ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, September 18, 2018

(၁၈) ႏွစ္သား ျမန္မာျပည္ဖြားတစ္ေယာက္ရဲ႕ဘဝအဓိပၸာယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. Dear Member, Your access for family members Swan Htut account expires today. Check your family list, or find out if permission can be renewed in goodhealth.org (အမည္လႊဲ). ဒီအီးေမးလ္ေလးေရာက္ေတာ႕ ဆတ္ကနဲေတာ႕ လန္႕သြားတယ္ . . ဘာမ်ားျဖစ္တာလဲေပါ႕။ ေနာက္ေတာ႕ သူ႕ေဆးရံုအာမခံဝဘ္ဆိုဒ္ကုိဝင္ၾကည္႕ေတာ႕မွ သား "စြမ္း" ဟာ (၁၈) ႏွစ္ျပည္႕ေတာ႕မွာကုိးဆုိတဲ႕အသိက ကြ်န္ေတာ႕ႏွလံုးသားကို လံုးလံုးလ်ားလ်ားကုိင္လႈပ္သြားတယ္။ (၁၈) ဆိုတဲ႕ဂဏန္းဟာ လူငယ္တစ္ေယာက္ရဲ႕ဘဝ၊ မိဘ (၂) ဦးရဲ႕ အသည္းႏွလံုး နဲ႕ ႏုိင္ငံတစ္ခုရဲ႕ေရွ႕ေရးကုိ ဘယ္ေလာက္အထိ ျပဳျပင္ေျပာင္းလဲမႈေတြရွိႏုိင္ပါသလဲ?
.
. "အရြယ္ေရာက္လာျပီ - Coming of Age" ဆုိတဲ႕ေစတသိတ္ဟာ အိပ္မက္မက္ေနသူကို ႏိုးထေစတယ္။ စိတ္ကူးယဥ္ေနသူကို လန္႕ႏိုးေစတယ္။ အေတြးနယ္ကြ်ံေနသူကုိ ထိန္းခ်ဳပ္နယ္နိမိတ္အတြင္း ျပန္ဆြဲသြင္းလာေစတယ္။ စိတ္ဝိဥာဥ္ေလးေတြကို ဟထားတဲ႕တံခါးၾကားကေန ပ်ံထြက္သြားေစႏုိင္ပါတယ္။ ဒါေပမယ္႕ ကြ်န္ေတာ္တို႕ဇနီးေမာင္ႏွံ (၂) ဦးရဲ႕ စိတ္ကူးထဲမွာထူးျပီး ျမဴးသမွ် ၾကည္ႏူးေနရတာကေတာ႕ သားသမီးေတြအေပၚထားတဲ႕ေမတၱာဟာ ဒီေရအလား တုိးသထက္တိုးလာေနတာေၾကာင္႕ပါပဲ။
.
.
. အခ်ိန္ေတြတေရြ႕ေရြ႕ကုန္လာေနတာနဲ႕အတူ အသက္အရြယ္ၾကီးရင္႕မႈဟာ သူ႕အလုိလုိဘယ္ရပ္ေနပါ႕မလဲ? ေနမင္းၾကီးက အေရွ႕ဘက္ေန မနက္စာကုိသယ္ယူလာျပီး အေနာက္ဘက္ကုိ ညေနစာကိုသယ္ေဆာင္သြားတဲ႕အခ်ိန္ ကြ်န္ေတာ္တို႕မိဘေတြနဲ႕သားသမီးေတြအတူတူေနတဲ႕ရက္ (၁) ရက္နည္းလာတာကို သတိထားရမယ္။
.
. ထုိ႕အတူ သားသမီးေတြ ပညာစံုလာတာနဲ႕အမွ် မိနဲ႕ဘတို႕နဲ႕ တီးတိုးေဖာ္၊ တိုင္ပင္ေဖာ္၊ တုိင္ပင္ဖက္ဆုိတဲ႕ အေတြးခ်င္းနီးျပီး ရင္းႏွီးၾကည္စယ္ရတဲ႕အခ်ိန္ေတြဟာ အခုလို ေနရာသစ္မွာပညာရွာတဲ႕မိသားစုအတြက္ အင္မတန္တန္ဖိုးရွိလွတယ္။ ဒါေတြကုိ အသက္ (၁၈) ႏွစ္ဆိုတဲ႕ကိန္းဂဏန္းတစ္ခုေၾကာင္႕ သားသမီး နဲ႕ မိဘၾကား ဘာအရံအတားမွမျဖစ္ရပါဘူး။ အေမရိကားမွာ . .
.
.
(၁၈) ႏွစ္ျပည္႕ျပီးသူတစ္ေယာက္ဟာ
_________________________
မဲေပးႏုိင္တယ္
.
စာခ်ဳပ္စာတမ္းေတြခ်ဳပ္ဆိုႏိုင္တယ္
.
ကုိယ္ပုိင္ဘ႑ာေရးတည္ေဆာက္ႏုိင္တယ္
.
က်န္းမာေရးဆံုးျဖတ္ခ်က္ခ်ႏုိင္တယ္
.
မိဘမပါပဲ ကားလိုင္စင္လုပ္ႏုိင္တယ္
.
စစ္တပ္ထဲဝင္ႏုိင္တယ္
.
ကုိယ္ပုိင္အိုးအိမ္ထူေထာင္ႏိုင္တယ္
.
ေသတမ္းစာေရးႏုိင္တယ္ . . ဒါက အသစ္ေျပာင္းေရႊ႕လာမိတဲ႕ ႏုိင္ငံသစ္ကေျပာတာ။
.
.
. ဒါေပမယ္႕ ကြ်န္ေတာ္တုိ႕မိဘရဲ႕ရင္ခြင္ထဲမွာေတာ႕ ဒီသားေလးဟာ ကေလးအရြယ္ကေန ၾကီးလာတယ္လို႕မထင္ပါဘူး။ ငယ္ငယ္တုန္းက ကေလးေလးဟာ အခုေတာ႕ လူၾကီးကုိဦးေဆာင္လမ္းျပမယ္႕ မီးရွဴးတန္ေဆာင္ၾကီးျဖစ္လို႕ေနေလေတာ႕ ေအးျမတဲ႕ရင္ခြင္မွာ ဘာဥပေဒမွမလုိအပ္ပါဘူး။
.
. ဒီလိုေတြေျပာထြက္ေနမိပါေသာ္လည္း အေဖ နဲ႕ အေမတို႕ရဲ႕ ဧည္႕ခန္းေလးမွာ ေရစိမ္ေခါက္ဆြဲ အျမဲလာစားေပးပါ။ အတန္းေက်ာင္းအဆင္႕ဆင္႕ သူျဖတ္သန္းခဲ႕ရာ ကိုယ္ပုိင္အခန္းေလးထဲမွာ သူငယ္ခ်င္းေတြနဲ႕အြန္လိုင္းဂိမ္း လာကစားေပးပါ။ တစ္ခုခုဆံုးျဖတ္ရခက္လို႕အက်ပ္ထဲ အက်ဥ္းထဲျဖစ္လာရင္ မက္ဆက္ဂ်ာကေန အသံဖုိင္ပို႕ျပီး ေမးေပးပါ သားေရ . .။
.
.
. အာရွတုိက္သားေတြမွာအေတြ႕ရမ်ားျပီး အေမရိကန္လူမ်ိဳးေတြမွာရွားပါးတဲ႕ "မိဘအိမ္မွာေနထိုင္ျခင္းအလုပ္" ကို သားေလးေရ . . တတ္ႏုိင္တဲ႕အခ်ိန္အထိလုပ္ေပးပါ။ လက္ရွိလုပ္ေနက် "အသိပညာေပးေဝျခင္း - Knowledge Sharing" ေတြကို ျမန္မာႏိုင္ငံဖြားေတြ သတိထားမိလာတဲ႕အထိ အားက်အတုယူႏုိင္ေအာင္ ဆက္ၾကိဳးစားေပးပါ။
.
. ဒီကေနတစ္ဆင္႕ ေနာက္မ်ိဳးဆက္ေတြကုိ ရုပ္ေရာ နာမ္ေရာ သန္မာေအာင္ေလ႕က်င္႕ေပးပါ။ စိတ္ဓါတ္ခြန္အား ၊လူ႕အရင္းအျမစ္အင္အား၊ အသိပညာအင္အား၊ ေငြေၾကးအင္အားေတြနဲ႕ ျမန္မာႏိုင္ငံတည္ေဆာက္တဲ႕ေနရာမွာ တစ္ေနေနရာက ပါဝင္ေပးပါ။ လူေတြကုိ ခ်ီးက်ဴးစကားေျပာတတ္ေအာင္ ေသေသခ်ာခ်ာသင္ေပးလုိက္ပါ။ သူတုိ႕ရင္ထဲမွာသိမ္းထားတဲ႕ဒဏ္ရာေတြေလ်ာ႕ပါးေအာင္ သမာဓိအင္အားေတြ ေပးေဝငွပါ . . သားေလးေရ . .။
.
.
. "သားကုိႏုိင္ငံေတာ္ကလုပ္ေပးဖို႕ ဘာမွေစာင္႕ေနစရာမလိုဘူး။ သားပုခံုးေပၚေရာက္လာတဲ႕ တန္ဖိုးထားတတ္ျခင္း နဲ႕ တန္ဖိုးရွိေအာင္ေနတတ္ျခင္း" ေတြကို သားဘယ္လုိအသံုးခ်ေနထုိင္တတ္မလဲဆိုတာက ဒီ (၁၈) ႏွစ္ေမြးေန႕ေရာက္ျပီးတဲ႕ေနာက္ပိုင္းမွာ အဆံုးအျဖတ္ေပးေတာ႕မယ္။ သားေလးရဲ႕ဘဝဟာ တကယ္လူ႕ေလာကထဲကို တြင္တြင္က်ယ္က်ယ္ေလွ်ာက္လွမ္းရပါေတာ႕မယ္ . .။
.
.
ခင္လ်က္
.
ကုိညီညီ (ေတာင္ၾကီး)
.
09-19-2018
.
.
Unicode Version:
.
.
. "(၁၈) နှစ်သား မြန်မာပြည်ဖွားတစ်ယောက်ရဲ့ဘဝအဓိပ္ပာယ်"
. Dear Member, Your access for family members Swan Htut account expires today. Check your family list, or find out if permission can be renewed in goodhealth.org (အမည်လွှဲ). ဒီအီးမေးလ်လေးရောက်တော့ ဆတ်ကနဲတော့ လန့်သွားတယ် . . ဘာများဖြစ်တာလဲပေါ့။ နောက်တော့ သူ့ဆေးရုံအာမခံဝဘ်ဆိုဒ်ကိုဝင်ကြည့်တော့မ သား "စွမ်း" ဟာ (၁၈) နှစ်ပြည့်တော့မှာကိုးဆိုတဲ့အသိက ကျွန်တော့နှလုံးသားကို လုံးလုံးလျားလျားကိုင်လှုပ်သွားတယ်။ (၁၈) ဆိုတဲ့ဂဏန်းဟာ လူငယ်တစ်ယောက်ရဲ့ဘဝ၊ မိဘ (၂) ဦးရဲ့ အသည်းနှလုံး နဲ့ နိုင်ငံတစ်ခုရဲ့ရှေ့ရေးကို ဘယ်လောက်အထိ ပြုပြင်ပြောင်းလဲမှုတွေရှိနိုင်ပါသလဲ?
.
. "အရွယ်ရောက်လာပြီ - Coming of Age" ဆိုတဲ့စေတသိတ်ဟာ အိပ်မက်မက်နေသူကို နိုးထစေတယ်။ စိတ်ကူးယဉ်နေသူကို လန့်နိုးစေတယ်။ အတွေးနယ်ကျွံနေသူကို ထိန်းချုပ်နယ်နိမိတ်အတွင်း ပြန်ဆွဲသွင်းလာစေတယ်။ စိတ်ဝိဉာဉ်လေးတွေကို ဟထားတဲ့တံခါးကြားကနေ ပျံထွက်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဇနီးမောင်နှံ (၂) ဦးရဲ့ စိတ်ကူးထဲမှာထူးပြီး မြူးသမျ ကြည်နူးနေရတာကတော့ သားသမီးတွေအပေါ်ထားတဲ့မေတ္တာဟာ ဒီရေအလား တိုးသထက်တိုးလာနေတာကြောင့်ပါပဲ။
.
.
. အချိန်တွေတရွေ့ရွေ့ကုန်လာနေတာနဲ့အတူ အသက်အရွယ်ကြီးရင့်မှုဟာ သူ့အလိုလိုဘယ်ရပ်နေပါ့မလဲ? နေမင်းကြီးက အရှေ့ဘက်နေ မနက်စာကိုသယ်ယူလာပြီး အနောက်ဘက်ကို ညနေစာကိုသယ်ဆောင်သွားတဲ့အချိန် ကျွန်တော်တို့မိဘတွေနဲ့သားသမီးတွေအတူတူနေတဲ့ရက် (၁) ရက်နည်းလာတာကို သတိထားရမယ်။
.
. ထို့အတူ သားသမီးတွေ ပညာစုံလာတာနဲ့အမျ မိနဲ့ဘတို့နဲ့ တီးတိုးဖော်၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ဆိုတဲ့ အတွေးချင်းနီးပြီး ရင်းနှီးကြည်စယ်ရတဲ့အချိန်တွေဟာ အခုလို နေရာသစ်မှာပညာရှာတဲ့မိသားစုအတွက် အင်မတန်တန်ဖိုးရှိလှတယ်။ ဒါတွေကို အသက် (၁၈) နှစ်ဆိုတဲ့ကိန်းဂဏန်းတစ်ခုကြောင့် သားသမီး နဲ့ မိဘကြား ဘာအရံအတားမှမဖြစ်ရပါဘူး။ အမေရိကားမှာ . .
.
.
(၁၈) နှစ်ပြည့်ပြီးသူတစ်ယောက်ဟ
_________________________
မဲပေးနိုင်တယ်
.
စာချုပ်စာတမ်းတွေချုပ်ဆိုနိုင်တယ်
.
ကိုယ်ပိုင်ဘဏ္ဍာရေးတည်ဆောက်နိုင်တယ်
.
ကျန်းမာရေးဆုံးဖြတ်ချက်ချနိုင်တယ်
.
မိဘမပါပဲ ကားလိုင်စင်လုပ်နိုင်တယ်
.
စစ်တပ်ထဲဝင်နိုင်တယ်
.
ကိုယ်ပိုင်အိုးအိမ်ထူထောင်နိုင်တယ်
.
သေတမ်းစာရေးနိုင်တယ် . . ဒါက အသစ်ပြောင်းရွှေ့လာမိတဲ့ နိုင်ငံသစ်ကပြောတာ။
.
.
. ဒါပေမယ့် ကျွန်တော်တို့မိဘရဲ့ရင်ခွင်ထဲမှာတော့ ဒီသားလေးဟာ ကလေးအရွယ်ကနေ ကြီးလာတယ်လို့မထင်ပါဘူး။ ငယ်ငယ်တုန်းက ကလေးလေးဟာ အခုတော့ လူကြီးကိုဦးဆောင်လမ်းပြမယ့် မီးရှူးတန်ဆောင်ကြီးဖြစ်လို့နေလေတော့ အေးမြတဲ့ရင်ခွင်မှာ ဘာဥပဒေမှမလိုအပ်ပါဘူး
.
. ဒီလိုတွေပြောထွက်နေမိပါသော်လည်း အဖေ နဲ့ အမေတို့ရဲ့ ဧည့်ခန်းလေးမှာ ရေစိမ်ခေါက်ဆွဲ အမြဲလာစားပေးပါ။ အတန်းကျောင်းအဆင့်ဆင့် သူဖြတ်သန်းခဲ့ရာ ကိုယ်ပိုင်အခန်းလေးထဲမှာ သူငယ်ချင်းတွေနဲ့အွန်လိုင်းဂိမ်း လာကစားပေးပါ။ တစ်ခုခုဆုံးဖြတ်ရခက်လို့အကျပ်ထဲ အကျဉ်းထဲဖြစ်လာရင် မက်ဆက်ဂျာကနေ အသံဖိုင်ပို့ပြီး မေးပေးပါ သားရေ . .။
.
.
. အာရှတိုက်သားတွေမှာအတွေ့ရများပြီး အမေရိကန်လူမျိုးတွေမှာရှားပါးတဲ့ "မိဘအိမ်မှာနေထိုင်ခြင်းအလုပ်" ကို သားလေးရေ . . တတ်နိုင်တဲ့အချိန်အထိလုပ်ပေးပါ။ လက်ရှိလုပ်နေကျ "အသိပညာပေးဝေခြင်း - Knowledge Sharing" တွေကို မြန်မာနိုင်ငံဖွားတွေ သတိထားမိလာတဲ့အထိ အားကျအတုယူနိုင်အောင် ဆက်ကြိုးစားပေးပါ။
.
. ဒီကနေတစ်ဆင့် နောက်မျိုးဆက်တွေကို ရုပ်ရော နာမ်ရော သန်မာအောင်လေ့ကျင့်ပေးပါ။ စိတ်ဓါတ်ခွန်အား ၊လူ့အရင်းအမြစ်အင်အား၊ အသိပညာအင်အား၊ ငွေကြေးအင်အားတွေနဲ့ မြန်မာနိုင်ငံတည်ဆောက်တဲ့နေရာမှာ တစ်နေနေရာက ပါဝင်ပေးပါ။ လူတွေကို ချီးကျူးစကားပြောတတ်အောင် သေသေချာချာသင်ပေးလိုက်ပါ။ သူတို့ရင်ထဲမှာသိမ်းထားတဲ့ဒဏ်ရာတွေလျော့ပါးအောင် သမာဓိအင်အားတွေ ပေးဝေငှပါ . . သားလေးရေ . .။
.
.
. "သားကိုနိုင်ငံတော်ကလုပ်ပေးဖို့ ဘာမှစောင့်နေစရာမလိုဘူး။ သားပုခုံးပေါ်ရောက်လာတဲ့ တန်ဖိုးထားတတ်ခြင်း နဲ့ တန်ဖိုးရိအောင်နေတတ်ခြင်း" တွေကို သားဘယ်လိုအသုံးချနေထိုင်တတ်မလဲဆိုတာက ဒီ (၁၈) နှစ်မွေးနေ့ရောက်ပြီးတဲ့နောက်ပိုင်းမှာ အဆုံးအဖြတ်ပေးတော့မယ်။ သားလေးရဲ့ဘဝဟာ တကယ်လူ့လောကထဲကို တွင်တွင်ကျယ်ကျယ်လျှောက်လှမ်းရပါတော့မယ် . .။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
.
09-19-2018






No comments: