ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 6, 2020

အွန်လိုင်းကျောင်းသားတွေအတွက် ICE ရဲ့ ထုတ်ပြန်ချက်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ICE-US Immigration and Customs Enforcement-ရေခဲ လို့ လူသိများတဲ့ (လူပိုတွေကိုပြန်ပို့နေကျ) ဝန်ကြီးဌာနအောက်မှာ ကျောင်းသားရေးရာကိုကိုင်တွယ်တဲ့ SEVP-The Student and Exchange Visitor Program ရှိပါတယ်။

SEVP ရဲ့ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ တနင်္လာနေ့ကြေငြာချက်အရ F-1 နဲ့ M-1 ဗီဆာတွေနဲ့ အမေရိကားကိုကျောင်းတက်ဖို့ရောက်နေတဲ့ကျောင်းသားတွေဟာလူကိုယ်တိုင်တက်ရမယ့်အတန်းတွေကိုစာရင်းမပေးသွင်းထားဘဲ အင်တာနက်ကနေသာအတန်းတက်မယ်ဆိုရင် အမေရိကန်နိုင်ငံကနေထွက်ခွာရမယ်လို့ဆိုထားပါတယ်။ (Fall 2020 online ချည်းချည်းကျောင်းလျှောက်ရင် ဗီဆာမပေးတော့ပါ)

F အုပ်စုဗီဆာထဲမှာ
  1. University or college
  2. High School
  3. Private elementary school
  4. Seminary (A college that prepares students to be priests, ministers, or rabbis)
  5. Conservatory (A college for the study of classical music or other arts)
  6. Another academic institution, including a language training program စတာတွေပါဝင်တယ်။

M ဗီဆာက Vocational or other recognized nonacademic institution, other than a language training program အတွက်ဖြစ်တယ်ဆိုတာအရင်မှတ်ထားပေးစေလိုပါတယ်။

အခုထုတ်ပြန်ချက်ဟာ ကပ်ရောဂါ-Pandemic ကြောင့် မကြာခင်ဖွင့်တော့မယ့် Fall 2020 Semester ကျောင်းသားတွေကို ပိုအကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ ပိုတိကျတဲ့လမ်းညွှန်ချက်ကို အမိမြေလုံခြုံရေး-DHS-Department of Homeland Security ကစီစဉ်နေတယ်ဆိုတာကိုလည်းသိရပြန်ပါတယ်။

မိတ်ဆွေတို့ရဲ့သားသမီးဟာ အွန်လိုင်းအတန်းချည်းချည်းယူထားတာမဟုတ်ဘဲ ကျောင်းခန်းကိုသွားတက်ရတဲ့ In-Person Classes ကို အနည်းဆုံး ၁ ခန်း (ဒါမှမဟုတ်) အများဆုံး ၃ ယူနစ်ယူထားရင် ဒီမြေကနေထွက်ခွာသွားဖို့မလိုပါဘူး။

တကယ်လို့ မိတ်ဆွေရဲ့သားသမီး ဒါမှမဟုတ် တူတွေ/တူမတွေက ဒီနိုင်ငံကနေမထွက်ခွာချင်သေးဘူးဆိုရင် ကျောင်းရဲ့ကျောင်းသားရေးရာကိုဆက်သွယ်ပြီး လူကိုယ်တိုင်တက်နိုင်တဲ့အတန်းကိုတောင်းဆိုရပါမယ်။ ဒါမှ ကျောင်းက SEVIS-the Student and Exchange Visitor Information System ကို ကျောင်းသားရဲ့ပြည်ဝင်ခွင့်အခြေအနေ-Status ကို ၁ဝ ရက်အတွင်းပြောင်းလဲပေးထားနိုင်ရင် (လက်ရှိ) အဆင်ပြေပါပြီ။

ဒါကို တရားသေမှတ်ထားလို့မရသေးပြန်ပါဘူး။ အခု တိုးပွားလာတဲ့ ကိုဗစ်-၁၉ လူနာလူဦးရေကြောင့် ကျောင်းတွေဟာအွန်လိုင်းကနေပဲ အကုန်/အကုန်နီးပါးတက်ဖို့ဖြစ်လာခဲ့ရင်တော့ အမေရိကန်အစိုးရဟာကျောင်းသားတွေကိုဒီမြေပေါ်မှာခေါ်ထားတော့မှာမဟုတ်ပါဘူး။

ဒီကြေငြာချက်ကြောင့် အရင်က ပြည်နယ်အများစုရဲ့ကျောင်းတွေဟာ ဖယ်ဒရယ်မူအရ အနည်းငယ်သာဖွင့်ခွင့်ပေးထားတဲ့အွန်လိုင်းသင်ခန်းစာတွေကိုရာနှုန်းပြည့်နီးပါးဖွင့်လှစ်ခွင့်ရလာတော့မှာဖြစ်ပါတယ်။ အခုလက်ရှိတက်နေတဲ့ နွေရာသီစာသင်နှစ်-Summer မှာတက်နေတဲ့ F-1 နဲ့ M-1 ဗီဆာကိုင်ကျောင်းသားတွေက ဒီရာသီပြီးအောင်ကျောင်းဆက်တက်ဖို့ ဆက်လက်နေထိုင်နိုင်ဦးမှာဖြစ်ပါကြောင်း။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
07-06-2020

Ref: ICE\Newsroom\Student and Exchange Visitor Program

<Zawgyi>

"အြန္လိုင္းေက်ာင္းသားေတြအတြက္ ICE ရဲ့ ထုတ္ျပန္ခ်က္"
ICE-US Immigration and Customs Enforcement-ေရခဲ လို႔ လူသိမ်ားတဲ့ (လူပိုေတြကိုျပန္ပို႔ေနက်) ဝန္ႀကီးဌာနေအာက္မွာ ေက်ာင္းသားေရးရာကိုကိုင္တြယ္တဲ့ SEVP-The Student and Exchange Visitor Program ရွိပါတယ္။  

          SEVP ရဲ့ ၂ဝ၂ဝ ခုႏွစ္ ဇူလိုင္လ ၆ ရက္ေန႔ တနလၤာေန႔ေၾကျငာခ်က္အရ F-1 နဲ႔ M-1 ဗီဆာေတြနဲ႔ အေမရိကားကိုေက်ာင္းတက္ဖို႔ေရာက္ေနတဲ့ေက်ာင္းသားေတြဟာလူကိုယ္တိုင္တက္ရမယ့္အတန္းေတြကိုစာရင္းမေပးသြင္းထားဘဲ အင္တာနက္ကေနသာအတန္းတက္မယ္ဆိုရင္ အေမရိကန္နိုင္ငံကေနထြက္ခြာရမယ္လို႔ဆိုထားပါတယ္။ (Fall 2020 online ခ်ည္းခ်ည္းေက်ာင္းေလၽွာက္ရင္ ဗီဆာမေပးေတာ့ပါ)

        F အုပ္စုဗီဆာထဲမွာ 

  1. University or college 
  2. High School
  3. Private elementary school
  4. Seminary (A college that prepares students to be priests, ministers, or rabbis)
  5. Conservatory (A college for the study of classical music or other arts)
  6. Another academic institution, including a language training program စတာေတြပါဝင္တယ္။


          M ဗီဆာက Vocational or other recognized nonacademic institution, other than a language training program အတြက္ျဖစ္တယ္ဆိုတာအရင္မွတ္ထားေပးေစလိုပါတယ္။ 

          အခုထုတ္ျပန္ခ်က္ဟာ ကပ္ေရာဂါ-Pandemic ေၾကာင့္ မၾကာခင္ဖြင့္ေတာ့မယ့္ Fall 2020 Semester ေက်ာင္းသားေတြကို ပိုအက်ိဳးသက္ေရာက္မႈရွိေစမွာျဖစ္ပါတယ္။ ပိုတိက်တဲ့လမ္းညႊန္ခ်က္ကို အမိေျမလုံျခဳံေရး-DHS-Department of Homeland Security ကစီစဥ္ေနတယ္ဆိုတာကိုလည္းသိရျပန္ပါတယ္။

          မိတ္ေဆြတို႔ရဲ့သားသမီးဟာ အြန္လိုင္းအတန္းခ်ည္းခ်ည္းယူထားတာမဟုတ္ဘဲ ေက်ာင္းခန္းကိုသြားတက္ရတဲ့ In-Person Classes ကို အနည္းဆုံး ၁ ခန္း (ဒါမွမဟုတ္) အမ်ားဆုံး ၃ ယူနစ္ယူထားရင္ ဒီေျမကေနထြက္ခြာသြားဖို႔မလိုပါဘူး။

        တကယ္လို႔ မိတ္ေဆြရဲ့သားသမီး ဒါမွမဟုတ္ တူေတြ/တူမေတြက ဒီနိုင္ငံကေနမထြက္ခြာခ်င္ေသးဘူးဆိုရင္ ေက်ာင္းရဲ့ေက်ာင္းသားေရးရာကိုဆက္သြယ္ၿပီး လူကိုယ္တိုင္တက္နိုင္တဲ့အတန္းကိုေတာင္းဆိုရပါမယ္။ ဒါမွ ေက်ာင္းက SEVIS-the Student and Exchange Visitor Information System ကို ေက်ာင္းသားရဲ့ျပည္ဝင္ခြင့္အေျခအေန-Status ကို ၁ဝ ရက္အတြင္းေျပာင္းလဲေပးထားနိုင္ရင္ (လက္ရွိ) အဆင္ေျပပါၿပီ။
          
         ဒါကို တရားေသမွတ္ထားလို႔မရေသးျပန္ပါဘူး။ အခု တိုးပြားလာတဲ့ ကိုဗစ္-၁၉ လူနာလူဦးေရေၾကာင့္ ေက်ာင္းေတြဟာအြန္လိုင္းကေနပဲ အကုန္/အကုန္နီးပါးတက္ဖို႔ျဖစ္လာခဲ့ရင္ေတာ့ အေမရိကန္အစိုးရဟာေက်ာင္းသားေတြကိုဒီေျမေပၚမွာေခၚထားေတာ့မွာမဟုတ္ပါဘူး။

         ဒီေၾကျငာခ်က္ေၾကာင့္ အရင္က ျပည္နယ္အမ်ားစုရဲ့ေက်ာင္းေတြဟာ ဖယ္ဒရယ္မူအရ အနည္းငယ္သာဖြင့္ခြင့္ေပးထားတဲ့အြန္လိုင္းသင္ခန္းစာေတြကိုရာႏႈန္းျပည့္နီးပါးဖြင့္လွစ္ခြင့္ရလာေတာ့မွာျဖစ္ပါတယ္။ အခုလက္ရွိတက္ေနတဲ့ ေႏြရာသီစာသင္ႏွစ္-Summer မွာတက္ေနတဲ့ F-1 နဲ႔ M-1 ဗီဆာကိုင္ေက်ာင္းသားေတြက ဒီရာသီၿပီးေအာင္ေက်ာင္းဆက္တက္ဖို႔ ဆက္လက္ေနထိုင္နိုင္ဦးမွာျဖစ္ပါေၾကာင္း။

ခင္လ်က္ 
ကိုညီညီ (ေတာင္ႀကီး) 
07-06-2020


Ref: ICE\Newsroom\Student and Exchange Visitor Program

No comments: