာမှာပါ ၊ ပွဲကြည့်ပရိသတ်ရှိမှ
ပြန်လာကစားမှာပါ ။