ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
.
အေမရိကားကုိေရာက္တာ
( ၅ ) ႏွစ္ေက်ာ္လာျပီျဖစ္တဲ႕ တုိင္းရင္းသူေလးတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ပါ။ သူ ဒီေျမေပၚေျခခ်ခါစမွာ
( ၁၉၉၄ ) ခုႏွစ္ထုတ္ တိုယုိတာ ကိုရိုလာအေဟာင္းေလးတစ္စီး ဝယ္စီးပါတယ္။ မုိင္းလစ္ ( ၂ဝဝဝဝဝ
) ေက်ာ္ေနေပမယ္႕ ကားကေကာင္းေနဆဲ .. ဆြဲေနဆဲပါပဲ။ အဲဒါေလးနဲ႕ပဲ အလုပ္သြား၊ အလုပ္ျပန္၊
ေစ်းသံုး၊ ဗာဟီရကိစၥအကုန္လံုး အဆင္ေျပခဲ႕ရတာ ၾကာခဲ႕ေပါ႕။ ဒါေပမယ္႕ တစ္ေန႕မွာေတာ႕ အဆင္မေျပစရာအျဖစ္အပ်က္ျဖစ္ခဲ႕ပံုက
ဒီလိုပါ ..။
.
သူအလုပ္ေရာက္တဲ႕အထိ
ကားကေကာင္းေနေပမယ္႕ အလုပ္ျပန္လို႕ကားစက္ႏိႈးတဲ႕အခါ ေခါင္းခန္းကေန မီးခုိးေတြအူတက္လာပါတယ္။
ဒါနဲ႕အလုပ္က ျမန္မာေတြထဲကသိသူ၊ တတ္သူေတြကုိေမးျမန္းေပမယ္႕လည္း ေမာင္းလို႕မရခဲ႕ပါဘူး။
ဒီလိုနဲ႕ အဲဒီကားေလးကို သူ႕အိမ္ကိုဘယ္ပံုဘယ္နည္းျပန္သယ္သြားတယ္ဆုိတာ အလုပ္ကလူေတြေသခ်ာမသိခဲ႕ေပမယ္႕
ေနာက္တစ္ပတ္အလုပ္တက္တဲ႕အခ်ိန္မွာ တုိယုိတာ ကုိရုိလာ ( ၂ဝ၁၅ ) ခုႏွစ္ကားသစ္ေလးနဲ႕အလုပ္လာတာကိုေတာ႕
လူေတြအားလံုးသတိထားမိလိုက္ၾကတယ္။ ဟုတ္တယ္ .. သူ ကားအသစ္ဝယ္လုိက္ျပီ။ အေမရိကားမွာအေျခလည္းက်လာျပီမုိ႕
( ၃ ) ႏွစ္ေလာက္အၾကာမွာ ျမန္မာေတြကားအသစ္ဝယ္စီးတဲ႕ဖက္ရွင္ဟာ အသစ္အဆန္းမဟုတ္ေတာ႕ပါဘူး။
.
.
ဒါေပမယ္႕
တုိင္းရင္းသူေလး ရဲ႕ ေမာင္ တိုင္းရင္းေမာင္ေလး မေလးရွားကေန အေမရိကားေရာက္လာတဲ႕အခါ ပစ္ထားတဲ႕ကားအေဟာင္းေလးရဲ႕
ပိုင္ရွင္အသစ္ျဖစ္လာပါတယ္။ သူ႕အတြက္လည္း ေရာက္ခါစျမန္မာေတြၾကံဳရတဲ႕အတိုင္း ေဒၚလာ (
၁ဝဝ ) ေက်ာ္အကုန္ခံျပီး ဝပ္ေရွာ႕ကျပန္ျပင္ျပီးထြက္လာတဲ႕ကားေလးနဲ႕ ဘဝသစ္စၾကျပန္ပါတယ္။
.
ေနာက္ပိုင္ရွင္လက္ထဲမွာလည္း
ကားအေဟာင္းေလးဟာ ဘီးစြမ္းသိပ္မျပလုိက္ရပါဘူး။ လအနည္းငယ္အတြင္းမွာ ဘရိတ္မမိတာကို အေၾကာင္းျပဳျပီး
သူတို႕အိမ္ေရွ႕ေစာင္းေစာင္းေလးက ပလက္ေဖာင္း -
Curb ေဘးမွာ ထုိးထားလုိက္ပါတယ္။ ဒီ႕ေနာက္မွာ အလုပ္ေတြရ၊ သြားရဲ၊ လာရဲ၊ အဂၤလိပ္စကားေျပာရဲတဲ႕
တုိင္းရင္းေမာင္ေလးကလည္း ကားအသစ္တစ္စီးဝယ္လိုက္ျပန္ပါတယ္။
.
လူ
( ၂ ) ေယာက္ကို ကား ( ၃ ) စီး ျဖစ္လာတဲ႕အခါ ကားအေဟာင္းေလးဟာ လမ္းေဘးမွာ ရက္ၾကာၾကာထုိးထားရင္း
ပိုင္ရွင္ေတြက မအားလပ္တာေၾကာင္႕ ရက္အနည္းငယ္ပစ္ထားလိုက္ၾကပါတယ္။ ခက္တာက အေမရိကားလူေနအိမ္ရပ္ကြက္ေတြမွာ
အပတ္စဥ္ ဘယ္ေန႕၊ ဘယ္ရက္ ကတၱရာလမ္းတံမ်က္စည္းလွည္းတယ္ဆိုတာ ရွိပါတယ္။ အဲဒီလုိေန႕ရဲ႕
ဘယ္အခ်ိန္ေတြမွာ ကားမရပ္ရဘူးဆိုတဲ႕အခ်ိန္ကို လမ္းေနလူေတြက မျဖစ္မေန ကားေတြေရႊ႕ေပးၾကရတယ္။
ဒါေပမယ္႕ ကားအသစ္ေတြစီးေနတဲ႕သခင္တို႕ကေမ႕ေနတဲ႕ သံေယာဇဥ္ကားကေလးဟာ လမ္းေဘးမွာရပ္ထားတာ
( ၂ ) ပတ္ေက်ာ္ ၾကာသြားပါတယ္။
.
.
သိေတာ္မူၾကတဲ႕အတိုင္း
အတိုင္အေတာထူျပီး ထစ္ကနဲဆို တရားလြယ္လြယ္စြဲၾကတဲ႕ ဒီမုိကေရစီအိမ္နီးနားခ်င္းေတြက အၾကာၾကီးရပ္ထားတဲ႕ကားကို
သတိထားမိလာၾကတယ္။ တစ္ေန႕မွာေတာ႕ ဒီကားကုိ ( ၇၂ ) နာရီအတြင္းမွမေရႊ႕ရင္ Tow Car နဲ႕
ဆြဲေတာ႕မယ္ဆုိတာကုိ ကားမွန္မွာ ရဲက စာလာကပ္ပါတယ္။ ဒါကို ကားနားကိုမသြားေတာ႕တဲ႕ တုိင္းရင္းသူေလးက
မေတြ႕ပါဘူး။
.
ဒီလိုေနရင္း
ကားကုိ မေရြႊ႕၊ မေရႊ႕ နဲ႕ ( ၄ ) ရက္ေျမာက္တဲ႕ေန႕မွာ ရဲကားေရာက္လာျပီး Tow ကုမၸဏီကုိဖုန္းဆက္ကာ
ကားကုိဆြဲသြားဖို႕လုပ္ပါေတာ႕တယ္။ အလုပ္ကျပန္လာတဲ႕ တုိင္းရင္းသူေလးနဲ႕ တိုက္တိုက္ဆိုင္ဆုိင္ဆံုမိျပီး
ကားကိုေရႊ႕ေပးပါ႕မယ္လုိ႕ေတာင္းပန္ေပမယ္႕ သူ တိုးကားကုိ ေခၚထားျပီးျဖစ္လို႕ မမွီေတာ႕တဲ႕အေၾကာင္း
ရဲကေျပာပါတယ္။ ဒါေၾကာင္႕ ရဲေပးလာတဲ႕ျဖတ္ပိုင္းကို တိုင္းရင္းသူေလးက ေအာင္႕သက္သက္နဲ႕ယူလာခဲ႕ရပါတယ္။
.
ေသာၾကာေန႕ညေနပိုင္းလာဆြဲေတာ႕
ေနာက္တစ္ပတ္အလုပ္တက္ျပီ္းမွသြားေရြးယူမယ္လုိ႕စိတ္ကူးထားတဲ႕ တိုင္းရင္းသူေလးဟာ အဂါၤေန႕အထိမသြားႏုိင္ပဲ
ဖုန္းဆက္လွမ္းေမးေနတုန္းပါ။ တိုးကုမၸဏီက သံေယာဇဥ္ကားကေလးဟာ သူတုိ႕ရပ္နားစခန္းမွာလာေရြးရင္
ေဒၚလာ ( ၄၂ဝ ) ေဆာင္ရမယ္လို႕ ေျပာပါတယ္။ “ အာ .. မ်ားလိုက္တာ ” လို႕ တိုင္းရင္းသူေလးကေျပာျပီး “ ရွင္တုိ႕ကုမၸဏီကုိကားလွဴလုိက္လို႕မရဘူးလား
” လုိ႕ ေမးလိုက္ပါတယ္။
.
“
ရပါတယ္။ အလွဴခံတဲ႕ကားကုမၸဏီကုိဆက္သြယ္ျပီး ဆက္လုပ္ေပးလို႕ရပါတယ္။ ကြ်န္ေတာ္တုိ႕ကုမၸဏီကိုယ္တိုင္ေတာ႕
Junk Car Buyer မဟုတ္ပါဘူး။ ဒါေၾကာင္႕ ကားကုိျပန္လာမေရြးဘူးဆိုရင္ ကားအံုနာဘုတ္ -
Pink Slip ယူလာခဲ႕၊ ေဒၚလာ ( ၆ဝဝ ) ေက်ာ္ ကုန္က်မယ္ ” လို႕ အေၾကာင္းျပန္ပါတယ္။ တိုင္းရင္းသူေလး
ေခါင္းစားသြားပါျပီ။ သိတဲ႕ျမန္မာေတြကုိလုိက္ေမးတယ္ .. ဘယ္သူကားသြားေရြးမလဲ .. အလကားေပးလိုက္မယ္ေပါ႕။
ဒါေပမယ္႕ ဘယ္ကယ္တင္ရွင္မွ မေပၚလာပါဘူး။
.
တုိင္းရင္းသူေလးေနတဲ႕အိမ္ရွင္က
( ၄၂ဝ ) အကုန္ခံျပီး ျပန္ေရြးလာခဲ႕ .. အိမ္ေရွ႕မွာထုိးထားရင္း ျပန္ေရာင္းေပးမယ္လုိ႕ေျပာပါတယ္။
ကားက စက္အကုန္ေကာင္းျပီ္း ဘရိတ္မမိတာတစ္ခုပဲရွိတယ္္လုိ႕ သူတို႕သိထားၾကတာပါ။ အင္ဂ်င္အခ်က္ျပမီး
- Check Light လင္းေနတာက ကားကိုင္တာကြ်မ္းတဲ႕သူေတြအတြက္လြယ္သေလာက္ ကားေမာင္းသူေတြအတြက္ေတာ႕
မေတြ႕ခ်င္ဆံုး အဝါေရာင္မီးလို႕ေျပာရင္ မမွားပါဘူး။
.
.
ဒါေပမယ္႕
“ အခ်ိန္ဟာ ေငြျဖစ္တယ္ ” ဆိုတဲ႕ အေမရိကန္မွာ ဘယ္သူမွအလုပ္အရႈတ္မခံၾကပါဘူး။ ဒါကုိလက္ေတြ႕က်င္႕သံုးလုိက္တဲ႕
တုိင္းရင္းသူေလးဟာ တုိးကုမၸဏီကုိလုိက္သြားျပီး ကားကို ကိစၥတံုးပစ္ဖို႕ဆံုးျဖတ္လိုက္ပါတယ္။
ကားျပန္မသယ္ရဖို႕အေရး .. တုိးကုမၸဏီမွာ ( ၇၂ ) နာရီရပ္နားခ နဲ႕ ကားေရႊ႕ေျပာင္းမႈဝန္ေဆာင္မႈအတြက္
စုစုေပါင္း ေဒၚလာ ( ၆ဝဝ ) ေပးလိုက္ရပါတယ္။ ဒါေတာင္ ရဲစခန္းက အမႈႏႈတ္စာ - Release
Form ဖိုး ေဒၚလာ ( ၂ဝဝ ) ကုိ တုိးကုမၸဏီဘက္က ဘယ္လုိက်ခံလုိက္တယ္ဆုိတာ တုိင္းရင္းသူေလးကိစၥမဟုတ္ေတာ႕ပါဘူး။
.
အခုေတာ႕
ျဖစ္ပ်က္ခဲ႕သမွ်ကိစၥေတြအတြက္လက္မွတ္ - Ticket စာရြက္စာတမ္းေတြအားလံုး တုိင္းရင္းသူေလးလက္ထဲမွာ
အကုန္အစံုရွိပါတယ္။ သူပိုင္ခဲ႕သမွ် သံေယာဇဥ္ကားေလးဟာ စာရြက္စုတ္ေလးေတြျဖစ္သြားပါျပီ။
ကားပိုင္ဆိုင္ေၾကာင္း သက္ေသခံလက္မွတ္ အပန္းေရာင္စာရြက္ေလးလည္း တိုးကုမၸဏီျပဳသမွ်ႏုရေတာ႕မယ္႕အေျခအေနေရာက္ေနပါျပီ။
.
.
သခင္႕အသံုးေတာ္ကို
ၾကံ႕ၾကံ႕ခံသယ္ပိုးေပးခဲ႕တဲ႕ ကားေဟာင္းေလးရဲ႕ကံၾကမၼာကုိ ဘယ္သူမွာၾကိဳမသိႏုိင္ပါဘူး။
ကနဦးပိုင္ရွင္ကေန ပထမပိုင္ရွင္ တိုင္းရင္းသူလက္ထဲေရာက္၊ ေနာက္ေတာ႕ တိုင္းရင္းေမာင္လက္ထဲမွာလည္း
အေမရိကားရဲ႕ကားျပင္ခေစ်းၾကီးတဲ႕စားရိတ္ကို မခံႏုိင္ေတာ႕တဲ႕အဆံုး ကားအသစ္စက္စက္ကိုဝယ္စီးၾကတဲ႕
ေလာကဓံကုိ သံရည္ၾကိဳစက္ေရာက္သြားတဲ႕ သံေယာဇဥ္ကားေလးေလာက္ ဘယ္သူကသိၾကမွာတုန္း။
.
(
၁၅ဝဝ ) နဲ႕ ေငြလက္ငင္းေပးဝယ္ခဲ႕တဲ႕ သံေယာဇဥ္ကားေလးထက္ ( ၁၅ဝဝဝ ) နဲ႕ အေၾကြးဝယ္ရတဲ႕
ကားအသစ္ေတြက အေမရိကားရဲ႕ ဖရီးေဝးလမ္းေတြေပၚမွာ ရႊီးကနဲတစ္စီး .. ဒုိင္းကနဲတစ္စီး
.. သြားေနၾကဆဲ..။
.
.
(
ဝန္ခံခ်က္ ။။။။။။။။။။ ကာယကံရွင္တုိ္င္းရင္းသူေလးေျပာျပေသာအခ်က္အလက္မ်ားျဖင္႕ သံေယာဇဥ္ကားေလးေဆာင္းပါးကုိ
ေရးဖြဲ႕ပါသည္ )
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-18-2015
.
.
.
Myanmar
Unicode Version:
.
.
“ သံယောဇဉ်ကားလေးရဲ့ဒဏ္ဍာရီ
”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
အမေရိကားကိုရောက်တာ
( ၅ ) နှစ်ကျော်လာပြီဖြစ်တဲ့ တိုင်းရင်းသူလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ပါ။ သူ ဒီမြေပေါ်ခြေချခါစမှာ
( ၁၉၉၄ ) ခုနှစ်ထုတ် တိုယိုတာ ကိုရိုလာအဟောင်းလေးတစ်စီး ဝယ်စီးပါတယ်။ မိုင်းလစ် ( ၂ဝဝဝဝဝ
) ကျော်နေပေမယ့် ကားကကောင်းနေဆဲ .. ဆွဲနေဆဲပါပဲ။ အဲဒါလေးနဲ့ပဲ အလုပ်သွား၊ အလုပ်ပြန်၊
ဈေးသုံး၊ ဗာဟီရကိစ္စအကုန်လုံး အဆင်ပြေခဲ့ရတာ ကြာခဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ အဆင်မပြေစရာအဖြစ်အပျက်ဖြစ်ခဲ့ပုံက
ဒီလိုပါ ..။
.
သူအလုပ်ရောက်တဲ့အထိ
ကားကကောင်းနေပေမယ့် အလုပ်ပြန်လို့ကားစက်နှိုးတဲ့အခါ ခေါင်းခန်းကနေ မီးခိုးတွေအူတက်လာပါတယ်။
ဒါနဲ့အလုပ်က မြန်မာတွေထဲကသိသူ၊ တတ်သူတွေကိုမေးမြန်းပေမယ့်လည်း မောင်းလို့မရခဲ့ပါဘူး။
ဒီလိုနဲ့ အဲဒီကားလေးကို သူ့အိမ်ကိုဘယ်ပုံဘယ်နည်းပြန်သယ်သွားတယ်ဆိုတာ အလုပ်ကလူတွေသေချာမသိခဲ့ပေမယ့်
နောက်တစ်ပတ်အလုပ်တက်တဲ့အချိန်မှာ တိုယိုတာ ကိုရိုလာ ( ၂ဝ၁၅ ) ခုနှစ်ကားသစ်လေးနဲ့အလုပ်လာတာကိုတော့
လူတွေအားလုံးသတိထားမိလိုက်ကြတယ်။ ဟုတ်တယ် .. သူ ကားအသစ်ဝယ်လိုက်ပြီ။ အမေရိကားမှာအခြေလည်းကျလာပြီမို့
( ၃ ) နှစ်လောက်အကြာမှာ မြန်မာတွေကားအသစ်ဝယ်စီးတဲ့ဖက်ရှင်ဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။
.
.
ဒါပေမယ့်
တိုင်းရင်းသူလေး ရဲ့ မောင် တိုင်းရင်းမောင်လေး မလေးရှားကနေ အမေရိကားရောက်လာတဲ့အခါ ပစ်ထားတဲ့ကားအဟောင်းလေးရဲ့
ပိုင်ရှင်အသစ်ဖြစ်လာပါတယ်။ သူ့အတွက်လည်း ရောက်ခါစမြန်မာတွေကြုံရတဲ့အတိုင်း ဒေါ်လာ
( ၁ဝဝ ) ကျော်အကုန်ခံပြီး ဝပ်ရှော့ကပြန်ပြင်ပြီးထွက်လာတဲ့ကားလေးနဲ့ ဘဝသစ်စကြပြန်ပါတယ်။
.
နောက်ပိုင်ရှင်လက်ထဲမှာလည်း
ကားအဟောင်းလေးဟာ ဘီးစွမ်းသိပ်မပြလိုက်ရပါဘူး။ လအနည်းငယ်အတွင်းမှာ ဘရိတ်မမိတာကို အကြောင်းပြုပြီး
သူတို့အိမ်ရှေ့စောင်းစောင်းလေးက ပလက်ဖောင်း -
Curb ဘေးမှာ ထိုးထားလိုက်ပါတယ်။ ဒီ့နောက်မှာ အလုပ်တွေရ၊ သွားရဲ၊ လာရဲ၊ အင်္ဂလိပ်စကားပြောရဲတဲ့
တိုင်းရင်းမောင်လေးကလည်း ကားအသစ်တစ်စီးဝယ်လိုက်ပြန်ပါတယ်။
.
လူ
( ၂ ) ယောက်ကို ကား ( ၃ ) စီး ဖြစ်လာတဲ့အခါ ကားအဟောင်းလေးဟာ လမ်းဘေးမှာ ရက်ကြာကြာထိုးထားရင်း
ပိုင်ရှင်တွေက မအားလပ်တာကြောင့် ရက်အနည်းငယ်ပစ်ထားလိုက်ကြပါတယ်။ ခက်တာက အမေရိကားလူနေအိမ်ရပ်ကွက်တွေမှာ
အပတ်စဉ် ဘယ်နေ့၊ ဘယ်ရက် ကတ္တရာလမ်းတံမျက်စည်းလှည်းတယ်ဆိုတာ ရှိပါတယ်။ အဲဒီလိုနေ့ရဲ့
ဘယ်အချိန်တွေမှာ ကားမရပ်ရဘူးဆိုတဲ့အချိန်ကို လမ်းနေလူတွေက မဖြစ်မနေ ကားတွေရွှေ့ပေးကြရတယ်။
ဒါပေမယ့် ကားအသစ်တွေစီးနေတဲ့သခင်တို့ကမေ့နေတဲ့ သံယောဇဉ်ကားကလေးဟာ လမ်းဘေးမှာရပ်ထားတာ
( ၂ ) ပတ်ကျော် ကြာသွားပါတယ်။
.
.
သိတော်မူကြတဲ့အတိုင်း
အတိုင်အတောထူပြီး ထစ်ကနဲဆို တရားလွယ်လွယ်စွဲကြတဲ့ ဒီမိုကရေစီအိမ်နီးနားချင်းတွေက အကြာကြီးရပ်ထားတဲ့ကားကို
သတိထားမိလာကြတယ်။ တစ်နေ့မှာတော့ ဒီကားကို ( ၇၂ ) နာရီအတွင်းမှမရွှေ့ရင် Tow Car နဲ့
ဆွဲတော့မယ်ဆိုတာကို ကားမှန်မှာ ရဲက စာလာကပ်ပါတယ်။ ဒါကို ကားနားကိုမသွားတော့တဲ့ တိုင်းရင်းသူလေးက
မတွေ့ပါဘူး။
.
ဒီလိုနေရင်း
ကားကို မရွှေ့၊ မရွှေ့ နဲ့ ( ၄ ) ရက်မြောက်တဲ့နေ့မှာ ရဲကားရောက်လာပြီး Tow ကုမ္ပဏီကိုဖုန်းဆက်ကာ
ကားကိုဆွဲသွားဖို့လုပ်ပါတော့တယ်။ အလုပ်ကပြန်လာတဲ့ တိုင်းရင်းသူလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံမိပြီး
ကားကိုရွှေ့ပေးပါ့မယ်လို့တောင်းပန်ပေမယ့် သူ တိုးကားကို ခေါ်ထားပြီးဖြစ်လို့ မမှီတော့တဲ့အကြောင်း
ရဲကပြောပါတယ်။ ဒါကြောင့် ရဲပေးလာတဲ့ဖြတ်ပိုင်းကို တိုင်းရင်းသူလေးက အောင့်သက်သက်နဲ့ယူလာခဲ့ရပါတယ်။
.
သောကြာနေ့ညနေပိုင်းလာဆွဲတော့
နောက်တစ်ပတ်အလုပ်တက်ပ်ြီးမှသွားရွေးယူမယ်လို့စိတ်ကူးထားတဲ့ တိုင်းရင်းသူလေးဟာ အဂါၤနေ့အထိမသွားနိုင်ပဲ
ဖုန်းဆက်လှမ်းမေးနေတုန်းပါ။ တိုးကုမ္ပဏီက သံယောဇဉ်ကားကလေးဟာ သူတို့ရပ်နားစခန်းမှာလာရွေးရင်
ဒေါ်လာ ( ၄၂ဝ ) ဆောင်ရမယ်လို့ ပြောပါတယ်။ “ အာ .. များလိုက်တာ ” လို့ တိုင်းရင်းသူလေးကပြောပြီး “ ရှင်တို့ကုမ္ပဏီကိုကားလှူလိုက်လို့မရဘူးလား
” လို့ မေးလိုက်ပါတယ်။
.
“ ရပါတယ်။ အလှူခံတဲ့ကားကုမ္ပဏီကိုဆက်သွယ်ပြီး
ဆက်လုပ်ပေးလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီကိုယ်တိုင်တော့ Junk Car Buyer မဟုတ်ပါဘူး။
ဒါကြောင့် ကားကိုပြန်လာမရွေးဘူးဆိုရင် ကားအုံနာဘုတ် - Pink Slip ယူလာခဲ့၊ ဒေါ်လာ (
၆ဝဝ ) ကျော် ကုန်ကျမယ် ” လို့ အကြောင်းပြန်ပါတယ်။ တိုင်းရင်းသူလေး ခေါင်းစားသွားပါပြီ။
သိတဲ့မြန်မာတွေကိုလိုက်မေးတယ် .. ဘယ်သူကားသွားရွေးမလဲ .. အလကားပေးလိုက်မယ်ပေါ့။ ဒါပေမယ့်
ဘယ်ကယ်တင်ရှင်မှ မပေါ်လာပါဘူး။
.
တိုင်းရင်းသူလေးနေတဲ့အိမ်ရှင်က
( ၄၂ဝ ) အကုန်ခံပြီး ပြန်ရွေးလာခဲ့ .. အိမ်ရှေ့မှာထိုးထားရင်း ပြန်ရောင်းပေးမယ်လို့ပြောပါတယ်။
ကားက စက်အကုန်ကောင်းပ်ြီး ဘရိတ်မမိတာတစ်ခုပဲရှိတယ်လို့ သူတို့သိထားကြတာပါ။ အင်ဂျင်အချက်ပြမီး
- Check Light လင်းနေတာက ကားကိုင်တာကျွမ်းတဲ့သူတွေအတွက်လွယ်သလောက် ကားမောင်းသူတွေအတွက်တော့
မတွေ့ချင်ဆုံး အဝါရောင်မီးလို့ပြောရင် မမှားပါဘူး။
.
.
ဒါပေမယ့်
“ အချိန်ဟာ ငွေဖြစ်တယ် ” ဆိုတဲ့ အမေရိကန်မှာ ဘယ်သူမှအလုပ်အရှုတ်မခံကြပါဘူး။ ဒါကိုလက်တွေ့ကျင့်သုံးလိုက်တဲ့
တိုင်းရင်းသူလေးဟာ တိုးကုမ္ပဏီကိုလိုက်သွားပြီး ကားကို ကိစ္စတုံးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ကားပြန်မသယ်ရဖို့အရေး .. တိုးကုမ္ပဏီမှာ ( ၇၂ ) နာရီရပ်နားခ နဲ့ ကားရွှေ့ပြောင်းမှုဝန်ဆောင်မှုအတွက်
စုစုပေါင်း ဒေါ်လာ ( ၆ဝဝ ) ပေးလိုက်ရပါတယ်။ ဒါတောင် ရဲစခန်းက အမှုနှုတ်စာ -
Release Form ဖိုး ဒေါ်လာ ( ၂ဝဝ ) ကို တိုးကုမ္ပဏီဘက်က ဘယ်လိုကျခံလိုက်တယ်ဆိုတာ တိုင်းရင်းသူလေးကိစ္စမဟုတ်တော့ပါဘူး။
.
အခုတော့
ဖြစ်ပျက်ခဲ့သမျှကိစ္စတွေအတွက်လက်မှတ် - Ticket စာရွက်စာတမ်းတွေအားလုံး တိုင်းရင်းသူလေးလက်ထဲမှာ
အကုန်အစုံရှိပါတယ်။ သူပိုင်ခဲ့သမျှ သံယောဇဉ်ကားလေးဟာ စာရွက်စုတ်လေးတွေဖြစ်သွားပါပြီ။
ကားပိုင်ဆိုင်ကြောင်း သက်သေခံလက်မှတ် အပန်းရောင်စာရွက်လေးလည်း တိုးကုမ္ပဏီပြုသမျှနုရတော့မယ့်အခြေအနေရောက်နေပါပြီ။
.
.
သခင့်အသုံးတော်ကို
ကြံ့ကြံ့ခံသယ်ပိုးပေးခဲ့တဲ့ ကားဟောင်းလေးရဲ့ကံကြမ္မာကို ဘယ်သူမှာကြိုမသိနိုင်ပါဘူး။
ကနဦးပိုင်ရှင်ကနေ ပထမပိုင်ရှင် တိုင်းရင်းသူလက်ထဲရောက်၊ နောက်တော့ တိုင်းရင်းမောင်လက်ထဲမှာလည်း
အမေရိကားရဲ့ကားပြင်ခဈေးကြီးတဲ့စားရိတ်ကို မခံနိုင်တော့တဲ့အဆုံး ကားအသစ်စက်စက်ကိုဝယ်စီးကြတဲ့
လောကဓံကို သံရည်ကြိုစက်ရောက်သွားတဲ့ သံယောဇဉ်ကားလေးလောက် ဘယ်သူကသိကြမှာတုန်း။
.
(
၁၅ဝဝ ) နဲ့ ငွေလက်ငင်းပေးဝယ်ခဲ့တဲ့ သံယောဇဉ်ကားလေးထက် ( ၁၅ဝဝဝ ) နဲ့ အကြွေးဝယ်ရတဲ့
ကားအသစ်တွေက အမေရိကားရဲ့ ဖရီးဝေးလမ်းတွေပေါ်မှာ ရွှီးကနဲတစ်စီး .. ဒိုင်းကနဲတစ်စီး
.. သွားနေကြဆဲ..။
.
.
(
ဝန်ခံချက် ။။။။။။။။။။ ကာယကံရှင်တ်ိုင်းရင်းသူလေးပြောပြသောအချက်အလက်များဖြင့် သံယောဇဉ်ကားလေးဆောင်းပါးကို
ရေးဖွဲ့ပါသည် )
.
ခင်မင်ခြင်းများစွာဖြင့်
.
09-18-2015
.“ သံေယာဇဥ္ကားေလးရဲ႕ဒ႑ာရီ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ စက္တင္ဘာလ ( ၁၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၂ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။
No comments:
Post a Comment