ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, February 5, 2017

ေပ်ာ္ေအာင္ေနပါ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
" ေပ်ာ္ေအာင္ေနပါ " တဲ႕ .... ခ်စ္သူက မက္ဆန္ဂ်ာထဲကေန အသံဖိုင္ပို႕လာတယ္။ " ဒီကိစၥကသိပ္ခက္ေနလို႕ ငါ႕ကုိသတိေပးတာလား " လို႕ စဥ္းစားၾကည္႕မိတယ္။ ဝန္ခံစမ္း .. ဝန္ခံစမ္း .. စိတ္ထဲမွာဘာမွမကြယ္ဝွက္ပဲ ႏွိမ္႕ခ်စြာဝန္ခံဖို႕ ကုိယ္႕ဟာကုိယ္တိုက္တြန္းၾကည္႕တယ္။ ေပ်ာ္ေအာင္ေနဖို႕က တစ္ကယ္မလြယ္တဲ႕အေလ႕အက်င္႕ပဲ..။
.
နာၾကားမိတဲ႕ဗုဒၶျမတ္စြာတရားေတာ္အရ " လူ႕စိတ္ဟာေကာင္းမႈထက္စာရင္ မေကာင္းမႈထံမွာ ပိုေမြ႕ေလ်ာ္တယ္ " ဆိုတာ သိပ္ေသခ်ာတယ္။ အားရင္ ေတြးေန၊ မအားရင္လည္း ေတြးေန၊ ထေန ထုိင္ေနရင္လည္း တစ္ခုမဟုတ္တစ္ခု ေတြးေနတာအက်င္႕ျဖစ္ေနျပီ။
.
.
ေကာင္းတာျပဳရင္ ရလာတဲ႕ေကာင္းတဲ႕အက်ိဳးက ကိုယ္ခႏၶာထဲမွာသိပ္ၾကာၾကာမေနသလိုပဲ စိတ္ဆင္းရဲစရာတစ္ခုခုဆုိရင္ဘယ္လိုေမာင္းထုတ္ ေမာင္းထုတ္ အေတြးထဲကေန ထြက္ကိုမထြက္ဘူး။ ဒါေၾကာင္႕ မေကာင္းမႈမွာသာယာတာ " စိတ္ " လို႕ ဘုရားက အျဖစ္မွန္တရားကုိ ေဟာခဲ႕တာကုိး..။
.
တစ္စံုတစ္ေယာက္က မိမိကိုမတရားမလုပ္ရင္ေတာင္ သူတစ္ပါးတစ္ေယာက္ တစ္နည္းနည္းနဲ႕မတရားအလုပ္ခံလိုက္ရတယ္ဆုိရင္ပဲ လူေတြဟာ ကုိယ္စားဝင္ျပီး စိတ္ညစ္ခံၾကတယ္။ အမွန္က မိမိအလွည္႕က်ရင္ အဲဒီပုဂၢိဳလ္လိုမခံစားရေအာင္ ဆင္ျခင္မယ္လို႕လွည္႕စဥ္းစားရင္း ဒီအျဖစ္အပ်က္ကေန ကိုယ္တိုင္မၾကံဳေတြ႕ရပဲ ကုသုိလ္ရေအာင္ အျပဳသေဘာနဲ႕ အသြင္ေျပာင္းေတြးႏုိင္ပါတယ္


.
.
ဘဝေပး အုိ-နာ-ေသ ေလာကဓံအရ ဘယ္အက်ိဳးကိုေတာ႕လိုခ်င္တယ္ .. ဘယ္မေကာင္းမႈေတာ႕ငါ႕ဆီမလာနဲ႕ ဆုိလို႕ေတာ႕ ေရြးခ်ယ္ခြင္႕မရႏုိင္တာက လူေတြမွာ ကုသိုလ္မွန္းမသိ အကုသုိလ္မွန္းမသိလုပ္ခြင္႕ရေနတဲ႕အေၾကာင္းရင္းတစ္ခုပါပဲ
.
တစ္ဆက္တည္း ဒီစာကို " ရွည္လို႕ " ဆုိျပီး " ေသာကစိတ္ " နဲ႕ျဖစ္ျဖစ္ " တိုလို႕ " ဆိုကာ " ေလာဘစိတ္ " နဲ႕တစ္ဖံု တစ္မ်ိဳးမ်ိဳးေသာ " အကုသိုလ္စိတ္ " နဲ႕ဖတ္မယ္႕အစား " သတိနဲ႕ဖတ္မယ္ " ဆုိတဲ႕ " ကုသိုလ္စိတ္ " နဲ႕သာ ေကာင္းမႈအက်ိဳးကို ကဲ႕ယူေဆာင္က်ဥ္းႏိုင္ေၾကာင္းပါခင္ဗ်ား..။
.
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
01-26-2017
.
.
.
Unicode Version:
.
.
. " ပျော်အောင်နေပါ "
.
" ပျော်အောင်နေပါ " တဲ့ .... ချစ်သူက မက်ဆန်ဂျာထဲကနေ အသံဖိုင်ပို့လာတယ်။ " ဒီကိစ္စကသိပ်ခက်နေလို့ ငါ့ကိုသတိပေးတာလား " လို့ စဉ်းစားကြည့်မိတယ်။ ဝန်ခံစမ်း .. ဝန်ခံစမ်း .. စိတ်ထဲမှာဘာမှမကွယ်ဝှက်ပဲ နှိမ့်ချစွာဝန်ခံဖို့ ကိုယ့်ဟာကိုယ်တိုက်တွန်းကြည့်တယ်။ ပျော်အောင်နေဖို့က တစ်ကယ်မလွယ်တဲ့အလေ့အကျင့်ပဲ..။
.
နာကြားမိတဲ့ဗုဒ္ဓမြတ်စွာတရားတော်အရ " လူ့စိတ်ဟာကောင်းမှုထက်စာရင် မကောင်းမှုထံမှာ ပိုမွေ့လျော်တယ် " ဆိုတာ သိပ်သေချာတယ်။ အားရင် တွေးနေ၊ မအားရင်လည်း တွေးနေ၊ ထနေ ထိုင်နေရင်လည်း တစ်ခုမဟုတ်တစ်ခု တွေးနေတာအကျင့်ဖြစ်နေပြီ။
.
.
ကောင်းတာပြုရင် ရလာတဲ့ကောင်းတဲ့အကျိုးက ကိုယ်ခန္ဓာထဲမှာသိပ်ကြာကြာမနေသလိုပဲ စိတ်ဆင်းရဲစရာတစ်ခုခုဆိုရင်ဘယ်လိုမောင်းထုတ် မောင်းထုတ် အတွေးထဲကနေ ထွက်ကိုမထွက်ဘူး။ ဒါကြောင့် မကောင်းမှုမှာသာယာတာ " စိတ် " လို့ ဘုရားက အဖြစ်မှန်တရားကို ဟောခဲ့တာကိုး..။
.
တစ်စုံတစ်ယောက်က မိမိကိုမတရားမလုပ်ရင်တောင် သူတစ်ပါးတစ်ယောက် တစ်နည်းနည်းနဲ့မတရားအလုပ်ခံလိုက်ရတယ်ဆိုရင်ပဲ လူတွေဟာ ကိုယ်စားဝင်ပြီး စိတ်ညစ်ခံကြတယ်။ အမှန်က မိမိအလှည့်ကျရင် အဲဒီပုဂၢိုလ်လိုမခံစားရအောင် ဆင်ခြင်မယ်လို့လှည့်စဉ်းစားရင်း ဒီအဖြစ်အပျက်ကနေ ကိုယ်တိုင်မကြုံတွေ့ရပဲ ကုသိုလ်ရအောင် အပြုသဘောနဲ့ အသွင်ပြောင်းတွေးနိုင်ပါတယ်
.
.
ဘဝပေး အို-နာ-သေ လောကဓံအရ ဘယ်အကျိုးကိုတော့လိုချင်တယ် .. ဘယ်မကောင်းမှုတော့ငါ့ဆီမလာနဲ့ ဆိုလို့တော့ ရွေးချယ်ခွင့်မရနိုင်တာက လူတွေမှာ ကုသိုလ်မှန်းမသိ အကုသိုလ်မှန်းမသိလုပ်ခွင့်ရနေတဲ့အကြောင်းရင်းတစ်ခုပါပဲ
.
တစ်ဆက်တည်း ဒီစာကို " ရှည်လို့ " ဆိုပြီး " သောကစိတ် " နဲ့ဖြစ်ဖြစ် " တိုလို့ " ဆိုကာ " ေလာဘစိတ် " နဲ့တစ်ဖုံ တစ်မျိုးမျိုးသော " အကုသိုလ်စိတ် " နဲ့ဖတ်မယ့်အစား " သတိနဲ့ဖတ်မယ် " ဆိုတဲ့ " ကုသိုလ်စိတ် " နဲ့သာ ကောင်းမှုအကျိုးကို ကဲ့ယူဆောင်ကျဉ်းနိုင်ကြောင်းပါခင်ဗျား..။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
01-26-2017

No comments: