ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, July 20, 2018

ပုဂၢလိကအဂၤလိပ္ေက်ာင္းထားတာဟာ အေျဖတစ္ခုဟုတ္ရဲ႕လား?

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. ရန္ကုန္ေရာက္ေတာ႕ သူငယ္ခ်င္းတစ္ခ်ိဳ႕နဲ႕ေတြ႕တယ္။ ဒီအထဲမွာ အေမရိကားမွာအလုပ္အတူတူလုပ္ခဲ႕သူပါသလို ကြ်န္ေတာ႕စာေတြကုိဖတ္မိျပီး အြန္လိုင္းမိတ္ေဆြဖြဲ႕ခဲ႕သူေတြလည္းပါတယ္။ သတိထားမိတာက အရင္နဲ႕မတူတဲ႕ရန္ကုန္ျမိဳ႕ နဲ႕ အနယ္နယ္အရပ္ရပ္ကမိဘေတြရဲ႕ သူတုိ႕ရဲ႕သားသမီးေတြအေပၚမွာထားတဲ႕ ပညာေရးေမွ်ာ္လင္႕ခ်က္ပါပဲ။
.
. တတ္ႏို္္င္သူအမ်ားစုက မူလတန္းကေလးအရြယ္ကစ အဂၤလိပ္စာသင္တဲ႕ကုိယ္ပုိင္ေက်ာင္းထားၾကတယ္။ အတန္းမွာသင္တဲ႕ျမန္မာစာကုိ အရံစာအေနနဲ႕သင္ေစျပီး ညေနေက်ာင္းဆင္းတဲ႕အခါ အဂၤလိပ္စာက်ဴရွင္ထပ္တက္ေစတာေတြ႕ရတယ္။
.
.
. ဒါ႕အျပင္ ကေလးေတြရဲ႕အိမ္မွာေနတဲ႕စရုိက္ဟာ အိမ္ကလူၾကီးေတြရဲ႕ ၾကမ္းတမ္းတဲ႕စရုိက္၊ လူေနမႈအဆင္႕အတန္း နဲ႕ ကင္းမဲ႕ေနတဲ႕ ကေလးေတြရဲ႕ကစားခြင္႕ေတြၾကားဗ်ာမ်ားျပီး အားလပ္ခ်ိန္မရွိတဲ႕ ဒံုရင္း ဒံုရင္းဘဝကို ဆိုက္ေရာက္ေနရတာကုိ သတိထားမိလို႕ ဒီစာကုိေရးျပီး သတိေပးခ်င္ပါတယ္။
.
. ကေလးငယ္သဘာဝ ေဆာ႕ကစားေနရမယ္႕အစား အုိင္ပက္တစ္လံုးနဲ႕လႊတ္ထားတာ၊ မိဘေတြကို ေက်ာင္းမွာတတ္လာတဲ႕ အဂၤလိပ္စာေတြကို လာသမွ်ဧည္႕သည္ေတြကို ထုတ္ထုတ္ၾကြားရတာေတြက ကေလးေတြရဲ႕ ေတာ္-ေကာင္း-ကြ်မ္းက်င္တဲ႕ကိုယ္ရည္ကိုယ္ေသြးေတြကို မႈန္ခ်ိေအာင္လုပ္ေနရံုမက လူေၾကာက္တတ္ေအာင္ ေျခာက္ေနတာနဲ႕တူပါတယ္။

.
.
. တစ္ခ်ိဳ႕မိဘေတြဟာဆိုရင္ မိမိကုိ လူတစ္ေယာက္ကေျပာျပတာကိုေစာင္႕ေနမယ္႕အစား လက္ကိုင္ဖုန္းေပၚကအင္တာနက္ကုိတက္ျပီး မိနစ္ပိုင္းအတြင္းရွာႏုိင္လာတာကုိ မ်က္ကြယ္ျပဳၾကတယ္။ ေနာက္ဆံုး အနီးအနားကတစ္ေယာက္ကုိ "ဘယ္ႏွစ္နာရီထုိးျပီလဲ?" လို႕ ေမးတတ္ၾကတာ ကိုယ္ေတြ႕ပါပဲ။
.
. ဒီလိုမိဘေတြရဲ႕သားသမီးေတြဟာ သူတုိ႕အိမ္မွာဘယ္လိုေနထုိင္ျပီး ကေလးဘဝကုိဘယ္လိုျဖတ္သန္းရပါသလဲ? . . စိတ္ဝင္စားစရာပါ။ တစ္ခ်ိဳ႕ဆို မိဘရဲ႕အိမ္အလုပ္ကူလုပ္ရတယ္၊ တစ္ခ်ိဳ႕က မိဘ အဖိုးအဖြားေတြကုိ ႏွိပ္နယ္ေပးရတယ္၊ တစ္ခ်ိဳ႕က်ေတာ႕ ေနာက္ဆံုးေပၚလ်ပ္စစ္ပစၥည္း - Gadget ေတြနဲ႕ ႏွစ္ပါးသြားရင္း အိပ္စက္ညေတြကို ေက်ာ္လႊားရပါတယ္။
.
.
. ဘယ္မွာလဲ . . ကေလးေတြရဲ႕ စဥ္းစားေတြးေခၚျခင္းဆိုင္ရာအားလပ္ခ်ိန္? ၊ ဘယ္မွာလဲ . . ကေလးေတြရဲ႕ အုပ္စုဖြဲ႕လုပ္ေဆာင္ျခင္းနဲ႕သတင္းပုိ႕ျခင္းနည္းဗ်ဴဟာ? ၊ ဘယ္မွာလဲ . . ခႏၶာကိုယ္ဖြံ႕ျဖိဳးျခင္းရဲ႕လႈပ္ရွားမႈအတတ္သညာ? ၊ ဘယ္မွာလဲ . . ဖန္တီးမႈတို႕ပံုေဖာ္ရာ တီထြင္ျခင္းအတတ္ပညာ? . . ဒီေလာက္ဆိုရင္ ေငြပုိကုန္ျပီး ကေလးေတြကုိ ပုဂၢလိကေက်ာင္းထားႏုိင္ရံုနဲ႕ အနာဂါတ္ပညာတတ္ၾကီးျဖစ္ႏိုင္ မျဖစ္ႏိုင္ဆိုတာ ဆန္းစစ္ႏုိင္ပါျပီ။
.
. အထက္ပါအရည္အခ်င္းေတြရဖို႕ ျမန္မာေက်ာင္းထားျပီး ေလ႕က်င္႕ေပးႏုိင္ပါတယ္။ အထက္ပါအတိုင္းစဥ္းစားေတြးေခၚတတ္ဖို႕ အစုိးရေက်ာင္းထားျပီး အခ်ိန္ေပးႏုိင္ပါတယ္။ အထက္ပါအတိုင္း အတတ္ပညာေတြပိုင္ဆိုင္ဖို႕ က်ဴရွင္ခ်ိန္ေတြကုိေလွ်ာ႕ခ်ျပီး ေလ႕က်င္႕ေပးသြားႏုိင္ပါတယ္။
.
.
. ဒါေတြကို စီးပြားေရးနဲ႕လံုးပမ္းေနတဲ႕
မိဘေတြကုိသိေစခ်င္တယ္။
ဒီအသံေတြကုိ ကုိယ္ပုိင္ကားစီးႏိုင္တဲ႕
ဝင္ေငြအလည္အလတ္မိဘအလႊာကို
ၾကားေစခ်င္ပါတယ္။
ကေလးေတြ ပညာတတ္ျဖစ္ေစတဲ႕အေၾကာင္းရင္းထဲမွာ
အခ်ိန္ေပးႏိုင္တဲ႕မိဘေတြရဲ႕အခန္းက႑က
အေရးၾကီးတဲ႕အေၾကာင္းကုိ သိေစခ်င္မိပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. ရန္ကုန္တြင္ေရးသည္
. 07-21-2018
.
.
Unicode Version:
.
.
. "ပုဂ္ဂလိကအင်္ဂလိပ်ကျောင်းထားတာဟာ အဖြေတစ်ခုဟုတ်ရဲ့လား?"
. ရန်ကုန်ရောက်တော့ သူငယ်ချင်းတစ်ချို့နဲ့တွေ့တယ်။ ဒီအထဲမှာ အမေရိကားမှာအလုပ်အတူတူလုပ်ခဲ့သူပါသလို ကျွန်တော့စာတွေကိုဖတ်မိပြီး အွန်လိုင်းမိတ်ဆွေဖွဲ့ခဲ့သူတွေလည်းပါတယ်။ သတိထားမိတာက အရင်နဲ့မတူတဲ့ရန်ကုန်မြို့ နဲ့ အနယ်နယ်အရပ်ရပ်ကမိဘတွေရဲ့ သူတို့ရဲ့သားသမီးတွေအပေါ်မှာထားတဲ့ ပညာရေးမျှော်လင့်ချက်ပါပဲ။
.
. တတ်နို််င်သူအများစုက မူလတန်းကလေးအရွယ်ကစ အင်္ဂလိပ်စာသင်တဲ့ကိုယ်ပိုင်ကျောင်းထားကြတယ်။ အတန်းမှာသင်တဲ့မြန်မာစာကို အရံစာအနေနဲ့သင်စေပြီး ညနေကျောင်းဆင်းတဲ့အခါ အင်္ဂလိပ်စာကျူရှင်ထပ်တက်စေတာတွေ့ရတယ်။
.
.
. ဒါ့အပြင် ကလေးတွေရဲ့အိမ်မှာနေတဲ့စရိုက်ဟာ အိမ်ကလူကြီးတွေရဲ့ ကြမ်းတမ်းတဲ့စရိုက်၊ လူနေမှုအဆင့်အတန်း နဲ့ ကင်းမဲ့နေတဲ့ ကလေးတွေရဲ့ကစားခွင့်တွေကြားဗျာများပြီး အားလပ်ချိန်မရှိတဲ့ ဒုံရင်း ဒုံရင်းဘဝကို ဆိုက်ရောက်နေရတာကို သတိထားမိလို့ ဒီစာကိုရေးပြီး သတိပေးချင်ပါတယ်။
.
. ကလေးငယ်သဘာဝ ဆော့ကစားနေရမယ့်အစား အိုင်ပက်တစ်လုံးနဲ့လွှတ်ထားတာ၊ မိဘတွေကို ကျောင်းမှာတတ်လာတဲ့ အင်္ဂလိပ်စာတွေကို လာသမျှဧည့်သည်တွေကို ထုတ်ထုတ်ကြွားရတာတွေက ကလေးတွေရဲ့ တော်-ကောင်း-ကျွမ်းကျင်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကို မှုန်ချိအောင်လုပ်နေရုံမက လူကြောက်တတ်အောင် ခြောက်နေတာနဲ့တူပါတယ်။
.
.
. တစ်ချို့မိဘတွေဟာဆိုရင် မိမိကို လူတစ်ယောက်ကပြောပြတာကိုစောင့်နေမယ့်အစား လက်ကိုင်ဖုန်းပေါ်ကအင်တာနက်ကိုတက်ပြီး မိနစ်ပိုင်းအတွင်းရှာနိုင်လာတာကို မျက်ကွယ်ပြုကြတယ်။ နောက်ဆုံး အနီးအနားကတစ်ယောက်ကို "ဘယ်နှစ်နာရီထိုးပြီလဲ?" လို့ မေးတတ်ကြတာ ကိုယ်တွေ့ပါပဲ။
.
. ဒီလိုမိဘတွေရဲ့သားသမီးတွေဟာ သူတို့အိမ်မှာဘယ်လိုနေထိုင်ပြီး ကလေးဘဝကိုဘယ်လိုဖြတ်သန်းရပါသလဲ? . . စိတ်ဝင်စားစရာပါ။ တစ်ချို့ဆို မိဘရဲ့အိမ်အလုပ်ကူလုပ်ရတယ်၊ တစ်ချို့က မိဘ အဖိုးအဖွားတွေကို နှိပ်နယ်ပေးရတယ်၊ တစ်ချို့ကျတော့ နောက်ဆုံးပေါ်လျပ်စစ်ပစ္စည်း - Gadget တွေနဲ့ နှစ်ပါးသွားရင်း အိပ်စက်ညတွေကို ကျော်လွှားရပါတယ်။
.
.
. ဘယ်မှာလဲ . . ကလေးတွေရဲ့ စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာအားလပ်ချိန်? ၊ ဘယ်မှာလဲ . . ကလေးတွေရဲ့ အုပ်စုဖွဲ့လုပ်ဆောင်ခြင်းနဲ့သတင်းပို့ခြင်းနည်းဗျူဟာ? ၊ ဘယ်မှာလဲ . . ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်းရဲ့လှုပ်ရှားမှုအတတ်သညာ? ၊ ဘယ်မှာလဲ . . ဖန်တီးမှုတို့ပုံဖော်ရာ တီထွင်ခြင်းအတတ်ပညာ? . . ဒီလောက်ဆိုရင် ငွေပိုကုန်ပြီး ကလေးတွေကို ပုဂ္ဂလိကကျောင်းထားနိုင်ရုံနဲ့ အနာဂါတ်ပညာတတ်ကြီးဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ဆန်းစစ်နိုင်ပါပြီ။
.
. အထက်ပါအရည်အချင်းတွေရဖို့ မြန်မာကျောင်းထားပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ အထက်ပါအတိုင်းစဉ်းစားတွေးခေါ်တတ်ဖို့ အစိုးရကျောင်းထားပြီး အချိန်ပေးနိုင်ပါတယ်။ အထက်ပါအတိုင်း အတတ်ပညာတွေပိုင်ဆိုင်ဖို့ ကျူရှင်ချိန်တွေကိုလျှော့ချပြီး လေ့ကျင့်ပေးသွားနိုင်ပါတယ်။
.
.
. ဒါတွေကို စီးပွားရေးနဲ့လုံးပမ်းနေတဲ့
မိဘတွေကိုသိစေချင်တယ်။
ဒီအသံတွေကို ကိုယ်ပိုင်ကားစီးနိုင်တဲ့
ဝင်ငွေအလည်အလတ်မိဘအလွှာကို
ကြားစေချင်ပါတယ်။
ကလေးတွေ ပညာတတ်ဖြစ်စေတဲ့အကြောင်းရင်းထဲမှာ
အချိန်ပေးနိုင်တဲ့မိဘတွေရဲ့အခန်းကဏ္ဍက
အရေးကြီးတဲ့အကြောင်းကို သိစေချင်မိပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်တွင်ရေးသည်
. 07-21-2018

No comments: