ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, August 8, 2016

ေအးေအးေဆးေဆးသြားခ်င္သူ နဲ႕ အျမန္လူသား

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ေမာ္ေတာ္ကားတစ္စီးကို သတ္မွတ္ထားတဲ႕မုိင္ထက္ပိုေမာင္းတဲ႕အခါ အႏၱရာယ္မ်ားလွပါတယ္။ အေကြ႕ေတြမွာ ျမင္႕တက္ေနတဲ႕အရွိန္ကုိ မထိမ္းႏိုင္တဲ႕အခါ လမ္းေဘးကိုပဲ က်မလား? အေရွ႕ကားတစ္စီးစီးကုိပဲ တုိက္မိမလား? အနည္းဆံုးေတာ႕ ပံုမွန္အျမန္ႏႈန္းနဲ႕သြားေနတဲ႕ကားေတြကို အေႏွာင္႕အယွက္ေပးမိပါေတာ႕တယ္။
.
ထုိ႕အတူပဲ .. တစ္နာရီကို ( ၆၅ ) မိုင္ ေအာက္ထစ္ေမာင္းရတဲ႕လမ္းမၾကီးမွာ ေႏွးတံု႕ေႏွးတံု႕လုပ္ေနလို႕ကေတာ႕ ေနာက္ကကားေတြအတြက္ အပိတ္အဆုိ႕ျဖစ္ေစျပီး ကန္႕လန္႕ကန္႕လန္႕ျဖစ္ေနပါလိမ္႕မယ္။ ဒါက ကားေလာက နဲ႕ ကားလမ္းေတြကို နမူနာျပတာသာျဖစ္ျပီး သက္ရွိလူသားေတြအေပၚမွာ ဘယ္လိုအက်ိဳးသက္ေရာက္မႈရွိႏုိင္တယ္ဆုိတာကုိ ဆက္ေဆြးေႏြးခ်င္ပါတယ္။
.
.
လူတစ္ခ်ိဳ႕ကိုကြ်န္ေတာ္ေတြ႕ဖူးတယ္ .. တစ္ခုခုလုပ္ရင္ ျပီးကို .. မျပီးႏုိင္ဘူး..။ ဆြဲကာ ငင္ကာ နဲ႕ ကိစၥမျပီးေျမာက္ေအာင္ တမင္သက္သက္မ်ား လုပ္ေနသလား ေအာက္ေမ႕ရတယ္။ ကာယကံရွင္စိတ္ထဲမွာ ဘယ္လိုေတြးျပီး ဘယ္လိုလႈပ္ရွားေနတယ္မသိရေပမယ္႕ ဗီဒီယုိေခြသာျဖစ္ခဲ႕ရင္ လက္လွည္႕စက္နဲ႕ထည္႕ျပီးရစ္ပစ္ခ်င္မိေလာက္ေအာင္ အားမလိုအားမရ ျဖစ္ရတဲ႕အခါေတြလည္း ရွိခဲ႕တယ္။
.
အမွန္က သူတုိ႕အေနနဲ႕ သူတို႕အျမန္ႏႈန္းနဲ႕အကုိက္ပါပဲ။ သုိ႕ေပမယ္႕ မဝင္႕မရဲျဖစ္ေနတဲ႕အခါေတြမွာ မလုပ္မိ မကိုင္မိျဖစ္ေနသလို တစ္ကယ္လုပ္ရမယ္ဆိုတဲ႕ အလုပ္အသစ္အဆန္းမ်ိဳးကို ေရွာင္က်ဥ္ေနမိတတ္ၾကတယ္။ သူတုိ႕စိတ္ထဲမွာ လုပ္သင္႕လုပ္ထုိက္တာကို လုပ္ေနတယ္လို႕ေတြးေနမယ္ဆုိတာကလည္း ေသခ်ာသေလာက္ရွိပါတယ္။ ဒါေပမယ္႕ စိတ္ထဲမွာ ေၾကာက္စိတ္ရွိေနတယ္။ စိုးရြံ႕ေနတယ္။ ဒီတစ္ခုျပီးမွ ေနာက္တစ္ခုကိုလုပ္မယ္လို႕ေတြးေနတတ္ၾကတယ္။
.
.
အျမန္သမားေတြက်ေတာ႕ ေျပာင္းျပန္ ..။ ဘာမဆို အျမန္ျပီးခ်င္တယ္။ တစ္ခုခုလုပ္ေနရင္း ေနာက္တစ္ခုကို တြဲလုပ္ခ်င္တယ္။ ပထမကိစၥတစ္ခုမျပီးခင္ ေနာက္တစ္ခု စ,ထားလိုက္ခ်င္တယ္။ လက္တစ္ဖက္က စီယာတိုင္ကိုင္ရင္း၊ ေနာက္တစ္ဖက္က ဖုန္းေျပာရင္း၊ ေျခေထာက္က ဘရိတ္ကုိနင္း၊ ပါးစပ္က ဖုန္းေျပာ၊ နားရြက္က နားစြင္႕၊ မ်က္စိက ၾကည္႕ .. စသျဖင္႕ အာရံုအားလံုးကိုမန္ေနဂ်ာလုပ္တဲ႕ Multitasking အလုပ္မ်ိဳးကိုလုပ္ႏုိင္ၾကတယ္။

.
ဒါတင္ဘယ္ကဦးမလဲ .. လုပ္ေနရင္း ကိုင္ေနရင္းနဲ႕ကို အရွိန္က ျမန္သထက္ျမန္လာျပီး မိုင္ပိုေတြေမာင္းေနမိတဲ႕စိတ္ကုိ ဘယ္ရဲကားမွလိုက္မဖမ္းႏုိင္ေလာက္ေအာင္ ပ်ာကလပ္စိန္ျဖစ္ေနတာကို ေဘးကလူကတားယူမွ သတိရတဲ႕အထိ အရွိန္ကမေသႏုိင္ဘူးေလ။ သူ႕ႏႈန္းနဲ႕သူသြားေနရင္ မသိသာေပမယ္႕ အေႏွးသမားနဲ႕ေတြ႕တဲ႕အခါ..။
.
.
“ မင္းတို႕က ဘယ္လိုလုပ္တာလဲ? စိတ္တိုင္းကိုမက်ဘူး ”
.
“ ငါအရင္စိတ္နဲ႕ဆိုမလြယ္ဘူး။ စိတ္ေလွ်ာ႕ထားလို႕ေပါ႕ေနာ္ ”
.
“ မင္းတို႕အလုပ္က ဒီေန႕ေရာ ျပီးဦးမွာလား? ”
.
စတဲ႕ ျမည္တြန္ေတာက္တီးသံကုိၾကားဖူးတယ္ဆုိရင္ သင္လုပ္ေနက်ထက္ ပိုျမန္တဲ႕သူ အနီးအနားမွာ၊ မိသားစုထဲမွာ၊ အလုပ္ခြင္ထဲမွာ ရွိေနျပီဆိုတာ လြယ္လြယ္ကူကူသိႏုိင္ပါတယ္။
.
တစ္ခ်ိဳ႕က်ျပန္ေတာ႕ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတာကို ဘယ္လုိမွ ျပင္လို႕မရသူေတြျဖစ္ေနတာကို ထူးျခားစြာေတြ႕ရတတ္တယ္။ လုပ္ေတာ႕လုပ္မယ္ .. ေနာက္ဆံုး မလုပ္လို႕မရဘူး ဆုိတဲ႕အခ်ိန္က်မွ လုပ္ ( ၾကည္႕ ) မယ္ .. ဒါမ်ိဳးလည္း ရွိေသးတယ္။
.
မတတ္သာတဲ႕အဆံုးက်မွ တစ္သက္လံုးမကိုင္ၾကည္႕ဖူးတဲ႕ လွ်ပ္စစ္ပစၥည္းဆိုလည္း ကိုင္ရေတာ႕သလို တစ္ခ်ိန္လံုးေဘးကလိုက္စီးလာတဲ႕ကားကို ကိုယ္တိုင္တက္ေမာင္းၾကသူေတြကိုလည္း ျမင္ဖူးပါတယ္။
.
.
အမွန္က ဗုဒၶျမတ္စြာေဟာတဲ႕ ပထဝီဓါတ္မွာ အပူဓါတ္ နဲ႕အေအးဓါတ္ကုိ လူေတြအေပၚမွာမန္းမႈတ္လိုက္တဲ႕အခါ ေအးေဆးညင္သာစြာလုပ္ကိုင္တတ္သူ နဲ႕ ျမန္ျမန္ဆန္ဆန္လုပ္ကိုင္တတ္သူတုိ႕ အေမြရလုိက္သလိုပါပဲ။ ဘယ္လိုနည္းနဲ႕လုပ္လုပ္ အလုပ္ျဖစ္ဖို႕အေရးၾကီးတယ္လို႕ ေတြးၾက တြက္ဆၾက မွသာ အမွန္တရားနဲ႕နီးစပ္ႏုိင္ပါလိမ္႕မယ္။
.
ေရေႏြးအပူထည္႕ထားတဲ႕သံဇလံုကို ေလထဲမွာ ခဏခ်ထားတဲ႕အခါ အျပင္ေလထုရဲ႕ေအးျမျခင္းက ေရေႏြးရဲ႕ပူေလာင္ျခင္းကိုေလွ်ာ႕ခ်ေပးေလတယ္။ ထုိ႕အတူပဲ ေအးျမေနတဲ႕ အခန္းအပူခ်ိန္ကေလေအးဟာ ေရပူဇလံုရွိတဲ႕ပတ္ဝန္းက်င္မွာ ေႏြးေထြးလာရတယ္။ ဒါကို သိပၸံနဲ႕ဆိုရင္ မွ်ေျခ - Equilibrium လို႕ ေျပာၾကသလို တရားစကားနဲ႕ဆုိ အညမညျဖစ္စဥ္လို႕ အဓိပၸာယ္ယူႏုိင္မယ္ ထင္ပါတယ္။
.
.
ဒါေၾကာင္႕ စာဖတ္သူဟာ ေအးေအးေဆးေဆးသမားလား? အျမန္သမား လား? ဆုိတာကို ဆန္းစစ္ၾကည္႕ရင္း ..
.
ဘာမွမလုပ္ခ်င္သူ နဲ႕ ဘာမဆိုလုပ္ခ်င္သူ
.
ဘာမွမသင္ယူခ်င္သူ နဲ႕ ဘာကုိမဆိုသင္ယူခ်င္သူ
.
ဘာကိုမွမသိခ်င္သူ နဲ႕ ဘယ္ဟာမဆိုသိခ်င္သူေတြရဲ႕ၾကားမွာ ..
.
ေပ်ာက္ဆံုးေနတဲ႕ အခ်ိတ္အဆက္ေလးေတြကို မွန္းေမ်ွာ္ရင္း
“ ေအးေအးေဆးေဆးသြားခ်င္သူ နဲ႕ အျမန္လူသား ” တို႕ရဲ႕ မျပီးဆုံးႏုိင္တဲ႕ ဝိေရာဓိ ကို အျမန္ဆံုးရွာေဖြေတြ႕ရွိႏိုင္ၾကပါေစလို႕ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ရပါတယ္။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
08-08-2016
.
.
.
Unicode Version:
.
.
“ အေးအေးဆေးဆေးသွားချင်သူ နဲ့ အမြန်လူသား ”
.
မော်တော်ကားတစ်စီးကို သတ်မှတ်ထားတဲ့မိုင်ထက်ပိုမောင်းတဲ့အခါ အန္တရာယ်များလှပါတယ်။ အကွေ့တွေမှာ မြင့်တက်နေတဲ့အရှိန်ကို မထိမ်းနိုင်တဲ့အခါ လမ်းဘေးကိုပဲ ကျမလား? အရှေ့ကားတစ်စီးစီးကိုပဲ တိုက်မိမလား? အနည်းဆုံးတော့ ပုံမှန်အမြန်နှုန်းနဲ့သွားနေတဲ့ကားတွေကို အနှောင့်အယှက်ပေးမိပါတော့တယ်။
.
ထို့အတူပဲ .. တစ်နာရီကို ( ၆၅ ) မိုင် အောက်ထစ်မောင်းရတဲ့လမ်းမကြီးမှာ နှေးတုံ့နှေးတုံ့လုပ်နေလို့ကတော့ နောက်ကကားတွေအတွက် အပိတ်အဆို့ဖြစ်စေပြီး ကန့်လန့်ကန့်လန့်ဖြစ်နေပါလိမ့်မယ်။ ဒါက ကားလောက နဲ့ ကားလမ်းတွေကို နမူနာပြတာသာဖြစ်ပြီး သက်ရှိလူသားတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ဆက်ဆွေးနွေးချင်ပါတယ်။
.
.
လူတစ်ချို့ကိုကျွန်တော်တွေ့ဖူးတယ် .. တစ်ခုခုလုပ်ရင် ပြီးကို .. မပြီးနိုင်ဘူး..။ ဆွဲကာ ငင်ကာ နဲ့ ကိစ္စမပြီးမြောက်အောင် တမင်သက်သက်များ လုပ်နေသလား အောက်မေ့ရတယ်။ ကာယကံရှင်စိတ်ထဲမှာ ဘယ်လိုတွေးပြီး ဘယ်လိုလှုပ်ရှားနေတယ်မသိရပေမယ့် ဗီဒီယိုခွေသာဖြစ်ခဲ့ရင် လက်လှည့်စက်နဲ့ထည့်ပြီးရစ်ပစ်ချင်မိလောက်အောင် အားမလိုအားမရ ဖြစ်ရတဲ့အခါတွေလည်း ရှိခဲ့တယ်။
.
အမှန်က သူတို့အနေနဲ့ သူတို့အမြန်နှုန်းနဲ့အကိုက်ပါပဲ။ သို့ပေမယ့် မဝင့်မရဲဖြစ်နေတဲ့အခါတွေမှာ မလုပ်မိ မကိုင်မိဖြစ်နေသလို တစ်ကယ်လုပ်ရမယ်ဆိုတဲ့ အလုပ်အသစ်အဆန်းမျိုးကို ရှောင်ကျဉ်နေမိတတ်ကြတယ်။ သူတို့စိတ်ထဲမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတယ်လို့တွေးနေမယ်ဆိုတာကလည်း သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ကြောက်စိတ်ရှိနေတယ်။ စိုးရွံ့နေတယ်။ ဒီတစ်ခုပြီးမှ နောက်တစ်ခုကိုလုပ်မယ်လို့တွေးနေတတ်ကြတယ်။
.
.
အမြန်သမားတွေကျတော့ ပြောင်းပြန် ..။ ဘာမဆို အမြန်ပြီးချင်တယ်။ တစ်ခုခုလုပ်နေရင်း နောက်တစ်ခုကို တွဲလုပ်ချင်တယ်။ ပထမကိစ္စတစ်ခုမပြီးခင် နောက်တစ်ခု စ,ထားလိုက်ချင်တယ်။ လက်တစ်ဖက်က စီယာတိုင်ကိုင်ရင်း၊ နောက်တစ်ဖက်က ဖုန်းပြောရင်း၊ ခြေထောက်က ဘရိတ်ကိုနင်း၊ ပါးစပ်က ဖုန်းပြော၊ နားရွက်က နားစွင့်၊ မျက်စိက ကြည့် .. စသဖြင့် အာရုံအားလုံးကိုမန်နေဂျာလုပ်တဲ့ Multitasking အလုပ်မျိုးကိုလုပ်နိုင်ကြတယ်။
.
ဒါတင်ဘယ်ကဦးမလဲ .. လုပ်နေရင်း ကိုင်နေရင်းနဲ့ကို အရှိန်က မြန်သထက်မြန်လာပြီး မိုင်ပိုတွေမောင်းနေမိတဲ့စိတ်ကို ဘယ်ရဲကားမှလိုက်မဖမ်းနိုင်လောက်အောင် ပျာကလပ်စိန်ဖြစ်နေတာကို ဘေးကလူကတားယူမှ သတိရတဲ့အထိ အရှိန်ကမသေနိုင်ဘူးလေ။ သူ့နှုန်းနဲ့သူသွားနေရင် မသိသာပေမယ့် အနှေးသမားနဲ့တွေ့တဲ့အခါ..။
.
.
မင်းတို့က ဘယ်လိုလုပ်တာလဲ? စိတ်တိုင်းကိုမကျဘူး ”
.
ငါအရင်စိတ်နဲ့ဆိုမလွယ်ဘူး။ စိတ်လျှော့ထားလို့ပေါ့နော် ”
.
မင်းတို့အလုပ်က ဒီနေ့ရော ပြီးဦးမှာလား? ”
.
စတဲ့ မြည်တွန်တောက်တီးသံကိုကြားဖူးတယ်ဆိုရင် သင်လုပ်နေကျထက် ပိုမြန်တဲ့သူ အနီးအနားမှာ၊ မိသားစုထဲမှာ၊ အလုပ်ခွင်ထဲမှာ ရှိနေပြီဆိုတာ လွယ်လွယ်ကူကူသိနိုင်ပါတယ်။
.
တစ်ချို့ကျပြန်တော့ လုပ်ချင်ကိုင်ချင်စိတ်မရှိတာကို ဘယ်လိုမှ ပြင်လို့မရသူတွေဖြစ်နေတာကို ထူးခြားစွာတွေ့ရတတ်တယ်။ လုပ်တော့လုပ်မယ် .. နောက်ဆုံး မလုပ်လို့မရဘူး ဆိုတဲ့အချိန်ကျမှ လုပ် ( ကြည့် ) မယ် .. ဒါမျိုးလည်း ရှိသေးတယ်။
.
မတတ်သာတဲ့အဆုံးကျမှ တစ်သက်လုံးမကိုင်ကြည့်ဖူးတဲ့ လျှပ်စစ်ပစ္စည်းဆိုလည်း ကိုင်ရတော့သလို တစ်ချိန်လုံးဘေးကလိုက်စီးလာတဲ့ကားကို ကိုယ်တိုင်တက်မောင်းကြသူတွေကိုလည်း မြင်ဖူးပါတယ်။
.
.
အမှန်က ဗုဒ္ဓမြတ်စွာဟောတဲ့ ပထဝီဓါတ်မှာ အပူဓါတ် နဲ့အအေးဓါတ်ကို လူတွေအပေါ်မှာမန်းမှုတ်လိုက်တဲ့အခါ အေးဆေးညင်သာစွာလုပ်ကိုင်တတ်သူ နဲ့ မြန်မြန်ဆန်ဆန်လုပ်ကိုင်တတ်သူတို့ အမွေရလိုက်သလိုပါပဲ။ ဘယ်လိုနည်းနဲ့လုပ်လုပ် အလုပ်ဖြစ်ဖို့အရေးကြီးတယ်လို့ တွေးကြ တွက်ဆကြ မှသာ အမှန်တရားနဲ့နီးစပ်နိုင်ပါလိမ့်မယ်။
.
ရေနွေးအပူထည့်ထားတဲ့သံဇလုံကို လေထဲမှာ ခဏချထားတဲ့အခါ အပြင်လေထုရဲ့အေးမြခြင်းက ရေနွေးရဲ့ပူလောင်ခြင်းကိုလျှော့ချပေးလေတယ်။ ထို့အတူပဲ အေးမြနေတဲ့ အခန်းအပူချိန်ကလေအေးဟာ ရေပူဇလုံရှိတဲ့ပတ်ဝန်းကျင်မှာ နွေးထွေးလာရတယ်။ ဒါကို သိပ္ပံနဲ့ဆိုရင် မျှခြေ - Equilibrium လို့ ပြောကြသလို တရားစကားနဲ့ဆို အညမညဖြစ်စဉ်လို့ အဓိပ္ပာယ်ယူနိုင်မယ် ထင်ပါတယ်။
.
.
ဒါကြောင့် စာဖတ်သူဟာ အေးအေးဆေးဆေးသမားလား? အမြန်သမား လား? ဆိုတာကို ဆန်းစစ်ကြည့်ရင်း ..
.
ဘာမှမလုပ်ချင်သူ နဲ့ ဘာမဆိုလုပ်ချင်သူ
.
ဘာမှမသင်ယူချင်သူ နဲ့ ဘာကိုမဆိုသင်ယူချင်သူ
.
ဘာကိုမှမသိချင်သူ နဲ့ ဘယ်ဟာမဆိုသိချင်သူတွေရဲ့ကြားမှာ ..
.
ပျောက်ဆုံးနေတဲ့ အချိတ်အဆက်လေးတွေကို မှန်းမျှော်ရင်း
အေးအေးဆေးဆေးသွားချင်သူ နဲ့ အမြန်လူသား ” တို့ရဲ့ မပြီးဆုံးနိုင်တဲ့ ဝိရောဓိ ကို အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-08-2016




No comments: