ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, May 24, 2017

လူငယ္ေတြကုိအလုပ္ေပးျပီးေလ႕က်င္႕ေပးပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. လည္ရတာေပ်ာ္စရာေကာင္းပါတယ္။ အထူးသျဖင္႕ မိသားစုဝင္ေတြ စံုစံုရီရီ နဲ႕ အပူအပင္ကင္းကင္း ေပ်ာ္ရြင္ျခင္းဆုိတာ လူသားတုိင္း မိသားစုတိုင္း ေမွ်ာ္လင္႕ၾကတဲ႕ ျပီးျပည္႕စံုမႈတစ္ခုဆိုတာ မျငင္းႏို္င္ပါဘူး။ သုိ႕ေသာ္လည္း အိမ္ေထာင္ဦးစီးတစ္ေယာက္ (ေယာက်္ားျဖစ္ေစ၊ မိန္းမျဖစ္ေစ) အေနနဲ႕ ကိုယ္႕မိသားစုဝင္ေတြရဲ႕အထာကို သိဖို႕လုိတယ္။
.
. ဥပမာ - ကေလးေတြက အငယ္ေလးေတြပါသလား? အၾကီး နဲ႕ အငယ္တုိ႕က အသက္အရြယ္ကြာသလား? မိန္းကေလး နဲ႕ ေယာက္်ားေလးက ေမာင္ႏွမလိုခ်စ္ခင္ေနက်လား . . ပစၥည္းလုေဖာ္လုဖက္ျဖစ္ေနက်လား? တစ္ေယာက္က အားငယ္/ပင္ပန္း/ႏြမ္းလ်/စိတ္ပ်က္ေနရင္ ေနာက္တစ္ေယာက္က အားေပးေနက်လား . . ႏွိမ္႕ခ်ဆက္ဆံတတ္ျပီး ဥေပကၡာျပဳေနက်လား? ဒါမွမဟုတ္ ခရီးတစ္ခုသြားလို႕ အိမ္ေထာင္ဦးစီးအျပင္ သားသမီးထဲကတစ္ေယာက္ေယာက္က ခရီးစဥ္ - Schedule ကို ဦးေဆာင္ - Lead မယ္႕သူလား? ဆုိတာေတြကို စာရြက္ေပၚမွာခ်မေရးေပမယ္႕ သားသမီးကိုမ်က္စိမွိတ္ခ်စ္တဲ႕ႏွလံုးသား နဲ႕ ဂဏန္းတြက္စက္မလိုတဲ႕ ဘတ္ဂ်က္ဦးေႏွာက္ထဲမွာ အစီအရီရွိေနရပါမယ္။
.
.
. မတရားဘူးပဲေျပာေျပာ တစ္ကိုယ္ေကာင္းဆန္တယ္ပဲေျပာေျပာ အရင္ကတည္းက ကုိယ္႕ဖုိ႕သာကိုယ္သိတဲ႕ သား/သမီးဟာ ခရီးသြားရာမွာလည္း သူသက္သာဖို႕သူလုပ္သြားမွာပါပဲ။ ထုိနည္းတူစြာ တစ္ခုခုျဖစ္ရင္ အမ်ားကိုကူညီတတ္တဲ႕သား/သမီးဟာလည္း မိသားစုဝင္ေသာ တစိမ္းသူေသာ မခြဲျခားပဲ ကူညီျမဲ ကူညီလ်က္ ရွိေနမွာပါပဲ။
.
. ဒီေနရာမွာ အိမ္ေထာင္ဦးစီးေနရာမွာရွိတဲ႕ အေဖ/အေမ က ပညာသားပါပါ လွည္႕ပတ္တာဝန္ေပးဖို႕ အၾကံေပးခ်င္တယ္။ ဥပမာ - တစ္ခ်ိန္လံုးအေမေႏႊးေပးတဲ႕ထမင္းထုိင္စားေနတဲ႕ သား/သမီးကုိ စားေသာက္ဆုိင္မွာ အားလံုးစားဖုိ႕ ဟင္းမွာခုိင္းတာမ်ိဳး၊ အျမဲတမ္း ေက်ာင္းသြားဖို႕မုန္႕ဖိုးအတင္းထည္႕ေပးေနရတဲ႕ သား/သမီးကုိ ပုိက္ဆံအိတ္ေပးျပီး ေဘလ္ရွင္းခုိင္းတာမ်ိဳး တုိ႕ကုိ စမ္းၾကည္႕သင္႕ပါတယ္။

.
.
. တစ္ဆက္တည္း ေဟာ္တယ္ နဲ႕ တည္းခုိခန္းေတြမွာ ပစၥည္းတစ္ခုလိုလို႕ ဧည္႕ၾကိဳ႒ာန - Reception ကုိ ဖုန္းဆက္ေမးတာ၊ ခရီးစဥ္ - Tour Package နဲ႕ လုိက္လည္သူေတြဆုိရင္ တုိးလ္ဂိုက္ ရဲ႕ ေနာက္တစ္ရက္အစီအစဥ္ကုိသိခ်င္လို႕ စံုစမ္းခုိင္းတာ၊ အခန္းထဲကမထြက္ခြာခင္ အထုတ္အပိုးေတြကုိျပင္ဆင္ရင္း ယူသြားသမွ် တစ္ခုမက်န္ျပန္သယ္လာဖို႕စစ္ေဆးေပးတာ၊ ေဟာ္တယ္ကေပးတဲ႕ အခမဲ႕ ခႏၶာကိုယ္လႈပ္ရွားမႈ - Gym က ဘယ္အခ်ိန္ဖြင္႕တာ၊ ေရေႏြးကန္ ေရစိမ္ကန္ဖြင္႕တဲ႕အခ်ိန္ နဲ႕ အခ်ိန္ရွိသမွ်အိပ္မေနပဲ အိမ္သားေတြသြားတဲ႕ျမိဳ႕/ကမ္းေျခကုိ လွည္႕ပတ္/ရွာေဖြ/တူးဆြ/ေလ႕လာဖို႕ အစီအစဥ္ဆြဲခုိင္းတာ စတာေတြကုိ လုပ္သင္႕ပါတယ္။
.
. ဒီလုိဆိုေတာ႕ ကိုယ္႕သား/ကုိယ္႕သမီးက အားလံုးတတ္သြားေရာလား? ဒီေလာက္လဲ ေလာဘမၾကီးပါနဲ႕ဦး . .။ ဒီကေနစသင္႕တဲ႕ အခုေနာက္ပိုင္း ျမန္မာႏိုင္ငံမွာလူေျပာမ်ားေနတဲ႕ ဦးေဆာင္မႈ - Leadership ၊ တာဝန္ယူမႈ - Responsibility ၊ တာဝန္ခံမႈ - Accountability အျပင္ အုပ္စုလုိက္ေနထုိင္လုပ္ေဆာင္တတ္မႈ - Teamwork ၊ အသင္းဝင္အသင္းသားေတြကိုေနာင္တစ္ခ်ိန္စည္းရံုးႏိုင္မယ္႕ စီမံခန္႕ခြဲမႈ - Management စတာေတြကုိ မိသားစုအသိုက္အဝန္းထဲမွာ သင္ယူျမည္းစမ္းေစသင္႕ပါတယ္။
.
.
. ထိုမွတဖန္ ေက်ာင္းသားပတ္ဝန္းက်င္၊ ရပ္ကြက္/ေက်းရြာအသုိင္းအဝုိင္း၊ ျမိဳ႕နယ္၊ ျပည္နယ္ အားလံုးကုိေက်ာ္ျပီး အဂၤလိပ္စာအေျခအခံေကာင္းရင္ ႏုိင္ငံတကာကြန္ယက္အထိ အြန္လိုင္းေပၚသာမက ကိုယ္တုိင္ကိုယ္က် တုိင္းျပည္အျပင္ထြက္ျပီး လုပ္ကိုင္ႏုိင္တဲ႕အထိ မ်ိဳးေစ႕ခ်ေပးတာ လို႕ ျမင္ေစခ်င္တယ္။
.
. အားမနာတမ္းေဝဖန္ရရင္ ကြ်န္ေတာ္ငယ္ငယ္ကတည္းက စီးပြားဘယ္လိုရွာရတယ္၊ ငါ႕ရဖို႕၊ ငါ႕မိသားစုရဖို႕၊ ငါ႕လုပ္ငန္းအျမတ္ရဖို႕ ဆိုတာေတြကုိပဲ ဖိသင္ခဲ႕ရတယ္။ လူသားအက်ိဳးျပဳဖို႕မေျပာနဲ႕ (ကိုယ္ ကိုယ္တိုင္အျပင္) ကိုယ္႕မိသားစုဝင္ေတြကိုေတာင္ အနစ္နာခံကူညီ တာ၊ ညွာတာ တာ၊ ဦးစားေပး တာ၊ ဦးဦးဖ်ားဖ်ားေနရာေပးတာတုိ႕ကုိ ေလ႕က်င္႕ေပးတာ မခံယူခဲ႕ရဘူးေလ။
.
.
. ဒါေၾကာင္႕ ကမၻာအျပင္ထြက္လာတဲ႕ျမန္မာေတြဟာ (၂) ေယာက္ရွိရင္ အဖြဲ႕ကြဲတယ္။ (၃) ေယာက္စုမိရင္ ရန္ျဖစ္တယ္ စတဲ႕ ေနာက္ေျပာင္ခံရတာေတြ၊ ျမန္မာစံေတာ္ခ်ိန္ ဆုိျပီး တလြဲဆံပင္ေကာင္းေနတဲ႕ ပ်က္စီးေနတဲ႕အက်င္႕ဆုိးေတြ၊ မျပီးခင္ျမန္မာမျမင္ေစနဲ႕ ဆုိတဲ႕ အေကာင္းမျမင္တတ္ပဲ အေဝဖန္ေစာမႈေတြ နဲ႕ " အစက ငါမေျပာဘူးလား? " ဆုိတဲ႕ ဆရာလုပ္မႈေတြေၾကာင္႕ ျပည္ပမွာေတြ႕တဲ႕ျမန္မာအခ်င္းခ်င္းမသင္႕ျမတ္ၾကတာကုိေတြ႕ရေတာ႕ စိတ္မေကာင္းရံုကလြဲျပီး ကြ်န္ေတာ္မတတ္ႏိုင္ပါဘူး။
.
. ဒီအခက္အခဲေတြကုိ သား/သမီးေတြကုိ ရင္ဆုိင္မခံစားရေစဖို႕ ကြ်န္ေတာ္က ၾကံဳတဲ႕ေနရာမွာ သူတုိ႕ကုိတာဝန္ေပးပါတယ္။ ဘယ္အႏၱရာယ္ကို ဘယ္လိုတိမ္းေရွာင္ရမယ္ဆိုတာ သူတုိ႕မတတ္ေသးရင္ေနပါေစ . . ဘယ္အေကြ႕မွာဘယ္တက္နဲ႕ေလွာ္ခတ္ရမယ္ဆုိတာ သင္ေပးျဖစ္တယ္။ ဒါေတြနဲ႕တစ္ဆက္တည္း တစ္ကိုယ္ေကာင္းဆန္တဲ႕အက်င္႕ - Selfishness ဟာ လူ႕အသိုင္းအဝုိင္း - Community ကို အက်ိဳးမျပဳဘူးဆုိတာကုိသင္ေပးတဲ႕ အေမရိကန္ပညာေရးအဆင္႕ဆင္႕ - System ကုိ ဒုတိယအေနနဲ႕ ေက်းဇူးတင္ျဖစ္တယ္။
.
.
. ပထမဦးဆံုးအေနနဲ႕ ကြ်န္ေတာ႕ကုိ လူ႕ေလာကထဲေျခႏွစ္ဖက္ခ်ခြင္႕ေပးဖို႕ အေဖ နဲ႕ အေမကိုဆံုဆည္းခြင္႕ေပးခဲ႕တဲ႕၊ ကြ်န္ေတာ္ နဲ႕ ခ်စ္သူ ကို ဖူးစာဆံုခြင္႕ေပးခဲ႕တဲ႕၊ ကြ်န္ေတာ႕ကို ပညာေရးဆုိတာ စဥ္းစားဖို႕ (အလြတ္က်က္ဖို႕မဟုတ္ဘူး) ဆုိတဲ႕ သူမ်ားနဲ႕မတူတဲ႕အူေၾကာင္ေၾကာင္အေတြးေတြ ဦးေႏွာက္ထဲေရာက္လာဖို႕ဖန္တီးေပးခဲ႕တဲ႕၊ ေခ်ာေမာလွပ ဥာဏ္ရည္ထက္ျမက္တဲ႕ ရင္ေသြးေလးႏွစ္ဦးကို သူတုိ႕ရဲ႕စဥ္းစားႏိုင္သေလာက္ဦးေႏွာက္အဆင္႕ကေနေက်ာ္လြန္ျပီး ဥာဏ္ကြန္႕ျမဴးခြင္႕ေပးခဲ႕တဲ႕ (ေျပာဖို႕လုိေသးလား?) အမိျမန္မာႏိုင္ငံကို အလြန္အမင္းေက်းဇူးတင္မိေနတာပဲေပါ႕ . .။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 05-24-2017
.
.
Unicode Version:
.
.
. " လူငယ်တွေကိုအလုပ်ပေးပြီးလေ့ကျင့်ပေးပါ "
. လည်ရတာပျော်စရာကောင်းပါတယ်။ အထူးသဖြင့် မိသားစုဝင်တွေ စုံစုံရီရီ နဲ့ အပူအပင်ကင်းကင်း ပျော်ရွင်ခြင်းဆိုတာ လူသားတိုင်း မိသားစုတိုင်း မျှော်လင့်ကြတဲ့ ပြီးပြည့်စုံမှုတစ်ခုဆိုတာ မငြင်းန်ိုင်ပါဘူး။ သို့သော်လည်း အိမ်ထောင်ဦးစီးတစ်ယောက် (ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ) အနေနဲ့ ကိုယ့်မိသားစုဝင်တွေရဲ့အထာကို သိဖို့လိုတယ်။
.
. ဥပမာ - ကလေးတွေက အငယ်လေးတွေပါသလား? အကြီး နဲ့ အငယ်တို့က အသက်အရွယ်ကွာသလား? မိန်းကလေး နဲ့ ယောက်ျားလေးက မောင်နှမလိုချစ်ခင်နေကျလား . . ပစ္စည်းလုဖော်လုဖက်ဖြစ်နေကျလား? တစ်ယောက်က အားငယ်/ပင်ပန်း/နွမ်းလျ/စိတ်ပျက်နေရင် နောက်တစ်ယောက်က အားပေးနေကျလား . . နှိမ့်ချဆက်ဆံတတ်ပြီး ဥပေက္ခာပြုနေကျလား? ဒါမှမဟုတ် ခရီးတစ်ခုသွားလို့ အိမ်ထောင်ဦးစီးအပြင် သားသမီးထဲကတစ်ယောက်ယောက်က ခရီးစဉ် - Schedule ကို ဦးဆောင် - Lead မယ့်သူလား? ဆိုတာတွေကို စာရွက်ပေါ်မှာချမရေးပေမယ့် သားသမီးကိုမျက်စိမှိတ်ချစ်တဲ့နှလုံးသား နဲ့ ဂဏန်းတွက်စက်မလိုတဲ့ ဘတ်ဂျက်ဦးနှောက်ထဲမှာ အစီအရီရှိနေရပါမယ်။
.
.
. မတရားဘူးပဲပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော အရင်ကတည်းက ကိုယ့်ဖို့သာကိုယ်သိတဲ့ သား/သမီးဟာ ခရီးသွားရာမှာလည်း သူသက်သာဖို့သူလုပ်သွားမှာပါပဲ။ ထိုနည်းတူစွာ တစ်ခုခုဖြစ်ရင် အများကိုကူညီတတ်တဲ့သား/သမီးဟာလည်း မိသားစုဝင်သော တစိမ်းသူသော မခွဲခြားပဲ ကူညီမြဲ ကူညီလျက် ရှိနေမှာပါပဲ။
.
. ဒီနေရာမှာ အိမ်ထောင်ဦးစီးနေရာမှာရှိတဲ့ အဖေ/အမေ က ပညာသားပါပါ လှည့်ပတ်တာဝန်ပေးဖို့ အကြံပေးချင်တယ်။ ဥပမာ - တစ်ချိန်လုံးအမေနွှေးပေးတဲ့ထမင်းထိုင်စားနေတဲ့ သား/သမီးကို စားသောက်ဆိုင်မှာ အားလုံးစားဖို့ ဟင်းမှာခိုင်းတာမျိုး၊ အမြဲတမ်း ကျောင်းသွားဖို့မုန့်ဖိုးအတင်းထည့်ပေးနေရတဲ့ သား/သမီးကို ပိုက်ဆံအိတ်ပေးပြီး ဘေလ်ရှင်းခိုင်းတာမျိုး တို့ကို စမ်းကြည့်သင့်ပါတယ်။
.
.
. တစ်ဆက်တည်း ဟော်တယ် နဲ့ တည်းခိုခန်းတွေမှာ ပစ္စည်းတစ်ခုလိုလို့ ဧည့်ကြိုဋ္ဌာန - Reception ကို ဖုန်းဆက်မေးတာ၊ ခရီးစဉ် - Tour Package နဲ့ လိုက်လည်သူတွေဆိုရင် တိုးလ်ဂိုက် ရဲ့ နောက်တစ်ရက်အစီအစဉ်ကိုသိချင်လို့ စုံစမ်းခိုင်းတာ၊ အခန်းထဲကမထွက်ခွာခင် အထုတ်အပိုးတွေကိုပြင်ဆင်ရင်း ယူသွားသမျှ တစ်ခုမကျန်ပြန်သယ်လာဖို့စစ်ဆေးပေးတာ၊ ဟော်တယ်ကပေးတဲ့ အခမဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု - Gym က ဘယ်အချိန်ဖွင့်တာ၊ ရေနွေးကန် ရေစိမ်ကန်ဖွင့်တဲ့အချိန် နဲ့ အချိန်ရှိသမျှအိပ်မနေပဲ အိမ်သားတွေသွားတဲ့မြို့/ကမ်းခြေကို လှည့်ပတ်/ရှာဖွေ/တူးဆွ/လေ့လာဖို့ အစီအစဉ်ဆွဲခိုင်းတာ စတာတွေကို လုပ်သင့်ပါတယ်။
.
. ဒီလိုဆိုတော့ ကိုယ့်သား/ကိုယ့်သမီးက အားလုံးတတ်သွားရောလား? ဒီလောက်လဲ လောဘမကြီးပါနဲ့ဦး . .။ ဒီကနေစသင့်တဲ့ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလူပြောများနေတဲ့ ဦးဆောင်မှု - Leadership ၊ တာဝန်ယူမှု - Responsibility ၊ တာဝန်ခံမှု - Accountability အပြင် အုပ်စုလိုက်နေထိုင်လုပ်ဆောင်တတ်မှု - Teamwork ၊ အသင်းဝင်အသင်းသားတွေကိုနောင်တစ်ချိန်စည်းရုံးနိုင်မယ့် စီမံခန့်ခွဲမှု - Management စတာတွေကို မိသားစုအသိုက်အဝန်းထဲမှာ သင်ယူမြည်းစမ်းစေသင့်ပါတယ်။
.
.
. ထိုမှတဖန် ကျောင်းသားပတ်ဝန်းကျင်၊ ရပ်ကွက်/ကျေးရွာအသိုင်းအဝိုင်း၊ မြို့နယ်၊ ပြည်နယ် အားလုံးကိုကျော်ပြီး အင်္ဂလိပ်စာအခြေအခံကောင်းရင် နိုင်ငံတကာကွန်ယက်အထိ အွန်လိုင်းပေါ်သာမက ကိုယ်တိုင်ကိုယ်ကျ တိုင်းပြည်အပြင်ထွက်ပြီး လုပ်ကိုင်နိုင်တဲ့အထိ မျိုးစေ့ချပေးတာ လို့ မြင်စေချင်တယ်။
.
. အားမနာတမ်းဝေဖန်ရရင် ကျွန်တော်ငယ်ငယ်ကတည်းက စီးပွားဘယ်လိုရှာရတယ်၊ ငါ့ရဖို့၊ ငါ့မိသားစုရဖို့၊ ငါ့လုပ်ငန်းအမြတ်ရဖို့ ဆိုတာတွေကိုပဲ ဖိသင်ခဲ့ရတယ်။ လူသားအကျိုးပြုဖို့မပြောနဲ့ (ကိုယ် ကိုယ်တိုင်အပြင်) ကိုယ့်မိသားစုဝင်တွေကိုတောင် အနစ်နာခံကူညီ တာ၊ ညှာတာ တာ၊ ဦးစားပေး တာ၊ ဦးဦးဖျားဖျားနေရာပေးတာတို့ကို လေ့ကျင့်ပေးတာ မခံယူခဲ့ရဘူးလေ။
.
.
. ဒါကြောင့် ကမ္ဘာအပြင်ထွက်လာတဲ့မြန်မာတွေဟာ (၂) ယောက်ရှိရင် အဖွဲ့ကွဲတယ်။ (၃) ယောက်စုမိရင် ရန်ဖြစ်တယ် စတဲ့ နောက်ပြောင်ခံရတာတွေ၊ မြန်မာစံတော်ချိန် ဆိုပြီး တလွဲဆံပင်ကောင်းနေတဲ့ ပျက်စီးနေတဲ့အကျင့်ဆိုးတွေ၊ မပြီးခင်မြန်မာမမြင်စေနဲ့ ဆိုတဲ့ အကောင်းမမြင်တတ်ပဲ အဝေဖန်စောမှုတွေ နဲ့ " အစက ငါမပြောဘူးလား? " ဆိုတဲ့ ဆရာလုပ်မှုတွေကြောင့် ပြည်ပမှာတွေ့တဲ့မြန်မာအချင်းချင်းမသင့်မြတ်ကြတာကိုတွေ့ရတော့ စိတ်မကောင်းရုံကလွဲပြီး ကျွန်တော်မတတ်နိုင်ပါဘူး။
.
. ဒီအခက်အခဲတွေကို သား/သမီးတွေကို ရင်ဆိုင်မခံစားရစေဖို့ ကျွန်တော်က ကြုံတဲ့နေရာမှာ သူတို့ကိုတာဝန်ပေးပါတယ်။ ဘယ်အန္တရာယ်ကို ဘယ်လိုတိမ်းရှောင်ရမယ်ဆိုတာ သူတို့မတတ်သေးရင်နေပါစေ . . ဘယ်အကွေ့မှာဘယ်တက်နဲ့လှော်ခတ်ရမယ်ဆိုတာ သင်ပေးဖြစ်တယ်။ ဒါတွေနဲ့တစ်ဆက်တည်း တစ်ကိုယ်ကောင်းဆန်တဲ့အကျင့် - Selfishness ဟာ လူ့အသိုင်းအဝိုင်း - Community ကို အကျိုးမပြုဘူးဆိုတာကိုသင်ပေးတဲ့ အမေရိကန်ပညာရေးအဆင့်ဆင့် - System ကို ဒုတိယအနေနဲ့ ကျေးဇူးတင်ဖြစ်တယ်။
.
.
. ပထမဦးဆုံးအနေနဲ့ ကျွန်တော့ကို လူ့လောကထဲခြေနှစ်ဖက်ချခွင့်ပေးဖို့ အဖေ နဲ့ အမေကိုဆုံဆည်းခွင့်ပေးခဲ့တဲ့၊ ကျွန်တော် နဲ့ ချစ်သူ ကို ဖူးစာဆုံခွင့်ပေးခဲ့တဲ့၊ ကျွန်တော့ကို ပညာရေးဆိုတာ စဉ်းစားဖို့ (အလွတ်ကျက်ဖို့မဟုတ်ဘူး) ဆိုတဲ့ သူများနဲ့မတူတဲ့အူကြောင်ကြောင်အတွေးတွေ ဦးနှောက်ထဲရောက်လာဖို့ဖန်တီးပေးခဲ့တဲ့၊ ချောမောလှပ ဥာဏ်ရည်ထက်မြက်တဲ့ ရင်သွေးလေးနှစ်ဦးကို သူတို့ရဲ့စဉ်းစားနိုင်သလောက်ဦးနှောက်အဆင့်ကနေကျော်လွန်ပြီး ဥာဏ်ကွန့်မြူးခွင့်ပေးခဲ့တဲ့ (ပြောဖို့လိုသေးလား?) အမိမြန်မာနိုင်ငံကို အလွန်အမင်းကျေးဇူးတင်မိနေတာပဲပေါ့ . .။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 05-24-2017

















No comments: