ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ယခုနှစ်သစ်
အပိုင်းအခြားရောက်လာတဲ့အခါ လူတွေဟာ ကျန်းမာရင်ပြီးရော ဘာမဆိုလုပ်မယ် ဆိုတဲ့ လူနေမှုပုံစံကို
တွေ့လာရတယ်လို့ Business Insider ရဲ့ ယခုဆောင်းပါးကို အစချီထားပါတယ်။ လူနေမှုစတိုင်သစ်အတွက်
အသုံးဝင်တဲ့နည်းလမ်း မြောက်များစွာထဲက အားဆေးနေ့စဉ်စားတာ ( Take A Daily Vitamin )
ဟာ အခုဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပေးလာတဲ့အကြောင်းကို တင်ပြထားပါတယ်။
.
အားဆေးတစ်လုံးဟာ
လူ့ခန္ဓာကိုယ်က လိုအပ်တာမှန်သမျှကို ဖြည့်စွမ်းပေးနေတယ်ဆိုတဲ့ အိုင်ဒီယာဟာ ဟုတ်သလိုလို
ထင်စရာပါ။ ဆယ်စုနှစ်ပေါင်းများစွာ သုတေသနလုပ်ခဲ့တဲ့ တွေ့ရှိချက်များအရ အထွေထွေအားဆေး
Multi-Vitamin ရဲ့ ဆောင်ရွက်နိုင်မှုအမူအကျင့်တွေကို ကောင်းကောင်းကြီး မျှတမှန်ကန်အောင်
မဝေခွဲနိုင်ခဲ့ကြပါဘူး။ တစ်ချို့အားဆေးများဆိုရင် စွဲစွဲမြဲမြဲ သုံးစွဲသူရဲ့ ကျန်းမာရေးကို
ကင်ဆာပေါင်းစုံ ဖြစ်နိုင်ခြေများတဲ့ ဇီဝခန္ဓာအဖြစ်သို့ မသိမသာတွန်းပို့ပေးနေတာကို စိတ်မကောင်းစွာ
တွေ့ရှိလာရပါတယ်။
.
အမှန်က
သင့်ခန္ဓာကိုယ်ဟာ ဗိုက်တာမင် A ၊ C ၊ E တို့ကို မလိုအပ်တော့တာ မဟုတ်ပါ။ အဆိုပါဓါတ်တွေသာမရှိရင်
မိမိခန္ဓာကိုယ်ဟာ စားသောက်လိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲရာမှာ အခက်အခဲရှိရုံမက
သွားတွေတောင့်တင်းဖို့ ကြွေသွားဖရိုရိုက် နဲ့ အဆစ်အမြစ်တွေကြားမှာ ချောဆီထိုးပေးတဲ့
အရွတ်အဆီတွေ မထုတ်လုပ်နိုင်တော့ပါဘူး။
.
အားဆေးထုတ်တဲ့
ကုမ္ပဏီတွေက ကျွန်တော်တို့နေ့စဉ်စားသောက်နေကျထဲမှာ အထက်က ဗိုက်တာမင်တွေကို မရနိုင်ဘူးလို့
သာသာထိုးထိုးလေး ပြောနေတာကိုက ဈေးရောင်းကွက်တစ်ခုပါ။ ဒီ့အပြင် အားဆေးတွေသောက်ရင်းသောက်ရင်း
စုမိလာတဲ့ “ ပိုလျှံဗိုက်တာမင် “ တွေက လူကို မထိခိုက်စေဘူးဆိုတဲ့ အမှားကို အမှန်လုပ်
ကြေငြာနေတာက အဆိုးဆုံးပါ။ ဒါကို ဘာကျန်းမာရေးမှ မတိုးတက်လာတဲ့ များစွာသော ဝဖိုင့်ဖိုင့်
အမေရိကန်ခန္ဓာကိုယ်တွေက မမှန်ဘူးဆိုတာ သက်သေပြလာနိုင်ကြပါပြီ။
.
လက်လျှော့လာကြတဲ့
သုတေသနသီတွေဟာ အားဆေးဝယ်စားနေကြတဲ့ အခြေခံလူထုရဲ့ ကျန်းမာရေး နဲ့ အင်ထိုင်အောက်စိဒင့်
- Antioxidants တိုးပွားရေးထဲက ဘယ်တစ်ခုကိုမှ မစွမ်းဆောင်နိုင်ကြတာ တွေ့လာကြတယ်။
.
ဒီ့အပြင်
ဟိုက်ဒရိုကာဘွန်အုပ်စုဝင် မုံလာဥနီ လို အရောင်အဆင်းရှိတဲ့ ဘီတာကားရော့တင်း Beta-Carotene ၊ ဗိုက်တာမင် E နဲ့ သာမန်ဗိုက်တာမင်
A တို့ပို စားသုံးမိတဲ့အခါ သေဆုံးနိုင်တဲ့ အကြောင်းချင်းရာတွေအထိ အနီးကပ်ဆုံးဖြစ်လာနိုင်တာကို
ခြောက်ချားဖွယ်ရာ တွေ့လာရပြန်တယ်။
.
အပိုသောက်သုံးတဲ့ဗိုက်တာမင်
D သည်သော်မှ လူသားတွေမှာ တစ်ကယ်လိုအပ်ရဲ့လားဆိုတဲ့
အဖြေကိုပေးဖို့ သူတို့အလုပ်ပိုလုပ်ရမယ်လို့လည်း ဆေးသုတေသီတွေ ဆွေးနွေးနေကြပါတယ်။ D
Supplement Compound ကို လူအုပ်စုငယ်တစ်ချို့ကတော့ လိုကောင်းလိုမယ်လို့ သုံးသပ်ပြထားပါသေးတယ်။
.
ပြီးခဲ့တဲ့နှစ်တုန်းက
Annals of Internal Magazine ဆေးပညာစာစောင်က ဆိုရင်
“
အများစုဖြည့်စွက်အားဆေးတွေ နဲ့ ဗိုက်တာမင်ဆေးများဟာ နာတာရှည်ရောဂါ မဖြစ်စေဖို့ မကာကွယ်ပေးနိုင်သလို
လူ့အသက်သေဆုံးခြင်းကိုလည်း မတားဆီးပေးနိုင်ပါဘူး ”
“
အသုံးဝင်ပုံ နဲ့ ဇီဝဆောင်ရွက်ချက်တွေကို ယထာဘူတ မဖော်ပြနိုင်တဲ့ အားဆေးတွေကို ရှောင်ရှားသင့်ပါပြီ။
ဒီအချက်ဟာ အားနည်းတိုင်း ဗိုက်တာမင်ဆေးတွေ ဖိသောက်နေတဲ့ အမေရိကန်နိုင်ငံ နဲ့ အခြားနိုင်ငံသားတွေအတွက်
အထူးမှန်ကန်တယ် ” လို့ ရေးသားသတိပေးထားပါတယ်။
.
“
နယူးယောက်ထိုင်း ” သတင်းစာမှာရေးထားတဲ့ သတင်းတစ်ပုဒ်မှာဆိုရင် ဖီလယ်ဒဲဖီးယားပြည်နယ်ရှိ
ကလေးဆေးရုံအုပ်ကြီးက “ အားဆေးတွေ ဘေးဖြစ်မဖြစ်ဆိုတာ နဲ့ သတင်းအချက်အလက်အမှန်တွေကို
လူထုကို ပို့ဆောင်ပေးနိုင်ဖို့ အမေရိကားဆေးဝါးနှင့်အစားအသောက်ဝန်ကြီးဋ္ဌာန က ကြားဝင်မစစ်ဆေးနိုင်လောက်အောင်
ဆေးဝါးထုတ်လုပ်သူငွေရှင်ကြီးတွေက အောင်မြင်စွာ တားမြစ်ထားနိုင်ကြတယ် ” လို့ ထပ်မံသတိပေးထားပါတယ်။
.
အားဆေးကို
မဟားဒယား စားသူတွေဟာ ဒီလို မသမာတဲ့နည်းလမ်းတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေများခြင်း၊
နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း နဲ့ အသက်တိုစေနိုင်ခြင်းဆိုတာတွေကို သိခွင့်မရတော့ပါဘူး။
သူတို့ဟာ “ အကောင်းဆုံးအားဆေးတွေစားပြီးနေလို့သိပ်ကောင်းနေတယ် ” ဆိုတဲ့ ချိုမြိန်ဒုက္ခနေ့ရက်တွေကို
ကြာရှည်စွာ ခံစားလာရတာကို မရိပ်စားမိကြတော့ပါဘူး။
.
ဒီအကြောင်းအရာတွေသိပြီးတဲ့နောက်မှာ
သိတတ်နားလည်သူတစ်ယောက်က “ အားဆေးသောက်သေးလား
” လို့မေးလာရင် ကြည်လင်ရွင်ပျစွာနဲ့ “ ကျွန်တော် လုံးဝမသောက်တော့ပါဘူး ” လို့ ဖြေနိုင်ပါပြီ။ ဒီအခါမှာ လူအများဟာ ငွေလည်းချွေတာပြီးသား
ဖြစ်နေပြီလေ။
.
.
Ref:
Business Insider
No comments:
Post a Comment