ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 30, 2015

မေတာင္းပန္တဲ႕ အေနာက္ႏိုင္ငံေတြ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
အေရွ႕ပုိင္းသားေတြဟာ အဂၤလန္၊ အေမရိကန္ဆိုရင္ အထင္ၾကီးတတ္ၾကတယ္။ ဟုတ္ေတာ႕ဟုတ္မွာပဲ .. အေနာက္ႏိုင္ငံေတြက နည္းပညာ နဲ႕ စက္မႈထြန္းကားျပီး ေနာက္ဆံုး အိုင္တီဆက္သြယ္ေရးမွာလည္း အထြဋ္အထိပ္ဆိုေတာ႕ အားလံုးျပီးျပည္႕စံုတယ္လို႕အထင္ရွိၾကတာက ယုတိၱတန္သဘာဝက်ပါတယ္။ ဒီႏိုင္ငံေတြက ေရွးယခင္ ပေဒသရာဇ္ေခတ္ေတြကတည္းက ခ်မ္းသာၾကတယ္။ သူတို႕ကသာ သူတစ္ပါးပိုင္ေျမ၊ တစ္ျခားႏိုင္ငံသားေတြပိုင္ဆိုင္တဲ႕ ေျမ၊ ေရ၊ သံယံဇာတအရင္းအျမစ္ေတြကုိ ကိုလိုနီနယ္ခ်ဲ႕ကြ်န္ျပဳခဲ႕ၾကတယ္ဆိုတာ သမိုင္းသင္ဖူးသူတိုင္း သတိထားမိေစတဲ႕အခ်က္ပါ။
.
ဒီလို ႏုိင္ငံနဲ႕ခ်ီျပီး မတရားသိမ္းပိုက္ခဲ႕ရာကေန သူတို႕ဘာရခဲ႕ပါသလဲ … ဆန္းစစ္ၾကည္႕ရေအာင္။ ခ်မ္းသာၾကြယ္ဝမႈကေန ေနထုိင္သူ တုိင္းသူျပည္သားေတြရဲ႕ လမ္းပန္းဆက္သြယ္ေရး၊ က်န္းမာေရးေစာင္႕ေရွာက္မႈ၊ ေခတ္မီအဆင္႕ျမင္႕ပညာသင္ၾကားေရး စတဲ႕ အေျခခံအေဆာက္အဦေတြနဲ႕ ၾကမ္းခင္းအုတ္ျမစ္ခ်ၾကတယ္။ အဆိုပါေခတ္ေတြရဲ႕ေနာက္ပိုင္းမွာေမြးလာတဲ႕ မ်ိဳးဆက္သစ္ေတြေကာင္းစားဖုိ႕ လမ္းေဖါက္ေပးႏိုင္ခဲ႕တယ္။ ဒီေငြေတြကို သူတို႕ဘယ္ကရသလဲဆိုတာ စာဖတ္သူမ်ားအေျဖထုတ္ႏိုင္ေလာက္ျပီေပါ႕ေနာ္။
.
.
ဟုတ္ပါတယ္။ သူတို႕ အေနာက္တုိင္းႏုိင္ငံေတြတည္ေဆာက္ဖို႕မွာ ကြ်န္ျပဳခံအေရွ႕ပိုင္းသားတုိ႕နဲ႕ အာဖရိကတိုက္က မဖြံ႕ျဖိဳးတဲ႕တုိင္းျပည္တို႕က အရင္းအျမစ္ဘ႑ာေတြ အမ်ားၾကီးေပးလိုက္ရတယ္။ လူ႕အသက္ေတြ ဝိဥာဥ္ေျခြေခြ်းတပ္စခန္းမွာ မ်ားစြာစေတးခဲ႕ရတယ္။ ပခက္လႊဲမယ္႕လက္ပိုင္ရွင္ေတြ ျမက္ေတာထဲမွာ လက္သည္မေပၚတဲ႕ဒဏ္ရာေတြနဲ႕ ေသြးစြန္းခဲ႕ရတယ္။ လယ္ယာေတာင္စုိက္ ရုိးရုိးကုတ္ကုတ္ ဦးၾကီး ေဒြးေလးတို႕တစ္ေတြ အရင္းမဲ႕လူတန္းစားဘဝကုိ သက္ဆင္းခဲ႕ရတယ္။ ျပန္စဥ္းစားၾကည္႕ပါ။ သူတို႕သာ ဒီလို စစ္ဘီလူးဇာတ္မခင္းခဲ႕ဘူးဆိုရင္ ျမန္မာေရွးမင္းမ်ားအပါအဝင္ အာရွတခြင္ဟာ ကုိယ္႕အားကိုယ္ကုိးျပီး အေနာက္တုိင္းျပည္ႏိုင္ငံမ်ားထက္ ပိုမိုခ်မ္းသာေနမယ္ မဟုတ္ေပဘူးလား။

.
ဒီလုိ လိုက္ကာခ်တစ္ခန္းရပ္ျပဇာတ္တစ္ပုဒ္ကို ရင္ထုမနာသမုိင္းမေရးႏိုင္ခဲ႕တဲ႕အခါက်ေတာ႕ ေနာက္ပိုင္းမွာ ကိုယ္႕သားသမီးကို အေနာက္ႏိုင္ငံကိုမွ ပို႕လႊတ္ပညာမသင္ေစရရင္ ေခတ္ပဲမမွီေတာ႕သလိုလို ျဖစ္လာၾကတယ္မဟုတ္လား။ ဘယ္သူကမွ ကိုလိုနီေတြကို စိတ္မနာၾကေတာ႕ဘူးလား။
.
စီးခ်င္းထိုးစစ္ပြဲေတြကေန ကမၻာစစ္ညီေနာင္အထိ ေမႊးခဲ႕တဲ႕မီးေတြေၾကာင္႕ အဘိုးအဘြားတို႕ရဲ႕ စပါးက်ီေတြ မီးျမိွႈက္ခံခဲ႕ရတာေတြ ေမ႕ကုန္ၾကျပီလား။ အေဖအေမတို႕ရဲ႕တန္ဖိုးမျဖတ္ႏုိင္တဲ႕ အတြင္းပစၥည္းေတြ အေနာက္ႏုိင္ငံရဲ႕ သမုိင္းျပတုိက္ထဲကုိ တိုက္ပိတ္ေသာ႕ခတ္ခဲ႕ၾကတာကုိ ေမ႕ေနၾကျပီလား။
.
.
လူေတြမွာ ႏွစ္မ်ိဳးရွိပါတယ္။ တြန္းလွဲခဲ႕သူကေမ႕ေနျပီးေတာ႕ လဲက်သူက သတိရေနတဲ႕ အမ်ိဳးပါ။ ခက္တာက စစ္ကုိလိုနီၾကီးေတြ ေနာက္ပိုင္း ဒီဖက္ေခတ္မွာ အသြင္ေျပာင္းျပီးေတာ႕ ကမၻာေျမရဲ႕ အနယ္နယ္အရပ္ရပ္က လမ္းၾကိဳလမ္းၾကားကေငြေတြပါမက်န္ သဲ႕ယူေနတဲ႕ ကိစၥရပ္ေတြကုိ သတိထားမိဖို႕လိုအပ္ပါတယ္။ “ ရိကၡာတုိက္ျပည္႕ျပီးသူ အလွဴလုပ္သလိုပံုစံမ်ိဳး ” နာမည္ေကာင္းယူတဲ႕ အေနာက္ႏိုင္ငံမ်ားရဲ႕ အဓိကလုပ္ရပ္ ( ၃ ) ခု ရွိပါတယ္။
.
.
၁.. အေမရိကန္၊ အဂၤလန္ စတဲ႕ ပညာေရးဦးေဆာင္ႏိုင္ငံမ်ားဟာ သူတို႕လက္ကိုဆန္႕မထုတ္ရပါပဲ အိပ္ကပ္ထဲကို အလုိအေလ်ာက္ေငြေရာက္ေစတဲ႕ အေရးၾကီးလုပ္ငန္းစဥ္က သူတို႕ႏိုင္ငံေတြမွာ ေက်ာင္းလာတက္ေစဖုိ႕ ေစ်းေရာင္းပရုိမိုးရွင္း လုပ္ပါတယ္။
.
သူတို႕ေက်ာင္းထြက္ဆိုရင္ ကမၻာအရပ္ရပ္က ျဖံဳၾကတယ္။ စဥ္းစားေတြးေခၚႏိုင္တယ္။ အေမ်ွာ္အျမင္ရွိတယ္။ တိုးတက္ႏိုင္တဲ႕လမ္းစကိုျမင္သူမ်ားအျဖစ္ လက္ခံၾကတယ္။ သူတို႕ႏုိင္ငံေတြမွာ ျပည္တြင္းစစ္မွမရွိတာ စာေကာင္းေကာင္းသင္ႏိုင္တာ မဆန္းပါဘူး။ သူတို႕ရဲ႕ ေရခဲေသတၱာထဲမွာ စားစရာအျပည္႕နဲ႕ဆိုေတာ႕ ေန႕တုိင္းေက်ာင္းသြားတက္ျပီး တစ္ခုမဟုတ္တစ္္ခု တီထြင္ေနရတာ ပ်င္းေတာင္ပ်င္းေနရပါဦးမယ္။
.
ဒီၾကားထဲမွ သူတို႕ေက်ာင္းကေပးတဲ႕ အြန္းလိုင္းဒစ္ပလိုမာ နဲ႕ ေရႊေဘာင္ကြတ္ဘြဲ႕လက္မွတ္ေတြရဖို႕ အလုအယက္လုပ္ေနရသူေတြ မ်ားတာမွ ေတာ္ေတာ႕ကုိအမ်ားၾကီးပါ။ ဒါေၾကာင္႕  ေက်ာင္းဖြင္႕ျပီး ေစ်းေရာင္းေနတယ္ဆိုတာကို ရွင္းရွင္းေလးျမင္ေစခ်င္တယ္။ စေကာလားရွစ္ေပးျပီး ပရုိမိုးရွင္းလုပ္ေနတာကုိ ျမင္ေစခ်င္တယ္။ ကုိယ္ေက်ာင္းတက္ရဖို႕ ကုိယ္႕အေဖအေမေတြ ေငြဘယ္ေလာက္ရွာျပီးပို႕ေပးေနရတယ္ဆုိတာကို ရင္နာေစခ်င္တယ္။ သြယ္ဝုိက္ေငြသဲ႕ယူနည္းကို ျဖန္႕ၾကည္႕လိုက္မယ္ဆိုရင္ေတာ႕ ကိုယ္ေက်ာင္းတက္္ဖို႕ ရုန္းကန္ေနရတဲ႕အေဖနဲ႕အေမတို႕ကုိ ေငြမရအရရွာခုိင္းေနသူေတြကေတာ႕ အေနာက္တုိင္းက ေက်ာင္းၾကီးေတြပါပဲ။
.
.
၂.. အေနာက္ႏုိင္ငံၾကီးေတြဟာ နည္းပညာေတြေရာင္းျပီး ေငြအလိုအေလ်ာက္ရတဲ႕ နည္းလမ္းကိုသံုးပါတယ္။ ပစၥည္းအသစ္ေတြ တီထြင္တယ္။ မူပိုင္ခြင္႕ေတြကို ေငြအၾကီးအက်ယ္ေပးျပီး ရင္းႏွီးျမႈပ္ႏွံတယ္။ ဦးေႏွာက္ဆန္းသစ္ႏိုင္တဲ႕ လူငယ္မွန္သမွ်ကို အလုပ္ခန္႕တယ္။ စဥ္းစားခိုင္းတယ္။ ဘာမွပင္ပင္ပန္းပန္းမလုပ္ေစပဲ အသစ္ထြင္ဖို႕အေရးကုိ ထုိင္ေတြးေနေစတယ္။
.
ဒီအလုပ္ေတြရဖို႕ နည္းပညာအေၾကာင္းသိဖို႕လုိျပန္ေရာ။ ဒီအခါမွာ ပထမေငြရနည္းလမ္းျဖစ္တဲ႕ သူတို႕ရဲ႕ေစ်းၾကီးတဲ႕ေက်ာင္းေတြကုိတက္ျပီး အခြန္ဆက္သရျပန္တယ္။ ေက်ာင္းဆင္းလာတဲ႕လူငယ္ေတြအလုပ္ရျပန္ေတာ႕ အသစ္ေတြထြင္တယ္။ နည္းပညာအျမင္႕စားေတြသံုးျပီး သူ႕ထက္ငါအသစ္ခ်က္ခြ်တ္ေတြ ထြင္ၾကျပန္တယ္။ ဒီလိုပစၥည္းေတြကုိ အေရွ႕တိုင္းသားေတြ နဲ႕ ဆင္းရဲသားမ်ားပါမက်န္ သံုးခ်င္ ကိုင္ခ်င္ၾကတယ္။ ဒီေတာ႕ ေငြေပးျပီးဝယ္ရတယ္။ သူတို႕ဘဏ္အေကာင္႕ထဲကုိ ေငြအေရာက္ပို႕မွ အသစ္ဆိုတဲ႕နည္းပညာကို ျမည္းစမ္းခြင္႕ရၾကတယ္။
.
အေရွ႕တုိင္းသားေတြ iPhone 6 အသစ္ေလးလက္မွာကိုင္ေနတဲ႕အခ်ိန္မွာ ပန္းသီးတကိုက္ဖဲ႕ကုမၸဏီဟာ ကူပထီးႏုိနန္းေတာ္မွာ ဒီကရတဲ႕ေငြေတြနဲ႕ ေနာက္ထပ္အသစ္တစ္္မ်ိဳးကို ထြင္ေနေလရဲ႕။ တရုတ္ႏိုင္ငံက သူေ႒းတစ္ေယာက္ပုိင္တဲ႕ေခြးရဲ႕ ေျခေထာက္ ( ၂ ) ဖက္မွာ ေရႊ Apple  Watch  ( ၂ ) လံုးပတ္ထားတဲ႕အခ်ိန္မွာ အဂၤလန္ႏိုင္ငံရဲ႕ ကြန္ပ်ဴတာသိပၸံေက်ာင္းၾကီးေတြမွာ တက္သစ္စအာရွတိုက္သားေတြဟာ အဆင္႕ျမင္႕နည္းပညာေတြသင္ယူဖို႕ ေဒၚလာပုိက္ဆံေတြ ေသာင္းနဲ႕ခ်ီပံုေပးဖို႕ တန္းစီေနၾကေလရဲ႕။
.
ဒီပညာေတြအေပၚမွာရင္းလိုက္လို႕ အာရွတုိက္သားေတြဟာ နည္းပညာအလိုလို မတတ္လာပါဘူး။ သူတို႕ႏိုင္ငံမွာ အလုပ္သင္ရပါဦးမယ္။ သူတို႕ႏိုင္ငံမွာ အေျခခ်ရပါဦးမယ္။ သူတို႕ႏိုင္ငံအစိုးရကို ဝင္ေငြခြန္ေဆာင္ျပီး အခြန္ထမ္းရပါဦးမယ္။ ဒီခ်ာတိတ္ေတြကို ေကြ်းခဲ႕ ေမြးခဲ႕ ေျမေတာင္ေျမွာက္ေပးလိုက္တဲ႕ အမိႏိုင္ငံကို အခြန္တစ္ျပားမွ ျပန္မေရာက္သလို တက္ေနသမွ် ေက်ာင္းသားဘဝ စာသင္စဥ္ကာလမွာ မိခင္ႏိုင္ငံကေငြေတြ တစ္ေသာေသာထြက္ေနဆဲဆုိတာကို သတိျပဳေစခ်င္ပါတယ္။
.
.
၃.. ဒီနည္းလမ္းေတြကမွ ေငြမရရင္ စစ္ျဖစ္ေနတဲ႕ႏုိင္ငံေတြကုိ ႏွစ္ဖက္စလံုးတည္႕ေအာင္ေပါင္းပါတယ္။ တစ္ဖက္ကို မီးစကိုင္ျပီး ဆက္ဆံသလို ေနာက္တစ္ဖက္ကို ေရမႈတ္တစ္ဖက္ကိုင္ျပီး ကုန္သြယ္ပါတယ္။ ကိုလုိနီရုပ္ဖ်က္ေတြရဲ႕ အပိုင္ဆံုးေရာင္းရေငြက လက္နက္ - Weapon  နဲ႕တုိက္ခိုက္ေရးပစၥည္း - Equipment ေတြကေန ရပါတယ္။ ဝင္လိုက္သမွ အလံုးလိုက္ အလိပ္လိုက္ၾကီးဆိုတာ ကမၻာမွာျဖစ္ေနတဲ႕ စစ္ပြဲငယ္ငယ္ေလးေတြက သက္ေသခံေနပါတယ္။
.
ဒီၾကားထဲကမွ လူမ်ိဳးေရးမုန္းတီးမႈအေျခခံတဲ႕စစ္ပြဲေတြက သူတုိ႕ရဲ႕လက္နက္စမ္းသပ္ကြင္းေတြျဖစ္လာျပီး အျပစ္မဲ႕ျပည္သူေတြက စေတးခံဒုိင္း - Shields ေတြ ျဖစ္လာေနပါတယ္။ ႏုိင္ငံခ်င္းေရာင္းဝယ္တာမို႕လို႕ ေဖာက္သည္ႏိုင္ငံေတြမွာ မျငိမ္မသက္ျဖစ္ေလေလ ကိုလိုနီၾကီးတို႕ေထာေလေလပါပဲ။ သူတို႕မွာ ကိုယ္ပိုင္ေဖာ္ျမဴလာရွိတယ္ .. သူတို႕ႏိုင္ငံပိုင္ေျမ၊ ေရပိုင္နက္မွာ ဘာစစ္မွမျဖစ္ေစရပဲ စစ္ျဖစ္လာႏုိင္တယ္လို႕ယူဆရတဲ႕ႏိုင္ငံေတြမွာ သြားေရာက္တိုက္ခိုက္တာပါပဲ။
.
ဒီလိုစစ္ေတြမွာ သူတို႕ႏိုင္ငံသားေတြ အသားနာမွာ ေၾကာက္ၾကပါတယ္။ ေျမျပင္စစ္သားေတြမပို႕ၾကပါဘူး။ နည္းပညာျမင္႕ပစၥည္းေတြလႊတ္ျပီး လူသတ္ေစပါတယ္။ ဒီနည္းလမ္းက ေငြလည္းရ - စစ္လည္းေအာင္ - လူလည္းမနာဆိုေတာ႕ ကိုလိုနီလက္သစ္ၾကီးေတြအတြက္ ႏိုင္ ( ၃ ) ႏုိင္အေျခအေန “ Win – Win – Win Saturation ” ဆိုတာ သတိမေမ႕ေစလိုပါ။
.
.
ဒီလိုမ်ိဳး အသားကုိကုတ္၊ ေသြးကိုစုပ္၊ ဇက္ကိုခ်ိဳးလို႕ က်ဴးလြန္လာသူေတြဟာ ကမၻာသူကမၻာသားေတြကုိ ျပန္မေတာင္းပန္ပါဘူး။ တိုင္းျပည္အသီးသီးကယူသြားတဲ႕ တန္ဖိုးေတြကုိ ျပန္ေပးဆပ္ၾကဖို႕ စိတ္ကူးမရွိၾကဘူး။ သူတို႕ထက္စာရင္ တာဝန္ခံမႈရွိတဲ႕ ဂ်ပန္ဝန္ၾကီးခ်ဳပ္အဆက္ဆက္က အလိုက္တသိ ႏိုင္ငံတကာလွည္႕ျပီးေတာင္းပန္ေနတာကမွ ပုိျပီးက်က္သေရရွိေနပါေသးတယ္။
.
ကြ်န္ေတာ္တို႕ ဒီလိုပဲ ငံု႕ခံေနၾကမွာလား ေတြးေစခ်င္တယ္။ သူတို႕အေနာက္ႏိုင္ငံေတြကုိ လက္စားမေခ်ၾကေတာ႕ဘူးလား။ ထုိက္သင္႕တဲ႕နည္းလမ္းနဲ႕ မတံု႕ျပန္ၾကေတာ႕ဘူးလား။ နည္းလမ္းရွိပါတယ္။ သူတို႕ႏုိင္ငံေတြကုိ ေငြထပ္မေပးရေအာင္ လက္စားလက္ဝ အျပည္႕ေခ်လို႕ရတဲ႕ ေငြမကုန္တဲ႕နည္းလမ္းေတြ႕ထားပါတယ္။ ဒါကေတာ႕ သူတို႕တုိင္းျပည္ေတြကထုတ္တဲ႕စာအုပ္ေတြကုိ နားလည္ေအာင္ဖတ္ဖို႕ပါပဲ။
.

koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ မတောင်းပန်တဲ့ အနောက်နိုင်ငံတွေ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
. 
.
အရှေ့ပိုင်းသားတွေဟာ အင်္ဂလန်၊ အမေရိကန်ဆိုရင် အထင်ကြီးတတ်ကြတယ်။ ဟုတ်တော့ဟုတ်မှာပဲ .. အနောက်နိုင်ငံတွေက နည်းပညာ နဲ့ စက်မှုထွန်းကားပြီး နောက်ဆုံး အိုင်တီဆက်သွယ်ရေးမှာလည်း အထွဋ်အထိပ်ဆိုတော့ အားလုံးပြီးပြည့်စုံတယ်လို့အထင်ရှိကြတာက ယုတ္တိတန်သဘာဝကျပါတယ်။ ဒီနိုင်ငံတွေက ရှေးယခင် ပဒေသရာဇ်ခေတ်တွေကတည်းက ချမ်းသာကြတယ်။ သူတို့ကသာ သူတစ်ပါးပိုင်မြေ၊ တစ်ခြားနိုင်ငံသားတွေပိုင်ဆိုင်တဲ့ မြေ၊ ရေ၊ သံယံဇာတအရင်းအမြစ်တွေကို ကိုလိုနီနယ်ချဲ့ကျွန်ပြုခဲ့ကြတယ်ဆိုတာ သမိုင်းသင်ဖူးသူတိုင်း သတိထားမိစေတဲ့အချက်ပါ။
.
ဒီလို နိုင်ငံနဲ့ချီပြီး မတရားသိမ်းပိုက်ခဲ့ရာကနေ သူတို့ဘာရခဲ့ပါသလဲ … ဆန်းစစ်ကြည့်ရအောင်။ ချမ်းသာကြွယ်ဝမှုကနေ နေထိုင်သူ တိုင်းသူပြည်သားတွေရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခေတ်မီအဆင့်မြင့်ပညာသင်ကြားရေး စတဲ့ အခြေခံအဆောက်အဦတွေနဲ့ ကြမ်းခင်းအုတ်မြစ်ချကြတယ်။ အဆိုပါခေတ်တွေရဲ့နောက်ပိုင်းမှာမွေးလာတဲ့ မျိုးဆက်သစ်တွေကောင်းစားဖို့ လမ်းဖေါက်ပေးနိုင်ခဲ့တယ်။ ဒီငွေတွေကို သူတို့ဘယ်ကရသလဲဆိုတာ စာဖတ်သူများအဖြေထုတ်နိုင်လောက်ပြီပေါ့နော်။
.
.
ဟုတ်ပါတယ်။ သူတို့ အနောက်တိုင်းနိုင်ငံတွေတည်ဆောက်ဖို့မှာ ကျွန်ပြုခံအရှေ့ပိုင်းသားတို့နဲ့ အာဖရိကတိုက်က မဖွံ့ဖြိုးတဲ့တိုင်းပြည်တို့က အရင်းအမြစ်ဘဏ္ဍာတွေ အများကြီးပေးလိုက်ရတယ်။ လူ့အသက်တွေ ဝိဥာဉ်ခြွေချွေးတပ်စခန်းမှာ များစွာစတေးခဲ့ရတယ်။ ပခက်လွှဲမယ့်လက်ပိုင်ရှင်တွေ မြက်တောထဲမှာ လက်သည်မပေါ်တဲ့ဒဏ်ရာတွေနဲ့ သွေးစွန်းခဲ့ရတယ်။ လယ်ယာတောင်စိုက် ရိုးရိုးကုတ်ကုတ် ဦးကြီး ဒွေးလေးတို့တစ်တွေ အရင်းမဲ့လူတန်းစားဘဝကို သက်ဆင်းခဲ့ရတယ်။ ပြန်စဉ်းစားကြည့်ပါ။ သူတို့သာ ဒီလို စစ်ဘီလူးဇာတ်မခင်းခဲ့ဘူးဆိုရင် မြန်မာရှေးမင်းများအပါအဝင် အာရှတခွင်ဟာ ကိုယ့်အားကိုယ်ကိုးပြီး အနောက်တိုင်းပြည်နိုင်ငံများထက် ပိုမိုချမ်းသာနေမယ် မဟုတ်ပေဘူးလား။
.
ဒီလို လိုက်ကာချတစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်ကို ရင်ထုမနာသမိုင်းမရေးနိုင်ခဲ့တဲ့အခါကျတော့ နောက်ပိုင်းမှာ ကိုယ့်သားသမီးကို အနောက်နိုင်ငံကိုမှ ပို့လွှတ်ပညာမသင်စေရရင် ခေတ်ပဲမမှီတော့သလိုလို ဖြစ်လာကြတယ်မဟုတ်လား။ ဘယ်သူကမှ ကိုလိုနီတွေကို စိတ်မနာကြတော့ဘူးလား။ 
.
စီးချင်းထိုးစစ်ပွဲတွေကနေ ကမ္ဘာစစ်ညီနောင်အထိ မွှေးခဲ့တဲ့မီးတွေကြောင့် အဘိုးအဘွားတို့ရဲ့ စပါးကျီတွေ မီးမြှိုက်ခံခဲ့ရတာတွေ မေ့ကုန်ကြပြီလား။ အဖေအမေတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အတွင်းပစ္စည်းတွေ အနောက်နိုင်ငံရဲ့ သမိုင်းပြတိုက်ထဲကို တိုက်ပိတ်သော့ခတ်ခဲ့ကြတာကို မေ့နေကြပြီလား။
.
.
လူတွေမှာ နှစ်မျိုးရှိပါတယ်။ တွန်းလှဲခဲ့သူကမေ့နေပြီးတော့ လဲကျသူက သတိရနေတဲ့ အမျိုးပါ။ ခက်တာက စစ်ကိုလိုနီကြီးတွေ နောက်ပိုင်း ဒီဖက်ခေတ်မှာ အသွင်ပြောင်းပြီးတော့ ကမ္ဘာမြေရဲ့ အနယ်နယ်အရပ်ရပ်က လမ်းကြိုလမ်းကြားကငွေတွေပါမကျန် သဲ့ယူနေတဲ့ ကိစ္စရပ်တွေကို သတိထားမိဖို့လိုအပ်ပါတယ်။ “ ရိက္ခာတိုက်ပြည့်ပြီးသူ အလှူလုပ်သလိုပုံစံမျိုး ” နာမည်ကောင်းယူတဲ့ အနောက်နိုင်ငံများရဲ့ အဓိကလုပ်ရပ် ( ၃ ) ခု ရှိပါတယ်။
.
.
၁.. အမေရိကန်၊ အင်္ဂလန် စတဲ့ ပညာရေးဦးဆောင်နိုင်ငံများဟာ သူတို့လက်ကိုဆန့်မထုတ်ရပါပဲ အိပ်ကပ်ထဲကို အလိုအလျောက်ငွေရောက်စေတဲ့ အရေးကြီးလုပ်ငန်းစဉ်က သူတို့နိုင်ငံတွေမှာ ကျောင်းလာတက်စေဖို့ ဈေးရောင်းပရိုမိုးရှင်း လုပ်ပါတယ်။
.
သူတို့ကျောင်းထွက်ဆိုရင် ကမ္ဘာအရပ်ရပ်က ဖြုံကြတယ်။ စဉ်းစားတွေးခေါ်နိုင်တယ်။ အမျှော်အမြင်ရှိတယ်။ တိုးတက်နိုင်တဲ့လမ်းစကိုမြင်သူများအဖြစ် လက်ခံကြတယ်။ သူတို့နိုင်ငံတွေမှာ ပြည်တွင်းစစ်မှမရှိတာ စာကောင်းကောင်းသင်နိုင်တာ မဆန်းပါဘူး။ သူတို့ရဲ့ ရေခဲသေတ္တာထဲမှာ စားစရာအပြည့်နဲ့ဆိုတော့ နေ့တိုင်းကျောင်းသွားတက်ပြီး တစ်ခုမဟုတ်တစ်ခု တီထွင်နေရတာ ပျင်းတောင်ပျင်းနေရပါဦးမယ်။
.
ဒီကြားထဲမှ သူတို့ကျောင်းကပေးတဲ့ အွန်းလိုင်းဒစ်ပလိုမာ နဲ့ ရွှေဘောင်ကွတ်ဘွဲ့လက်မှတ်တွေရဖို့ အလုအယက်လုပ်နေရသူတွေ များတာမှ တော်တော့ကိုအများကြီးပါ။ ဒါကြောင့်  ကျောင်းဖွင့်ပြီး ဈေးရောင်းနေတယ်ဆိုတာကို ရှင်းရှင်းလေးမြင်စေချင်တယ်။ စကောလားရှစ်ပေးပြီး ပရိုမိုးရှင်းလုပ်နေတာကို မြင်စေချင်တယ်။ ကိုယ်ကျောင်းတက်ရဖို့ ကိုယ့်အဖေအမေတွေ ငွေဘယ်လောက်ရှာပြီးပို့ပေးနေရတယ်ဆိုတာကို ရင်နာစေချင်တယ်။ သွယ်ဝိုက်ငွေသဲ့ယူနည်းကို ဖြန့်ကြည့်လိုက်မယ်ဆိုရင်တော့ ကိုယ်ကျောင်းတက်ဖို့ ရုန်းကန်နေရတဲ့အဖေနဲ့အမေတို့ကို ငွေမရအရရှာခိုင်းနေသူတွေကတော့ အနောက်တိုင်းက ကျောင်းကြီးတွေပါပဲ။
.
.
၂.. အနောက်နိုင်ငံကြီးတွေဟာ နည်းပညာတွေရောင်းပြီး ငွေအလိုအလျောက်ရတဲ့ နည်းလမ်းကိုသုံးပါတယ်။ ပစ္စည်းအသစ်တွေ တီထွင်တယ်။ မူပိုင်ခွင့်တွေကို ငွေအကြီးအကျယ်ပေးပြီး ရင်းနှီးမြှုပ်နှံတယ်။ ဦးနှောက်ဆန်းသစ်နိုင်တဲ့ လူငယ်မှန်သမျှကို အလုပ်ခန့်တယ်။ စဉ်းစားခိုင်းတယ်။ ဘာမှပင်ပင်ပန်းပန်းမလုပ်စေပဲ အသစ်ထွင်ဖို့အရေးကို ထိုင်တွေးနေစေတယ်။
.
ဒီအလုပ်တွေရဖို့ နည်းပညာအကြောင်းသိဖို့လိုပြန်ရော။ ဒီအခါမှာ ပထမငွေရနည်းလမ်းဖြစ်တဲ့ သူတို့ရဲ့ဈေးကြီးတဲ့ကျောင်းတွေကိုတက်ပြီး အခွန်ဆက်သရပြန်တယ်။ ကျောင်းဆင်းလာတဲ့လူငယ်တွေအလုပ်ရပြန်တော့ အသစ်တွေထွင်တယ်။ နည်းပညာအမြင့်စားတွေသုံးပြီး သူ့ထက်ငါအသစ်ချက်ချွတ်တွေ ထွင်ကြပြန်တယ်။ ဒီလိုပစ္စည်းတွေကို အရှေ့တိုင်းသားတွေ နဲ့ ဆင်းရဲသားများပါမကျန် သုံးချင် ကိုင်ချင်ကြတယ်။ ဒီတော့ ငွေပေးပြီးဝယ်ရတယ်။ သူတို့ဘဏ်အကောင့်ထဲကို ငွေအရောက်ပို့မှ အသစ်ဆိုတဲ့နည်းပညာကို မြည်းစမ်းခွင့်ရကြတယ်။
.
အရှေ့တိုင်းသားတွေ iPhone 6 အသစ်လေးလက်မှာကိုင်နေတဲ့အချိန်မှာ ပန်းသီးတကိုက်ဖဲ့ကုမ္ပဏီဟာ ကူပထီးနိုနန်းတော်မှာ ဒီကရတဲ့ငွေတွေနဲ့ နောက်ထပ်အသစ်တစ်မျိုးကို ထွင်နေလေရဲ့။ တရုတ်နိုင်ငံက သူဋ္ဌေးတစ်ယောက်ပိုင်တဲ့ခွေးရဲ့ ခြေထောက် ( ၂ ) ဖက်မှာ ရွှေ Apple  Watch  ( ၂ ) လုံးပတ်ထားတဲ့အချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ ကွန်ပျူတာသိပ္ပံကျောင်းကြီးတွေမှာ တက်သစ်စအာရှတိုက်သားတွေဟာ အဆင့်မြင့်နည်းပညာတွေသင်ယူဖို့ ဒေါ်လာပိုက်ဆံတွေ သောင်းနဲ့ချီပုံပေးဖို့ တန်းစီနေကြလေရဲ့။
.
ဒီပညာတွေအပေါ်မှာရင်းလိုက်လို့ အာရှတိုက်သားတွေဟာ နည်းပညာအလိုလို မတတ်လာပါဘူး။ သူတို့နိုင်ငံမှာ အလုပ်သင်ရပါဦးမယ်။ သူတို့နိုင်ငံမှာ အခြေချရပါဦးမယ်။ သူတို့နိုင်ငံအစိုးရကို ဝင်ငွေခွန်ဆောင်ပြီး အခွန်ထမ်းရပါဦးမယ်။ ဒီချာတိတ်တွေကို ကျွေးခဲ့ မွေးခဲ့ မြေတောင်မြှောက်ပေးလိုက်တဲ့ အမိနိုင်ငံကို အခွန်တစ်ပြားမှ ပြန်မရောက်သလို တက်နေသမျှ ကျောင်းသားဘဝ စာသင်စဉ်ကာလမှာ မိခင်နိုင်ငံကငွေတွေ တစ်သောသောထွက်နေဆဲဆိုတာကို သတိပြုစေချင်ပါတယ်။
.
.
၃.. ဒီနည်းလမ်းတွေကမှ ငွေမရရင် စစ်ဖြစ်နေတဲ့နိုင်ငံတွေကို နှစ်ဖက်စလုံးတည့်အောင်ပေါင်းပါတယ်။ တစ်ဖက်ကို မီးစကိုင်ပြီး ဆက်ဆံသလို နောက်တစ်ဖက်ကို ရေမှုတ်တစ်ဖက်ကိုင်ပြီး ကုန်သွယ်ပါတယ်။ ကိုလိုနီရုပ်ဖျက်တွေရဲ့ အပိုင်ဆုံးရောင်းရငွေက လက်နက် - Weapon  နဲ့တိုက်ခိုက်ရေးပစ္စည်း - Equipment တွေကနေ ရပါတယ်။ ဝင်လိုက်သမှ အလုံးလိုက် အလိပ်လိုက်ကြီးဆိုတာ ကမ္ဘာမှာဖြစ်နေတဲ့ စစ်ပွဲငယ်ငယ်လေးတွေက သက်သေခံနေပါတယ်။
.
ဒီကြားထဲကမှ လူမျိုးရေးမုန်းတီးမှုအခြေခံတဲ့စစ်ပွဲတွေက သူတို့ရဲ့လက်နက်စမ်းသပ်ကွင်းတွေဖြစ်လာပြီး အပြစ်မဲ့ပြည်သူတွေက စတေးခံဒိုင်း - Shields တွေ ဖြစ်လာနေပါတယ်။ နိုင်ငံချင်းရောင်းဝယ်တာမို့လို့ ဖောက်သည်နိုင်ငံတွေမှာ မငြိမ်မသက်ဖြစ်လေလေ ကိုလိုနီကြီးတို့ထောလေလေပါပဲ။ သူတို့မှာ ကိုယ်ပိုင်ဖော်မြူလာရှိတယ် .. သူတို့နိုင်ငံပိုင်မြေ၊ ရေပိုင်နက်မှာ ဘာစစ်မှမဖြစ်စေရပဲ စစ်ဖြစ်လာနိုင်တယ်လို့ယူဆရတဲ့နိုင်ငံတွေမှာ သွားရောက်တိုက်ခိုက်တာပါပဲ။ 
.
ဒီလိုစစ်တွေမှာ သူတို့နိုင်ငံသားတွေ အသားနာမှာ ကြောက်ကြပါတယ်။ မြေပြင်စစ်သားတွေမပို့ကြပါဘူး။ နည်းပညာမြင့်ပစ္စည်းတွေလွှတ်ပြီး လူသတ်စေပါတယ်။ ဒီနည်းလမ်းက ငွေလည်းရ - စစ်လည်းအောင် - လူလည်းမနာဆိုတော့ ကိုလိုနီလက်သစ်ကြီးတွေအတွက် နိုင် ( ၃ ) နိုင်အခြေအနေ “ Win – Win – Win Saturation ” ဆိုတာ သတိမမေ့စေလိုပါ။
.
.
ဒီလိုမျိုး အသားကိုကုတ်၊ သွေးကိုစုပ်၊ ဇက်ကိုချိုးလို့ ကျူးလွန်လာသူတွေဟာ ကမ္ဘာသူကမ္ဘာသားတွေကို ပြန်မတောင်းပန်ပါဘူး။ တိုင်းပြည်အသီးသီးကယူသွားတဲ့ တန်ဖိုးတွေကို ပြန်ပေးဆပ်ကြဖို့ စိတ်ကူးမရှိကြဘူး။ သူတို့ထက်စာရင် တာဝန်ခံမှုရှိတဲ့ ဂျပန်ဝန်ကြီးချုပ်အဆက်ဆက်က အလိုက်တသိ နိုင်ငံတကာလှည့်ပြီးတောင်းပန်နေတာကမှ ပိုပြီးကျက်သရေရှိနေပါသေးတယ်။
.
ကျွန်တော်တို့ ဒီလိုပဲ ငုံ့ခံနေကြမှာလား တွေးစေချင်တယ်။ သူတို့အနောက်နိုင်ငံတွေကို လက်စားမချေကြတော့ဘူးလား။ ထိုက်သင့်တဲ့နည်းလမ်းနဲ့ မတုံ့ပြန်ကြတော့ဘူးလား။ နည်းလမ်းရှိပါတယ်။ သူတို့နိုင်ငံတွေကို ငွေထပ်မပေးရအောင် လက်စားလက်ဝ အပြည့်ချေလို့ရတဲ့ ငွေမကုန်တဲ့နည်းလမ်းတွေ့ထားပါတယ်။ ဒါကတော့ သူတို့တိုင်းပြည်တွေကထုတ်တဲ့စာအုပ်တွေကို နားလည်အောင်ဖတ်ဖို့ပါပဲ။ 
.

koko2yeye@gmail.com
.
.
“ မေတာင္းပန္တဲ႕ အေနာက္ႏိုင္ငံေတြ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇြန္လ ( ၁၁ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၈ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။



No comments: