ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 16, 2017

သက္ရွိသူငယ္ခ်င္းတစ္ေယာက္ကိုအျမန္သြားေတြ႕လိုက္ပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. သဲကႏၱာရထဲမွာ ေရမရွိဘူး။ ေနရာတကာမွာ ရုရွားခ်န္ခဲ႕တဲ႕ ေျမျမွဳပ္ဗံုးေတြခ်ည္း။ တစ္ခုဆိုးတာက အာဖဂန္နစၥတန္အမ်ိဳးသမီးေတြက အျပင္ထြက္ခြင္႕တာပဲ။ ဒါေၾကာင္႕ အေမရိကန္စစ္တပ္က ကာဗူးျမိဳ႕ရပ္ကြက္ေတြထဲမွာ ေရတြင္းတူးေပးတယ္။
.
. ဒီေရတြင္းကို ဗံုးခြဲျပီးပိတ္ပစ္သူေတြရွိတယ္။ ထင္ရတာ တာလီဘန္ေတြေပါ႕။ ဒါေပမယ္႕ အေမရိကန္သတင္းေထာက္မတစ္ေယာက္ကို အာဖဂန္အမ်ိဳးသမီးေတြက သီးသန္႕ေခၚေတြ႕ျပီးေျပာျပတယ္။ အဲဒါ သူတို႕လုပ္တာ တဲ႕ . .။ ဘယ္လိုျဖစ္တာလဲ?
.
.
. " သူတို႕ေျပာတာက ရွင္းရွင္းေလး . .
သူတုိ႕လို အာဖဂန္မိန္းမသားတစ္ေယာက္မွာ " ဘဝ " ဆုိိတာ မရွိဘူး
ဒီေတာ႕ ေရတြင္းလုပ္ေပးလို႕ ေသာက္ေရရေပမယ္႕ ဒီေရတြင္းေၾကာင္႕ပဲ သူတုိ႕အျပင္မထြက္ရဘူး။ ဒါေၾကာင္႕ အေဝးကေခ်ာင္းေတြ ေျမာင္းေတြနား ေရအရွာထြက္တာကိုအေၾကာင္းျပျပီး အျပင္ထြက္ရေအာင္လုိ႕ ရွရွားေတြထားခဲ႕တဲ႕ မေပါက္ကြဲေသးတဲ႕ ရပ္ကြက္ထဲက ဗံုးေတြနဲ႕ မိန္းမသားေတြခြဲတာ။ ဒါကို တာလီဘန္ေယာက္်ားေတြ မသိပါေစနဲ႕ တဲ႕ "
.
. တကယ္စဥ္းစားၾကည္႕ . .။ လူတိုင္း လူမႈဘဝပိုင္ဆုိင္ခ်င္တယ္။ ထိုထိုေသာ လက္နက္ကိုင္ေယာက္်ားေတြေရာ၊ အႏွီ ဆံျမိတ္ျခံဳအာဖဂန္မိန္းမသားေတြေရာ လြတ္လပ္မႈကို လိုခ်င္တယ္။ အသက္ေလာက္အေရးၾကီးတဲ႕ ေရ ထက္ လူမႈဘဝ - Social Life ရဖို႕ မိန္းမတတ္ပညာ နဲ႕ တိတ္တိတ္ေလးတုိက္ပြဲဝင္ၾကတယ္။
.
.
. ဒီလိုပဲ . . အာဖဂန္ေယာက္်ားေတြခ်ည္းပဲလာရတဲ႕ Men Park မွာ အေမရိကန္သတင္းေထာက္မ က ဗီဒီယုိဝင္ရုိက္ေတာ႕ မိသြားလို႕ ေသေတာ႕မတတ္ ေျပးခဲ႕ရတယ္။ ဒါေၾကာင္႕ လူမႈဘဝကိုပတ္သူကပိတ္၊ လူမႈဘဝကို အသက္နဲ႕လဲျပီးရွာသူကရွာ အေျဖက ဇေဝဇဝါျဖစ္ရတယ္။
.
. အဲသလိုျဖစ္ေနတဲ႕ လူမႈဘဝဟာ မသိလိုက္ဘာသာ ဘက္မွ် - Balance ျဖစ္ေနတယ္။ သူတို႕ဟာ လူသားျဖစ္ေပမယ္႕ အခ်င္းခ်င္းမေတြ႕ရလို႕ လူခ်င္းေတြ႕ဖို႕ၾကိဳးစားၾကတယ္။ ဒါေပမယ္႕ အဲဒီကမၻာရဲ႕တစ္ဖက္ျခမ္းမွာ လူခ်င္းေတြ႕ႏုိင္တဲ႕လူေတြက အြန္လိုင္းကေနပဲ စာရိုက္ၾကေတာ႕တယ္။ ဒါကိုဖတ္ျပီးတဲ႕ခ်စ္မိတ္ေဆြတို႕ ေဖ႕ဘြတ္ခ္ သံုးတဲ႕ဖုန္းကိုလက္ကေနခ် အခုပဲ သက္ရွိသူငယ္ခ်င္းတစ္ေယာက္ကို အျမန္သြားေတြ႕ၾကပါစို႕။
.
. Amazon Prime Movie မွ Whiskey Tango Foxtrot ရုပ္ရွင္ကုိၾကည္႕ျပီး ဒီစာကုိေရးပါသည္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 07-16-2017
.
.
Unicode Version:
.
.

. " သက်ရှိသူငယ်ချင်းတစ်ယောက်ကိုအမြန်သွားတွေ့လိုက်ပါ "
. သဲကန္တာရထဲမှာ ရေမရှိဘူး။ နေရာတကာမှာ ရုရှားချန်ခဲ့တဲ့ မြေမြှုပ်ဗုံးတွေချည်း။ တစ်ခုဆိုးတာက အာဖဂန်နစ္စတန်အမျိုးသမီးတွေက အပြင်ထွက်ခွင့်တာပဲ။ ဒါကြောင့် အမေရိကန်စစ်တပ်က ကာဗူးမြို့ရပ်ကွက်တွေထဲမှာ ရေတွင်းတူးပေးတယ်။
.
. ဒီရေတွင်းကို ဗုံးခွဲပြီးပိတ်ပစ်သူတွေရှိတယ်။ ထင်ရတာ တာလီဘန်တွေပေါ့။ ဒါပေမယ့် အမေရိကန်သတင်းထောက်မတစ်ယောက်ကို အာဖဂန်အမျိုးသမီးတွေက သီးသန့်ခေါ်တွေ့ပြီးပြောပြတယ်။ အဲဒါ သူတို့လုပ်တာ တဲ့ . .။ ဘယ်လိုဖြစ်တာလဲ?
.
.
. " သူတို့ပြောတာက ရှင်းရှင်းလေး . .
သူတို့လို အာဖဂန်မိန်းမသားတစ်ယောက်မှာ " ဘဝ " ဆိုတာ မရှိဘူး
ဒီတော့ ရေတွင်းလုပ်ပေးလို့ သောက်ရေရပေမယ့် ဒီရေတွင်းကြောင့်ပဲ သူတို့အပြင်မထွက်ရဘူး။ ဒါကြောင့် အဝေးကချောင်းတွေ မြောင်းတွေနား ရေအရှာထွက်တာကိုအကြောင်းပြပြီး အပြင်ထွက်ရအောင်လို့ ရှရှားတွေထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ရပ်ကွက်ထဲက ဗုံးတွေနဲ့ မိန်းမသားတွေခွဲတာ။ ဒါကို တာလီဘန်ယောက်ျားတွေ မသိပါစေနဲ့ တဲ့ "
.
. တကယ်စဉ်းစားကြည့် . .။ လူတိုင်း လူမှုဘဝပိုင်ဆိုင်ချင်တယ်။ ထိုထိုသော လက်နက်ကိုင်ယောက်ျားတွေရော၊ အနှီ ဆံမြိတ်ခြုံအာဖဂန်မိန်းမသားတွေရော လွတ်လပ်မှုကို လိုချင်တယ်။ အသက်လောက်အရေးကြီးတဲ့ ရေ ထက် လူမှုဘဝ - Social Life ရဖို့ မိန်းမတတ်ပညာ နဲ့ တိတ်တိတ်လေးတိုက်ပွဲဝင်ကြတယ်။
.
.
. ဒီလိုပဲ . . အာဖဂန်ယောက်ျားတွေချည်းပဲလာရတဲ့ Men Park မှာ အမေရိကန်သတင်းထောက်မ က ဗီဒီယိုဝင်ရိုက်တော့ မိသွားလို့ သေတော့မတတ် ပြေးခဲ့ရတယ်။ ဒါကြောင့် လူမှုဘဝကိုပတ်သူကပိတ်၊ လူမှုဘဝကို အသက်နဲ့လဲပြီးရှာသူကရှာ အဖြေက ဇဝေဇဝါဖြစ်ရတယ်။
.
. အဲသလိုဖြစ်နေတဲ့ လူမှုဘဝဟာ မသိလိုက်ဘာသာ ဘက်မျှ - Balance ဖြစ်နေတယ်။ သူတို့ဟာ လူသားဖြစ်ပေမယ့် အချင်းချင်းမတွေ့ရလို့ လူချင်းတွေ့ဖို့ကြိုးစားကြတယ်။ ဒါပေမယ့် အဲဒီကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ လူချင်းတွေ့နိုင်တဲ့လူတွေက အွန်လိုင်းကနေပဲ စာရိုက်ကြတော့တယ်။ ဒါကိုဖတ်ပြီးတဲ့ချစ်မိတ်ဆွေတို့ ဖေ့ဘွတ်ခ် သုံးတဲ့ဖုန်းကိုလက်ကနေချ အခုပဲ သက်ရှိသူငယ်ချင်းတစ်ယောက်ကို အမြန်သွားတွေ့ကြပါစို့။
.
. Amazon Prime Movie မှ Whiskey Tango Foxtrot ရုပ်ရှင်ကိုကြည့်ပြီး ဒီစာကိုရေးပါသည်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-16-2017

No comments: