ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, January 12, 2016

တစ္ေယာက္ကေတာ႕ ၾကိဳႏႈတ္ဆက္ေနျပီ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
မၾကာခင္ေပၚေပါက္လာေတာ႕မယ္႕ေရြးေကာက္ပြဲျပီးတဲ႕အခါ ေပၚေပါက္လာမယ္႕အစုိးရသစ္ကိုအာဏာလႊဲေပးဖို႕ျပင္ဆင္ေနတဲ႕ အေမရိကန္ဒုတိယသမၼတ ဂ်ိဳးဘုိင္ဒင္ ရဲ႕ ျပည္သူေတြကိုႏႈတ္ဆက္စကားက .. ဒီလိုပါ..။
.
“ အျပီးသတ္ဖဲၾကိဳးကုိပိုင္ဆုိင္လိုက္ၾကပါစို႕ ”
ေရးသားသူ - ဂ်ိဳးဘုိင္ဒန္ ( အေမရိကန္ဒုတိယသမၼတ ) www.whitehouse.gov စာမ်က္ႏွာမွ ..
.
လြန္ခဲ႕တဲ႕ ( ၇ ) ႏွစ္က လႊတ္ေတာ္ ( ၂ ) ရပ္ေရွ႕မွာ သမၼတအိုဘားမားက ပထမဆံုးႏုိင္ငံေတာ္အေျချပမိန္႕ခြန္းေျပာေတာ႕ သူ႕အေနာက္မွာ ကြ်န္ေတာ္ထုိင္ေနခဲ႕တာကို အမွတ္ရေနပါတယ္။ အဲဒီတုန္းက ကြ်န္ေတာ္တုိ႕အေမရိကန္ႏုိင္ငံဟာ စီးပြားေရးပ်က္ကပ္ရဲ႕ ႏႈတ္ခမ္းဝမွာ ေလ်ွာက္လွမ္းေနတုန္းကေပါ႕။ ဒီညမွာ ေနာက္ဆံုးမိန္႕ခြန္းေျပာမယ္႕သမၼတရဲ႕ေနာက္မွာ ကြ်န္ေတာ္ထုိင္ေနပါဦးမယ္။ ဒီတစ္ေခါက္ေတာ႕ အေမရိကန္ရဲ႕စီးပြားေရးျပန္ေကာင္းလာျပီဆုိတဲ႕အေနအထားနဲ႕ပါ။ အခုတစ္ၾကိမ္ဟာ ကြ်န္ေတာ္တုိ႕ အတူတကြလုပ္ေဆာင္ျခင္းရဲ႕ေနာက္ဆံုးပါ။ ဒါေပမယ္႕ လုပ္ငန္းစဥ္ေတြက မျပီးေသးပါဘူး။ ျပည္သူမ်ားအေနနဲ႕ သမၼတမိန္႕ခြန္းေျပာမယ္႕အစီအစဥ္ကို ေသေသခ်ာခ်ာေစာင္႕ၾကည္႕ေစခ်င္တယ္။
.
( ၇ ) ႏွစ္ကာလလြန္လာတဲ႕အခါ ကြ်န္ေတာ္ဟာ အေမရိကားကို ဒီထက္အေကာင္းျမင္စရာမက်န္ေတာ႕ဘူး။ ျမင္လာသမွ်လက္ေတြ႕အေျခအေနေတြက ( ၂၁ ) ရာစုကမၻာကုိဦးေဆာင္ဖို႕ အေမရိကား ကုိ ေကာင္းမြန္စြာေနရာခ်ထားေပးျပီးပါျပီ။
.
.
“ အေမရိကန္တြင္လုပ္သည္ ” အမွတ္တံဆိပ္ပါတဲ႕ကုန္ပစၥည္းေတြကို ေနရာအႏွံ႕မွာ ပိုမိုေတြ႕ျမင္လာခဲ႕ရျပီ။ တိုးတက္လာတဲ႕အေမရိကန္စီးပြားေရးလုပ္ငန္းေတြမွာ သိန္းေပါင္းမ်ားစြာေသာအလုပ္အကိုင္သစ္ေတြကို လေပါင္း ( ၇ဝ ) ဆက္တုိက္ ကြ်န္ေတာ္တုိ႕ျဖည္႕တင္းႏိုင္ခဲ႕ျပီ။
.
ျပီးခဲ႕တဲ႕ႏွစ္က အေမရိကန္ကားထုတ္လုပ္သူေတြဟာ အိမ္စီးကား နဲ႕ ထရပ္ကားေတြ ပိုမုိေရာင္းခ်ႏိုင္ခဲ႕ျပီ။
.
ဒါ႕အျပင္ လံုျခံဳစိတ္ခ်ရျပီး အဖိုးႏႈန္းသက္သာတဲ႕က်န္းမာေရးေစာင္႕ေရွာက္မႈစံနစ္ေၾကာင္႕ စိတ္ေအးခ်မ္းသာစြာေနႏုိင္ၾကျပီ။
.
ဒါေတြအားလံုးဟာ ဘရက္အိုဘားမား နဲ႕ ဂ်ိဳးဘိုင္ဒင္ တို႕လုပ္တာမဟုတ္ပါဘူး။ ရုိးသားစြာေျပာရရင္ လူၾကီးမင္းတို႕ျပည္သူေတြ လုပ္ေဆာင္တာပါ။ ခင္မ်ားတို႕ရဲဲ႕ အလုပ္ၾကိဳးစားမႈေတြ၊ တစ္ေယာက္တစ္လွည္႕ မျငီးမျငဴ လက္ဆင္႕ကမ္းသယ္ေဆာင္ခဲ႕မႈရဲ႕အက်ိဳးဆက္ေတြေၾကာင္႕ျဖစ္ပါတယ္။
.
.
အခုဒီညေျပာမယ္႕မိန္႕ခြန္းနဲ႕ဆက္စပ္ျပီးေျပာရရင္ “ ကြ်န္ေတာ္တုိ႕အရွိန္မေလွ်ာ႕ပါဘူး ” ။ တစ္ကယ္တမ္းေျပာၾကစတမ္းဆို အေမရိကန္တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕အခြင္႕အေရးကိုဆုတ္ကိုင္ႏိုင္မႈရွိရမွာျဖစ္တာနဲ႕အမွ် ကြ်န္ေတာ္တုိ႕ရဲ႕အလုပ္မျပီးေသးပါဘူး။

.
.
ကမၻာမွာ လုပ္ရည္ကိုင္ရည္အထက္ျမက္ဆံုး နဲ႕ ပညာတတ္အမ်ားဆံုးလုပ္အားစုၾကီးကုိတည္ေဆာက္ဖို႕ ဆက္တုိက္လုပ္ေဆာင္ေနရပါဦးမယ္။
.
ကမၻာနဲ႕အခ်ိဳးအစားက်စြာ အေမရိကားကိုတုိင္းတာေနရဦးမွာျဖစ္လို႕ ေခတ္အမီဆံုးအေျခခံအေဆာက္အဦေတြကို တည္ေဆာက္ရပါဦးမယ္။
.
ဒါမွသာ သူတုိ႕ရဲ႕ထုတ္ကုန္ကို ေစ်းကြက္ထဲကိုအျမန္ဆံုး နဲ႕ အထိေရာက္ဆံုးပို႕လႊတ္ႏိုင္မွာျဖစ္ပါတယ္။
.
ကြ်န္ေတာ္တို႕ရဲ႕ဆင္႕ပြားတီထြင္မႈေတြကို ဆန္းသစ္ေနရပါမယ္။
.
အေမရိကန္ေတြရဲ႕ဖန္တီးႏိုင္မႈစြမ္းအား နဲ႕ ပင္ကုိယ္ဗီဇေတြေၾကာင္႕ ကင္ဆာ ကဲ႕သုိ႕ ေရာဂါဆုိးၾကီးမ်ိဳးကို အဆံုးသတ္ႏုိင္ေအာင္ လုပ္ရပါမယ္။ ဒါေတြအားလံုးကို ကြ်န္ေတာ္တုိ႕လုပ္ႏုိင္တာတာထက္ ပိုမိုၾကိဳးစားေနၾကပါတယ္။
.
.
အလယ္အလတ္လူတန္းစားေတြကိုကူညီဖို႕ နဲ႕ စီးပြားေရးျပန္လည္ဦးေမာ႕ေစဖို႕နည္းလမ္းမွန္သမွ်ကို ဆက္ေလွ်ာက္လွမ္းတက္ဖို႕ ဘယ္သူ႕ကုိမွေစာင္႕ေနမွာမဟုတ္ပါဘူး။ ဒါေၾကာင္႕ ျပည္သူမ်ားခင္မ်ား ..
.
ကြ်န္ေတာ္တို႕ရဲ႕ပိုမိုၾကီးမားတဲ႕စိတ္ဝင္စားစရာေတြ နဲ႕ ေမွ်ာ္လင္႕ခ်က္ေတြကုိ တတ္ႏုိင္သမွ်တြန္းအားေပးေနရပါမယ္။ ဒါေတြဟာ ႏုိင္ငံေရးအခင္းအက်င္းမွာေတြ႕ေနျမင္ေနက်ျဖစ္တဲ႕ က်ဥ္းေျမာင္းတဲ႕အျမင္ေတြ နဲ႕ အေၾကာက္တရားေတြကို အားေပးဖုိ႕မဟုတ္ပါဘူး။ ႏိုင္ငံေရးပါတီေတြရဲ႕ အခ်င္းခ်င္းအပုတ္ခ်တုိက္ခိုက္ေနမႈမ်ားကို ရပ္တန္႕ရပါေတာ႕မယ္။ ဒီအခ်က္က ေရွ႕ဆက္ေလွ်ာက္ရမယ္႕ႏုိင္ငံေရးလမ္းစဥ္အတြက္ အၾကီးဆံုးရည္မွန္းခ်က္ပါပဲ။
.
.
ဒီအၾကပ္အတည္းေတြဟာ အေမရိကားရဲ႕ႏိုင္ငံျခားေရးေပၚလစီေတြခ်မွတ္ရာမွာ ပိုမိုခက္ခဲေစပါတယ္။
.
ဒီကိစၥဟာ အခ်င္းခ်င္းအျမင္ၾကည္မႈကို ျမဴဆုိင္းေစသလို လက္ေတြ႕မ်က္ျမင္လုပ္ေဆာင္ႏုိင္မႈတို႕ကုိ စေတးေနရပါတယ္။
.
ဒီအခ်င္းအရာဟာ အေျခခံ နဲ႕ အလယ္အလတ္ အေမရိကန္လူတန္းစားေတြအတြက္ သက္သာေခ်ာင္ခ်ိမႈအေကာင္အထည္ေဖာ္ေရးကုိ ျပည္လည္ထိန္းသိမ္းဖို႕ ေတာ္ေတာ႕ကုိအခက္အခဲျဖစ္ေစပါတယ္။
.
.
ကြ်န္ေတာ္တို႕ တစ္ေယာက္ေနာက္ကုိတစ္ေယာက္ လက္တြဲလာခဲ႕ၾကတယ္မဟုတ္လား? ေသခ်ာပါတယ္..။ ကြ်န္ေတာ္တုိ႕ အျပင္းအထန္တိုက္ခုိက္ခဲ႕ဖူးတယ္။ ဒီကေန ခါတိုင္းထက္ တစ္ဦးအေပၚတစ္ဦးေလးစားမႈ ပိုမုိရခဲ႕ၾကတာခ်ည္း မဟုတ္ပါလား။ ဒီတူညီတဲ႕ စံယံုၾကည္မႈကို အေမရိကန္အမ်ားစု မွ်ေဝခက္ခံၾကမယ္လို႕ ကြ်န္ေတာ႕ရင္ထဲကေန ယံုၾကည္ပါတယ္။ အဆံုးသတ္ေျပလည္မႈဆီ ကြ်န္ေတာ္တို႕ျပန္သြားရမယ္။ ဒါကို ျပည္သူအားလံုးလုပ္ႏုိင္မယ္လို႕ ကြ်န္ေတာ္ယံုၾကည္ပါတယ္။
.
အသက္ ( ၂၉ ) ႏွစ္မွာ လႊတ္ေတာ္အမတ္တစ္ေယာက္ျဖစ္လာခဲ႕တဲ႕ ကြ်န္ေတာ္ဟာ အေမရိကား ရဲ႕ အနာဂါတ္အလင္းေရာင္ကို ပုိျမင္လာတယ္။ တစ္ဆက္တည္း အခုလုိ သမၼတအနီးယွဥ္ျပီး ျပည္သူေရွ႕မွာ မားမားမတ္မတ္ရပ္ေနႏိုင္တာထက္ ဘာကိုမွ ဂုဏ္မယူမိပါဘူး။
.
( ၇ ) ႏွစ္ျပည္႕ျပီးတဲ႕အခါ ကြ်န္ေတာ္တို႕ဟာ မီးစာအျပည္႕ထည္႕ျပီးေမာင္းႏွင္ဖို႕အဆင္သင္႕ျဖစ္ေနပါျပီ။ ကြ်န္ေတာ္တို႕စတင္ခဲ႕တဲ႕အတုိင္း ကြ်န္ေတာ္တုိ႕ အတူတူလက္တြဲ အဆံုးသတ္ပါမယ္။ ကြ်န္ေတာ္တို႕ အျပီးသတ္ဖဲၾကိဳးကုိပိုင္ဆုိင္ရပါမယ္။
.
01-12-2016
ဂိ်ဳးဘုိင္ဒင္
အေမရိကန္ ဒုတိယသမၼတ
အိမ္ျဖဴေတာ္
ဝါရွင္တန္ဒီစီ
အေမရိကန္
.
.
( စာၾကြင္း။ ။ အေမရိကားမွာ ဘယ္သူမွ ႏုိင္ငံေရးနဲ႕မကင္းပါဘူး။ ဘယ္သူကေက်ာင္းသားမို႕လို႕၊ ဘယ္သူဘယ္ဝါက မိန္းမသားျဖစ္ေနလုိ႕၊ ဘယ္တစ္ေယာက္ကေတာ႕ စက္ရံုအလုပ္သမားျဖစ္ေနလို႕၊ ဘယ္သူကေတာ႕ ေဒသခံအေမရိကန္လူမ်ိဳးမဟုတ္လုိ႕၊ ဘယ္သူကေတာ႕ျဖင္႕ ခရစ္ယာန္ဘာသာမကိုးကြယ္လို႕ ဆိုတာမ်ိဳး အေမရိကားမွာ မခြဲျခားပါဘူး။ အေၾကာင္းကေတာ႕ ..
.
တီဗီြဖြင္႕ထားရင္ ႏိုင္ငံေရးသတင္းလာမယ္။ သတင္းစာဖတ္ရင္ ႏိုင္ငံမွာဘာျဖစ္ေနလဲ ေရးထားလိမ္႕မယ္။ ေရဒီယုိမွာ ဖယ္ဒရယ္ျပည္နယ္မွာ ဘာေတြလုပ္ေနသလဲဆိုတာ ေၾကျငာေနမယ္။ အင္တာနက္ လူမႈကြန္ယက္မွာ ျပည္သူေတြက ျပည္သူ႕အေၾကာင္းေျပာေနမယ္။ ယုတ္စြအဆံုး ေထာင္ထဲေရာက္ေနရင္ေတာင္ ဒီကိစၥေတြကို နား၊ မ်က္စိ အာရံုေတြဆီကုိမေရာက္ေအာင္ တားလုိ႕မရပါဘူး။
.
စိတ္ပ်က္လက္ပ်က္ နဲ႕ ေဖ႕ဘြတ္ခ္ ေပၚတက္ေနရင္လည္း ႏုိင္ငံ႕အေၾကာင္းေတြ႕ေနရပါဦးမယ္။ ဘာျဖစ္လို႕လဲဆိုေတာ႕ လူေတြက လြတ္လပ္စြာတင္ေျမာက္ထားတဲ႕အစုိးရကိုယ္တုိင္ နဲ႕ ျပည္သူေတြဟာ ကိုယ္႕အသိစိတ္နဲ႕ကိုယ္ အေႏွာင္အဖြဲ႕ကင္းစြာ အမ်ားသူငါသိေအာင္ “ ႏုိင္ငံ႕အတြက္ ငါဘာလုပ္ျပီးျပီလဲ ” ဆုိတာကို အျမဲတင္ျပေနလို႕ပဲျဖစ္ပါတယ္။ )
.
အခု ဒီစာကိုဖတ္ေနတဲ႕အခ်ိန္မွာ အေမရိကန္သမၼတအိုဘားမားဟာ ႏုိင္ငံေတာ္အေျချပမိန္႕ခြန္းကို ေျပာျပီးေနေလာက္ပါျပီ။
.
ခင္လ်က္
.
01-12-2016
.
.
.
Myanmar Unicode Version:
.
.
“ တစ်ယောက်ကတော့ ကြိုနှုတ်ဆက်နေပြီ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
မကြာခင်ပေါ်ပေါက်လာတော့မယ့်ရွေးကောက်ပွဲပြီးတဲ့အခါ ပေါ်ပေါက်လာမယ့်အစိုးရသစ်ကိုအာဏာလွှဲပေးဖို့ပြင်ဆင်နေတဲ့ အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် ရဲ့ ပြည်သူတွေကိုနှုတ်ဆက်စကားက .. ဒီလိုပါ..။
.
အပြီးသတ်ဖဲကြိုးကိုပိုင်ဆိုင်လိုက်ကြပါစို့ ”
ရေးသားသူ - ဂျိုးဘိုင်ဒန် ( အမေရိကန်ဒုတိယသမ္မတ ) www.whitehouse.gov စာမျက်နှာမှ ..
.
လွန်ခဲ့တဲ့ ( ၇ ) နှစ်က လွှတ်တော် ( ၂ ) ရပ်ရှေ့မှာ သမ္မတအိုဘားမားက ပထမဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်းပြောတော့ သူ့အနောက်မှာ ကျွန်တော်ထိုင်နေခဲ့တာကို အမှတ်ရနေပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့အမေရိကန်နိုင်ငံဟာ စီးပွားရေးပျက်ကပ်ရဲ့ နှုတ်ခမ်းဝမှာ လျှောက်လှမ်းနေတုန်းကပေါ့။ ဒီညမှာ နောက်ဆုံးမိန့်ခွန်းပြောမယ့်သမ္မတရဲ့နောက်မှာ ကျွန်တော်ထိုင်နေပါဦးမယ်။ ဒီတစ်ခေါက်တော့ အမေရိကန်ရဲ့စီးပွားရေးပြန်ကောင်းလာပြီဆိုတဲ့အနေအထားနဲ့ပါ။ အခုတစ်ကြိမ်ဟာ ကျွန်တော်တို့ အတူတကွလုပ်ဆောင်ခြင်းရဲ့နောက်ဆုံးပါ။ ဒါပေမယ့် လုပ်ငန်းစဉ်တွေက မပြီးသေးပါဘူး။ ပြည်သူများအနေနဲ့ သမ္မတမိန့်ခွန်းပြောမယ့်အစီအစဉ်ကို သေသေချာချာစောင့်ကြည့်စေချင်တယ်။
.
( ၇ ) နှစ်ကာလလွန်လာတဲ့အခါ ကျွန်တော်ဟာ အမေရိကားကို ဒီထက်အကောင်းမြင်စရာမကျန်တော့ဘူး။ မြင်လာသမျှလက်တွေ့အခြေအနေတွေက ( ၂၁ ) ရာစုကမ္ဘာကိုဦးဆောင်ဖို့ အမေရိကား ကို ကောင်းမွန်စွာနေရာချထားပေးပြီးပါပြီ။
.
.
အမေရိကန်တွင်လုပ်သည် ” အမှတ်တံဆိပ်ပါတဲ့ကုန်ပစ္စည်းတွေကို နေရာအနှံ့မှာ ပိုမိုတွေ့မြင်လာခဲ့ရပြီ။
.
တိုးတက်လာတဲ့အမေရိကန်စီးပွားရေးလုပ်ငန်းတွေမှာ သိန်းပေါင်းများစွာသောအလုပ်အကိုင်သစ်တွေကို လပေါင်း ( ၇ဝ ) ဆက်တိုက် ကျွန်တော်တို့ဖြည့်တင်းနိုင်ခဲ့ပြီ။
.
ပြီးခဲ့တဲ့နှစ်က အမေရိကန်ကားထုတ်လုပ်သူတွေဟာ အိမ်စီးကား နဲ့ ထရပ်ကားတွေ ပိုမိုရောင်းချနိုင်ခဲ့ပြီ။ ဒါ့အပြင် လုံခြုံစိတ်ချရပြီး အဖိုးနှုန်းသက်သာတဲ့ကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကြောင့် စိတ်အေးချမ်းသာစွာနေနိုင်ကြပြီ။
.
ဒါတွေအားလုံးဟာ ဘရက်အိုဘားမား နဲ့ ဂျိုးဘိုင်ဒင် တို့လုပ်တာမဟုတ်ပါဘူး။ ရိုးသားစွာပြောရရင် လူကြီးမင်းတို့ပြည်သူတွေ လုပ်ဆောင်တာပါ။ ခင်များတို့ရဲ့ အလုပ်ကြိုးစားမှုတွေ၊ တစ်ယောက်တစ်လှည့် မငြီးမငြူ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့မှုရဲ့အကျိုးဆက်တွေကြောင့်ဖြစ်ပါတယ်။
.
.
အခုဒီညပြောမယ့်မိန့်ခွန်းနဲ့ဆက်စပ်ပြီးပြောရရင် “ ကျွန်တော်တို့အရှိန်မလျှော့ပါဘူး ” ။ တစ်ကယ်တမ်းပြောကြစတမ်းဆို အမေရိကန်တစ်ဦးတစ်ယောက်ချင်းစီရဲ့အခွင့်အရေးကိုဆုတ်ကိုင်နိုင်မှုရှိရမှာဖြစ်တာနဲ့အမျှ ကျွန်တော်တို့ရဲ့အလုပ်မပြီးသေးပါဘူး။
.
.
ကမ္ဘာမှာ လုပ်ရည်ကိုင်ရည်အထက်မြက်ဆုံး နဲ့ ပညာတတ်အများဆုံးလုပ်အားစုကြီးကိုတည်ဆောက်ဖို့ ဆက်တိုက်လုပ်ဆောင်နေရပါဦးမယ်။
.
ကမ္ဘာနဲ့အချိုးအစားကျစွာ အမေရိကားကိုတိုင်းတာနေရဦးမှာဖြစ်လို့ ခေတ်အမီဆုံးအခြေခံအဆောက်အဦတွေကို တည်ဆောက်ရပါဦးမယ်။
.
ဒါမှသာ သူတို့ရဲ့ထုတ်ကုန်ကို ဈေးကွက်ထဲကိုအမြန်ဆုံး နဲ့ အထိရောက်ဆုံးပို့လွှတ်နိုင်မှာဖြစ်ပါတယ်။
.
ကျွန်တော်တို့ရဲ့ဆင့်ပွားတီထွင်မှုတွေကို ဆန်းသစ်နေရပါမယ်။
.
အမေရိကန်တွေရဲ့ဖန်တီးနိုင်မှုစွမ်းအား နဲ့ ပင်ကိုယ်ဗီဇတွေကြောင့် ကင်ဆာ ကဲ့သို့ ရောဂါဆိုးကြီးမျိုးကို အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့လုပ်နိုင်တာတာထက် ပိုမိုကြိုးစားနေကြပါတယ်။
.
.
အလယ်အလတ်လူတန်းစားတွေကိုကူညီဖို့ နဲ့ စီးပွားရေးပြန်လည်ဦးမော့စေဖို့နည်းလမ်းမှန်သမျှကို ဆက်လျှောက်လှမ်းတက်ဖို့ ဘယ်သူ့ကိုမှစောင့်နေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူများခင်များ ..
.
ကျွန်တော်တို့ရဲ့ပိုမိုကြီးမားတဲ့စိတ်ဝင်စားစရာတွေ နဲ့ မျှော်လင့်ချက်တွေကို တတ်နိုင်သမျှတွန်းအားပေးနေရပါမယ်။ ဒါတွေဟာ နိုင်ငံရေးအခင်းအကျင်းမှာတွေ့နေမြင်နေကျဖြစ်တဲ့ ကျဉ်းမြောင်းတဲ့အမြင်တွေ နဲ့ အကြောက်တရားတွေကို အားပေးဖို့မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ အချင်းချင်းအပုတ်ချတိုက်ခိုက်နေမှုများကို ရပ်တန့်ရပါတော့မယ်။ ဒီအချက်က ရှေ့ဆက်လျှောက်ရမယ့်နိုင်ငံရေးလမ်းစဉ်အတွက် အကြီးဆုံးရည်မှန်းချက်ပါပဲ။
.
.
ဒီအကြပ်အတည်းတွေဟာ အမေရိကားရဲ့နိုင်ငံခြားရေးပေါ်လစီတွေချမှတ်ရာမှာ ပိုမိုခက်ခဲစေပါတယ်။
.
ဒီကိစ္စဟာ အချင်းချင်းအမြင်ကြည်မှုကို မြူဆိုင်းစေသလို လက်တွေ့မျက်မြင်လုပ်ဆောင်နိုင်မှုတို့ကို စတေးနေရပါတယ်။
.
ဒီအချင်းအရာဟာ အခြေခံ နဲ့ အလယ်အလတ် အမေရိကန်လူတန်းစားတွေအတွက် သက်သာချောင်ချိမှုအကောင်အထည်ဖော်ရေးကို ပြည်လည်ထိန်းသိမ်းဖို့ တော်တော့ကိုအခက်အခဲဖြစ်စေပါတယ်။
.
.
ကျွန်တော်တို့ တစ်ယောက်နောက်ကိုတစ်ယောက် လက်တွဲလာခဲ့ကြတယ်မဟုတ်လား? သေချာပါတယ်..။ ကျွန်တော်တို့ အပြင်းအထန်တိုက်ခိုက်ခဲ့ဖူးတယ်။ ဒီကနေ ခါတိုင်းထက် တစ်ဦးအပေါ်တစ်ဦးလေးစားမှု ပိုမိုရခဲ့ကြတာချည်း မဟုတ်ပါလား။ ဒီတူညီတဲ့ စံယုံကြည်မှုကို အမေရိကန်အများစု မျှဝေခက်ခံကြမယ်လို့ ကျွန်တော့ရင်ထဲကနေ ယုံကြည်ပါတယ်။ အဆုံးသတ်ပြေလည်မှုဆီ ကျွန်တော်တို့ပြန်သွားရမယ်။ ဒါကို ပြည်သူအားလုံးလုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
.
အသက် ( ၂၉ ) နှစ်မှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်လာခဲ့တဲ့ ကျွန်တော်ဟာ အမေရိကား ရဲ့ အနာဂါတ်အလင်းရောင်ကို ပိုမြင်လာတယ်။ တစ်ဆက်တည်း အခုလို သမ္မတအနီးယှဉ်ပြီး ပြည်သူရှေ့မှာ မားမားမတ်မတ်ရပ်နေနိုင်တာထက် ဘာကိုမှ ဂုဏ်မယူမိပါဘူး။
.
( ၇ ) နှစ်ပြည့်ပြီးတဲ့အခါ ကျွန်တော်တို့ဟာ မီးစာအပြည့်ထည့်ပြီးမောင်းနှင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့စတင်ခဲ့တဲ့အတိုင်း ကျွန်တော်တို့ အတူတူလက်တွဲ အဆုံးသတ်ပါမယ်။ ကျွန်တော်တို့ အပြီးသတ်ဖဲကြိုးကိုပိုင်ဆိုင်ရပါမယ်။
.
01-12-2016
ဂျိုးဘိုင်ဒင်
အမေရိကန် ဒုတိယသမ္မတ
အိမ်ဖြူတော်
ဝါရှင်တန်ဒီစီ
အမေရိကန်
.
.
( စာကြွင်း။ ။ အမေရိကားမှာ ဘယ်သူမှ နိုင်ငံရေးနဲ့မကင်းပါဘူး။ ဘယ်သူကကျောင်းသားမို့လို့၊ ဘယ်သူဘယ်ဝါက မိန်းမသားဖြစ်နေလို့၊ ဘယ်တစ်ယောက်ကတော့ စက်ရုံအလုပ်သမားဖြစ်နေလို့၊ ဘယ်သူကတော့ ဒေသခံအမေရိကန်လူမျိုးမဟုတ်လို့၊ ဘယ်သူကတော့ဖြင့် ခရစ်ယာန်ဘာသာမကိုးကွယ်လို့ ဆိုတာမျိုး အမေရိကားမှာ မခွဲခြားပါဘူး။ အကြောင်းကတော့ ..
.
တီဗွီဖွင့်ထားရင် နိုင်ငံရေးသတင်းလာမယ်။ သတင်းစာဖတ်ရင် နိုင်ငံမှာဘာဖြစ်နေလဲ ရေးထားလိမ့်မယ်။ ရေဒီယိုမှာ ဖယ်ဒရယ်ပြည်နယ်မှာ ဘာတွေလုပ်နေသလဲဆိုတာ ကြေငြာနေမယ်။ အင်တာနက် လူမှုကွန်ယက်မှာ ပြည်သူတွေက ပြည်သူ့အကြောင်းပြောနေမယ်။ ယုတ်စွအဆုံး ထောင်ထဲရောက်နေရင်တောင် ဒီကိစ္စတွေကို နား၊ မျက်စိ အာရုံတွေဆီကိုမရောက်အောင် တားလို့မရပါဘူး။
.
စိတ်ပျက်လက်ပျက် နဲ့ ဖေ့ဘွတ်ခ် ပေါ်တက်နေရင်လည်း နိုင်ငံ့အကြောင်းတွေ့နေရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက လွတ်လပ်စွာတင်မြောက်ထားတဲ့အစိုးရကိုယ်တိုင် နဲ့ ပြည်သူတွေဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် အနှောင်အဖွဲ့ကင်းစွာ အများသူငါသိအောင် “ နိုင်ငံ့အတွက် ငါဘာလုပ်ပြီးပြီလဲ ” ဆိုတာကို အမြဲတင်ပြနေလို့ပဲဖြစ်ပါတယ်။ )
.
အခု ဒီစာကိုဖတ်နေတဲ့အချိန်မှာ အမေရိကန်သမ္မတအိုဘားမားဟာ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောပြီးနေလောက်ပါပြီ။
.
ခင်လျက်
.

01-12-2016

No comments: