ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, February 19, 2020

အမေရိကန်သမ္မတလွှင့်တင်လိုက်တဲ့ 𝐒𝐜𝐡𝐨𝐨𝐥𝐒𝐚𝐟𝐭𝐲.𝐠𝐨𝐯 အကြောင်း

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)

           အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရက (၂ဝ၂ဝ) ခုနှစ် ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့မှာ ကျောင်းလုံခြုံရေးဝဘ်ဆိုဒ် https://www.schoolsafety.gov/ ကို လွှင့်တင်လိုက်ပါတယ်။ အစိုးရဝဘ်ဆိုဒ်ဒိုမိန်း .gov ကိုယ်စားပြုစာမျက်နှာမှာ မူလတန်းကနေ (၁၂) တန်းအထိ ဖယ်ဒရယ်အသီးသီးက အခြေခံပညာကျောင်း‌တွေက ဆရာ/ဆရာမ၊ ဉပ‌ဒေစိုးမိုးရေးဝန်ထမ်း နဲ့ မိဘတွေက ကျောင်းသားတွေပေါ်ကျရောက်တတ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှု၊ အခြိမ်းခြောက်ခံရမှုတို့ကိုကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေစိတ်ချမ်းချမ်းသာသာစာသင်နိုင်ဖို့၊ ဘေးရန်ကင်းဖို့ နဲ့ သူတို့လိုတဲ့အထောက်အပံ့တွေကိုပေးစွမ်းဖို့ဖြစ်ပါတယ်။

          “ကျောင်းနဲ့ကျောင်းသားတွေဘေး
ကင်းလုံခြုံဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးတာဝန်ပါ။ ဒါ‌ကိုထိပ်တန်းလုပ်ဆောင်ရမယ့်စာရင်းထဲထည့်ထားတဲ့ သမ္မတ နဲ့ အမိ‌‌မြေလုံခြုံရေးဋ္ဌာနတို့ကကျောင်းတွေမှာ ကျောင်းသားစီစစ်ရေး နဲ့ ကျရောက်လာတတ်တဲ့အန္တရာယ်တွေကိုဝေဖန်ပိုင်းခြား၊ ပြင်ဆင်၊ တုံ့ပြန်တတ်ဖို့လမ်းညွှန်မှုတွေပေးသွားမှာပါ” အ‌မိ‌မြေလုံခြုံရေးဋ္ဌာနက အတွင်းရေးမှုးကပြောသွားတာဖြစ်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐬𝐜𝐡𝐨𝐨𝐥𝐬𝐚𝐟𝐞𝐭𝐲.𝐠𝐨𝐯/ မှာ အဓိကခေါင်းစဉ် (၉) ခု တွေ့ရပါတယ်။ အဲဒါတွေကတော့

.. 𝗕𝘂𝗹𝗹𝘆𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘆𝗯𝗲𝗿𝗯𝘂𝗹𝗹𝘆𝗶𝗻𝗴

.. 𝗧𝗵𝗿𝗲𝗮𝘁 𝗔𝘀𝘀𝗲𝘀𝘀𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗥𝗲𝗽𝗼𝗿𝘁𝗶𝗻𝗴

.. 𝗦𝗰𝗵𝗼𝗼𝗹 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗣𝗲𝗿𝘀𝗼𝗻𝗻𝗲𝗹

.. 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆

.. 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀, 𝗮𝗻𝗱 𝗗𝗿𝗶𝗹𝗹𝘀

.. 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵

.. 𝗦𝗰𝗵𝗼𝗼𝗹 𝗖𝗹𝗶𝗺𝗮𝘁𝗲

.. 𝗘𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴.

.. 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 တို့ပါပဲ။

          ဒီအထဲမှာ ကျွန်တော်ဆွေးနွေးချင်တာက သင်တန်းပေး၊ လေ့ကျင့်၊ စုပေါင်းထွက်ပြေး ဆိုတဲ့ 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲𝘀, 𝗮𝗻𝗱 𝗗𝗿𝗶𝗹𝗹𝘀 မှာ ကျောင်းသားတွေရန်ပြုသူကို ခံမချခိုင်းပါဘူး။ ဘယ်သူလာရင် ဘယ်လိုရင်ဆိုင်မယ်ဆိုတာကိုသင်တန်းပေးတယ်။ အကျိုးအကြောင်းတစ်ခုပေါ်ပေါက်လို့ အန္တရာယ်ကျရောက်တော့မယ်ဆိုရင် ဘယ်လိုပုန်းရှောင်နေရမယ်ဆိုတာကိုလေ့ကျင့်ခိုင်းတယ်။ ပြီးတာနဲ့အစမ်းလေ့ကျင့်တဲ့ Drill ဉသြဆွဲပြီး အုပ်စုလိုက်ကျောင်းထဲကနေထွက်ပြေးဖို့သင်ပေးပါတယ်။