ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 26, 2015

ဘာျဖစ္လုိ႕ေအာ္ဂဲနစ္ကိုဝယ္စားခိုင္းတာလဲ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ယေန႕ေခတ္ စားေသာက္ကုန္ေတြမွာ “ ေအာ္ဂဲနစ္ကိုဝယ္စားပါ - Buy Certified Organic ” ဆိုတဲ႕စာတန္းေတြ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မၾကာခဏေတြ႕လာရတာ ေကာင္းတဲ႕လကၡဏာတစ္ခု မဟုတ္ပါဘူး။ ဘုိးေဘးတို႕ေခတ္က အေစ႕ခ်လိုက္ရံုနဲ႕ အပင္ေပါက္တဲ႕ေျမမွာ အခုလိုတိုးတက္လာတဲ႕ေခတ္ကာလေရာက္မွ ေအာ္ဂဲနစ္ပစၥည္းကုိသာ ျပန္လည္စားသံုးပါလို႕ ဆြဲေဆာင္ေနရတာဟာ လူသားတို႕ရဲ႕အလိုလာဘကို သဘာဝက မလိုက္ႏုိင္္တဲ႕အက်ိဳးဆက္လို႕ ရင္နင္႕စြာ ခံစားမိပါတယ္။
.
ေျမဆီလႊာမွာ ဇီဝလည္ပတ္မႈကိုအေထာက္အပံ႕ေပးတဲ႕၊ သတၱေလာက အေျခခ်ႏိုင္တဲ႕ အဆီအႏွစ္ေတြ စုစုစည္းစည္းရွိေနခ်ိန္ေတြကုိ ေရတြက္လိုက္ရင္ ႏွစ္ေပါင္းမနည္းေတာ႕ပါဘူး။ ဒါေတြကုိ စက္မႈ နဲ႕ နည္းပညာထြန္းကားလာတဲ႕ေခတ္မွာ အခ်ိန္တိုသေလာက္ သက္ဆိုးရွည္တဲ႕ အုပ္ခ်ဳပ္သူလူတန္းစားအလႊာအသီးသီးရဲ႕လက္ထဲမွာ ကမၻာေျမၾကီးလည္း ကတံုးျဖစ္ျပီး အလွရူပါေလ်ာ႕နည္းရံုမက အညမညက်န္းမာေရးခ်ိဳ႕တဲ႕လာခဲ႕တာ ကြ်န္ေတာ္တို႕တေတြ မျငင္းႏိုင္ေတာ႕ပါဘူး။
.
.
တိုးတက္တဲ႕ႏိုင္ငံေတြမွာ လယ္သမားရွားပါးတဲ႕ဒဏ္ကို အလူးအလိမ္႕ ခံေနရပါတယ္။ စက္ရံုေပါမ်ားျပီး ေရခဲခန္း၊ ေအးခဲခန္း အားကိုးနဲ႕ထုတ္လုပ္တဲ႕ စားေသာက္ကုန္ေတြကုိသာ ေခတ္မွီလွပါတယ္ဆုိတဲ႕ ႏိုင္ငံသားေတြ မလြဲမေရွာင္သာ စားသံုးေနရတယ္။ ကြန္ပ်ဴတာ နဲ႕ အင္တာနက္ေခတ္မွာ လူေတြ ပုိအလုပ္ရႈပ္လာၾကတယ္။ ကုိယ္႕အားလပ္ခ်ိန္ကို လက္ပြတ္ဖုန္းေတြေပၚမွာ ပိုအခ်ိန္ကုန္လြန္ေစလာတယ္။ ဒါေၾကာင္႕ ေရွးယခင္က အိမ္ေထာင္မႈႏိုင္နင္းတယ္ဆိုတဲ႕ အယူအဆေကာင္းေတြကို ပစ္ခြာျပီး အလြယ္အကူ အသင္႕ခ်က္ျပီးသား မုိက္ခရုိေဝ႕အပူေပးရန္အဆင္သင္႕ အစားအေသာက္ေတြအေပၚမွာ မွီခုိလာၾကတယ္။ ဒီအခ်က္ကပဲ လူေတြ သဘာဝေအာ္ဂဲနစ္ အသီးအရြက္ေတြနဲ႕ ကင္းကြာလာေစတဲ႕ အေၾကာင္းရင္းခံ ျဖစ္လာပါတယ္။
.
အလုပ္မ်ားတဲ႕ႏိုင္ငံေတြမွာ အသင္႕စား-အျမန္ခ်က္-အစားအေသာက္ေတြ ပိုမိုေပါမ်ားပါတယ္။ အခ်ိန္ကိုေရာင္စားေနရတဲ႕ဝန္ထမ္းေတြမ်ားရင္ မုိက္ခရိုေဝ႕နဲ႕ကင္ျပီး ဖြင္႕ေဖာက္စားရံု - Microwave Ready အစားအစာေတြက ေရာင္းအားေကာင္းလွတယ္။ အဲဒီစက္ရံုေတြကသံုးတဲ႕ ကုန္ၾကမ္းေတြမွာ ဘဘာဝနဲ႕ကိုက္ညီတဲ႕ကုန္ၾကမ္းအသီးအရြက္ေတြ ဘယ္ေလာက္အထိထည္႕သံုးထားပါသလဲ ေလ႕လာၾကည္႕ဖို႕မေကာင္းေပဘူးလား။ “ အသီးဆို မွည္႕မွ၊ အရြက္ဆို စိမ္းမွ၊ ေျမဥဆို ၾကီးမွ ” လူ႕ေလာဘအတိုင္း သဘာဝေက်ာ္လြန္ ပိုးသတ္ေဆးေတြ နဲ႕ သန္မာၾကီးထြားျမန္ ရုပ္ၾကြပစၥည္းေတြက လူ႕အသက္ေတြကုိ မ်ွဥ္းျပီး သတ္ေနၾကတာ တိတ္တိတ္ေလးေပမို႕ လူေတြ သိပ္သတိမထားမိၾကပံု မေပၚပါဘူး။
.
.
Certified Organic ဆိုတာ ဘာကိုေခၚပါသလဲ ၾကည္႕ၾကရေအာင္ …
.
.
GMO – Genetically Modified Organisms သဘာဝကေပးတဲ႕ဇီဝသတိၱကို တစ္နည္းတစ္မ်ိဳးျပဳျပင္ထားသမွ်ကိစၥ ကင္းရွင္းတာ …
.
အဆိပ္အေတာက္ျဖစ္ေစတဲ႕အင္းဆက္သတ္ေဆး - Toxic Pesticides နဲ႕ ေရနံအေျခခံအထူးျပဳျပင္ထားတဲ႕ေျမၾသဇာ - Petroleum-Based Synthetic Fertilizers ေတြ ကင္းရွင္းတာ …
.
ေရဒီယုိသတၱိဓါတ္သင္႕ျခင္း နဲ႕ စြန္႕ပစ္ေရဆိုးအညစ္အေၾကး - Sewage Sludge ကင္းရွင္းတာ …
.
ေရာဂါပိုးသတ္ေဆး - Antibiotics ၊ ခႏၶာကုိယ္ၾကီးထြားျမန္ေဟာ္မုန္း - Growth Hormones နဲ႕ ေဟာ္မုန္းမွရေသာေဆးဝါးမ်ား - Steroids ကင္းရွင္းတာေတြကုိ ဆိုလိုတာတင္ မကပဲ
.
အဓိက ေျမဆီလႊာသံသရာလည္းျခင္းတုိ႕မွာပါဝင္တဲ႕ ေျမဆီလႊာထိန္းသိမ္းျခင္း၊ ေရအရင္းအျမစ္ထိန္းသိမ္းျခင္း၊ အပင္မ်ိဳးဆက္ထိန္းသိမ္းျခင္း နဲ႕ တိရစာၦန္မ်ားအသက္ရွင္ေနထိုင္ျခင္း စတဲ႕အရင္းခံအေၾကာင္းေတြကို လူသားေတြက ဂရုစိုက္ ေထာက္ပံ႕ရမယ္ဆုိတဲ႕အခ်က္ေတြ အားလံုးလႊမ္းျခံဳပါဝင္ပါတယ္။
.
.
သဘာဝအသီးအႏွံေတြကုိ စားသံုးဖုိ႕ စည္းရံုးေရးမွာ ဆိုင္ေပၚတင္ေရာင္းေနရံုနဲ႕ မလံုေလာက္ပါဘူး  အစုိးရရဲ႕အကူအညီလိုပါတယ္။ လူမႈအဖြဲ႕အစည္းေတြရဲ႕ ပညာေပးမႈ ထိေရာက္ရပါမယ္။ ပတ္ဝန္းက်င္အသိုင္းအဝုိင္းရဲ႕ ေဖးမသြန္သင္မႈ လိုအပ္ပါတယ္။ ဒီအခက္အခဲေတြကုိ ဝင္ေျဖရွင္းဖို႕ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာခရုျမိဳ႕မွာ CCOF ဆုိတဲ႕အဖဲြ႕ ရွိပါတယ္။ အက်ယ္ဖြင္႕ကေတာ႕ California Certified Organic Farmers ပါ။ လယ္စုိက္ေျမေတြ သဘာဝအရင္းအျမစ္ နဲ႕ ျပည္႕ဝေျမဆီလႊာေတြကိုသံုးဖို႕ အကူအညီေပးေနတယ္လို႕ သိရတယ္။ ကမၻာလံုးဆိုင္ရာအစားအေသာက္အႏၱရာယ္ေဘးကင္းေရးကနဦးအဖြဲ႕ - GFSI ( Global Food Safety Initiative ) ရဲ႕ လမ္းညႊန္မႈရေအာင္ ေဆာင္ရြက္ေပးတယ္။
.
GFSI နဲ႕ခ်ိတ္ဆက္မိရင္ ကိုယ္႕လယ္ေျမထြက္ကုန္ကုိ ကုန္စိမ္းကုမၸဏီၾကီးေတြနဲ႕ ဟင္းသီးဟင္းရြက္ေရာင္းတဲ႕စတိုးဆိုင္ေတြရဲ႕ ယံုၾကည္မႈရွိေအာင္ လက္မွတ္ထုတ္ေပးတယ္။ သူတုိ႕သတ္မွတ္္ထားတဲ႕ အသိအမွတ္ျပဳအပင္ရွင္သန္ၾကီးထြားေရးေဆးေတြကိုပဲ သံုးရတယ္။ ကြင္းဆင္းစစ္ေဆးဖုိ႕ စာရင္းစစ္ - Audit ေတြ လႊတ္ျပီး စံနစ္က်မက် နည္းလမ္းျပေပးတယ္။ သဘာဝေျမၾကီးေပၚမွာ အထပ္ထပ္စစ္ေဆးျပီး မည္သည္႕ျပဳျပင္ေျပာင္းလဲထားမႈမွမလုပ္ထားတဲ႕ ခြင္႕ျပဳျပီးသား အရင္းအျမစ္ - Resources ေတြကိုသာ သံုးစြဲေစတယ္။ ဒီကေနတစ္ဆင္႕ သာယာလွပတဲ႕ ကမၻာေျမၾကီးကိုကာကြယ္ႏိုင္သလို အညမညျဖစ္စဥ္အရ က်န္းမာသန္စြမ္းတဲ႕ လူသားေတြက သဘာဝေလာကကို အပ်ိဳရည္မပ်က္ ထိန္းသိမ္းေစာင္႕ေရွာက္ႏိုင္ပါလိမ္႕မယ္လို႕ ဆိုထားပါတယ္။
.
.
GMO ကင္းရွင္းဖို႕က လူေတြေပၚမွာ မူတည္တယ္။ သဘာဝသစ္ပင္မ်ိဳးႏြယ္တစ္ခုမွာ GMO ပါသြားရင္ ေအာ္ဂဲနစ္မျဖစ္ေတာ႕ပါဘူး။ အင္ဂ်င္နီယာပညာနဲ႕ မ်ိဳးပြားမႈကေန GMO နည္းပညာေတြ တိုးပြားလာရတယ္။ တိုးတက္မႈရေပမယ္႕ လူသားအက်ိဳးေဆာင္ဖုိ႕ကေတာ႕ အာမခံခ်က္မရွိပါဘူး။ ဆိုလိုတာက Genetic Engineering က သဘာဝမဟုတ္တဲ႕ အပင္ၾကြက္သား - Cell ေတြကို ဖန္တီး - Make Up လုပ္ပစ္လိုက္တယ္။ အထဲမွာ မ်ိဳးရီုးဗီဇေတြကိုအသြင္ေျပာင္းထားတဲ႕ ျဒပ္ေပါင္းပါဝင္မႈေတြ မ်ားေနလို႕ ဒီအခ်က္ကပဲ လူသားေတြ စားသံုးဖုိ႕မသင္႕တာေတြထဲက အေရးအၾကီးဆံုး သတိေပးမႈ ျဖစ္လာပါတယ္။
.
.
ပိုးသတ္ေဆးလြန္ နဲ႕ အျပင္းစားဓါတ္ေျမၾသဇာေတြမပါဝင္ဖို႕ကေတာ႕ လယ္စိုက္သူေတြရဲ႕စိတ္ေကာင္းေစတနာ နဲ႕ လုပ္ရပ္ေတြက အေရးၾကီးတယ္။ ပိုးသတ္ဓါတုေတြပါဝင္တဲ႕ေဆးကို လူေတြရဲ႕ခႏၶာကိုယ္ထဲထည္႕သြင္းရင္ အႏၱရာယ္မ်ားလွပါတယ္။ သူ႕ရဲ႕ျဒပ္ေပါင္းဖြဲ႕စည္းပံုမွာကတည္းက ဇီဝဖ်က္ပိုးေတြကုိ ဖ်က္ဆီးဖို႕၊ ပိုးမႊားေတြခ်န္ထားရစ္မဲ႕ အပင္ေတြရဲ႕ဒဏ္ရာေတြကုိကုစားဖုိ႕ နဲ႕ ပိုးက်ႏႈန္းေလွ်ာ႕ခ်ဖို႕ ထည္႕သြင္းခ်က္လုပ္ၾကတာခ်ည္း ျဖစ္ပါတယ္။ ဓါတုေဗဒနည္းနဲ႕ေဖာ္စပ္ထားတဲ႕ေဆးေတြထဲမွာ လူသားမ်ိဳးႏြယ္အတြက္ အာဟာရျဖစ္ေစဖုိ႕၊ အားျဖစ္ေစဖုိ႕ ဘာဓါတ္မွ မပါဝင္တာကို သိထားဖို႕ အေရးၾကီးပါတယ္။ ဒီလိုပစၥည္းေတြ ပါဝင္ မပါဝင္ဆုိတာကိုစစ္ေဆးဖို႕ စစ္ေဆးေရးအဖြဲ႕ နဲ႕ သူတုိ႕ရဲ႕ ကြင္းဆင္းစစ္ေဆးမႈက အဓိကအက်ဆံုးပါ။
.
.
ေရဒီယုိသတၱိၾကြဓါတ္ဟာ မ်က္စိနဲ႕ျမင္ရတာမ်ိဳး မဟုတ္ပါဘူး။ လူေတြခံစားရမွာက ခဲဆိပ္သင္႕တာ၊ ဓါတ္မတည္႕တာ စတဲ႕ အနီးကပ္ ဒဏ္ရာအေပါ႕စားေလးေတြက အခ်က္ျပမွသာ မိမိမွာတစ္ခုခုအဆိပ္သင္႕ျပီဆုိတာသိႏိုင္တာက ေရဒီယုိလိႈင္းရဲ႕အဆိုးျပသတိၱပဲ ျဖစ္ပါတယ္။ လယ္စိုက္ခင္းေတြရဲ႕အနီးမွာ ဓါတုေဗဒအသံုးမ်ားတဲ႕ စက္ရံုေတြ ရွိေနလို႕မရပါဘူး။ သူတုိ႕စြန္႕ပစ္လိုက္တဲ႕ေရဆိုးေတြကုိ ေသာက္သံုးဖို႕ေနေနသာသာ စိုက္ပ်ိဳးေရအျဖစ္ေတာင္ သံုးဖုိ႕ မသင္႕ေတာ္ပါဘူး။ ဒီကိစၥကိုႏိုင္နင္းဖို႕ အုပ္ခ်ဳပ္မႈအဖြဲ႕ရဲ႕ ပတ္ဝန္းက်င္ကို ဘယ္ေလာက္ထိန္းသိမ္းသလဲဆိုတဲ႕အခ်က္ေပၚမွာ တုိင္းတာလို႕ရပါတယ္။
.
.
ေအာ္ဂဲနစ္အသားထုတ္တိရိစာၦန္ေတြကုိ အကုိက္အခဲေပ်ာက္ေဆး၊ ဟုိမုန္းအသားတုိးေဆး နဲ႕ ဟုိမုန္းကရတဲ႕ေဆးဝါးေတြ မသံုးစြဲပဲ ေမြးျမဴၾကပါတယ္။ အေနာက္ႏုိင္ငံေတြမွာ ႏြားျခံေတြနဲ႕ သုိးေမြးျမဳေရးေတြမွာသံုးႏိုင္တဲ႕ Steroid တစ္ခ်ိဳ႕ကို ခြင္႕ျပဳေပးခဲ႕တာ ရွိပါတယ္။ အဲဒီ ေဆးဝါးေတြက တိရိစာၦန္ေတြစားသမွ်အစာေတြကုိ အသားအျဖစ္ အသြင္ေျပာင္းေပးတယ္။ အဲဒီေဆးဝါးေတြကုိ ေအာ္ဂဲနစ္ေမြးျမဴေရးျခံေတြမွာ သံုးခြင္႕မရွိပါဘူး။ တစ္ခ်ိဳ႕တြားသြားသတၱဝါေတြအတြက္ အားေဆးျဖစ္ေစတဲ႕ အာဆင္းနစ္ဓါတ္ေတြပါတာဆုိရင္ လူေတြကုိ တုိက္ရိုက္ဆိုးက်ိဳးေပးႏုိင္တာ ေၾကာက္စရာပါ။
.
.
ေအာ္ဂဲနစ္လယ္ယာစိုက္ပ်ိဳးေရးဟာ လူသားကမၻာေျမရဲ႕ေဂဟစံနစ္ - Ecosystem ေတြကုိ မ်ားစြာအေထာက္အကူျပဳပါတယ္။ ရွားပါးေတာရိုင္းတိရိစာၦန္ေတြ ပိုမုိရွင္သန္လာႏုိင္ပါတယ္။ ဇီဝမ်ိဳးကြဲသတၱဝါေတြက သဘာဝအရင္းအျမစ္အစစ္ေတြကုိ စားသံုးျပီး သက္တမ္းရွည္လာႏိုင္ပါတယ္။ လူသားေတြက ေရအရင္းအျမစ္သန္႕ရွင္းေအာင္ ေစာင္႕ေရွာက္ျခင္းအားျဖင္႕ လူထုျပန္သံုးစြဲႏိုင္တဲ႕ ေအာ္ဂဲနစ္ေျမဆီလႊာေတြ က်န္ရစ္ပါမယ္။ ေတာႏြယ္ခ်ံဳပင္ေတြကေန သဘာဝသားေကာင္ေတြ ပိုမိုမွီတင္းေနထုိင္ႏိုင္ပါတယ္။
.
.
ျမန္မာ႕အျမင္နဲ႕ၾကည္႕ရရင္ ဆုိင္ေတြမွာစားသံုးသမွ် ေအာ္ဂဲနစ္ျဖစ္မျဖစ္ ခြဲျခားဖို႕ ခက္ပါတယ္။ ဒါဆိုရင္ နယ္ေတြက ( ၅ ) ရက္ တစ္ေစ်းေတြမွာ လိုက္ေရာင္းတဲ႕ အခြန္လြတ္ေစ်းေတြက ဟင္းသီးဟင္းရြက္ေတြကေရာ သဘာဝအတိုင္းစိုက္ပ်ိဳးထားတာ ဟုတ္ပါရဲ႕လား ဆန္းစစ္ၾကည္႕ဖုိ႕လိုပါတယ္။ လတ္ဆတ္တိုင္း ေအာ္ဂဲနစ္မျဖစ္ပါဘူး။ ေတာင္သူေတြရဲ႕ စီးပြားေရးအရ တရုတ္ႏိုင္ငံက ဘယ္လုိအရည္အေသြးစစ္ထားမွန္းမသိတဲ႕ ေျမၾသဇာေတြ ယူသံုးထားရင္ေတာ႕ ေအာ္ဂဲနစ္မဟုတ္ဘူးလို႕ အားနာနာနဲ႕ ေျပာရမွာပါပဲ။ သူတုိ႕မွာလည္း သူတုိ႕ဝမ္းေရး ရွိေသးတယ္။ လယ္ေျမထြက္ကုန္ေတြက လိပ္ပတ္မလည္တဲ႕အခါ ေဆးထုိးၾကီးတာတုိ႕၊ ေဆးထုိးမွည္႕တာတို႕၊ ေပါင္းစပ္ေဆးေတြ သံုးျပီး ေစ်းကြက္အျမန္ေရာက္ေရး ေငြေဖာ္ရတာမ်ိဳးေတြ ရွိပါေသးတယ္။
.
အဲဒီလိုလုပ္လို႕ ေငြလည္ပတ္ျပီး စားဝတ္ေနေရးေျပလည္ရင္ ေတာ္ပါေသးတယ္။ အေရွ႕အေၾကြးမဆပ္ႏုိင္ရံုမက ေနာက္ထပ္ေျမၾသဇာကလည္းလိုခ်င္တဲ႕အခါ အေၾကြးရွင္အေရာင္းဆိုင္ေတြက “ ပိုျမတ္ျပီး၊ နာမည္မၾကီး၊ အာမခံခ်က္မရွိ၊ ဓါတ္ခြဲခန္းေအာင္လက္မွတ္မပါ ” တဲ႕ ေျမၾသဇာေတြကို လက္သိပ္ထုိးေရာင္းေပးလိုက္ေတာ႕ စားမိသမွ် အျပစ္မဲ႕ျပည္သူေတြရဲ႕ ေရွ႕ေရးကုိ မေတြးရဲေအာင္ ျဖစ္္ရပါတယ္။
.
.
အစိုးရရဲ႕ က်န္းမာေရးကြပ္ကဲမႈစံနစ္က ဒီေနရာမွာ စကားေျပာလာပါျပီ။ နည္းစံနစ္ မူဝါဒေတြခ်မွတ္ေပးဖို႕လုိသလို ကိုယ္တုိင္လည္း လိုက္နာဖုိ႕လုိပါတယ္။ ျပည္သူျပည္သားေတြပါ လိုက္နာဖုိ႕ ပညာေပးမႈေတြ လိုပါတယ္။ သံုးစြဲပစၥည္းစာရင္းေတြကုိ မွန္မမွန္စစ္ေဆးဖုိ႕ “ စာရင္းစစ္အဖဲြ႕ေတြ ” အလုပ္ေကာင္းေကာင္းလုပ္ဖို႕ လိုပါတယ္။ ေနရာတကာ “ ၾကည္႕လုပ္လိုက္မယ္ ” ခ်ည္း လုပ္ေနသ၍ သဘာဝအစားအေသာက္ေတြ စားရဖုိ႕ အခြင္႕အေရးနည္းလာမွာ ျဖစ္ပါတယ္။
.
“ ေအာ္ဂဲနစ္ ” လို႕ဆိုလိုက္ရင္ လူေတြက အသီးအႏွံ +  ဟင္းသီးဟင္းရြက္ေတြကုိ ပဲ ေျပးျမင္ပါတယ္။ ေန႕စဥ္စားသံုးတဲ႕ သားငါးေတြမွာလည္း ေအာ္ဂဲနစ္သဘာဝ နဲ႕ မကိုက္ညီတာေတြ အမ်ားၾကီး ရွိပါတယ္။ သူတုိ႕ကုိအသားေပၚလုိက္တဲ႕ ေမြးျမဳေရးျခံက ဘယ္လုိတိရိစာၦန္အစာကိုသံုးတာလဲ ဆိုတာေပၚမွာ တြက္ၾကည္႕ႏိုင္သလို ေမြးျမဴေရးျခံရဲ႕ ဓါတုေဗဒေဆး ေဘးကင္းစြာ သံုးစြဲမႈေပၚမွာလည္း အေျဖရွာႏိုင္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။
.

koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
  “ ဘာဖြစ်လို့အော်ဂဲနစ်ကိုဝယ်စားခိုင်းတာလဲ ”  
 ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) 
.
ယနေ့ခေတ် စားသောက်ကုန်တွေမှာ “ အော်ဂဲနစ်ကိုဝယ်စားပါ - Buy Certified Organic ” ဆိုတဲ့စာတန်းတွေ နေရာတော်တော်များများမှာ မကြာခဏတွေ့လာရတာ ကောင်းတဲ့လက္ခဏာတစ်ခု မဟုတ်ပါဘူး။ ဘိုးဘေးတို့ခေတ်က အစေ့ချလိုက်ရုံနဲ့ အပင်ပေါက်တဲ့မြေမှာ အခုလိုတိုးတက်လာတဲ့ခေတ်ကာလရောက်မှ အော်ဂဲနစ်ပစ္စည်းကိုသာ ပြန်လည်စားသုံးပါလို့ ဆွဲဆောင်နေရတာဟာ လူသားတို့ရဲ့အလိုလာဘကို သဘာဝက မလိုက်နိုင်တဲ့အကျိုးဆက်လို့ ရင်နင့်စွာ ခံစားမိပါတယ်။
.
မြေဆီလွှာမှာ ဇီဝလည်ပတ်မှုကိုအထောက်အပံ့ပေးတဲ့၊ သတ္တလောက အခြေချနိုင်တဲ့ အဆီအနှစ်တွေ စုစုစည်းစည်းရှိနေချိန်တွေကို ရေတွက်လိုက်ရင် နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါတွေကို စက်မှု နဲ့ နည်းပညာထွန်းကားလာတဲ့ခေတ်မှာ အချိန်တိုသလောက် သက်ဆိုးရှည်တဲ့ အုပ်ချုပ်သူလူတန်းစားအလွှာအသီးသီးရဲ့လက်ထဲမှာ ကမ္ဘာမြေကြီးလည်း ကတုံးဖြစ်ပြီး အလှရူပါလျော့နည်းရုံမက အညမညကျန်းမာရေးချို့တဲ့လာခဲ့တာ ကျွန်တော်တို့တတွေ မငြင်းနိုင်တော့ပါဘူး။
.
.
တိုးတက်တဲ့နိုင်ငံတွေမှာ လယ်သမားရှားပါးတဲ့ဒဏ်ကို အလူးအလိမ့် ခံနေရပါတယ်။ စက်ရုံပေါများပြီး ရေခဲခန်း၊ အေးခဲခန်း အားကိုးနဲ့ထုတ်လုပ်တဲ့ စားသောက်ကုန်တွေကိုသာ ခေတ်မှီလှပါတယ်ဆိုတဲ့ နိုင်ငံသားတွေ မလွဲမရှောင်သာ စားသုံးနေရတယ်။ ကွန်ပျူတာ နဲ့ အင်တာနက်ခေတ်မှာ လူတွေ ပိုအလုပ်ရှုပ်လာကြတယ်။ ကိုယ့်အားလပ်ချိန်ကို လက်ပွတ်ဖုန်းတွေပေါ်မှာ ပိုအချိန်ကုန်လွန်စေလာတယ်။ ဒါကြောင့် ရှေးယခင်က အိမ်ထောင်မှုနိုင်နင်းတယ်ဆိုတဲ့ အယူအဆကောင်းတွေကို ပစ်ခွာပြီး အလွယ်အကူ အသင့်ချက်ပြီးသား မိုက်ခရိုဝေ့အပူပေးရန်အဆင်သင့် အစားအသောက်တွေအပေါ်မှာ မှီခိုလာကြတယ်။ ဒီအချက်ကပဲ လူတွေ သဘာဝအော်ဂဲနစ် အသီးအရွက်တွေနဲ့ ကင်းကွာလာစေတဲ့ အကြောင်းရင်းခံ ဖြစ်လာပါတယ်။
.
အလုပ်များတဲ့နိုင်ငံတွေမှာ အသင့်စား-အမြန်ချက်-အစားအသောက်တွေ ပိုမိုပေါများပါတယ်။ အချိန်ကိုရောင်စားနေရတဲ့ဝန်ထမ်းတွေများရင် မိုက်ခရိုဝေ့နဲ့ကင်ပြီး ဖွင့်ဖောက်စားရုံ - Microwave Ready အစားအစာတွေက ရောင်းအားကောင်းလှတယ်။ အဲဒီစက်ရုံတွေကသုံးတဲ့ ကုန်ကြမ်းတွေမှာ ဘဘာဝနဲ့ကိုက်ညီတဲ့ကုန်ကြမ်းအသီးအရွက်တွေ ဘယ်လောက်အထိထည့်သုံးထားပါသလဲ လေ့လာကြည့်ဖို့မကောင်းပေဘူးလား။ “ အသီးဆို မှည့်မှ၊ အရွက်ဆို စိမ်းမှ၊ မြေဥဆို ကြီးမှ ” လူ့လောဘအတိုင်း သဘာဝကျော်လွန် ပိုးသတ်ဆေးတွေ နဲ့ သန်မာကြီးထွားမြန် ရုပ်ကြွပစ္စည်းတွေက လူ့အသက်တွေကို မျှဉ်းပြီး သတ်နေကြတာ တိတ်တိတ်လေးပေမို့ လူတွေ သိပ်သတိမထားမိကြပုံ မပေါ်ပါဘူး။
.
.
Certified Organic ဆိုတာ ဘာကိုခေါ်ပါသလဲ ကြည့်ကြရအောင် …
.
.
GMO – Genetically Modified Organisms သဘာဝကပေးတဲ့ဇီဝသတ္တိကို တစ်နည်းတစ်မျိုးပြုပြင်ထားသမျှကိစ္စ ကင်းရှင်းတာ …
.
အဆိပ်အတောက်ဖြစ်စေတဲ့အင်းဆက်သတ်ဆေး - Toxic Pesticides နဲ့ ရေနံအခြေခံအထူးပြုပြင်ထားတဲ့မြေဩဇာ - Petroleum-Based Synthetic Fertilizers တွေ ကင်းရှင်းတာ …
.
ရေဒီယိုသတ္တိဓါတ်သင့်ခြင်း နဲ့ စွန့်ပစ်ရေဆိုးအညစ်အကြေး - Sewage Sludge ကင်းရှင်းတာ …
.
ရောဂါပိုးသတ်ဆေး - Antibiotics ၊ ခန္ဓာကိုယ်ကြီးထွားမြန်ဟော်မုန်း - Growth Hormones နဲ့ ဟော်မုန်းမှရသောဆေးဝါးများ - Steroids ကင်းရှင်းတာတွေကို ဆိုလိုတာတင် မကပဲ
.
အဓိက မြေဆီလွှာသံသရာလည်းခြင်းတို့မှာပါဝင်တဲ့ မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်း၊ အပင်မျိုးဆက်ထိန်းသိမ်းခြင်း နဲ့ တိရစ္ဆာန်များအသက်ရှင်နေထိုင်ခြင်း စတဲ့အရင်းခံအကြောင်းတွေကို လူသားတွေက ဂရုစိုက် ထောက်ပံ့ရမယ်ဆိုတဲ့အချက်တွေ အားလုံးလွှမ်းခြုံပါဝင်ပါတယ်။
.
.
သဘာဝအသီးအနှံတွေကို စားသုံးဖို့ စည်းရုံးရေးမှာ ဆိုင်ပေါ်တင်ရောင်းနေရုံနဲ့ မလုံလောက်ပါဘူး  အစိုးရရဲ့အကူအညီလိုပါတယ်။ လူမှုအဖွဲ့အစည်းတွေရဲ့ ပညာပေးမှု ထိရောက်ရပါမယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဖေးမသွန်သင်မှု လိုအပ်ပါတယ်။ ဒီအခက်အခဲတွေကို ဝင်ဖြေရှင်းဖို့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာခရုမြို့မှာ CCOF ဆိုတဲ့အဖွဲ့ ရှိပါတယ်။ အကျယ်ဖွင့်ကတော့ California Certified Organic Farmers ပါ။ လယ်စိုက်မြေတွေ သဘာဝအရင်းအမြစ် နဲ့ ပြည့်ဝမြေဆီလွှာတွေကိုသုံးဖို့ အကူအညီပေးနေတယ်လို့ သိရတယ်။ ကမ္ဘာလုံးဆိုင်ရာအစားအသောက်အန္တရာယ်ဘေးကင်းရေးကနဦးအဖွဲ့ - GFSI ( Global Food Safety Initiative ) ရဲ့ လမ်းညွှန်မှုရအောင် ဆောင်ရွက်ပေးတယ်။
.
GFSI နဲ့ချိတ်ဆက်မိရင် ကိုယ့်လယ်မြေထွက်ကုန်ကို ကုန်စိမ်းကုမ္ပဏီကြီးတွေနဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့စတိုးဆိုင်တွေရဲ့ ယုံကြည်မှုရှိအောင် လက်မှတ်ထုတ်ပေးတယ်။ သူတို့သတ်မှတ်ထားတဲ့ အသိအမှတ်ပြုအပင်ရှင်သန်ကြီးထွားရေးဆေးတွေကိုပဲ သုံးရတယ်။ ကွင်းဆင်းစစ်ဆေးဖို့ စာရင်းစစ် - Audit တွေ လွှတ်ပြီး စံနစ်ကျမကျ နည်းလမ်းပြပေးတယ်။ သဘာဝမြေကြီးပေါ်မှာ အထပ်ထပ်စစ်ဆေးပြီး မည်သည့်ပြုပြင်ပြောင်းလဲထားမှုမှမလုပ်ထားတဲ့ ခွင့်ပြုပြီးသား အရင်းအမြစ် - Resources တွေကိုသာ သုံးစွဲစေတယ်။ ဒီကနေတစ်ဆင့် သာယာလှပတဲ့ ကမ္ဘာမြေကြီးကိုကာကွယ်နိုင်သလို အညမညဖြစ်စဉ်အရ ကျန်းမာသန်စွမ်းတဲ့ လူသားတွေက သဘာဝလောကကို အပျိုရည်မပျက် ထိန်းသိမ်းစောင့်ရှောက်နိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
.
.
GMO ကင်းရှင်းဖို့က လူတွေပေါ်မှာ မူတည်တယ်။ သဘာဝသစ်ပင်မျိုးနွယ်တစ်ခုမှာ GMO ပါသွားရင် အော်ဂဲနစ်မဖြစ်တော့ပါဘူး။ အင်ဂျင်နီယာပညာနဲ့ မျိုးပွားမှုကနေ GMO နည်းပညာတွေ တိုးပွားလာရတယ်။ တိုးတက်မှုရပေမယ့် လူသားအကျိုးဆောင်ဖို့ကတော့ အာမခံချက်မရှိပါဘူး။ ဆိုလိုတာက Genetic Engineering က သဘာဝမဟုတ်တဲ့ အပင်ကြွက်သား - Cell တွေကို ဖန်တီး - Make Up လုပ်ပစ်လိုက်တယ်။ အထဲမှာ မျိုးရီုးဗီဇတွေကိုအသွင်ပြောင်းထားတဲ့ ဒြပ်ပေါင်းပါဝင်မှုတွေ များနေလို့ ဒီအချက်ကပဲ လူသားတွေ စားသုံးဖို့မသင့်တာတွေထဲက အရေးအကြီးဆုံး သတိပေးမှု ဖြစ်လာပါတယ်။
.
.
ပိုးသတ်ဆေးလွန် နဲ့ အပြင်းစားဓါတ်မြေဩဇာတွေမပါဝင်ဖို့ကတော့ လယ်စိုက်သူတွေရဲ့စိတ်ကောင်းစေတနာ နဲ့ လုပ်ရပ်တွေက အရေးကြီးတယ်။ ပိုးသတ်ဓါတုတွေပါဝင်တဲ့ဆေးကို လူတွေရဲ့ခန္ဓာကိုယ်ထဲထည့်သွင်းရင် အန္တရာယ်များလှပါတယ်။ သူ့ရဲ့ဒြပ်ပေါင်းဖွဲ့စည်းပုံမှာကတည်းက ဇီဝဖျက်ပိုးတွေကို ဖျက်ဆီးဖို့၊ ပိုးမွှားတွေချန်ထားရစ်မဲ့ အပင်တွေရဲ့ဒဏ်ရာတွေကိုကုစားဖို့ နဲ့ ပိုးကျနှုန်းလျှော့ချဖို့ ထည့်သွင်းချက်လုပ်ကြတာချည်း ဖြစ်ပါတယ်။ ဓါတုဗေဒနည်းနဲ့ဖော်စပ်ထားတဲ့ဆေးတွေထဲမှာ လူသားမျိုးနွယ်အတွက် အာဟာရဖြစ်စေဖို့၊ အားဖြစ်စေဖို့ ဘာဓါတ်မှ မပါဝင်တာကို သိထားဖို့ အရေးကြီးပါတယ်။ ဒီလိုပစ္စည်းတွေ ပါဝင် မပါဝင်ဆိုတာကိုစစ်ဆေးဖို့ စစ်ဆေးရေးအဖွဲ့ နဲ့ သူတို့ရဲ့ ကွင်းဆင်းစစ်ဆေးမှုက အဓိကအကျဆုံးပါ။
.
.
ရေဒီယိုသတ္တိကြွဓါတ်ဟာ မျက်စိနဲ့မြင်ရတာမျိုး မဟုတ်ပါဘူး။ လူတွေခံစားရမှာက ခဲဆိပ်သင့်တာ၊ ဓါတ်မတည့်တာ စတဲ့ အနီးကပ် ဒဏ်ရာအပေါ့စားလေးတွေက အချက်ပြမှသာ မိမိမှာတစ်ခုခုအဆိပ်သင့်ပြီဆိုတာသိနိုင်တာက ရေဒီယိုလှိုင်းရဲ့အဆိုးပြသတ္တိပဲ ဖြစ်ပါတယ်။ လယ်စိုက်ခင်းတွေရဲ့အနီးမှာ ဓါတုဗေဒအသုံးများတဲ့ စက်ရုံတွေ ရှိနေလို့မရပါဘူး။ သူတို့စွန့်ပစ်လိုက်တဲ့ရေဆိုးတွေကို သောက်သုံးဖို့နေနေသာသာ စိုက်ပျိုးရေအဖြစ်တောင် သုံးဖို့ မသင့်တော်ပါဘူး။ ဒီကိစ္စကိုနိုင်နင်းဖို့ အုပ်ချုပ်မှုအဖွဲ့ရဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက်ထိန်းသိမ်းသလဲဆိုတဲ့အချက်ပေါ်မှာ တိုင်းတာလို့ရပါတယ်။
.
.
အော်ဂဲနစ်အသားထုတ်တိရိစ္ဆာန်တွေကို အကိုက်အခဲပျောက်ဆေး၊ ဟိုမုန်းအသားတိုးဆေး နဲ့ ဟိုမုန်းကရတဲ့ဆေးဝါးတွေ မသုံးစွဲပဲ မွေးမြူကြပါတယ်။ အနောက်နိုင်ငံတွေမှာ နွားခြံတွေနဲ့ သိုးမွေးမြုရေးတွေမှာသုံးနိုင်တဲ့ Steroid တစ်ချို့ကို ခွင့်ပြုပေးခဲ့တာ ရှိပါတယ်။ အဲဒီ ဆေးဝါးတွေက တိရိစ္ဆာန်တွေစားသမျှအစာတွေကို အသားအဖြစ် အသွင်ပြောင်းပေးတယ်။ အဲဒီဆေးဝါးတွေကို အော်ဂဲနစ်မွေးမြူရေးခြံတွေမှာ သုံးခွင့်မရှိပါဘူး။ တစ်ချို့တွားသွားသတ္တဝါတွေအတွက် အားဆေးဖြစ်စေတဲ့ အာဆင်းနစ်ဓါတ်တွေပါတာဆိုရင် လူတွေကို တိုက်ရိုက်ဆိုးကျိုးပေးနိုင်တာ ကြောက်စရာပါ။
.
.
အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးဟာ လူသားကမ္ဘာမြေရဲ့ဂေဟစံနစ် - Ecosystem တွေကို များစွာအထောက်အကူပြုပါတယ်။ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေ ပိုမိုရှင်သန်လာနိုင်ပါတယ်။ ဇီဝမျိုးကွဲသတ္တဝါတွေက သဘာဝအရင်းအမြစ်အစစ်တွေကို စားသုံးပြီး သက်တမ်းရှည်လာနိုင်ပါတယ်။ လူသားတွေက ရေအရင်းအမြစ်သန့်ရှင်းအောင် စောင့်ရှောက်ခြင်းအားဖြင့် လူထုပြန်သုံးစွဲနိုင်တဲ့ အော်ဂဲနစ်မြေဆီလွှာတွေ ကျန်ရစ်ပါမယ်။ တောနွယ်ချုံပင်တွေကနေ သဘာဝသားကောင်တွေ ပိုမိုမှီတင်းနေထိုင်နိုင်ပါတယ်။
.
.
မြန်မာ့အမြင်နဲ့ကြည့်ရရင် ဆိုင်တွေမှာစားသုံးသမျှ အော်ဂဲနစ်ဖြစ်မဖြစ် ခွဲခြားဖို့ ခက်ပါတယ်။ ဒါဆိုရင် နယ်တွေက ( ၅ ) ရက် တစ်ဈေးတွေမှာ လိုက်ရောင်းတဲ့ အခွန်လွတ်ဈေးတွေက ဟင်းသီးဟင်းရွက်တွေကရော သဘာဝအတိုင်းစိုက်ပျိုးထားတာ ဟုတ်ပါရဲ့လား ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ လတ်ဆတ်တိုင်း အော်ဂဲနစ်မဖြစ်ပါဘူး။ တောင်သူတွေရဲ့ စီးပွားရေးအရ တရုတ်နိုင်ငံက ဘယ်လိုအရည်အသွေးစစ်ထားမှန်းမသိတဲ့ မြေဩဇာတွေ ယူသုံးထားရင်တော့ အော်ဂဲနစ်မဟုတ်ဘူးလို့ အားနာနာနဲ့ ပြောရမှာပါပဲ။ သူတို့မှာလည်း သူတို့ဝမ်းရေး ရှိသေးတယ်။ လယ်မြေထွက်ကုန်တွေက လိပ်ပတ်မလည်တဲ့အခါ ဆေးထိုးကြီးတာတို့၊ ဆေးထိုးမှည့်တာတို့၊ ပေါင်းစပ်ဆေးတွေ သုံးပြီး ဈေးကွက်အမြန်ရောက်ရေး ငွေဖော်ရတာမျိုးတွေ ရှိပါသေးတယ်။
.
အဲဒီလိုလုပ်လို့ ငွေလည်ပတ်ပြီး စားဝတ်နေရေးပြေလည်ရင် တော်ပါသေးတယ်။ အရှေ့အကြွေးမဆပ်နိုင်ရုံမက နောက်ထပ်မြေဩဇာကလည်းလိုချင်တဲ့အခါ အကြွေးရှင်အရောင်းဆိုင်တွေက “ ပိုမြတ်ပြီး၊ နာမည်မကြီး၊ အာမခံချက်မရှိ၊ ဓါတ်ခွဲခန်းအောင်လက်မှတ်မပါ ” တဲ့ မြေဩဇာတွေကို လက်သိပ်ထိုးရောင်းပေးလိုက်တော့ စားမိသမျှ အပြစ်မဲ့ပြည်သူတွေရဲ့ ရှေ့ရေးကို မတွေးရဲအောင် ဖြစ်ရပါတယ်။
.
.
အစိုးရရဲ့ ကျန်းမာရေးကွပ်ကဲမှုစံနစ်က ဒီနေရာမှာ စကားပြောလာပါပြီ။ နည်းစံနစ် မူဝါဒတွေချမှတ်ပေးဖို့လိုသလို ကိုယ်တိုင်လည်း လိုက်နာဖို့လိုပါတယ်။ ပြည်သူပြည်သားတွေပါ လိုက်နာဖို့ ပညာပေးမှုတွေ လိုပါတယ်။ သုံးစွဲပစ္စည်းစာရင်းတွေကို မှန်မမှန်စစ်ဆေးဖို့ “ စာရင်းစစ်အဖွဲ့တွေ ” အလုပ်ကောင်းကောင်းလုပ်ဖို့ လိုပါတယ်။ နေရာတကာ “ ကြည့်လုပ်လိုက်မယ် ” ချည်း လုပ်နေသ၍ သဘာဝအစားအသောက်တွေ စားရဖို့ အခွင့်အရေးနည်းလာမှာ ဖြစ်ပါတယ်။
.
“ အော်ဂဲနစ် ” လို့ဆိုလိုက်ရင် လူတွေက အသီးအနှံ +  ဟင်းသီးဟင်းရွက်တွေကို ပဲ ပြေးမြင်ပါတယ်။ နေ့စဉ်စားသုံးတဲ့ သားငါးတွေမှာလည်း အော်ဂဲနစ်သဘာဝ နဲ့ မကိုက်ညီတာတွေ အများကြီး ရှိပါတယ်။ သူတို့ကိုအသားပေါ်လိုက်တဲ့ မွေးမြုရေးခြံက ဘယ်လိုတိရိစ္ဆာန်အစာကိုသုံးတာလဲ ဆိုတာပေါ်မှာ တွက်ကြည့်နိုင်သလို မွေးမြူရေးခြံရဲ့ ဓါတုဗေဒဆေး ဘေးကင်းစွာ သုံးစွဲမှုပေါ်မှာလည်း အဖြေရှာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
.

koko2yeye@gmail.com
.
“ ဘာျဖစ္လုိ႕ေအာ္ဂဲနစ္ကိုဝယ္စားခိုင္းတာလဲ ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၂၈ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၂ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/iv87u0h6tak62b4/NetGuide+Vol.4%2C+No.12pdf.pdf


No comments: