ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 26, 2015

ကိုေက်ာ္ေက်ာ္ထြန္းအေမးအတြက္ အေျဖ


တူလုိခင္ရသူ ကိုေက်ာ္ေက်ာ္ထြန္း ေမးလာတာကုိ ပုိ႕စ္ အေနနဲ႕ ျပန္ေျဖေပးလိုက္ပါတယ္။
                           
.
ေမး ။။။။။။။။။။ မဂၤလာပါ ကိုညီညီ။ ကြ်န္ေတာ္ အၾကံဥာဏ္တစ္ခုေတာင္းခ်င္ပါတယ္ .. ကေလးပညာေရးကိစၥပါ။ လက္ရွိကြန္ေတာ႕သားကုိ ျမန္မာေက်ာင္း မူၾကိဳစထားရန္ရည္ရြယ္ထားပါတယ္။
.
 ျမန္မာေက်ာင္းပညာေရးဟာ ႏိုင္ငံတကာပညာေရးသို႔ ဝင္ဆံ႔ႏိုင္ပါမည္လား? ဒါမွမဟုတ္ အဂၤလိပ္ေက်ာင္းပညာေရးသည္ အရာရာသာလြန္ေနပါသလား? ေက်းဇူးတင္ပါတယ္။ အေႏွာက္အယွက္ျဖစ္သြားရင္ ခြင္႕လႊတ္ပါ။
.
.
ေျဖ ။။။။။။။။။။ ကုိေက်ာ္ေက်ာ္ထြန္းဆက္သြယ္လာလို႕ ဝမ္းသာမိပါတယ္။ အားလံုးေနေကာင္းၾကတယ္မလား?
.
ေမးခြန္းအတြက္ အေျဖက ရွင္းပါတယ္။ သိပ္ရွည္ရွည္ေဝးေဝးစဥ္းစားစရာမလိုပါဘူး။ ဒါေပမယ္႕ ကိုယ္တြယ္မယ္႕မိဘနဲ႕ေတာ႕ ေတာ္ေတာ္သက္ဆိုင္လိမ္႕မယ္။
.
ျမန္မာႏိုင္ငံမွာၾကီးဖို႕ျပင္ဆင္ေနတဲ႕ ကေလးငယ္ - Infant တစ္ေယာက္ဟာ အဂၤလိပ္စာတတ္တာကို မိဘေတြက ပိုလိုခ်င္တယ္။ ဒါ သဘာဝပါ။ ကြ်န္ေတာ္လည္း ဒီလိုပဲသေဘာရပါတယ္။ သို႕ေသာ္ ရန္ကုန္မွာရွိေနတဲ႕ အဂၤလိပ္ေက်ာင္းေတြတက္ရင္ ကေလးက ရုိင္းတယ္၊ ေဒါက္မက်ိဳးဘူး စသည္အားျဖင္႕ ကြ်န္ေတာ္ ဒီကုိမလာခင္ကတည္းက ၾကားခဲ႕ဖူးတယ္။ ဒါေၾကာင္႕ မိဘေတြနဲ႕သက္ဆုိင္တယ္လို႕ေျပာတာပါ။
.
.
ကေလးရဲ႕အားလပ္ခ်ိန္မွာ  တတ္ႏိုင္သေလာက္ ေပးေဆာ႕ကစားေစတဲ႕အျပင္ စာအုပ္စာေပပါ ဖတ္ရႈေစရပါမယ္။ ကေလးၾကိဳက္ ညဖက္ ပံုေျပာတာ၊ ကာတြန္းစာအုပ္ေပးဖတ္တာ၊ ဥာဏ္ပညာထက္ျမက္ေစမယ္႕ အေတြးအေခၚဆိုင္ရာကစားနည္းေတြနဲ႕ မိတ္ဆက္ေပးတာ၊ အဂၤလိပ္စာတန္းထိုး ကာတြန္းကားေပးၾကည္႕တာ စသည္တုိ႕ကို ( မျဖစ္မေန ) လုပ္သင္႕ပါတယ္။
.
ဒီကေန ကြ်န္ေတာ္တို႕ဘာရမလဲ? ဆက္ေျပာၾကည္႕ပါမယ္။ ဒီကေလး မူလတန္းေရာက္လာတဲ႕အခ်ိန္မွာ သူတစ္ပါးက စာကိုအလြတ္က်က္ျပီး စာျပန္အံတဲ႕အခါ သူက ေမးခြန္းကိုစဥ္းစားျပီးမွ ေျဖပါလိမ္႕မယ္။ သခ်ာၤတစ္ပုဒ္ကိုျပိဳင္တြက္တဲ႕အခါ ကေလးက ေဖာ္ျမဴလာေတာ႕အတူတူပဲ … ဒီလိုတြက္လို႕ေရာမရဘူးလား ဆုိတဲ႕ “ အေရးၾကီးတဲ႕ေမးခြန္း ” ေတြကို ေမးတတ္လာပါလိမ္႕မယ္။
.
အေမရိကန္မွာ ကေလးေတြကို စာသင္တာ အထူးအဆန္းၾကီးေတာ႕မဟုတ္ပါဘူး။ ကြ်န္ေတာ္ေရးျပသလို ကေလးရဲ႕စဥ္းစားဥာဏ္ထဲကို လိုခ်င္တဲ႕အခ်ိန္ ျပန္ထုတ္သံုးႏုိင္တဲ႕ခ်င္႕ခ်ိန္ေတြးေတာတတ္တဲ႕အက်င္႕ဥာဏ္စဥ္ -  Critical Thinking ထည္္႕ေပးလိုက္တာပါပဲ။ ဘာနဲ႕အလားသ႑န္တူသလဲဆိုေတာ႕ ကြန္ပ်ဴတာတစ္လံုးထဲကို အေသခ်ဳပ္ထားတဲ႕ Format တစ္ခုသြင္းလုိက္တာနဲ႕ ျပဳျပင္ေရးသားလို႕ရတဲ႕ Customized Software သြင္းတာ မတူသလိုပါပဲ။
.
.
ေမးခြန္းအတြက္အေျဖဘက္ဆက္သြားရရင္ - ျမန္မာေက်ာင္းျဖစ္ပါေစ၊ အဂၤလိပ္ေက်ာင္းျဖစ္ပါေစ ဒီလို Critical Thinking ေပးမယ္႕ေက်ာင္းကိုထားမွ ကိုယ္႕ကေလးတိုးတက္ေစမွာကုိ ရွင္းရွင္းျမင္ေစခ်င္တယ္။
.
ဒီအေျခအေနကေန ကေလးကေနေက်ာင္းသားငယ္၊ ေက်ာင္းသားငယ္ကေနေက်ာင္းသားၾကီး၊ ေက်ာင္းသားၾကီးကေန လက္ေတြ႕ဘဝထဲကိုလြင္႕စင္လာမယ္႕ လူသားတစ္ေယာက္ဟာ အရာရာကို အေမွာင္မပိန္းပဲျမင္ႏိုင္စြမ္းျပီး အစစအရာရာ စဥ္းစားတတ္ဖုိ႕ လုိရင္းေရာက္ေစမွာ ျဖစ္ပါတယ္။
.
 ဒီကေနတစ္ဆင္႕တက္လို႕ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံ႕အေရးမွာ ထူးခြ်န္စာပါဝင္လာႏိုင္ျပီဆိုရင္ မိဘေတြစိတ္ခ်ရပါျပီ။ ဒါဆို စိတ္ေအးရျပီ။
.
.
ေဘးထြက္ဆိုးက်ိဳးအေနနဲ႕ကေတာ႕ မိဘေျပာင္းေရႊ႕ရာ သားသမီးလိုက္ပါရင္း ဘာသာစကားမတူတဲ႕တိုင္းျပည္မွာ ပညာဆက္သင္ရတာပါပဲ။ ဒါကလည္း စိတ္ပူစရာမရွိပါဘူး။ အခုလက္ရွိပညာေရးစံနစ္ကုိ မေျပာင္းဘူးဆိုရင္ ျပည္ပႏိုင္ငံေတြရဲ႕ေက်ာရုိး - Core ကို ယူထားတဲ႕ ဘယ္လိုပညာသင္စံနစ္မ်ိဳးမွာမဆို ျမန္မာ႕အေျခခံပညာသင္စံနစ္ထက္ ေကာင္းမွာ ေသခ်ာသေလာက္ရွိပါတယ္။
.
.
ဒါေပမယ္႕ ကြ်န္ေတာ္တို႕တစ္ေတြဟာ ျမန္မာျပည္ေပါက္ ျမန္မာေတြဆုိတာ သတိခ်ပ္သင္႕ပါတယ္။ ကြ်န္္ေတာ္႕ဒီေျမမွာၾကီးတယ္။ ဒီေျမမွာ ပညာသင္တယ္။ ရုန္းထတယ္၊ စြန္႕ခြာၾကတယ္။ ျမန္မာမႈကိုသင္ၾကားခဲ႕သလုိ ကိုယ္ကေလးကုိ ျမန္မာမႈမေမ႕ေအာင္ ျပန္သင္ေပးရမယ္။
.
ထစ္ကနဲဆို ျမန္မာေတြကိုအထင္ေသးတတ္တယ္။ ပညာေရးမွာ လူမ်ိဳးမရွိပါဘူး .. စံနစ္ပဲရွိပါတယ္။ ဒါေၾကာင္႕ အဂၤလိပ္စာကုိ ကိုယ္႕ကေလးကိုသင္ေစရင္း ျမန္မာမႈယဥ္ေက်းမႈ နဲ႕ ျမန္မာစာကို မေမ႕ေအာင္ၾကိဳးစားေပးမယ္ဆုိရင္ အားလံုးအတြက္အက်ိဳးရွိေစသလို ကေလးလည္း လိမၼာေရးျခားရွိလာမွာ အမွန္ပါပဲ။
.
ဒါေၾကာင္႕မို႕ ကြ်န္ေတာ႕အေျဖက အဂၤလိပ္ေက်ာင္းတက္ေစျပီး ျမန္မာစာကုိသီးသန္႕သင္သင္႕ပါေၾကာင္း ဆႏၵျပဳလိုက္ပါတယ္။
.
.
အားလံုးတုိးတက္ျပီး ခ်မ္းေျမ႕ေပ်ာ္ရႊင္ေသာမိသားစုဘဝမ်ား ပိုင္ဆိုင္ၾကပါေစ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
ကုိညီညီ ( ေတာင္ၾကီး )
.

07-26-2015
.
.
“ ကိုကျော်ကျော်ထွန်းအမေးအတွက် အဖြေ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
တူလိုခင်ရသူ ကိုကျော်ကျော်ထွန်း မေးလာတာကို ပို့စ် အနေနဲ့ ပြန်ဖြေပေးလိုက်ပါတယ်။
               
.
မေး ။။။။။။။။။။ မင်္ဂလာပါ ကိုညီညီ။ ကျွန်တော် အကြံဥာဏ်တစ်ခုတောင်းချင်ပါတယ် .. ကလေးပညာရေးကိစ္စပါ။ လက်ရှိကွန်တော့သားကို မြန်မာကျောင်း မူကြိုစထားရန်ရည်ရွယ်ထားပါတယ်။
.
 မြန်မာကျောင်းပညာရေးဟာ နိုင်ငံတကာပညာရေးသို့ ဝင်ဆံ့နိုင်ပါမည်လား? ဒါမှမဟုတ် အင်္ဂလိပ်ကျောင်းပညာရေးသည် အရာရာသာလွန်နေပါသလား? ကျေးဇူးတင်ပါတယ်။ အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။
.
.
ဖြေ ။။။။။။။။။။ ကိုကျော်ကျော်ထွန်းဆက်သွယ်လာလို့ ဝမ်းသာမိပါတယ်။ အားလုံးနေကောင်းကြတယ်မလား?
.
မေးခွန်းအတွက် အဖြေက ရှင်းပါတယ်။ သိပ်ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ်တွယ်မယ့်မိဘနဲ့တော့ တော်တော်သက်ဆိုင်လိမ့်မယ်။
.
မြန်မာနိုင်ငံမှာကြီးဖို့ပြင်ဆင်နေတဲ့ ကလေးငယ် - Infant တစ်ယောက်ဟာ အင်္ဂလိပ်စာတတ်တာကို မိဘတွေက ပိုလိုချင်တယ်။ ဒါ သဘာဝပါ။ ကျွန်တော်လည်း ဒီလိုပဲသဘောရပါတယ်။ သို့သော် ရန်ကုန်မှာရှိနေတဲ့ အင်္ဂလိပ်ကျောင်းတွေတက်ရင် ကလေးက ရိုင်းတယ်၊ ဒေါက်မကျိုးဘူး စသည်အားဖြင့် ကျွန်တော် ဒီကိုမလာခင်ကတည်းက ကြားခဲ့ဖူးတယ်။ ဒါကြောင့် မိဘတွေနဲ့သက်ဆိုင်တယ်လို့ပြောတာပါ။
.
.
ကလေးရဲ့အားလပ်ချိန်မှာ  တတ်နိုင်သလောက် ပေးဆော့ကစားစေတဲ့အပြင် စာအုပ်စာပေပါ ဖတ်ရှုစေရပါမယ်။ ကလေးကြိုက် ညဖက် ပုံပြောတာ၊ ကာတွန်းစာအုပ်ပေးဖတ်တာ၊ ဥာဏ်ပညာထက်မြက်စေမယ့် အတွေးအခေါ်ဆိုင်ရာကစားနည်းတွေနဲ့ မိတ်ဆက်ပေးတာ၊ အင်္ဂလိပ်စာတန်းထိုး ကာတွန်းကားပေးကြည့်တာ စသည်တို့ကို ( မဖြစ်မနေ ) လုပ်သင့်ပါတယ်။
.
ဒီကနေ ကျွန်တော်တို့ဘာရမလဲ? ဆက်ပြောကြည့်ပါမယ်။ ဒီကလေး မူလတန်းရောက်လာတဲ့အချိန်မှာ သူတစ်ပါးက စာကိုအလွတ်ကျက်ပြီး စာပြန်အံတဲ့အခါ သူက မေးခွန်းကိုစဉ်းစားပြီးမှ ဖြေပါလိမ့်မယ်။ သချာၤတစ်ပုဒ်ကိုပြိုင်တွက်တဲ့အခါ ကလေးက ဖော်မြူလာတော့အတူတူပဲ … ဒီလိုတွက်လို့ရောမရဘူးလား ဆိုတဲ့ “ အရေးကြီးတဲ့မေးခွန်း ” တွေကို မေးတတ်လာပါလိမ့်မယ်။ 
.
အမေရိကန်မှာ ကလေးတွေကို စာသင်တာ အထူးအဆန်းကြီးတော့မဟုတ်ပါဘူး။ ကျွန်တော်ရေးပြသလို ကလေးရဲ့စဉ်းစားဥာဏ်ထဲကို လိုချင်တဲ့အချိန် ပြန်ထုတ်သုံးနိုင်တဲ့ချင့်ချိန်တွေးတောတတ်တဲ့အကျင့်ဥာဏ်စဉ် -  Critical Thinking ထည့်ပေးလိုက်တာပါပဲ။ ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုတော့ ကွန်ပျူတာတစ်လုံးထဲကို အသေချုပ်ထားတဲ့ Format တစ်ခုသွင်းလိုက်တာနဲ့ ပြုပြင်ရေးသားလို့ရတဲ့ Customized Software သွင်းတာ မတူသလိုပါပဲ။
.
.
မေးခွန်းအတွက်အဖြေဘက်ဆက်သွားရရင် - မြန်မာကျောင်းဖြစ်ပါစေ၊ အင်္ဂလိပ်ကျောင်းဖြစ်ပါစေ ဒီလို Critical Thinking ပေးမယ့်ကျောင်းကိုထားမှ ကိုယ့်ကလေးတိုးတက်စေမှာကို ရှင်းရှင်းမြင်စေချင်တယ်။ 
.
ဒီအခြေအနေကနေ ကလေးကနေကျောင်းသားငယ်၊ ကျောင်းသားငယ်ကနေကျောင်းသားကြီး၊ ကျောင်းသားကြီးကနေ လက်တွေ့ဘဝထဲကိုလွင့်စင်လာမယ့် လူသားတစ်ယောက်ဟာ အရာရာကို အမှောင်မပိန်းပဲမြင်နိုင်စွမ်းပြီး အစစအရာရာ စဉ်းစားတတ်ဖို့ လိုရင်းရောက်စေမှာ ဖြစ်ပါတယ်။
.
 ဒီကနေတစ်ဆင့်တက်လို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ့အရေးမှာ ထူးချွန်စာပါဝင်လာနိုင်ပြီဆိုရင် မိဘတွေစိတ်ချရပါပြီ။ ဒါဆို စိတ်အေးရပြီ။
.
.
ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ မိဘပြောင်းရွှေ့ရာ သားသမီးလိုက်ပါရင်း ဘာသာစကားမတူတဲ့တိုင်းပြည်မှာ ပညာဆက်သင်ရတာပါပဲ။ ဒါကလည်း စိတ်ပူစရာမရှိပါဘူး။ အခုလက်ရှိပညာရေးစံနစ်ကို မပြောင်းဘူးဆိုရင် ပြည်ပနိုင်ငံတွေရဲ့ကျောရိုး - Core ကို ယူထားတဲ့ ဘယ်လိုပညာသင်စံနစ်မျိုးမှာမဆို မြန်မာ့အခြေခံပညာသင်စံနစ်ထက် ကောင်းမှာ သေချာသလောက်ရှိပါတယ်။
.
.
ဒါပေမယ့် ကျွန်တော်တို့တစ်တွေဟာ မြန်မာပြည်ပေါက် မြန်မာတွေဆိုတာ သတိချပ်သင့်ပါတယ်။ ကျွန်တော့်ဒီမြေမှာကြီးတယ်။ ဒီမြေမှာ ပညာသင်တယ်။ ရုန်းထတယ်၊ စွန့်ခွာကြတယ်။ မြန်မာမှုကိုသင်ကြားခဲ့သလို ကိုယ်ကလေးကို မြန်မာမှုမမေ့အောင် ပြန်သင်ပေးရမယ်။
.
ထစ်ကနဲဆို မြန်မာတွေကိုအထင်သေးတတ်တယ်။ ပညာရေးမှာ လူမျိုးမရှိပါဘူး .. စံနစ်ပဲရှိပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို ကိုယ့်ကလေးကိုသင်စေရင်း မြန်မာမှုယဉ်ကျေးမှု နဲ့ မြန်မာစာကို မမေ့အောင်ကြိုးစားပေးမယ်ဆိုရင် အားလုံးအတွက်အကျိုးရှိစေသလို ကလေးလည်း လိမ္မာရေးခြားရှိလာမှာ အမှန်ပါပဲ။
.
ဒါကြောင့်မို့ ကျွန်တော့အဖြေက အင်္ဂလိပ်ကျောင်းတက်စေပြီး မြန်မာစာကိုသီးသန့်သင်သင့်ပါကြောင်း ဆန္ဒပြုလိုက်ပါတယ်။ 
.
.
အားလုံးတိုးတက်ပြီး ချမ်းမြေ့ပျော်ရွှင်သောမိသားစုဘဝများ ပိုင်ဆိုင်ကြပါစေ။
.
ခင်မင်ခြင်းများစွာဖြင့်
.

07-26-2015
.
“ ကိုေက်ာ္ေက်ာ္ထြန္းအေမးအတြက္ အေျဖ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ( ၁၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၆ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။




No comments: