ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
DV ကံစမ္းမဲေလ်ာက္တဲ့ အခါမွာ (၁ဝ) တန္းေအာင္ထားတဲ့သူ၊ က်န္းမာေရးေကာင္းမြန္တဲ့သူတစ္ေယာက္ျဖစ္ရမယ္လို႔ သတ္မွတ္ထားတာေတြ႔ရတယ္။ က်န္းမာေရးေကာင္းမြန္သူဆိုတဲ့ေနရာမွာ ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းေနတဲ့သူဆိုရင္ေရာ DV ေလွ်ာက္လို႔ရမရ သိခ်င္ပါတယ္။
.
ဒီလိုေမးခြန္းကို ကိုလယ္ရီေျဖေပးလိုက္တာက -
.
(ကိုယ္လက္အဂၤါ ခ်ိဳ႕ယြင္းတာနဲ႔ က်န္းမာေရးေကာင္းတာမတူဘူးထင္တယ္။ မသန္စြမ္းကို ခဲြျခားဆက္ဆံေလ့ေတာ့ အေမရိကန္ေတြမွာ မ႐ွိသေလာက္ပါပဲ။ မသန္စြမ္းတဲ့သူက သူ႔နည္းသူ႕ဟန္နဲ႔ေတာ့ အလုပ္အေကြ်းျပဳေကာင္းျပဳႏိုင္ပါလိမ့္မယ္။
.
က်န္းမာေရးခ်ိဳ႕တဲ႕သူကေတာ႕ Green Card ေပးၿပီး ေဆးေခၚကုေပးရသလို ျဖစ္ေနပါလိမ့္မယ္။ မသန္စြမ္းလို႔ ပယ္ခ်ရင္ေတာ့ Violation - အျပစ္က်ဴးလြန္ျခင္းပဲ ျဖစ္ပါတယ္။ သူတို႔မေခၚခ်င္ရင္ ဥပေဒထဲမွာကို ထည့္ေရးေလ့႐ွိတာ အေမရိကန္ေတြရဲ႕ စည္းကမ္းဥပေဒတစ္ခုပါ။
.
ေဈးဝယ္ရင္ေတာင္မွ ျပထားတဲ့ေဈးႏႈန္းကဒ္ျပားကတန္ဖိုးဟာ နည္းေနၿပီး ေမ့ေလ်ာ႕ကာျဖဳတ္မလဲမိပါက အဲ့ဒီေဈးအတိုင္းကိုပဲ ေပးရပါတယ္။ ေငြစက္က ေဈးမ်ားေနရင္ ဝန္ထမ္းကိုေခၚျပျခင္း၊ ဓါတ္ပံု႐ိုက္ျပျခင္း ျပဳလုပ္ႏိုင္ပါက ကဒ္ျပားမွာျပထားတဲ့ ေဈးႏႈန္းအတိုင္း ျပန္ေလွ်ာ႕ယူရတာ အေမရိကန္စည္းမ်ဥ္းဥပေဒတစ္ခုပါပဲ။)
.
ဒါကိုျပန္ေျပာလာတာက
.
ဦးညီ . .
ကြ်န္ေတာ္ေလ အခုမွစိတ္ဓာတ္ေတြအရမ္းတက္ၾကြသြားေတာ႕တယ္။ ဦးညီက ကြ်န္ေတာ႕ဦးေလးနဲ႔အတူတူပဲ။ အာေပးတဲ့ေနရာမွာ လက္ဖ်ားခါေလာက္တယ္။ ကြ်န္ေတာ္က ေတာင္ကိုရီးယားမွာ အလုပ္လုပ္ရင္း ထိခုိက္မိလို႕ လက္ဖမိုးအရင္းကေန ဘယ္ဘက္လက္ (၄) ေခ်ာင္းျပတ္သြားခဲ့တာပါ။
.
အခု မက္ေဆ့ထဲကေျပာျပလာၾကေတာ႕ အေျခအေနမဆိုးဘူးဆိုတာသိရလို႕ ကိုယ့္ကုိယ္ကို ေျဖသိမ္႕ထားပါတယ္။ ေလ်ာ္ေၾကးလဲရခဲ႕ပါတယ္။ အခု ကြ်န္ေတာ္ဘဝကိုအရွံဴးမေပးပဲ ႀကိဳးစားေနတယ္။ ဦးညီဆီက ဒီလိုမက္ေဆ့ကိုျမင္လိုက္ရေတာ့ကြ်န္ေတာ္ ပိုအားတက္သြားတက္ဗ်ာ။
.
လက္ျပတ္တဲ့ေန႔ကစျပီး ကြ်န္ေတာ္ အရမ္းခ်စ္တဲ့ ခ်စ္သူက ကြ်န္ေတာ႕ကုိစြန္႔ခြာသြားခဲ့သလို ကြ်န္ေတာ႕အိပ္မက္ေတြ ေပ်ာက္ပ်က္သြားခဲ့တယ္။ စိတ္ခ်ပါ . . ကြ်န္ေတာ္ဘဝကို လြယ္လြယ္အရႉံးေပးမွာမဟုတ္ပါဘူး။ အေမရိကား မွ မဟုတ္ပါဘူး . . ဘယ္ေနရာ ဘယ္ေဒသပဲေရာက္ေရာက္ပါဗ်ာ။ အမိေျမမွာလဲ အေကာင္းဆုံးရပ္တည္ျပီးေအာင္ျမင္ေအာင္ႀကိဳးစားသြားေတာ့မွာပါ။
.
ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဦးညီ။ ကြ်န္ေတာ္တကယ္႕ကုိ ထင္မထားဘူး။ ဦးညီက တကယ္႕ကို ႏွလံုးသားလွတဲ့လူတစ္ေယာက္ပါပဲ။ ဦးညီ နဲ႔ ဦးညီတို႔မိသားစုဘဝမွာ အစစအရာရာေအာင္ျမင္မႈေတြရ႐ွိၾကပါေစ။ လိုအင္ဟူသမ်ွလည္းမေတာင္းပဲျပည့္စံုႏိုင္ၾကပါေစလို႕ ေတာင္းဆုေခြ်ပါတယ္ ဦးညီ။ Thank you so much Uncle Nyi
.
.
ငါ႕တူေရ ေက်းဇူးတင္ရမွာ ဦးညီ ကို မဟုတ္ပါဘူး။ ကိုလယ္ရီ ကို ေက်းဇူးတင္ရမွာပါ။
.
ဒီလုိဘဝဟာ ကံဆုိးေပမယ္႕ မုိးမေမွာင္ပါဘူး။ ၾကိဳးစားေနတဲ႕လူအတြက္ အခြင္႕အေရးတုိင္းျပည္ဆိုတာ အျမဲရွိေနပါတယ္။ ငါ႕တူရဲ႕ ျပတ္သြားတဲ႕လက္ကုိ အစားထုိးလုိ႕ရတဲ႕ နည္းပညာေတြ ဒီဘက္မွာေပါမ်ားတယ္။ ေနာက္ထပ္ႏုိင္ငံတစ္ခုေရာက္တဲ႕အခါ အခုလုိ လုိအပ္သူေတြကုိ အစုိးရ နဲ႕ လူမႈဖူလံုေရးအဖြဲ႕ေတြက ပစ္မထားပါဘူး။
.
လူေတြကုိ သိပ္ကူညီတတ္ခ်င္ေအာင္ ကေလးဘဝကတည္းက ကူညီတတ္ေအာင္သင္ေပးၾကတာ ဦးညီ သိပ္ၾကိဳက္တယ္။ အခက္အခဲျဖစ္ေနသူကုိ ႏွမ္းေစ႕ေလးေလာက္အကူအညီျဖစ္ပါေစ ပါဝင္ရုိင္းပင္းၾကတယ္။ ဆံုးရွံဳးသြားတဲ႕လက္ေခ်ာင္းေလးေတြက ေနာင္တစ္ခ်ိန္မွာ ဘဝကိုေျပာင္းလဲသြားေစေလာက္တဲ႕ အခြင္႕အလမ္းေတြယူေဆာင္ပါေပးတတ္တယ္ဆုိတာ မေမ႕ပါနဲ႕ကြယ္။ ဒီလက္အတြက္ သိပ္စိတ္ပူစရာမရွိသလို စြန္႕သြားတဲ႕သမီးရည္းစားကိုသာ ေမတၱာပို႕ေပးလုိက္ပါေနာ္။ ကိုယ္႕ထက္ေကာင္းမြန္တဲ႕သူနဲ႕ေတြ႕သြားပါေစလို႕။
.
.
ဆက္ၾကိဳးစားမယ္ဆိုတာ အျမဲယံုေနပါမယ္။
.
ခင္လ်က္
.
ကုိညီညီ (ေတာင္ၾကီး)
05-05-2018
.
.
Unicode Version:
.
.
မင်္ဂလာပါ ဦးညီ
DV ကံစမ်းမဲလျောက်တဲ့ အခါမှာ (၁ဝ) တန်းအောင်ထားတဲ့သူ၊ ကျန်းမာရေးကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ရမယ်လို့ သတ်မှတ်ထားတာတွေ့ရတယ်။ ကျန်းမာရေးကောင်းမွန်သူဆိုတဲ့နေရာမှာ ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့သူဆိုရင်ရော DV လျှောက်လို့ရမရ သိချင်ပါတယ်။
.
ဒီလိုမေးခွန်းကို ကိုလယ်ရီဖြေပေးလိုက်တာက -
.
(ကိုယ်လက်အင်္ဂါ ချို့ယွင်းတာနဲ့ ကျန်းမာရေးကောင်းတာမတူဘူးထင်တယ်။ မသန်စွမ်းကို ခွဲခြားဆက်ဆံလေ့တော့ အမေရိကန်တွေမှာ မရှိသလောက်ပါပဲ။ မသန်စွမ်းတဲ့သူက သူ့နည်းသူ့ဟန်နဲ့တော့ အလုပ်အကျွေးပြုကောင်းပြုနိုင်ပါလိမ့်မယ်။
.
ကျန်းမာရေးချို့တဲ့သူကတော့ Green Card ပေးပြီး ဆေးခေါ်ကုပေးရသလို ဖြစ်နေပါလိမ့်မယ်။ မသန်စွမ်းလို့ ပယ်ချရင်တော့ Violation - အပြစ်ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့မခေါ်ချင်ရင် ဥပဒေထဲမှာကို ထည့်ရေးလေ့ရှိတာ အမေရိကန်တွေရဲ့ စည်းကမ်းဥပဒေတစ်ခုပါ။
.
ဈေးဝယ်ရင်တောင်မှ ပြထားတဲ့ဈေးနှုန်းကဒ်ပြားကတန်ဖိုးဟာ နည်းနေပြီး မေ့လျော့ကာဖြုတ်မလဲမိပါက အဲ့ဒီဈေးအတိုင်းကိုပဲ ပေးရပါတယ်။ ငွေစက်က ဈေးများနေရင် ဝန်ထမ်းကိုခေါ်ပြခြင်း၊ ဓါတ်ပုံရိုက်ပြခြင်း ပြုလုပ်နိုင်ပါက ကဒ်ပြားမှာပြထားတဲ့ ဈေးနှုန်းအတိုင်း ပြန်လျှော့ယူရတာ အမေရိကန်စည်းမျဉ်းဥပဒေတစ်ခုပါပဲ။)
.
ဒါကိုပြန်ပြောလာတာက
.
ဦးညီ . .
ကျွန်တော်လေ အခုမှစိတ်ဓာတ်တွေအရမ်းတက်ကြွသွားတော့တယ်။ ဦးညီက ကျွန်တော့ဦးလေးနဲ့အတူတူပဲ။ အာပေးတဲ့နေရာမှာ လက်ဖျားခါလောက်တယ်။ ကျွန်တော်က တောင်ကိုရီးယားမှာ အလုပ်လုပ်ရင်း ထိခိုက်မိလို့ လက်ဖမိုးအရင်းကနေ ဘယ်ဘက်လက် (၄) ချောင်းပြတ်သွားခဲ့တာပါ။
.
အခု မက်ဆေ့ထဲကပြောပြလာကြတော့ အခြေအနေမဆိုးဘူးဆိုတာသိရလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ထားပါတယ်။ လျော်ကြေးလဲရခဲ့ပါတယ်။ အခု ကျွန်တော်ဘဝကိုအရှံူးမပေးပဲ ကြိုးစားနေတယ်။ ဦးညီဆီက ဒီလိုမက်ဆေ့ကိုမြင်လိုက်ရတော့ကျွန်တော် ပိုအားတက်သွားတက်ဗျာ။
.
လက်ပြတ်တဲ့နေ့ကစပြီး ကျွန်တော် အရမ်းချစ်တဲ့ ချစ်သူက ကျွန်တော့ကိုစွန့်ခွာသွားခဲ့သလို ကျွန်တော့အိပ်မက်တွေ ပျောက်ပျက်သွားခဲ့တယ်။ စိတ်ချပါ . . ကျွန်တော်ဘဝကို လွယ်လွယ်အရှူံးပေးမှာမဟုတ်ပါဘူး။ အမေရိကား မှ မဟုတ်ပါဘူး . . ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက်ပါဗျာ။ အမိမြေမှာလဲ အကောင်းဆုံးရပ်တည်ပြီးအောင်မြင်အောင်ကြိုးစားသွားတော့မှာပါ။
.
ကျေးဇူးအများကြီးတင်ပါတယ် ဦးညီ။ ကျွန်တော်တကယ့်ကို ထင်မထားဘူး။ ဦးညီက တကယ့်ကို နှလုံးသားလှတဲ့လူတစ်ယောက်ပါပဲ။ ဦးညီ နဲ့ ဦးညီတို့မိသားစုဘဝမှာ အစစအရာရာအောင်မြင်မှုတွေရရှိကြပါစေ။ လိုအင်ဟူသမျှလည်းမတောင်းပဲပြည့်စုံနိုင်ကြပါစေလို့ တောင်းဆုချွေပါတယ် ဦးညီ။ Thank you so much Uncle Nyi
.
.
ငါ့တူရေ ကျေးဇူးတင်ရမှာ ဦးညီ ကို မဟုတ်ပါဘူး။ ကိုလယ်ရီ ကို ကျေးဇူးတင်ရမှာပါ။
.
ဒီလိုဘဝဟာ ကံဆိုးပေမယ့် မိုးမမှောင်ပါဘူး။ ကြိုးစားနေတဲ့လူအတွက် အခွင့်အရေးတိုင်းပြည်ဆိုတာ အမြဲရှိနေပါတယ်။ ငါ့တူရဲ့ ပြတ်သွားတဲ့လက်ကို အစားထိုးလို့ရတဲ့ နည်းပညာတွေ ဒီဘက်မှာပေါများတယ်။ နောက်ထပ်နိုင်ငံတစ်ခုရောက်တဲ့အခါ အခုလို လိုအပ်သူတွေကို အစိုးရ နဲ့ လူမှုဖူလုံရေးအဖွဲ့တွေက ပစ်မထားပါဘူး။
.
လူတွေကို သိပ်ကူညီတတ်ချင်အောင် ကလေးဘဝကတည်းက ကူညီတတ်အောင်သင်ပေးကြတာ ဦးညီ သိပ်ကြိုက်တယ်။ အခက်အခဲဖြစ်နေသူကို နှမ်းစေ့လေးလောက်အကူအညီဖြစ်ပါစေ ပါဝင်ရိုင်းပင်းကြတယ်။ ဆုံးရှုံးသွားတဲ့လက်ချောင်းလေးတွေက နောင်တစ်ချိန်မှာ ဘဝကိုပြောင်းလဲသွားစေလောက်တဲ့ အခွင့်အလမ်းတွေယူဆောင်ပါပေးတတ်တယ်ဆိုတာ မမေ့ပါနဲ့ကွယ်။ ဒီလက်အတွက် သိပ်စိတ်ပူစရာမရှိသလို စွန့်သွားတဲ့သမီးရည်းစားကိုသာ မေတ္တာပို့ပေးလိုက်ပါနော်။ ကိုယ့်ထက်ကောင်းမွန်တဲ့သူနဲ့တွေ့သွားပါစေလို့။
.
.
ဆက်ကြိုးစားမယ်ဆိုတာ အမြဲယုံနေပါမယ်။
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
05-05-2018
No comments:
Post a Comment