ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 24, 2016

အခ်စ္က

.
“ အခ်စ္ ”  ဘယ္ကစတယ္ဆုိတာ ေသခ်ာမသိေပမယ္႕ မျမင္ရ မေတြ႕ရရင္ ေနရခက္တာေတာ႕ အမွန္ပါ။ လိုက္ေလ ေဝးေလလို႕ အမ်ားကေျပာၾကေပမယ္႕ အခ်စ္နဲ႕နီးဖုိ႕ အခ်စ္နား သြားရတယ္။
.
အရာအားလံုးထဲမွာ အခ်စ္ဟာ ဆြဲအားအၾကီးဆံုးပဲ။ ဒါေၾကာင္႕ “ မင္းအခ်စ္ဟာ ဆြဲအားရွိတယ္ ( ဆြဲအားေတြအခ်စ္ေလး .. ရုန္းဖို႕မစဥ္းစားေတာ႕ဘူး ” လို႕ သီခ်င္းလုပ္ဆုိၾကတာ အခုထိ နားထဲစြဲေနပါတယ္။
.
.
ဓါတ္တူ နံတူ ပညတ္ယူဖို႕ အခ်စ္မွာ စြမ္းအားေတြ ရွိေနျပန္တယ္။ ဒါေၾကာင္႕ အခ်စ္ဟာ အရာရာကိုေအာင္ႏုိင္တယ္လို႕ အႏွစ္ႏွစ္အလလက ကဗ်ာေတြ .. စာေတြမွာ ဖတ္ခဲ႕ရတာေပါ႕။
.
ဒီစကားဘယ္ေလာက္မွန္တယ္ဆုိတာ အင္းယားကန္ေပါင္က လမ္းေလးက ပုိသိတယ္။
.
ဗူးသီးေၾကာ္ဆိုင္က မန္က်ည္းအခ်ဥ္ရည္ခြက္ေလးေတြ သက္ေသရွိတယ္။
.
အတူထုိင္ေငးခဲ႕ဖူးတဲ႕ ေလွေလွာ္အသင္းက ထုိင္ခံုတန္းေလးက ဝိုင္းရွက္ေပးေနခဲ႕ၾကတယ္ေလ။
.
.
တစ္ေယာက္တစ္ေပါက္လုေျပာရင္း နားလည္းမညည္းႏိုင္ မေျပာပဲလည္း မေနႏိုင္ .. သန္းေခါင္ေက်ာ္ခဲ႕ရတယ္ .. ဒါဟာ အခ်စ္ရဲ႕သဘာဝပဲ။ မတူညီတဲ႕လားရာေတြကလာတဲ႕စကားလံုးေတြဟာ ဘယ္လိုလုပ္ျပီး အဓိပၸာယ္တူညီ တစ္သံတည္းထြက္လာပါ႕မလဲ။
.
ဒါေပမယ္႕ မ်က္လံုးခ်င္းဆံုတဲ႕အခ်ိန္မွာ အခ်စ္က ေရာက္လာတယ္။
.
ႏႈတ္ခမ္းခ်င္းဆံုမယ္႕ ဘံုအရပ္တစ္ေနရာကုိ အခ်စ္က ပို႕ေဆာင္ေပးတယ္။

.
စားဝတ္ေနေရးေဖြရွာေပး ေက်းဇူးၾကီးေပ ဒုိ႕ေဖေဖေတြ ဘာေတြ .. လုပ္မေနနဲ႕ .. အိမ္ေထာင္ဘက္ ရဲ႕ ျမွားနတ္ေမာင္ရင္ခြင္မွာ ေကာင္ေလးက ေကာင္ေလး ပဲ .. ေကာင္မေလးက ေကာင္မေလးပါပဲ။
.
.
ဟုိအရင္ RC2 ထဲမွာ ေလွ်ာက္ခဲ႕တဲ႕လမ္း ျပန္မေရာက္ႏုိင္ေတာ႕ေပမယ္႕ ဆန္ဖရန္စစၥကိုဘက္ကမ္းကိုျမင္ရတဲ႕ ပင္လယ္ေအာ္လမ္း ရွိတယ္။
.
အရင္ခ်ိန္းေတြ႕ခဲ႕တဲ႕ Main ထဲကို တစ္ေခါက္တစ္ဖန္ ျပန္မလွမ္းႏုိင္ေတာ႕ေပမယ္႕ ဇင္ေယာ္ေလးေတြကုိအတူတူအစာေကြ်းႏုိင္တဲ႕ Marina ကမ္း ရွိတယ္။
.
ဒီေနရာေတြကို အရင္လို သူမ်ားဆုိင္ကယ္ငွားျပီးမသြားႏုိင္ေတာ႕ေပမယ္႕ ကုိ႕ Camry နဲ႕ ပုိ႕ေပးမယ္။
.
.
ဒီေတာ႕ အခ်စ္ရယ္..။ လူေတြဟာ ခ်စ္ဖို႕ နီးၾကတာလား ? နီးဖို႕ ခ်စ္ၾကတာလား? တစ္ခုခုေတာ႕ တစ္ခုခုပဲ..။
.
အျဖစ္အပ်က္မတူေပမယ္႕
အေနအထား နဲ႕ ကာလံေဒသံ က
ညီညာထၾကြ
ဖန္တီးယူလို႕ ရပါတယ္။
.
.
ဒီစကားေတြကုိ ႏွစ္ကုိယ္ၾကား
ႏွလံုးသားနား နဲ႕
ပင္လယ္ျခား အေဝးက
ၾကားေယာင္ႏုိင္မယ္ဆုိရင္ေတာ႕
အတူေနဖို႕ အနားမွာ
တစ္ဖဝါးမွ မခြာ
အျမဲေနပါေတာ႕
အခ်စ္ရယ္..။
.
.
ကုိညီညီ ( ေတာင္ၾကီး )
.
07-24-2016
.
.
.
Unicode Version:
.
.
“ အချစ်က ”
.
အချစ် ”  ဘယ်ကစတယ်ဆိုတာ သေချာမသိပေမယ့် မမြင်ရ မတွေ့ရရင် နေရခက်တာတော့ အမှန်ပါ။ လိုက်လေ ဝေးလေလို့ အများကပြောကြပေမယ့် အချစ်နဲ့နီးဖို့ အချစ်နား သွားရတယ်။
.
အရာအားလုံးထဲမှာ အချစ်ဟာ ဆွဲအားအကြီးဆုံးပဲ။ ဒါကြောင့် “ မင်းအချစ်ဟာ ဆွဲအားရှိတယ် ( ဆွဲအားတွေအချစ်လေး .. ရုန်းဖို့မစဉ်းစားတော့ဘူး ” လို့ သီချင်းလုပ်ဆိုကြတာ အခုထိ နားထဲစွဲနေပါတယ်။
.
.
ဓါတ်တူ နံတူ ပညတ်ယူဖို့ အချစ်မှာ စွမ်းအားတွေ ရှိနေပြန်တယ်။ ဒါကြောင့် အချစ်ဟာ အရာရာကိုအောင်နိုင်တယ်လို့ အနှစ်နှစ်အလလက ကဗျာတွေ .. စာတွေမှာ ဖတ်ခဲ့ရတာပေါ့။
.
ဒီစကားဘယ်လောက်မှန်တယ်ဆိုတာ အင်းယားကန်ပေါင်က လမ်းလေးက ပိုသိတယ်။
.
ဗူးသီးကြော်ဆိုင်က မန်ကျည်းအချဉ်ရည်ခွက်လေးတွေ သက်သေရှိတယ်။
.
အတူထိုင်ငေးခဲ့ဖူးတဲ့ လှေလှော်အသင်းက ထိုင်ခံုတန်းလေးက ဝိုင်းရှက်ပေးနေခဲ့ကြတယ်လေ။
.
.
တစ်ယောက်တစ်ပေါက်လုပြောရင်း နားလည်းမညည်းနိုင် မပြောပဲလည်း မနေနိုင် .. သန်းခေါင်ကျော်ခဲ့ရတယ် .. ဒါဟာ အချစ်ရဲ့သဘာဝပဲ။ မတူညီတဲ့လားရာတွေကလာတဲ့စကားလုံးတွေဟာ ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်တူညီ တစ်သံတည်းထွက်လာပါ့မလဲ။
.
ဒါပေမယ့် မျက်လုံးချင်းဆုံတဲ့အချိန်မှာ အချစ်က ရောက်လာတယ်။
.
နှုတ်ခမ်းချင်းဆုံမယ့် ဘုံအရပ်တစ်နေရာကို အချစ်က ပို့ဆောင်ပေးတယ်။
.
စားဝတ်နေရေးဖွေရှာပေး ကျေးဇူးကြီးပေ ဒို့ဖေဖေတွေ ဘာတွေ .. လုပ်မနေနဲ့ .. အိမ်ထောင်ဘက် ရဲ့ မြှားနတ်မောင်ရင်ခွင်မှာ ကောင်လေးက ကောင်လေး ပဲ .. ကောင်မလေးက ကောင်မလေးပါပဲ။
.
.
ဟိုအရင် RC2 ထဲမှာ လျှောက်ခဲ့တဲ့လမ်း ပြန်မရောက်နိုင်တော့ပေမယ့် ဆန်ဖရန်စစ္စကိုဘက်ကမ်းကိုမြင်ရတဲ့ ပင်လယ်အော်လမ်း ရှိတယ်။
.
အရင်ချိန်းတွေ့ခဲ့တဲ့ Main ထဲကို တစ်ခေါက်တစ်ဖန် ပြန်မလှမ်းနိုင်တော့ပေမယ့် ဇင်ယော်လေးတွေကုိအတူတူအစာကျွေးနိုင်တဲ့ Marina ကမ်း ရှိတယ်။
.
ဒီနေရာတွေကို အရင်လို သူများဆိုင်ကယ်ငှားပြီးမသွားနိုင်တော့ပေမယ့် ကို့ Camry နဲ့ ပို့ပေးမယ်။
.
.
ဒီတော့ အချစ်ရယ်..။ လူတွေဟာ ချစ်ဖို့ နီးကြတာလား ? နီးဖို့ ချစ်ကြတာလား? တစ်ခုခုတော့ တစ်ခုခုပဲ..။
.
အဖြစ်အပျက်မတူပေမယ့်
အနေအထား နဲ့ ကာလံဒေသံ က
ညီညာထကြွ
ဖန်တီးယူလို့ ရပါတယ်။
.
.
ဒီစကားတွေကို နှစ်ကိုယ်ကြား
နှလုံးသားနား နဲ့
ပင်လယ်ခြား အဝေးက
ကြားယောင်နိုင်မယ်ဆိုရင်တော့
အတူနေဖို့ အနားမှာ
တစ်ဖဝါးမှ မခွာ
အမြဲနေပါတော့
အချစ်ရယ်..။
.
.
ကိုညီညီ ( တောင်ကြီး )
.
07-24-2016


No comments: