ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, March 11, 2020

𝐒𝐡𝐚𝐫𝐢𝐧𝐠, 𝐜𝐚𝐫𝐢𝐧𝐠 𝐚𝐧𝐝 𝐥𝐨𝐯𝐢𝐧𝐠 𝐤𝐢𝐧𝐝𝐧𝐞𝐬𝐬


First of all, I would like to say a big "𝗧𝗛𝗔𝗡𝗞 𝗬𝗢𝗨" to all my fans and readers all over the world. In reality, I'm nobody.

I'm just a simple person seeking knowledge day in and day out. Being enthusiastic and so much different what I currently have to work compare to what I want to do, I got started thinking "𝐇𝐞𝐲, 𝐈 𝐜𝐚𝐧 𝐠𝐨 𝐚𝐧 𝐞𝐱𝐭𝐫𝐚 𝐦𝐢𝐥𝐞" to myself. That push made me a blogger 8 years ago.

Knowledge sharing doesn't bring food on my table. It consumes so much time of my personal life and ends up with a bunch of critics. I keep going for a long period of time so that I foresee how I can help for those of who want to immigrate to different countries out of Burma.

No matter where you came from, what language you speak, what religion you believe in, what skin color you have, WE, yes we as a whole group of humanity (with upper case) have a good opportunity 𝒕𝒐 𝒍𝒆𝒂𝒓𝒏 𝒊𝒏 𝒏𝒆𝒘 𝒑𝒍𝒂𝒄𝒆𝒔.

The best time I found so far on web and social media is that we, Burmese are giving helping hands each other, sharing precaution for pros and cons, telling stories of obstacle that they've passed for not letting other to face the same.

It is a huge hit to my heart. It is a warmth to see how oversea Burmese are delivering experience and ways of doing thing (in the Unites States). I'm also glad to get a chance of publishing a book.

𝙋𝙡𝙚𝙖𝙨𝙚 𝙧𝙚𝙢𝙚𝙢𝙗𝙚𝙧 𝙄'𝙢 𝙥𝙖𝙧𝙩 𝙤𝙛 𝙩𝙝𝙖𝙩 𝙘𝙤𝙢𝙢𝙪𝙣𝙞𝙩𝙮. This is where I came form. I'm one of them. The scope that I wanted to see more and more in the future is sharing, caring and loving kindness.

with love
Ko Nyi Nyi - Taunggyi
03-11-2020

Tuesday, March 10, 2020

wwwဒေါ့တရုတ်ပြည်ဒေါ့ကရိုနာဗိုင်းရပ်စ်‌ဒေါ့ကွန်း

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)

            ၂ဝ၂ဝ မတ်လ ဒုတိယသီတင်းပတ်ထဲရောက်လာတော့ ဘာမဆိုအကုန်လုပ်သည်-Made in China တရုတ်ပြည်ကြီးက ကမ္ဘာအရပ်ရပ်ကိုပို့တဲ့တင်ပို့ကုန်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်‌လည်း ပါလာသပေါ့ဗျာ။ ကိုတရုတ်ကြီးရဲ့လက်တံရှည်မရှည်ကြည့်လိုက်ရင် သူ့ပို့ကုန် ဗိုင်းရပ်စ်ဟာ အာတန္တိကတိုက်ကလွဲရင် ကျန်တဲ့တိုက်တွေ၊ တိုင်းပြည်တွေ၊ နိုင်ငံငယ်တွေမှာ အကုန်အစုံရောက်ရှိနေပါပေါ့လား။

            တကယ်တော့ ကျွန်တော်ဒီစာကိုရေးနေတာ တရုတ်ပြည်သူ ပြည်သားတွေကိုချီးကျူးဖို့ပါ။ တစ်ချိန်ကငတ်မွတ်ခဲ့တဲ့တိုင်းပြည်တွေထဲမှာ တရုတ်ပြည်လောက်ဘယ်သူကုန်ထုတ်နိုင်သလဲ? မူဝါဒအလွဲနဲ့တိုင်းပြည်ကိုတိုးတက်ဖို့ကြိုးစားတဲ့ခေါင်းဆောင်တွေရဲ့အောက်မှာ တရုတ်ပြည်သူတွေလောက်ဘယ်သူထမင်းအငတ်ခံနိုင်သလဲ?
? ‌မူပိုင်ခွင့်ကိုဘေးချိတ်ထား၊ စျေးနှုန်းကိုအပိုင်းပိုင်းအစိတ်စိတ်ဆွဲချထားနိုင်တဲ့ တရုတ်ပြည်ရဲ့ အတုလုပ်နိုင်စွမ်းကို ဘယ်သူမချီးကျူးဘဲနေနိုင်ပါသလဲ?


            ဆင်တစ်ကောင်ကို ပုဏ္ဏား ၆ ယောက်က ဟိုစမ်း ဒီစမ်း နဲ့ လွဲနေဦးမယ်။ တရုတ်ပြည်က ကမ္ဘာကြီးရဲ့ တစ်ကယ့်စက်ရုံကြီးဆိုတာ မလွဲဘူးဗျ။ အမေရိကားမှာ ဆန်အိုးကြီးလို့ယူဆထားတဲ့ ယိုးဒယားကဂျက်ဆမင်းဆန်၊ ဗီယက်နမ်ကအတောင့်ရှည်ဆန်၊ အိန္ဒိယကဘက်ဆမာထီဆန်အိတ်တွေအားလုံးဟာ စက်ရုံကြီးမှာ ကရိုနာဗိုင်းရပ်စ်တွေ့ပြီး ဒီဘက်မြေရောက်လာပြီလည်းပြောလိုက်ရော ဆိုင်တွေမှာ ရောင်းစရာမကျန်အောင် အကုန်လုံးကုန်သွားတာက သက်သေပြနေပါတယ်။

            ဒီစက်ရုံကမထုတ်လုပ်ရင် မိတ်ဆွေ iPhone ဝယ်လို့မရနိုင်ဘူး။ ဒီစက်ရုံကမထုတ်လုပ်ရင် မိတ်ဆွေရဲ့ ‌ရောဂါပိုးကူးမှာကြောက်လို့ မိနစ် ၂ဝ ကြာအောင်အတန်တန်ဆေးထားတဲ့လက်ချောင်းထိပ်ကလက်သည်းရှည်တွေကိုမညှပ်နိင်ဘူး။ မယုံမရှိနဲ့ တကယ်ပြောတာ။