ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, June 13, 2015

ဆရာဝန္ ( ၂ ) ဦးကိုေျပာျပခ်င္ပါသည္။ အပိုင္း ( ၂ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ေနာက္တစ္ဦးေျပာလာတဲ႕ဆရာဝန္ေလးက အသက္ ( ၂၆ ) ႏွစ္ခန္႕ရွိတဲ႕ သြားႏွင္႕ခံတြင္းဆုိင္ရာဆရာဝန္ ျဖစ္ပါတယ္။ ကိုယ္ပိုင္ေဆးခန္းနဲ႕ ပံုမွန္ထက္ျမင္႕တဲ႕ဝင္ေငြရွိသူျဖစ္ျပီး လူမႈေရးဝင္ဆန္႕သူလို႕ မွန္းဆရပါတယ္။ ေပါင္းသင္းဆက္ဆံေရးမွာ အထူးေကာင္းမြန္သလို အလႊာစံုေပါင္းသင္းတတ္သူတစ္ေယာက္လို႕ ကြ်န္ေတာ္သိေနသလို ခံစားရပါတယ္။ အစိုးရဝန္ထမ္းအလုပ္ကို မခံုမင္သလို ဘဝတူသူငယ္ခ်င္းေတြကေတာ႕ အေမရိကန္ထီေပါက္ျပီး DV ျပည္ဝင္ခြင္႕နဲ႕ အေမရိကန္မွာ ေဆးေက်ာင္းဆက္ဖတ္ေနသူေတြရွိတယ္ဆုိတာ သူ႕စာအရ သိရတယ္။
.
တစ္ေလာက ကြ်န္ေတာ္ေရးတဲ႕ “ ျမန္မာႏိုင္ငံကဝင္ေငြနဲ႕တြက္ခ်က္လာဖို႕လိုတယ္ သူငယ္ခ်င္း ” ေဆာင္းပါးကိုဖတ္ျပီး သြားဆရာဝန္ေလးက ေတြေဝသြားပါသတဲ႕..။ သူတစ္ေယာက္ထဲ နယ္ကိုမျပန္ပဲ ရန္ကုန္မွာ သမာအာဇီဝ ေဆးကုစားတာ ( ၈ ) သိန္း နဲ႕ ( ၁ဝ ) သိန္းၾကားရတယ္ဆိုေတာ႕ ဒီဝင္ေငြကိုစြန္႕ျပီး ႏုိင္ငံျခားပဲသြားရမလား? လက္ရွိအမိေျမမွာ လူနာၾကည္႕ျပီး တင္းတိမ္ေနရမလားဆိုတဲ႕ အေတြးမ်ားစြာျဖစ္ေပၚေစပါတယ္လို႕ ေျပာလာပါတယ္။ ကြ်န္ေတာ႕ေဆာင္းပါးထဲမွာ အရင္ ကြ်န္ေတာ္မလာခင္ အစ္မတစ္ေယာက္က ျမန္မာႏိုင္ငံမွာ ဝင္ေငြ သိန္း ( ၂ဝ ) ရွိရင္ အေမရိကားမလာနဲ႕လို႕ေျပာထားတာ ရွိေနတာကိုုး။
.
.
အဲဒီေဆာင္းပါးထဲမွာရွင္းျပျပီးသားျဖစ္လို႕ အက်ယ္တဝင္႕မေျပာလုိေတာ႕ပါ။ ခ်င္႕ခ်ိန္ျပထားတဲ႕ Graph တစ္ခုက လူတိုင္းနဲ႕ကိုက္ညီဖုိ႕ အမွန္တကယ္မလြယ္ကူတာသိသိၾကီးနဲ႕ ေစတနာအေလ်ာက္ တင္ျပထားျခင္းသာျဖစ္ပါတယ္။ အခု သြားဆရာဝန္ေလးေျပာတဲ႕ သူ႕တစ္လဝင္ေငြက ျမန္မာႏုိင္ငံမွာ တစ္ေယာက္ထဲပုိက္ဆံရွာျပီး တစ္အိမ္ေထာင္စုလံုးဝုိင္းစားေသာက္ႏုိင္ေပမယ္႕ အေမရိကားမွာ အိမ္ငွားခေတာင္ေပးလို႕မေလာက္ေသးပါဘူး။ စားဖို႕၊ ဝတ္ဖို႕၊ သြားဖို႕ လာဖုိ႕လိုအပ္ခ်က္ေတြျဖည္႕ဆည္းရဦးမယ္ေလ။
.
ေနာက္တစ္ခု သူ႕အေျပာအရ သူ႕မိသားစုနဲ႕အတူ ေျမအေရာင္းအဝယ္လုပ္တယ္လို႕ သိရတယ္။ ဘာလိုင္စင္မွမလို၊ ဘယ္လိုကြ်မ္းက်င္မႈမွမလို၊ နာမည္မေဖာက္၊ အခြန္တိတိက်က်မေဆာင္ပဲ ေျမ ဝယ္/ေရာင္း ဆိုတာ ျမန္မာႏုိင္ငံမွာပဲ အဆင္ေျပပါလိမ္႕မယ္။ ေငြေဖာင္းပြလြယ္သေလာက္ ေငြကိုေငြနဲ႕ရင္းျပီး တိုးရင္းစားလိုက္ႏုိင္တဲ႕ထဲမွာ အေမရိကားမပါတာ သိထားသင္႕ပါတယ္။ ေရာက္တာၾကာျပီးအေျခက်ေနသူ ကုန္သည္ေတြ၊ ကုမၸဏီပိုင္ရွင္ေတြ၊ ကိုယ္ပိုင္လုပ္ငန္းရွင္ေတြ အေမရိကားမွာ ကိုယ္ပိုင္လုပ္ငန္းမလုပ္သာပဲ ဝန္ထမ္းဘဝနဲ႕ ႏွစ္သိမ္႕ေနရတာနဲ႕တင္ ဒီအခ်က္ကို သက္ေသခံႏိုင္ပါတယ္။

.
.
သူကေျပာထားပါေသးတယ္ “ ဘယ္လိုပဲျဖစ္ျဖစ္ အေမရိကားကေတာ႕ ရန္ကုန္ထက္ ၾကိဳးစားရင္ အမ်ားၾကီးသာလြန္ႏိုင္တာပဲ။ အဆင္ေျပေနတဲ႕ ျမန္မာႏိုင္ငံက Dentist ေတြ၊ တစ္ျခားပညာရွင္ေတြလဲ ေတြ႕ရတာပဲ ”
.
“ အေမရိကားမွာ Dentist မျဖစ္ရင္ေတာင္ Assistant တုိ႕ Hygienist တုိ႕ေလာက္ျဖစ္လဲ ဝင္ေငြ မဆိုးဘူးထင္ပါတယ္ ” လို႕ သူျမင္ပါတယ္။ ဒီအတိုင္း တစ္ကယ္ျဖစ္လာရင္ေတာ႕ ဝင္ေငြေတာ္ေတာ္ေကာင္းမွာပါ။ ဒါေပမယ္႕ ဒီအဆင္႕ကိုတက္လွမ္းဖို႕ရာ ေက်ာင္းတက္ဖုိ႕ကိစၥ၊ ေနရာထုိင္ခင္းေရြးခ်ယ္မႈကိစၥ၊ ရန္ကုန္ကလုပ္ငန္းကိုျပစ္ခ်လာျပီး အေမရိကားမွာ ဘဝကို တစ္ကေနျပန္စဖုိ႕ကိစၥက ျမန္မာႏိုင္ငံကထြက္လာျပီးသူမ်ား မလြဲမေသြၾကံဳရမယ္႕ အခက္အခဲ - Obstacle တစ္ခုျဖစ္ပါတယ္။
.
ဒီေနရာမွာ အခက္အခဲ - Difficulty လို႕မသံုးတာအေၾကာင္းရွိပါတယ္။ Difficulty ဆုိတာ ၾကိဳသိေနရလ်က္ ခက္ခက္ခဲခဲလုပ္ရတာလို႕ နားလည္ထားပါတယ္။ Obstacle ရဲ႕ သေဘာသဘာဝအရ မေမွ်ာ္လင္႕ပဲ နဖူးေတြ႕ ဒူးေတြ႕၊ ၾကံဳမွသိ ထိမွနာ ဒုကၡၾကာရွည္ႏိုင္တာမို႕ စာမ်ားမ်ားဖတ္ျပီး သိတတ္နားလည္သူေတြထံက နည္းနာခံယူဖို႕ အေသအခ်ာတုိက္တြန္းလိုပါတယ္။
.
.
သြားဆရာဝန္ေလးရဲ႕အဖြားရဲ႕ အမ်ိဳးတစ္ခ်ိဳ႕ အေမရိကားကို သူမေမြးခင္ကတည္းက အေျခခ်ေနထုိင္တာရွိတယ္လို႕ ေျပာျပတယ္။ ဒါေပမယ္႕ သူတို႕မအားလပ္လို႕ ေသခ်ာမရွင္းျပႏုိင္သလို အဆက္အသြယ္သိပ္မရွိလွဘူးလို႕ သိရျပန္တယ္။ ပြင္႕ပြင္႕လင္းလင္းေျပာရရင္ အေမရိကားေရာက္ရင္ “ မအားလပ္ အခ်ိန္မေပးတတ္တဲ႕ - Always Busy ” အက်င္႕ စြဲကပ္လာၾကပါတယ္။
ဘဝေပးအေျခအေနအရေရာ၊ အိမ္မႈကိစၥအားလံုးကုိယ္တုိင္ကိုယ္က်လုပ္ရတဲ႕အတြက္ေၾကာင္႕ေရာ ဒီပံုစံေတြျဖစ္ကုန္ၾကတယ္။ သူတုိ႕အေျပာအရ ျမန္မာႏုိင္ငံ႕လူေတြကအားတယ္ .. ငါတို႕ကမအားဘူးတဲ႕ေလ..။
.
.
သူက DV ကံစမ္းမဲတင္တာ ( ၃ ) ႏွစ္ရွိပါျပီ မေပါက္ေသးပါဘူး။ ကံေကာင္းတဲ႕သူ႕သူငယ္ခ်င္းတစ္ခ်ိဳ႕က အေမရိကားမွာ သြားနဲ႕ခံတြင္း - Dental ေက်ာင္း ျပန္တက္ဖုိ႕ ျပင္ဆင္ေနၾကတယ္လို႕ သူေျပာျပတယ္။
.
“ NBDE Exam ေျဖေနသူေတြလည္းရွိပါတယ္။ NBDE ျပီးရင္ TOEFL အမွတ္ နဲ႕ DDS ေနာက္ဆံုးႏွစ္ကို ( ၁ ) ႏွစ္ သို႕မဟုတ္ ( ၂ ) ႏွစ္ တက္ရတယ္လုိ႕ အၾကမ္းဖ်င္းသိရတယ္။ ဒါကလည္း ကိုယ္တက္တဲ႕ တကၠသိုလ္ေပၚမူတည္ပါတယ္ ” ဆုိျပီး သူသိထားတာကို အႏုစိတ္ရွင္းျပတယ္။
.
ဒါကိုၾကည္႕ျပီး ဒီသြားဆရာဝန္ေလးဟာ သူဘာလုပ္ရမယ္ဆုိတာ သူေသေသခ်ာခ်ာသိေနတာနဲ႕တင္ ကြ်န္ေတာ္ ၾကိတ္ျပီး ခ်ီးက်ဴးေနမိပါတယ္။ သူနဲ႕ဘဝအေျခအေန အလုပ္အကိုင္တူတဲ႕ အေမရိကန္ေရာက္သူငယ္ခ်င္းကိုေမးၾကည္႕ေတာ႕ သူေျပာတာ အားလံုးကြက္တိပဲ။ သြားဖက္ဆိုင္ရာဆရာဝန္လိုင္းဝင္ခြင္႕စာေမးပြဲကို Step 2 Entrance လို႕ေခၚတယ္ဆိုတာ မပါတာကလြဲရင္ သူအားလံုးသိေနတယ္။ အားလံုးလည္းမွန္တယ္။ ဒါေၾကာင္႕မုိ႕ ဒီေနရာမွာ ကြ်န္ေတာ႕အေနနဲ႕ အတိအက်လိုက္ေရးမေနေတာ႕ပဲ သူ႕အခ်က္အလက္နဲ႕တင္ ေက်နပ္ရပါတယ္။
.
.
“ အေမရိကားေရာက္ေရာက္ခ်င္းေတာ႕ ျမန္မာႏုိင္ငံမွာလုိမဟုတ္ပဲ ပင္ပန္းဆင္းရဲမွာ၊ ေအာက္ေျခသိမ္းက စလုပ္ရမွာ၊ ရုန္းကန္ - Struggle ရမွာ သိပါတယ္ ”
.
“ ဒါေပမယ္႕ ျမန္မာႏုိင္ငံမွာထက္ လူေနမႈအဆင္႕အတန္းျမင္႕ျပီး ဘဝအာမခံခ်က္ရွိတဲ႕ အလုပ္အကိုင္ဝင္ေငြေကာင္းေကာင္းနဲ႕ ပညာေရးစံနစ္ေကာင္းေကာင္းရွိတဲ႕ အေမရိကားမွာ အေျခခ်ေနထုိင္ေနသူေတြရဲ႕ မိသားစုဘဝမ်ိဳးကို တစ္ကယ္အားက်မိတယ္ ”
.
“ ကြ်န္ေတာ႕အထင္ေပါ႕ေနာ္ .. အလည္အပတ္ဗီဆာ နဲ႕လာရင္ ဘာမွမထူးဘူးထင္တယ္။ ေက်ာင္းသားဗီဆာနဲ႕ေက်ာင္းလာတက္ရေလာက္ေအာင္လည္း ေငြေၾကးအင္အားက မေတာင္႕တင္းပါ။ စာသင္ဆု စေကာလားရွစ္ေတြလိုက္ၾကည္႕ေတာ႕လည္း Leadership တို႕၊ Cultural တုိ႕ နဲ႕ Linguistic တို႕နဲ႕ပတ္သက္ျပီးေပးတာပဲေတြ႕ရတယ္ ”
.
“ ဒီေတာ႕ အေမရိကားမွာ အေျခခ်ေနထုိင္ဖို႕ DV အျပင္ဘယ္လုိလုပ္ရင္ ရႏုိင္မလဲ။ အစ္ကုိအားရင္ အေၾကာင္းျပန္ေပးမယ္လုိ႕ ယူဆပါတယ္ ” လုိ႕ ရင္ဖြင္႕ထားပါတယ္။
.
.
သူ႕ေမးခြန္းေတြဟာ ဖတ္ၾကည္႕လိုက္ရင္ သာမန္လို႕ထင္ရေပမယ္႕ မနည္းမေနာေလ႕လာထားတယ္ဆုိတာ သိသာတယ္။ ေမးခြန္းေတြမွာ အေျဖတြဲလ်က္ပါေနတယ္။ ပုစၦာေတြမွာ စဥ္စားပံု၊ စဥ္းစားနည္း ကပ္လိုက္လာေနတယ္။ ထူးျခားတဲ႕ေမးခြန္းျဖစ္ေနသလုိ ေျဖစရာမလိုေလာက္ေအာင္ျပည္႕စံုတဲ႕အျပင္ တုိင္းျပည္အတြက္အားကိုးရတဲ႕ လူငယ္တစ္ေယာက္အျဖစ္ ရႈျမင္ရလုိ႕ ျမန္မာႏုိင္ငံအတြက္ အင္မတန္ဝမ္းေျမာက္မိပါတယ္။
.
.
သိသေလာက္ေျဖရရင္ အေမရိကန္အစိုးရ တရားဝင္စာမ်က္ႏွာအရ မိသားစုအေၾကာင္းျပဳ - Family Based ေျပာင္းေရႊ႕ေနထုိင္ခြင္႕ရွိသူအားလံုးကို New Immigrant လို႕ သတ္မွတ္ပါတယ္။ လာေရာက္ခြင္႕ရွိသူေတြကုိေခၚဖုိ႕ ဒီႏိုင္ငံကေန “ ေခၚႏိုင္သူ - Petitioner ” အတန္းအစား ( ၂ ) မ်ိဳးခြဲထားျပန္တယ္။
.
ပထမ အေမရိကန္ႏိုင္ငံသားခံယူျပီးသား U.S. Citizen ကေန
.
1.. အိမ္ေထာင္ဖက္ - Spouse
.
2.. သား သို႕မဟုတ္ သမီး
.
3.. မိဘ
.
4.. ေမာင္ႏွမသားခ်င္း တို႕ျဖစ္ျပီး
.
.
ဒုတိယ Green Card ကိုင္ေဆာင္သူ - A U.S Lawful Permanent Resident က
.
1.. အိမ္ေထာင္ဖက္
.
2.. အိမ္ေထာင္မက်ေသးတဲ႕ သား သို႕မဟုတ္ သမီး .. စတာေတြကို ေခၚဖို႕ အမႈတြဲေလွ်ာက္္ခြင္႕ရွိပါတယ္။
.
.
ဒါေပမယ္႕ ဒီတရားဝင္ကိစၥေတြထဲမွာ သြားဆရာဝန္ေလးေျပာတဲ႕ DV နဲ႕လာႏုိင္တဲ႕ Status ကိုထပ္ျဖည္႕ရပါမယ္။
.
အေမရိကန္ေဒၚလာ ( ၁ ) သန္း လက္ဝယ္ျပႏုိင္ရင္ ေနထုိင္ခြင္႕ - Green Card ထုတ္ေပးတယ္ဆုိတာလည္း ရွိပါေသးတယ္။
.
.
သို႕ေသာ္လည္း ဒီအေျခအေနေတြက လူတိုင္းနဲ႕မနီးစပ္ၾကေတာ႕ နားထဲဝင္ ဘဝင္မက်ၾကပါဘူး။ ေရာက္ျပီးသားလူေတြကလည္း ျမန္မာႏုိင္ငံကေမးသူေတြကုိ ေသခ်ာမရွင္းျပၾကတာေၾကာင္႕ ခက္ဆစ္ပေဟဠိအေနနဲ႕ ေမးခြန္းဆက္ေနပါတယ္။
.
အေမရိကန္ႏိုင္ငံကုမၸဏီတစ္ခုခုက ကိုယ္႕ကုိအလုပ္ခန္႕ဖို႕ ( ကုိယ္႕မွာရွိတဲ႕အရည္အခ်င္းကို ကုမၸဏီက လိုခ်င္တဲ႕အခါမ်ိဳးမွာ ) အလုပ္ခန္႔ဗီဆာ ထုတ္ေပးပါတယ္။ သက္တမ္းအရွိေနရင္း Green Card ေလွ်ာက္လို႕ရပါတယ္။ ဒီလိုဗီဆာမ်ိဳးေတြကုိ တကၠသိုလ္ေက်ာင္းေတြကလည္း ထုတ္ေပးတယ္ဆိုတာသိရလို႕ လုိခ်င္ရင္ ေသခ်ာစံုစမ္းသင္႕ပါတယ္။
.
ေနာက္ထပ္တရားဝင္လာဖုိ႕က အေမရိကန္ႏုိင္ငံသားခံယူထားျပီးသူတစ္ေယာက္ေယာက္နဲ႕လက္ထပ္လုိက္တာက အလြယ္ကူဆံုးပါပဲ။ ျမန္လည္းျမန္သလို ေသခ်ာသေလာက္ရွိတယ္လို႕ လတ္တေလာမဂၤလာေဆာင္ျပီး လုိက္လာတဲ႕ ျမန္မာစံုတြဲေတြသက္ေသရွိပါတယ္။ ေလွ်ာက္လဲေလွ်ာက္ၾကတယ္။ ေရာက္လဲေရာက္လာၾကတယ္။ စာရြက္စာတမ္းကိစၥ ဂရုစိုက္ရတာကလြဲျပီး က်န္တာအခက္အခဲသိပ္မရွိၾကပါ။
.
.
ပြဲစားေတြေျပာသလို သေဘာၤခုန္ခ် ကမ္းကပ္မွ၊ နယ္စပ္ခုိးဝင္၊ ႏုိင္ငံေရးခုိလႈံျခင္း၊ မေလးရွား UN Card ၊ နယ္စပ္ဒုကၡသည္စခန္းခ် စတဲ႕ မယံုၾကည္ရေလာက္တဲ႕ မက္လံုး ဆြဲလံုးေတြနဲ႕ေတာ႕ မိမိကိုယ္ကုိ လူကုန္ကူးမခံေစလိုပါဘူး။ လူကိုလူလိုပဲ တန္ဖုိးထားေစခ်င္ပါတယ္။ ဒီအၾကံေပးခ်က္က ဒီေဆာင္းပါးျဖစ္ေျမာက္လာေစတဲ႕ ဆရာဝန္ ( ၂ ) ဦးတို႕တင္မကပဲ ပထမႏိုင္ငံကို ေငြကုန္ေၾကးက်ခံျပီး အသက္နဲ႕ရင္း၍ လြတ္ေျမွာက္မႈရွာလိုသူ အားလံုးကို ရည္ရြယ္ပါတယ္။
.
ေက်ာင္းသားဗီဆာနဲ႕လာဖို႕က ဘယ္ႏုိင္ငံ၊ ဘယ္ျပည္နယ္၊ ဘယ္ေက်ာင္းက ကုိယ္နဲ႕ကိုက္သလဲဆိုတာကုိ ေရြးခ်ယ္ျပီး အင္တာနက္ကေန ေတာင္းသမ်ွအခ်က္အလက္ေတြ ေပးပို႕ရင္း အဆင္႕ဆင္႕ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ လက္ရွိရန္ကုန္မွာ ပညာေရးဝန္ေဆာင္မႈေပးေနတဲ႕ သမာသမတ္ရွိ ေကာင္းမြန္မွန္ကန္တဲ႕ ျမန္မာႏိုင္ငံသားပိုင္ အဂၤလိပ္ေက်ာင္းေတြမွာလည္း သတင္းအခ်က္အလက္ေတြရယူဖုိ႕ လြယ္ကူလာေနပါျပီ။ ဒီ႕အတြက္လည္း မရွိတဲ႕ၾကားက ဂုဏ္ယူရျပန္ပါတယ္။
.
.
ေနာက္ဆံုးအေနနဲ႕ သြားဆရာဝန္ေလးရဲ႕ေမးျမန္းခ်က္ကို အထူးသီးသန္႕အၾကံမေပးလိုေတာ႕ဘူးလို႕ပဲ ရုိးရုိးသားသားဝန္ခံပါတယ္။ အေၾကာင္းကေတာ႕ သူရွာေဖြႏိုင္တဲ႕ ေဒၚလာ ( ၁ဝဝဝ ) ခန္႕နဲ႕ညီမွ်တဲ႕ေငြဟာ ျမန္မာႏုိင္ငံမွာ မိသားစုတစ္စုေကာင္းေကာင္းရပ္တည္ႏိုင္တာရယ္၊ ဒီပမာဏဟာ အေမရိကားမွာ ( နားနဲ႕မနာ ဖဝါးနဲ႕နာပါ ) ကုလားခတ္တဲ႕ေရ ကုလားဖင္ေဆးလုိ႕ကုန္သြားမွာေၾကာင္႕ပဲ ျဖစ္ပါတယ္။
.
သို႕ေသာ္လည္း ေမွ်ာ္လင္႕ျခင္းၾကီးစြာနဲ႕ အေမရိကားမွာ Dentist အျဖစ္လာေရာက္ရပ္တည္ႏုိင္မယ္ဆိုရင္ေတာ႕ အခ်ိန္အတိုအတြင္း ဝင္ေငြေကာင္းျပီး သူေ႒းျဖစ္ႏုိင္ပါတယ္လုိ႕ ေျဖၾကားခ်င္ပါတယ္။ အဂၤလိပ္စာမျပတ္တမ္းေလ႕လာျပီး အင္တာနက္ေပၚကေန စာမ်ားမ်ားဖတ္ႏုိင္ပါေစ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.

06-13-2015
.
.
.
Myanmar Unicode Version:
.
.
“ ဆရာဝန် ( ၂ ) ဦးကိုပြောပြချင်သည်။ အပိုင်း ( ၂ ) ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
နောက်တစ်ဦးပြောလာတဲ့ဆရာဝန်လေးက အသက် ( ၂၆ ) နှစ်ခန့်ရှိတဲ့ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆေးခန်းနဲ့ ပုံမှန်ထက်မြင့်တဲ့ဝင်ငွေရှိသူဖြစ်ပြီး လူမှုရေးဝင်ဆန့်သူလို့ မှန်းဆရပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အထူးကောင်းမွန်သလို အလွှာစုံပေါင်းသင်းတတ်သူတစ်ယောက်လို့ ကျွန်တော်သိနေသလို ခံစားရပါတယ်။ အစိုးရဝန်ထမ်းအလုပ်ကို မခုံမင်သလို ဘဝတူသူငယ်ချင်းတွေကတော့ အမေရိကန်ထီပေါက်ပြီး DV ပြည်ဝင်ခွင့်နဲ့ အမေရိကန်မှာ ဆေးကျောင်းဆက်ဖတ်နေသူတွေရှိတယ်ဆိုတာ သူ့စာအရ သိရတယ်။
.
တစ်လောက ကျွန်တော်ရေးတဲ့ “ မြန်မာနိုင်ငံကဝင်ငွေနဲ့တွက်ချက်လာဖို့လိုတယ် သူငယ်ချင်း ” ဆောင်းပါးကိုဖတ်ပြီး သွားဆရာဝန်လေးက တွေဝေသွားပါသတဲ့..။ သူတစ်ယောက်ထဲ နယ်ကိုမပြန်ပဲ ရန်ကုန်မှာ သမာအာဇီဝ ဆေးကုစားတာ ( ၈ ) သိန်း နဲ့ ( ၁ဝ ) သိန်းကြားရတယ်ဆိုတော့ ဒီဝင်ငွေကိုစွန့်ပြီး နိုင်ငံခြားပဲသွားရမလား? လက်ရှိအမိမြေမှာ လူနာကြည့်ပြီး တင်းတိမ်နေရမလားဆိုတဲ့ အတွေးများစွာဖြစ်ပေါ်စေပါတယ်လို့ ပြောလာပါတယ်။ ကျွန်တော့ဆောင်းပါးထဲမှာ အရင် ကျွန်တော်မလာခင် အစ်မတစ်ယောက်က မြန်မာနိုင်ငံမှာ ဝင်ငွေ သိန်း ( ၂ဝ ) ရှိရင် အမေရိကားမလာနဲ့လို့ပြောထားတာ ရှိနေတာကိုး။
.
.
အဲဒီဆောင်းပါးထဲမှာရှင်းပြပြီးသားဖြစ်လို့ အကျယ်တဝင့်မပြောလိုတော့ပါ။ ချင့်ချိန်ပြထားတဲ့ Graph တစ်ခုက လူတိုင်းနဲ့ကိုက်ညီဖို့ အမှန်တကယ်မလွယ်ကူတာသိသိကြီးနဲ့ စေတနာအလျောက် တင်ပြထားခြင်းသာဖြစ်ပါတယ်။ အခု သွားဆရာဝန်လေးပြောတဲ့ သူ့တစ်လဝင်ငွေက မြန်မာနိုင်ငံမှာ တစ်ယောက်ထဲပိုက်ဆံရှာပြီး တစ်အိမ်ထောင်စုလုံးဝိုင်းစားသောက်နိုင်ပေမယ့် အမေရိကားမှာ အိမ်ငှားခတောင်ပေးလို့မလောက်သေးပါဘူး။ စားဖို့၊ ဝတ်ဖို့၊ သွားဖို့ လာဖို့လိုအပ်ချက်တွေဖြည့်ဆည်းရဦးမယ်လေ။
.
နောက်တစ်ခု သူ့အပြောအရ သူ့မိသားစုနဲ့အတူ မြေအရောင်းအဝယ်လုပ်တယ်လို့ သိရတယ်။ ဘာလိုင်စင်မှမလို၊ ဘယ်လိုကျွမ်းကျင်မှုမှမလို၊ နာမည်မဖောက်၊ အခွန်တိတိကျကျမဆောင်ပဲ မြေ ဝယ်/ရောင်း ဆိုတာ မြန်မာနိုင်ငံမှာပဲ အဆင်ပြေပါလိမ့်မယ်။ ငွေဖောင်းပွလွယ်သလောက် ငွေကိုငွေနဲ့ရင်းပြီး တိုးရင်းစားလိုက်နိုင်တဲ့ထဲမှာ အမေရိကားမပါတာ သိထားသင့်ပါတယ်။ ရောက်တာကြာပြီးအခြေကျနေသူ ကုန်သည်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ အမေရိကားမှာ ကိုယ်ပိုင်လုပ်ငန်းမလုပ်သာပဲ ဝန်ထမ်းဘဝနဲ့ နှစ်သိမ့်နေရတာနဲ့တင် ဒီအချက်ကို သက်သေခံနိုင်ပါတယ်။
.
.
သူကပြောထားပါသေးတယ် “ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကားကတော့ ရန်ကုန်ထက် ကြိုးစားရင် အများကြီးသာလွန်နိုင်တာပဲ။ အဆင်ပြေနေတဲ့ မြန်မာနိုင်ငံက Dentist တွေ၊ တစ်ခြားပညာရှင်တွေလဲ တွေ့ရတာပဲ ”
.
အမေရိကားမှာ Dentist မဖြစ်ရင်တောင် Assistant တို့ Hygienist တို့လောက်ဖြစ်လဲ ဝင်ငွေ မဆိုးဘူးထင်ပါတယ် ” လို့ သူမြင်ပါတယ်။ ဒီအတိုင်း တစ်ကယ်ဖြစ်လာရင်တော့ ဝင်ငွေတော်တော်ကောင်းမှာပါ။ ဒါပေမယ့် ဒီအဆင့်ကိုတက်လှမ်းဖို့ရာ ကျောင်းတက်ဖို့ကိစ္စ၊ နေရာထိုင်ခင်းရွေးချယ်မှုကိစ္စ၊ ရန်ကုန်ကလုပ်ငန်းကိုပြစ်ချလာပြီး အမေရိကားမှာ ဘဝကို တစ်ကနေပြန်စဖို့ကိစ္စက မြန်မာနိုင်ငံကထွက်လာပြီးသူများ မလွဲမသွေကြုံရမယ့် အခက်အခဲ - Obstacle တစ်ခုဖြစ်ပါတယ်။
.
ဒီနေရာမှာ အခက်အခဲ - Difficulty လို့မသုံးတာအကြောင်းရှိပါတယ်။ Difficulty ဆိုတာ ကြိုသိနေရလျက် ခက်ခက်ခဲခဲလုပ်ရတာလို့ နားလည်ထားပါတယ်။ Obstacle ရဲ့ သဘောသဘာဝအရ မမျှော်လင့်ပဲ နဖူးတွေ့ ဒူးတွေ့၊ ကြုံမှသိ ထိမှနာ ဒုက္ခကြာရှည်နိုင်တာမို့ စာများများဖတ်ပြီး သိတတ်နားလည်သူတွေထံက နည်းနာခံယူဖို့ အသေအချာတိုက်တွန်းလိုပါတယ်။
.
.
သွားဆရာဝန်လေးရဲ့အဖွားရဲ့ အမျိုးတစ်ချို့ အမေရိကားကို သူမမွေးခင်ကတည်းက အခြေချနေထိုင်တာရှိတယ်လို့ ပြောပြတယ်။ ဒါပေမယ့် သူတို့မအားလပ်လို့ သေချာမရှင်းပြနိုင်သလို အဆက်အသွယ်သိပ်မရှိလှဘူးလို့ သိရပြန်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကားရောက်ရင် “ မအားလပ် အချိန်မပေးတတ်တဲ့ - Always Busy ” အကျင့် စွဲကပ်လာကြပါတယ်။
ဘဝပေးအခြေအနေအရရော၊ အိမ်မှုကိစ္စအားလုံးကိုယ်တိုင်ကိုယ်ကျလုပ်ရတဲ့အတွက်ကြောင့်ရော ဒီပုံစံတွေဖြစ်ကုန်ကြတယ်။ သူတို့အပြောအရ မြန်မာနိုင်ငံ့လူတွေကအားတယ် .. ငါတို့ကမအားဘူးတဲ့လေ..။
.
.
သူက DV ကံစမ်းမဲတင်တာ ( ၃ ) နှစ်ရှိပါပြီ မပေါက်သေးပါဘူး။ ကံကောင်းတဲ့သူ့သူငယ်ချင်းတစ်ချို့က အမေရိကားမှာ သွားနဲ့ခံတွင်း - Dental ကျောင်း ပြန်တက်ဖို့ ပြင်ဆင်နေကြတယ်လို့ သူပြောပြတယ်။
.
NBDE Exam ဖြေနေသူတွေလည်းရှိပါတယ်။ NBDE ပြီးရင် TOEFL အမှတ် နဲ့ DDS နောက်ဆုံးနှစ်ကို ( ၁ ) နှစ် သို့မဟုတ် ( ၂ ) နှစ် တက်ရတယ်လို့ အကြမ်းဖျင်းသိရတယ်။ ဒါကလည်း ကိုယ်တက်တဲ့ တက္ကသိုလ်ပေါ်မူတည်ပါတယ် ” ဆိုပြီး သူသိထားတာကို အနုစိတ်ရှင်းပြတယ်။
.
ဒါကိုကြည့်ပြီး ဒီသွားဆရာဝန်လေးဟာ သူဘာလုပ်ရမယ်ဆိုတာ သူသေသေချာချာသိနေတာနဲ့တင် ကျွန်တော် ကြိတ်ပြီး ချီးကျူးနေမိပါတယ်။ သူနဲ့ဘဝအခြေအနေ အလုပ်အကိုင်တူတဲ့ အမေရိကန်ရောက်သူငယ်ချင်းကိုမေးကြည့်တော့ သူပြောတာ အားလုံးကွက်တိပဲ။ သွားဖက်ဆိုင်ရာဆရာဝန်လိုင်းဝင်ခွင့်စာမေးပွဲကို Step 2 Entrance လို့ခေါ်တယ်ဆိုတာ မပါတာကလွဲရင် သူအားလုံးသိနေတယ်။ အားလုံးလည်းမှန်တယ်။ ဒါကြောင့်မို့ ဒီနေရာမှာ ကျွန်တော့အနေနဲ့ အတိအကျလိုက်ရေးမနေတော့ပဲ သူ့အချက်အလက်နဲ့တင် ကျေနပ်ရပါတယ်။
.
.
အမေရိကားရောက်ရောက်ချင်းတော့ မြန်မာနိုင်ငံမှာလိုမဟုတ်ပဲ ပင်ပန်းဆင်းရဲမှာ၊ အောက်ခြေသိမ်းက စလုပ်ရမှာ၊ ရုန်းကန် - Struggle ရမှာ သိပါတယ် ”
.
ဒါပေမယ့် မြန်မာနိုင်ငံမှာထက် လူနေမှုအဆင့်အတန်းမြင့်ပြီး ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင်ဝင်ငွေကောင်းကောင်းနဲ့ ပညာရေးစံနစ်ကောင်းကောင်းရှိတဲ့ အမေရိကားမှာ အခြေချနေထိုင်နေသူတွေရဲ့ မိသားစုဘဝမျိုးကို တစ်ကယ်အားကျမိတယ် ”
.
ကျွန်တော့အထင်ပေါ့နော် .. အလည်အပတ်ဗီဆာ နဲ့လာရင် ဘာမှမထူးဘူးထင်တယ်။ ကျောင်းသားဗီဆာနဲ့ကျောင်းလာတက်ရလောက်အောင်လည်း ငွေကြေးအင်အားက မတောင့်တင်းပါ။ စာသင်ဆု စကောလားရှစ်တွေလိုက်ကြည့်တော့လည်း Leadership တို့၊ Cultural တို့ နဲ့ Linguistic တို့နဲ့ပတ်သက်ပြီးပေးတာပဲတွေ့ရတယ် ”
.
ဒီတော့ အမေရိကားမှာ အခြေချနေထိုင်ဖို့ DV အပြင်ဘယ်လိုလုပ်ရင် ရနိုင်မလဲ။ အစ်ကိုအားရင် အကြောင်းပြန်ပေးမယ်လို့ ယူဆပါတယ် ” လို့ ရင်ဖွင့်ထားပါတယ်။
.
.
သူ့မေးခွန်းတွေဟာ ဖတ်ကြည့်လိုက်ရင် သာမန်လို့ထင်ရပေမယ့် မနည်းမနောလေ့လာထားတယ်ဆိုတာ သိသာတယ်။ မေးခွန်းတွေမှာ အဖြေတွဲလျက်ပါနေတယ်။ ပုစ္ဆာတွေမှာ စဉ်စားပုံ၊ စဉ်းစားနည်း ကပ်လိုက်လာနေတယ်။ ထူးခြားတဲ့မေးခွန်းဖြစ်နေသလို ဖြေစရာမလိုလောက်အောင်ပြည့်စုံတဲ့အပြင် တိုင်းပြည်အတွက်အားကိုးရတဲ့ လူငယ်တစ်ယောက်အဖြစ် ရှုမြင်ရလို့ မြန်မာနိုင်ငံအတွက် အင်မတန်ဝမ်းမြောက်မိပါတယ်။
.
.
သိသလောက်ဖြေရရင် အမေရိကန်အစိုးရ တရားဝင်စာမျက်နှာအရ မိသားစုအကြောင်းပြု - Family Based ပြောင်းရွှေ့နေထိုင်ခွင့်ရှိသူအားလုံးကို New Immigrant လို့ သတ်မှတ်ပါတယ်။ လာရောက်ခွင့်ရှိသူတွေကိုခေါ်ဖို့ ဒီနိုင်ငံကနေ “ ခေါ်နိုင်သူ - Petitioner ” အတန်းအစား ( ၂ ) မျိုးခွဲထားပြန်တယ်။
.
ပထမ အမေရိကန်နိုင်ငံသားခံယူပြီးသား U.S. Citizen ကနေ
.
1.. အိမ်ထောင်ဖက် - Spouse
.
2.. သား သို့မဟုတ် သမီး
.
3.. မိဘ
.
4.. မောင်နှမသားချင်း တို့ဖြစ်ပြီး
.
.
ဒုတိယ Green Card ကိုင်ဆောင်သူ - A U.S Lawful Permanent Resident က
.
1.. အိမ်ထောင်ဖက်
.
2.. အိမ်ထောင်မကျသေးတဲ့ သား သို့မဟုတ် သမီး .. စတာတွေကို ခေါ်ဖို့ အမှုတွဲလျှောက်ခွင့်ရှိပါတယ်။
.
.
ဒါပေမယ့် ဒီတရားဝင်ကိစ္စတွေထဲမှာ သွားဆရာဝန်လေးပြောတဲ့ DV နဲ့လာနိုင်တဲ့ Status ကိုထပ်ဖြည့်ရပါမယ်။
.
အမေရိကန်ဒေါ်လာ ( ၁ ) သန်း လက်ဝယ်ပြနိုင်ရင် နေထိုင်ခွင့် - Green Card ထုတ်ပေးတယ်ဆိုတာလည်း ရှိပါသေးတယ်။
.
.
သို့သော်လည်း ဒီအခြေအနေတွေက လူတိုင်းနဲ့မနီးစပ်ကြတော့ နားထဲဝင် ဘဝင်မကျကြပါဘူး။ ရောက်ပြီးသားလူတွေကလည်း မြန်မာနိုင်ငံကမေးသူတွေကို သေချာမရှင်းပြကြတာကြောင့် ခက်ဆစ်ပဟေဠိအနေနဲ့ မေးခွန်းဆက်နေပါတယ်။
.
အမေရိကန်နိုင်ငံကုမ္ပဏီတစ်ခုခုက ကိုယ့်ကိုအလုပ်ခန့်ဖို့ ( ကိုယ့်မှာရှိတဲ့အရည်အချင်းကို ကုမ္ပဏီက လိုချင်တဲ့အခါမျိုးမှာ ) အလုပ်ခန့်ဗီဆာ ထုတ်ပေးပါတယ်။ သက်တမ်းအရှိနေရင်း Green Card လျှောက်လို့ရပါတယ်။ ဒီလိုဗီဆာမျိုးတွေကို တက္ကသိုလ်ကျောင်းတွေကလည်း ထုတ်ပေးတယ်ဆိုတာသိရလို့ လိုချင်ရင် သေချာစုံစမ်းသင့်ပါတယ်။
.
နောက်ထပ်တရားဝင်လာဖို့က အမေရိကန်နိုင်ငံသားခံယူထားပြီးသူတစ်ယောက်ယောက်နဲ့လက်ထပ်လိုက်တာက အလွယ်ကူဆုံးပါပဲ။ မြန်လည်းမြန်သလို သေချာသလောက်ရှိတယ်လို့ လတ်တလောမင်္ဂလာဆောင်ပြီး လိုက်လာတဲ့ မြန်မာစုံတွဲတွေသက်သေရှိပါတယ်။ လျှောက်လဲလျှောက်ကြတယ်။ ရောက်လဲရောက်လာကြတယ်။ စာရွက်စာတမ်းကိစ္စ ဂရုစိုက်ရတာကလွဲပြီး ကျန်တာအခက်အခဲသိပ်မရှိကြပါ။
.
.
ပွဲစားတွေပြောသလို သဘောၤခုန်ချ ကမ်းကပ်မှ၊ နယ်စပ်ခိုးဝင်၊ နိုင်ငံရေးခိုလှုံခြင်း၊ မလေးရှား UN Card ၊ နယ်စပ်ဒုက္ခသည်စခန်းချ စတဲ့ မယုံကြည်ရလောက်တဲ့ မက်လုံး ဆွဲလုံးတွေနဲ့တော့ မိမိကိုယ်ကို လူကုန်ကူးမခံစေလိုပါဘူး။ လူကိုလူလိုပဲ တန်ဖိုးထားစေချင်ပါတယ်။ ဒီအကြံပေးချက်က ဒီဆောင်းပါးဖြစ်မြောက်လာစေတဲ့ ဆရာဝန် ( ၂ ) ဦးတို့တင်မကပဲ ပထမနိုင်ငံကို ငွေကုန်ကြေးကျခံပြီး အသက်နဲ့ရင်း၍ လွတ်မြှောက်မှုရှာလိုသူ အားလုံးကို ရည်ရွယ်ပါတယ်။
.
ကျောင်းသားဗီဆာနဲ့လာဖို့က ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်ကျောင်းက ကိုယ်နဲ့ကိုက်သလဲဆိုတာကို ရွေးချယ်ပြီး အင်တာနက်ကနေ တောင်းသမျှအချက်အလက်တွေ ပေးပို့ရင်း အဆင့်ဆင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လက်ရှိရန်ကုန်မှာ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ သမာသမတ်ရှိ ကောင်းမွန်မှန်ကန်တဲ့ မြန်မာနိုင်ငံသားပိုင် အင်္ဂလိပ်ကျောင်းတွေမှာလည်း သတင်းအချက်အလက်တွေရယူဖို့ လွယ်ကူလာနေပါပြီ။ ဒီ့အတွက်လည်း မရှိတဲ့ကြားက ဂုဏ်ယူရပြန်ပါတယ်။
.
.
နောက်ဆုံးအနေနဲ့ သွားဆရာဝန်လေးရဲ့မေးမြန်းချက်ကို အထူးသီးသန့်အကြံမပေးလိုတော့ဘူးလို့ပဲ ရိုးရိုးသားသားဝန်ခံပါတယ်။ အကြောင်းကတော့ သူရှာဖွေနိုင်တဲ့ ဒေါ်လာ ( ၁ဝဝဝ ) ခန့်နဲ့ညီမျှတဲ့ငွေဟာ မြန်မာနိုင်ငံမှာ မိသားစုတစ်စုကောင်းကောင်းရပ်တည်နိုင်တာရယ်၊ ဒီပမာဏဟာ အမေရိကားမှာ ( နားနဲ့မနာ ဖဝါးနဲ့နာပါ ) ကုလားခတ်တဲ့ရေ ကုလားဖင်ဆေးလို့ကုန်သွားမှာကြောင့်ပဲ ဖြစ်ပါတယ်။
.
သို့သော်လည်း မျှော်လင့်ခြင်းကြီးစွာနဲ့ အမေရိကားမှာ Dentist အဖြစ်လာရောက်ရပ်တည်နိုင်မယ်ဆိုရင်တော့ အချိန်အတိုအတွင်း ဝင်ငွေကောင်းပြီး သူဋ္ဌေးဖြစ်နိုင်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ အင်္ဂလိပ်စာမပြတ်တမ်းလေ့လာပြီး အင်တာနက်ပေါ်ကနေ စာများများဖတ်နိုင်ပါစေ။
.
ခင်မင်ခြင်းများစွာဖြင့်
.

06-13-2015

No comments: