ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 11, 2018

အေတြးဋီကာမွသည္ အလုပ္သုိ႕ခ်ီကာ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

ကြ်န္ေတာ႕ ပို႕စ္တစ္ခုေအာက္မွာ တစ္ျမိဳ႕တည္းသားမိတ္ေဆြတစ္ေယာက္က "နားရင္းေတြး ေတြးရင္းနား" ဆိုတဲ႕ မွတ္ခ်က္ေလးလာေရးတဲ႕ေနာက္မွာ "အေတြး" ကုိ ဋီကာခ်ဲ႕ဖို႕ ေတြးေနမိတယ္။ "လူေတြက ရယ္တတ္တယ္ . . တိရိစၦာန္ေတြက မရယ္တတ္ဘူး" ဆုိတာကုိ ဆရာေတာ္ဘုရားတစ္ပါးကေဟာၾကားတာကိုနာယူမွတ္သားျပီးကတည္းက ဒီ "အေတြး" ဆုိတာကုိ ေရးခ်င္ေနတာ အခုအခ်ိန္ဟာ သုေတသနလုပ္ဖို႕ အခ်ိန္ေကာင္းပါပဲ။
.
.
အေတြးေတြနဲ႕ကမၻာ
.
ကြ်န္ေတာ္တုိ႕တစ္ေန႕တစ္ရက္ပိုင္ေနတာ ကမၻာၾကီးတစ္ခုလံုးကို မဟုတ္ပါဘူး။ မ်က္စိေရွ႕ကဆိုရင္ အနီးအနားက (၅) ေပ ေလာက္၊ အေဝးက်ရင္ မ်က္စိမမႈန္သေလာက္အထိ ကိုက္ (၁ဝဝ) ေလာက္ ျမင္လိုက္ရရံုေလးကို ကိုယ္ပိုင္တယ္လို႕ ထင္မွတ္တတ္ၾကတယ္။ 
.
ကိုယ္ျမင္တဲ႕တံခါးကို ေနာက္တစ္ေယာက္က ဖြင္႕ဝင္သြားတာပဲ။ ကုိယ္ျမင္လိုက္တဲ႕ အစားအေသာက္ကို ေနာက္လူတစ္ေယာက္က ေငြေပးျပီးဝယ္သြားၾကတာပဲ။ ဒါဟာ ကိုယ္တကယ္ မပိုင္ပါဘူး။ အခ်ိန္အပိုင္းအျခားေလးတစ္ခုကုိသာျမင္လိုက္ရတာကို ကုိယ္ပိုင္တယ္လို႕လွည္႕စားတတ္တဲ႕အေတြးကုိသာျမင္လိုက္ရတာပါ။
.
ထုိနည္းတူစြာ သူငယ္ခ်င္းအမ်ားစုကိုေတြ႕ရတဲ႕ Facebook ကို ကိုယ္ပုိင္ျဖစ္တယ္လို႕ ထင္ၾကတယ္။ ဟုိတစ္ေယာက္ ဘာလုပ္ျပန္ျပီ၊ ဒီတစ္ေယာက္ ညာလုပ္ျပန္ျပီဆုိတာကုိ ပုိင္စုိးပိုင္နင္း ေဝဖန္ၾကတယ္။ ဘာမွျဖစ္မလာမယ္႕မွတ္ခ်က္ေတြကို ဝင္ေပးၾကတယ္။ "ငါေျပာလိုက္တာ သူၾကိဳက္မွာပဲ" ဆိုတဲ႕အေတြးက ေရးသူရဲ႕စိတ္ထဲမွာေနရာယူလိုက္တယ္။ 
.
မိတ္ေဆြတကယ္ပိုင္ဆိုင္လိုက္တာက သူငယ္ခ်င္းရဲ႕စိတ္ မဟုတ္ဘူး။ သူ႕ရဲ႕မွတ္ခ်က္လဲ မဟုတ္ဘူး။ သူေျပာတဲ႕အေၾကာင္းအရာလဲ မဟုတ္ဘူး။ သူ႕ရဲ႕ပုိင္ဆိုင္မႈပစၥည္းဥစၥာဆိုရင္ ပိုလို႕သာဆိုး . . လံုးဝမဟုတ္ဘူး။ သူ႕အေၾကာင္းကုိေဝဖန္လိုက္တဲ႕ မိတ္ေဆြ႕ "အေတြးရဲ႕အတၱ" ကုိသာ ပိုင္ဆိုင္လိုက္တာပါ။
.
မလုပ္ခင္အေတြး
.
တစ္ခုခုမလုပ္ခင္ လုပ္ရင္ေကာင္းမလား? 
ျဖစ္ပါ႕မလား? 
ဘယ္က စ ရမလဲ? 
ေအာင္ျမင္ပါ႕မလား? ဆုိတဲ႕အေတြးေတြ မိတ္ေဆြအရင္ဆံုး ပုိင္ဆိုင္ပါတယ္။ ဒီကေနဆက္ျပီး အေကာင္းဘက္ကိုသြားဖို႕ အျပဳသေဘာေဆာင္ - Objective ျဖစ္တဲ႕ "လုပ္ရင္ေကာင္းမယ္" ဆုိတဲ႕အေတြးနဲ႕ ထပ္ရင္ဆိုင္ရလိမ္႕မယ္။
.
လုပ္ရင္းနဲ႕မွ ေတြ႕လာတဲ႕အခက္အခဲေတြ နဲ႕ ရုန္းကန္မႈေတြၾကံဳရတဲ႕အခါ အားေလ်ာ႕ခ်င္တဲ႕အေတြး ထပ္ဝင္လာမယ္။ တရားသေဘာ နဲ႕ ျဖစ္-ပ်က္ေလာကၾကီးကိုမရင္ဆိုင္ႏုိင္ေသးသမွ် ႏွေျမာတသအေတြးေတြကို ထပ္ပိုင္ဆိုင္ျပန္တယ္။ ေအာ္ . . ဒါမလုပ္ခဲ႕ရင္ ရွံဴးမွာမဟုတ္ဘူး ဆုိျပီး ေနာင္တအေတြးနဲ႕အဆံုးသတ္လာရျပန္တယ္။
.
.
လုပ္ေနရင္းအေတြး
.
"ငါ မလုပ္ခဲ႕မိရင္အေကာင္းသား" ဆုိတဲ႕အေတြးက ဒီအခ်ိန္မွာ စိတ္ဒုကၡအေပးဆံုးပါ။ ေနာက္ဆုတ္ဖို႕ကခရီးတစ္ခုရဲ႕အလယ္ေလာက္ ေရာက္ေနျပီ။ ေရွ႕ဆက္တုိးဖို႕ကလည္း ေနာက္တစ္ျပန္ေလာက္သြားရဦးမယ္ ဆုိေတာ႕ ငယ္ထိပ္တက္ျပီးရတဲ႕ေနာင္တ ဟာ ဒီေနရာမွာ အင္မတန္မွ အခရာက်တယ္။ သူကပဲ ဆက္မလုပ္ဖို႕တုိက္တြန္းသလို ေရွ႕ဆက္လုပ္ဖို႕ကို အျမဲတမ္းတားဆီးေနတယ္။ ဒါကုိႏုိင္တာက အလုပ္မစခင္ကခ်ခဲ႕တဲ႕ဆံုးျဖတ္ခ်က္အေတြး . .။
.
"ငါဘာလို႕မျဖစ္ရမွာလဲ" ဒီအေတြးကို မိတ္ေဆြတို႕အလုပ္မစခင္ကေတြးခဲ႕ျပီးသား . . ဒါကုိေမ႕ေနေလာက္ျပီ။ ဒီအေတြးကို ျပန္လည္မယူေဆာင္လာႏုိင္သမွ်ကာလပတ္လံုး စိတ္ဓါတ္က်တဲ႕အေတြးေတြက ႏွိပ္စက္ေနျပီ။ ဟုတ္တယ္ . . ဒီလို အက်ိဳးရွိတဲ႕ - Beneficial ၊ ရလဒ္ေကာင္းရႏုိင္တဲ႕ - Resultful ကိစၥေတြဆီေရာက္ဖို႕ တြန္းအား - Motivation ဆုိတဲ႕အေတြးက ဒီႏြံထဲကေန ဆြဲတင္သြားလိမ္႕မယ္။
.
.
လုပ္ျပီးတဲ႕အေတြး
.
"ဒီလုိလုပ္ခဲ႕ရင္အေကာင္းသား" ဆုိတာ ေလာဘအေတြးပါ။ ရေနတာထက္ ပိုရခ်င္တယ္။ ပိုင္ဆုိင္တာ မ်ားသထက္မ်ားလာေစခ်င္တယ္။ ကုန္ပစၥည္း နဲ႕ ဝန္ေဆာင္မႈဆိုရင္ ပိုမိုမ်ားျပားစြာ လက္ဝယ္ရခ်င္ေနတယ္။ ဒီကေန တိုးပြားလာတဲ႕၊ အေတာမသတ္ႏုိင္တဲ႕ေလာဘေတြေၾကာင္႕ မိတ္ေဆြေရာက္ေနတဲ႕ေနရာရဲ႕တည္တံ႕မႈကို ပုိ၍ပို၍လုိခ်င္တဲ႕အေတြးေတြ ေစစားေနတယ္။
.
မွားသြားတဲ႕အလုပ္ဆိုရင္ေရာ . .? ရွင္းပါတယ္။ အလုပ္စလုပ္တုန္းကအေတြး ျပန္ဝင္ျပီေပါ႕ (မလုပ္ခဲ႕မိရင္အေကာင္းသား)။ လူေတြဟာ အမွားတစ္ခုနားကသင္ယူတာထက္ အမွားတစ္ခုထပ္က်ဴးလြန္ဖို႕အားသန္ၾကတယ္။ "ဒါကပိုလြယ္တာ" လို႕ သူတို႕အျမဲေတြးၾကတယ္။ အမွားကေပးတဲ႕သင္ခန္းစာကို ေမ႕လြယ္ၾကတယ္။ တစ္ခုခုလုပ္ျပီးတဲ႕အခ်ိန္မွာ ေပ်ာ္ရႊင္တဲ႕အေတြးထက္စာရင္ ေနာင္တအေတြးေတြေၾကာင္႕ ေအာင္ပြဲခံဖို႕အင္အားေလ်ာ႕နည္းတတ္ၾကတယ္။
.
.
ဘာမွမလုပ္ျဖစ္တဲ႕အေတြး
.
အားမနာတမ္းေျပာရရင္ ကြ်န္ေတာ္တို႕ျမန္ေရႊျပည္ၾကီးမွာ "ဘာမွမလုပ္ျဖစ္တဲ႕လူေတြ နဲ႕ ဘာမွမလုပ္ျဖစ္တဲ႕အေတြးသမားေတြ" ေနရာယူထားလြန္းတယ္။ ဒါေၾကာင္႕ လူ႕အရင္းအျမစ္နဲ႕ႏုိင္ငံကိုတည္ေဆာက္လို႕မရႏုိင္ဘူး။ ေနာက္လုပ္မယ္႕သူေတြကိုေနရာေပးမယ္ဆုိတဲ႕အေတြး သူတုိ႕ မေတြးၾကဘူး။
.
အေရွ႕ကလုပ္သြားသူေတြကုိေဝဖန္
လက္ရွိလုပ္ေနသူေတြကိုကဲ႕ရဲ႕
ေနာက္လုပ္မယ္႕သူေတြကို ႏွိမ္႕ခ်ဆက္ဆံျပီး 
ေမွ်ာ္လင္႕ခ်က္ေတြကိုျဖိဳဖ်က္ . . စတာေတြဟာ မိတ္ေဆြတုိ႕ကိုယ္႕ဟာကိုယ္ဖ်က္ဆီးေနတဲ႕အေတြးေတြနဲ႕ Facebook ေပၚ တက္ေနၾကတယ္ဆုိတာသိရင္ သိပ္ေကာင္းသြားမယ္။
.
.
တစ္ခုခုလုပ္ခ်င္တဲ႕အေတြး
.
ဘာလုပ္လုပ္ ေနာက္လူတစ္ေယာက္ကုိ မွ်ေဝခ်င္တယ္
ဘာစားစားေနာက္တစ္ေယာက္ကုိ ေကြ်းခ်င္ေမြးခ်င္တယ္
ဘာသိသိေနာက္မ်ိဳးဆက္ကုိ လက္ဆင္႕ကမ္းခ်င္တယ္
ဒီအေတြးေတြက လူအမ်ားစုမွာရခဲေတာ႕ လူနည္းစုက တုိးတက္တယ္။ လက္တစ္ဆုပ္စာလူတစ္စုက ေပးကမ္းတယ္။ ေတာင္လိုပံုတဲ႕အေတြးမဲ႕သူေတြက လက္ျဖန္႕တယ္ . . ဘယ္လိုနည္းနဲ႕ အခ်ိန္တုိအတြင္းမွာ မွ်ေျခတစ္ခုကိုရွာေတြ႕ႏုိင္ပါ႕မလဲ။
.
ဒါေၾကာင္႕ ႏိုင္ငံကို ခဏေနပါဦး
ျပည္နယ္ အခ်ိန္တစ္ခုသည္းခံဦး
ျမိဳ႕နယ္ က်ယ္လြန္းေသးတယ္
ကိုယ္႕အိမ္ေထာင္စုထဲမွာကစ "မွန္ကန္တဲ႕အေတြးေတြ" ေတြးတတ္ေအာင္ အရင္သင္ေပးရမယ္။ 
.
ငါ ဒါလုပ္ရင္ မိသားစုအက်ိဳးမယုတ္ဘူး ဆုိတာကေန သေႏၵတည္ေစရမယ္။ ေနာက္တစ္ဆင္႕တက္လုိ႕ ငါဒါလုပ္ရင္ မိသားစုအက်ိဳးရွိမယ္ ဆုိတာကို လွမ္းေမွ်ာ္ေတြးရေတာ႕မယ္။ ပုိတတ္ႏုိင္ေသးရင္ (ဆင္႕ကာဆင္႕ကာေတြးလို႕) ငါ႕တုိင္းျပည္အထိေရာက္ေအာင္ ခ်ီတက္ေလွ်ာက္လွမ္းသြားရမယ္။
.
.
မရပ္မနားအေတြး
.
အက်ဥ္းေထာင္ထဲေရာက္သြားတဲ႕လူေတြကိုဘယ္အရာက ဒဏ္အခတ္ဆံုးလဲဆုိတာ ကြ်န္ေတာ္အျမဲသိခ်င္ခဲ႕တယ္။ ဖတ္ၾကည္႕ ေလ႕လာၾကည္႕ေတာ႕ ကာယကံရွင္ေတြကို သူတုိ႕ရဲ႕ေနာင္တ နဲ႕ သူတုိ႕ရဲ႕ေခ်ာင္ပိ္တ္ရုိက္တဲ႕အေတြးေတြကို ဆံုးမခိုင္းထားတာက အထိေရာက္ဆံုး နဲ႕ ျပန္လည္ထူေထာင္ေရးမွာ အက်ိဳးသက္ေရာက္မႈအရွိဆံုး ဆုိတာ မွတ္သားရတယ္။
.
ကြ်န္ေတာ္တုိ႕လို Facebook အက်ဥ္းေထာင္ထဲမွာလဲ ဘာထူးလို႕လဲ? အက်ိဳးျပဳတဲ႕အေတြးမ်ားမ်ားထားႏုိင္ရင္ သင္ခန္းစာမ်ားမ်ားရမယ္။ သူတပါးကိုထိခုိက္နာက်င္လိုမႈအေတြး နည္းႏုိင္သမွ်နည္းေအာင္ထားႏုိင္ရင္ က်ခံရတဲ႕အျပစ္ဒဏ္ေတြကေန သက္သာမယ္။ 
.
တစ္ခ်ိန္တည္းမွာ မိတ္ေဆြေရွ႕ကတခဏျမင္ရတဲ႕လက္ကိုင္ဖုန္းမ်က္ႏွာျပင္မွာ အမ်ားအက်ိဳးျပဳလုပ္ငန္းေတြကို တြင္တြင္ၾကီးလုပ္ႏုိင္ဖို႕ေတြးမိ၊ ျမင္မိ၊ လုပ္မိ၊ လုိက္နာမိ၊ က်င္႕ၾကံမိရင္ မိတ္ေဆြ ျမန္ျမန္ၾကီးလြတ္ေျမာက္ပါလိမ္႕မယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-11-2018
.
.
Unicode Version:
.

"အတွေးဋီကာမှသည် အလုပ်သို့ချီကာ"

ကျွန်တော့ ပို့စ်တစ်ခုအောက်မှာ တစ်မြို့တည်းသားမိတ္ေဆြတစ္ေယာက္က "နားရင်းတွေး တွေးရင်းနား" ဆိုတဲ့ မှတ်ချက်လေးလာရေးတဲ့နောက်မှာ "အတွေး" ကို ဋီကာချဲ့ဖို့ တွေးနေမိတယ်။ "လူတွေက ရယ်တတ်တယ် . . တိရိစ္ဆာန်တွေက မရယ်တတ်ဘူး" ဆိုတာကို ဆရာတော်ဘုရားတစ်ပါးကဟောကြားတာကိုနာယူမှတ်သားပြီးကတည်းက ဒီ "အတွေး" ဆိုတာကို ရေးချင်နေတာ အခုအချိန်ဟာ သုတေသနလုပ်ဖို့ အချိန်ကောင်းပါပဲ။
.
.
အတွေးတွေနဲ့ကမ္ဘာ
.
ကျွန်တော်တို့တစ်နေ့တစ်ရက်ပိုင်နေတာ ကမ္ဘာကြီးတစ်ခုလုံးကို မဟုတ်ပါဘူး။ မျက်စိရှေ့ကဆိုရင် အနီးအနားက (၅) ပေ လောက်၊ အဝေးကျရင် မျက်စိမမှုန်သလောက်အထိ ကိုက် (၁ဝဝ) လောက် မြင်လိုက်ရရုံလေးကို ကိုယ်ပိုင်တယ်လို့ ထင်မှတ်တတ်ကြတယ်။
.
ကိုယ်မြင်တဲ့တံခါးကို နောက်တစ်ယောက်က ဖွင့်ဝင်သွားတာပဲ။ ကိုယ်မြင်လိုက်တဲ့ အစားအသောက်ကို နောက်လူတစ်ယောက်က ငွေပေးပြီးဝယ်သွားကြတာပဲ။ ဒါဟာ ကိုယ်တကယ် မပိုင်ပါဘူး။ အချိန်အပိုင်းအခြားလေးတစ်ခုကိုသာမြင်လိုက်ရတာကို ကိုယ်ပိုင်တယ်လို့လှည့်စားတတ်တဲ့အတွေးကိုသာမြင်လိုက်ရတာပါ။
.
ထိုနည်းတူစွာ သူငယ်ချင်းအများစုကိုတွေ့ရတဲ့ Facebook ကို ကိုယ်ပိုင်ဖြစ်တယ်လို့ ထင်ကြတယ်။ ဟိုတစ်ယောက် ဘာလုပ်ပြန်ပြီ၊ ဒီတစ်ယောက် ညာလုပ်ပြန်ပြီဆိုတာကို ပိုင်စိုးပိုင်နင်း ဝေဖန်ကြတယ်။ ဘာမှဖြစ်မလာမယ့်မှတ်ချက်တွေကို ဝင်ပေးကြတယ်။ "ငါပြောလိုက်တာ သူကြိုက်မှာပဲ" ဆိုတဲ့အတွေးက ရေးသူရဲ့စိတ်ထဲမှာနေရာယူလိုက်တယ်။
.
မိတ်ဆွေတကယ်ပိုင်ဆိုင်လိုက်တာက သူငယ်ချင်းရဲ့စိတ် မဟုတ်ဘူး။ သူ့ရဲ့မှတ်ချက်လဲ မဟုတ်ဘူး။ သူပြောတဲ့အကြောင်းအရာလဲ မဟုတ်ဘူး။ သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာဆိုရင် ပိုလို့သာဆိုး . . လုံးဝမဟုတ်ဘူး။ သူ့အကြောင်းကိုဝေဖန်လိုက်တဲ့ မိတ်ဆွေ့ "အတွေးရဲ့အတ္တ" ကိုသာ ပိုင်ဆိုင်လိုက်တာပါ။
.
.
မလုပ်ခင်အတွေး
.
တစ်ခုခုမလုပ်ခင် လုပ်ရင်ကောင်းမလား? 
ဖြစ်ပါ့မလား? 
ဘယ်က စ ရမလဲ? 
အောင်မြင်ပါ့မလား? ဆိုတဲ့အတွေးတွေ မိတ်ဆွေအရင်ဆုံး ပိုင်ဆိုင်ပါတယ်။ ဒီကနေဆက်ပြီး အကောင်းဘက်ကိုသွားဖို့ အပြုသဘောဆောင် - Objective ဖြစ်တဲ့ "လုပ်ရင်ကောင်းမယ်" ဆိုတဲ့အတွေးနဲ့ ထပ်ရင်ဆိုင်ရလိမ့်မယ်။
.
လုပ်ရင်းနဲ့မှ တွေ့လာတဲ့အခက်အခဲတွေ နဲ့ ရုန်းကန်မှုတွေကြုံရတဲ့အခါ အားလျော့ချင်တဲ့အတွေး ထပ်ဝင်လာမယ်။ တရားသဘော နဲ့ ဖြစ်-ပျက်လောကကြီးကိုမရင်ဆိုင်နိုင်သေးသမျှ နှမြောတသအတွေးတွေကို ထပ်ပိုင်ဆိုင်ပြန်တယ်။ အော် . . ဒါမလုပ်ခဲ့ရင် ရှံူးမှာမဟုတ်ဘူး ဆိုပြီး နောင်တအတွေးနဲ့အဆုံးသတ်လာရပြန်တယ်။
.
.
လုပ်နေရင်းအတွေး
.
"ငါ မလုပ်ခဲ့မိရင်အကောင်းသား" ဆိုတဲ့အတွေးက ဒီအချိန်မှာ စိတ်ဒုက္ခအပေးဆုံးပါ။ နောက်ဆုတ်ဖို့ကခရီးတစ်ခုရဲ့အလယ်လောက် ရောက်နေပြီ။ ရှေ့ဆက်တိုးဖို့ကလည်း နောက်တစ်ပြန်လောက်သွားရဦးမယ် ဆိုတော့ ငယ်ထိပ်တက်ပြီးရတဲ့နောင်တ ဟာ ဒီနေရာမှာ အင်မတန်မှ အခရာကျတယ်။ သူကပဲ ဆက်မလုပ်ဖို့တိုက်တွန်းသလို ရှေ့ဆက်လုပ်ဖို့ကို အမြဲတမ်းတားဆီးနေတယ်။ ဒါကိုနိုင်တာက အလုပ်မစခင်ကချခဲ့တဲ့ဆုံးဖြတ်ချက်အတွေး . .။
.
"ငါဘာလို့မဖြစ်ရမှာလဲ" ဒီအတွေးကို မိတ်ဆွေတို့အလုပ်မစခင်ကတွေးခဲ့ပြီးသား . . ဒါကိုမေ့နေလောက်ပြီ။ ဒီအတွေးကို ပြန်လည်မယူဆောင်လာနိုင်သမျှကာလပတ်လုံး စိတ်ဓါတ်ကျတဲ့အတွေးတွေက နှိပ်စက်နေပြီ။ ဟုတ်တယ် . . ဒီလို အကျိုးရှိတဲ့ - Beneficial ၊ ရလဒ်ကောင်းရနိုင်တဲ့ - Resultful ကိစ္စတွေဆီရောက်ဖို့ တွန်းအား - Motivation ဆိုတဲ့အတွေးက ဒီနွံထဲကနေ ဆွဲတင်သွားလိမ့်မယ်။
.
.
လုပ်ပြီးတဲ့အတွေး
.
"ဒီလိုလုပ်ခဲ့ရင်အကောင်းသား" ဆိုတာ လောဘအတွေးပါ။ ရနေတာထက် ပိုရချင်တယ်။ ပိုင်ဆိုင်တာ များသထက်များလာစေချင်တယ်။ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုဆိုရင် ပိုမိုများပြားစွာ လက်ဝယ်ရချင်နေတယ်။ ဒီကနေ တိုးပွားလာတဲ့၊ အတောမသတ်နိုင်တဲ့လောဘတွေကြောင့် မိတ်ဆွေရောက်နေတဲ့နေရာရဲ့တည်တံ့မှုကို ပို၍ပို၍လိုချင်တဲ့အတွေးတွေ စေစားနေတယ်။
.
မှားသွားတဲ့အလုပ်ဆိုရင်ရော . .? ရှင်းပါတယ်။ အလုပ်စလုပ်တုန်းကအတွေး ပြန်ဝင်ပြီပေါ့ (မလုပ်ခဲ့မိရင်အကောင်းသား)။ လူတွေဟာ အမှားတစ်ခုနားကသင်ယူတာထက် အမှားတစ်ခုထပ်ကျူးလွန်ဖို့အားသန်ကြတယ်။ "ဒါကပိုလွယ်တာ" လို့ သူတို့အမြဲတွေးကြတယ်။ အမှားကပေးတဲ့သင်ခန်းစာကို မေ့လွယ်ကြတယ်။ တစ်ခုခုလုပ်ပြီးတဲ့အချိန်မှာ ပျော်ရွှင်တဲ့အတွေးထက်စာရင် နောင်တအတွေးတွေကြောင့် အောင်ပွဲခံဖို့အင်အားလျော့နည်းတတ်ကြတယ်။
.
.
ဘာမှမလုပ်ဖြစ်တဲ့အတွေး
.
အားမနာတမ်းပြောရရင် ကျွန်တော်တို့မြန်ရွှေပြည်ကြီးမှာ "ဘာမှမလုပ်ဖြစ်တဲ့လူတွေ နဲ့ ဘာမှမလုပ်ဖြစ်တဲ့အတွေးသမားတွေ" နေရာယူထားလွန်းတယ်။ ဒါကြောင့် လူ့အရင်းအမြစ်နဲ့နိုင်ငံကိုတည်ဆောက်လို့မရနိုင်ဘူး။ နောက်လုပ်မယ့်သူတွေကိုနေရာပေးမယ်ဆိုတဲ့အတွေး သူတို့ မတွေးကြဘူး။
.
အရှေ့ကလုပ်သွားသူတွေကိုဝေဖန်
လက်ရှိလုပ်နေသူတွေကိုကဲ့ရဲ့
နောက်လုပ်မယ့်သူတွေကို နှိမ့်ချဆက်ဆံပြီး
မျှော်လင့်ချက်တွေကိုဖြိုဖျက် . . စတာတွေဟာ မိတ်ဆွေတို့ကိုယ့်ဟာကိုယ်ဖျက်ဆီးနေတဲ့အတွေးတွေနဲ့ Facebook ပေါ် တက်နေကြတယ်ဆိုတာသိရင် သိပ်ကောင်းသွားမယ်။
.
.
တစ်ခုခုလုပ်ချင်တဲ့အတွေး
.
ဘာလုပ်လုပ် နောက်လူတစ်ယောက်ကို မျှဝေချင်တယ်
ဘာစားစားနောက်တစ်ယောက်ကို ကျွေးချင်မွေးချင်တယ်
ဘာသိသိနောက်မျိုးဆက်ကို လက်ဆင့်ကမ်းချင်တယ်
ဒီအတွေးတွေက လူအများစုမှာရခဲတော့ လူနည်းစုက တိုးတက်တယ်။ လက်တစ်ဆုပ်စာလူတစ်စုက ပေးကမ်းတယ်။ တောင်လိုပုံတဲ့အတွေးမဲ့သူတွေက လက်ဖြန့်တယ် . . ဘယ်လိုနည်းနဲ့ အချိန်တိုအတွင်းမှာ မျှခြေတစ်ခုကိုရှာတွေ့နိုင်ပါ့မလဲ။
.
ဒါကြောင့် နိုင်ငံကို ခဏနေပါဦး
ပြည်နယ် အချိန်တစ်ခုသည်းခံဦး
မြို့နယ် ကျယ်လွန်းသေးတယ်
ကိုယ့်အိမ်ထောင်စုထဲမှာကစ "မှန်ကန်တဲ့အတွေးတွေ" တွေးတတ်အောင် အရင်သင်ပေးရမယ်။ 
.
ငါ ဒါလုပ်ရင် မိသားစုအကျိုးမယုတ်ဘူး ဆိုတာကနေ သန္ဒေတည်စေရမယ်။ နောက်တစ်ဆင့်တက်လို့ ငါဒါလုပ်ရင် မိသားစုအကျိုးရှိမယ် ဆိုတာကို လှမ်းမျှော်တွေးရတော့မယ်။ ပိုတတ်နိုင်သေးရင် (ဆင့်ကာဆင့်ကာတွေးလို့) ငါ့တိုင်းပြည်အထိရောက်အောင် ချီတက်လျှောက်လှမ်းသွားရမယ်။
.
.
မရပ်မနားအတွေး
.
အကျဉ်းထောင်ထဲရောက်သွားတဲ့လူတွေကိုဘယ်အရာက ဒဏ်အခတ်ဆုံးလဲဆိုတာ ကျွန်တော်အမြဲသိချင်ခဲ့တယ်။ ဖတ်ကြည့် လေ့လာကြည့်တော့ ကာယကံရှင်တွေကို သူတို့ရဲ့နောင်တ နဲ့ သူတို့ရဲ့ချောင်ပိ်တ်ရိုက်တဲ့အတွေးတွေကို ဆုံးမခိုင်းထားတာက အထိရောက်ဆုံး နဲ့ ပြန်လည်ထူထောင်ရေးမှာ အကျိုးသက်ရောက်မှုအရှိဆုံး ဆိုတာ မှတ်သားရတယ်။
.
ကျွန်တော်တို့လို Facebook အကျဉ်းထောင်ထဲမှာလဲ ဘာထူးလို့လဲ? အကျိုးပြုတဲ့အတွေးများများထားနိုင်ရင် သင်ခန်းစာများများရမယ်။ သူတပါးကိုထိခိုက်နာကျင်လိုမှုအတွေး နည်းနိုင်သမျှနည်းအောင်ထားနိုင်ရင် ကျခံရတဲ့အပြစ်ဒဏ်တွေကနေ သက်သာမယ်။ 
.
တစ်ချိန်တည်းမှာ မိတ်ဆွေရှေ့ကတခဏမြင်ရတဲ့လက်ကိုင်ဖုန်းမျက်နှာပြင်မှာ အများအကျိုးပြုလုပ်ငန်းတွေကို တွင်တွင်ကြီးလုပ်နိုင်ဖို့တွေးမိ၊ မြင်မိ၊ လုပ်မိ၊ လိုက်နာမိ၊ ကျင့်ကြံမိရင် မိတ်ဆွေ မြန်မြန်ကြီးလွတ်မြောက်ပါလိမ့်မယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-11-2018


No comments: