ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, October 6, 2019

ကျွန်တော့အကြောင်း-Myself

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော့နာမည်က ကိုကိုလွင်ပါ။ ကျောင်းနာမည်၊ ရုံးကိစ္စ၊ ဘဏ် စတဲ့နေရာတွေမှာသုံးရင်းကနေ နိုင်ငံကူးလက်မှတ်လုပ်တဲ့အထိ ဒီနာမည်ပဲသုံးပါတယ်။ အလုပ်လုပ်၊ စီးပွားရှာ၊ အိမ်ထောင်ပြုတဲ့အခါ မိဘလက်ငုတ်ရင်းရဲ့ကုန်စုံဆိုင်လုပ်ငန်းကိုနှစ်များစွာလုပ်ကိုင်ရင်း အိမ်နာမည် ညီညီ နဲ့ မွေးဖွားရာဘူမိနက်သန် တောင်ကြီးမြို့ကိုတွဲဖက်ပြီး အခုလူအများသိကြတဲ့ "ကိုညီညီ (တောင်ကြီး)" ဆိုတဲ့နာမည်ဟာ အမေရိကားအထိလိုက်လာခဲ့တယ်။

ငယ်ငယ်က ညီညီ ဟာ အင်မတန်အဆော့သန်တယ်။ လမ်းတွေမှာလာချထားတဲ့ အိမ်ဆောက်တဲ့ သဲနုပုံ တွေ တွေ့ရင် ဂူလေးတွေလုပ်ရင်း ထမင်းမေ့ ဟင်းမေ့ ဖြစ်လောက်အောင်ဆော့လွန်းလို့ အမေက ကြက်တောင်မွှေးနဲ့လာခေါ်မှ နားရွက်အဆွဲခံရင်းလိုက်ပါသွားရတယ်။ အိမ်ထဲရောက်လို့ အမေက (၂) ချက်လောက်နာနာလေးပေးလိုက်မှ မျက်ရည်နဲ့ရောတဲ့ ထမင်း နဲ့ ဟင်း နဲ့က သိပ်စားလို့ကောင်းခဲ့ရတာကိုအမှတ်ရမိတယ်။

ငယ်ဘဝထဲမှာ တရုတ်စာမသင်ချင်တဲ့ကိစ္စဟာ တော်တော်ဒုက္ခပေးတယ်။ ဆိုင်ကယ်ရှေ့မှာအခန့်သားထိုင်ရင်းမူကြိုကျောင်းတက်ရတဲ့စည်းစိမ်ကို အလယ်တန်းအရောက်မှာစွန့်လွှတ်ရတော့တယ်။ ဖတ်စာအုပ်လက်ကကိုင်လို့ စာကျက်ရင်းကျောင်းသွားဖူးတယ်။ အရှေ့ကကျောက်ခဲကို လက်ထဲကကျောက်ခဲချိန်၊ သူငယ်ချင်းနဲ့ပစ်တမ်းစကားပြီး အခန်းဝထိရောက်အောင်ကျောင်းတက်ဖူးတယ်။

လူငယ်ဘဝနဲ့လူကြီးဘဝကို ကိုယ်ရေးကိုယ်တာသိပ်မပါအောင်လို့ Merge & Fast Forward လုပ်ပြီး ပြန်ပေါင်းထုပ်ကြည့်လိုက်တဲ့အခါ ဆယ်တန်းအောင်၊ ရန်ကုန်မှာကောလိပ်တက်၊ အရေးတော်ပုံဖြစ်၊ ကျောင်းပိတ်၊ ကျောင်းနား၊ ကုန်သည်လုပ်ငန်းထဲဝင်၊ ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင် ဒီလိုနဲ့ "ကိုညီညီ (တောင်ကြီး)" ဟာ ချောင်ကလေးကကောင်လေးပေမယ့် ကုန်သည်လောကထဲမှာလူသိများခဲ့တယ်။
နောက်တော့ရန်ကုန်သူကျောင်းနေဘက်ချစ်ဇနီးချောနဲ့အိမ်ထောင်ကျ၊ သမီး နဲ့ သား ဆည်းပွားပြီး ဘဝကိုအကြိမ်ကြိမ်ပြန်စခဲ့ရတယ်။ တရုတ်ပြည်ကပြောင်းရွှေ့လာတဲ့အဖေ နဲ့ ရန်ကုန်သူအမေတို့ကပေါက်ဖွားလာတဲ့ ညီညီ ဟာ (၂ဝဝ၉) ခုနှစ်မှာ ခေါ်ယူပေးသူအစ်မကြောင့်အမေရိကားကိုပြောင်းရွှေ့ရမယ့်ခြေဗွေရာနောက်လိုက်ခဲ့ပြန်တယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့သူတစ်ယောက်ဟာ ဝန်ထမ်းလုပ်ရတဲ့အခါ မနေတတ်မထိုင်တတ်ဖြစ်ရင်း အင်တာနက်မှာစာဖတ်ရင်းကနေ ဘလော့ဂ်ပို့စ်တွေကိုတွေ့လာတယ်။ Pdf ဖိုင်တွေနဲ့ဆွဲချဖတ်ရှုလို့ရတဲ့ မဂ္ဂဇင်းစာစောင်တွေကို အပတ်စဉ်ရှာတတ်လာတယ်။ ခေတ်နဲ့မျက်ခြေမပြတ်နေချင်တဲ့ ညီညီ ဟာ စာစောင်တွေရဲ့လိုအပ်ချက်တွေကိုတွေ့လာတယ်။

ဘလော်ဂါတွေကိုဆက်သွယ်ပေမဲ့ ဘယ်လိုလမ်းညွှန်ချက်မှမရတာကြောင့် မြန်မာနိုင်ငံကိုအရေးပေါ်ပြန်ဖို့လေယာဉ်လက်မှတ်ဝယ်ရင်းကနေ ခက်ခဲတဲ့အတွေ့အကြုံတွေကိုစာရေးပြီးပြောပြဖို့စိတ်ကူးရခဲ့တယ်။ ဒီလိုနဲ့ နောက်တစ်နှစ်ကြာတဲ့အခါ မြန်မာနိုင်ငံထုတ်ဂျာနယ်တစ်ခုမှာ လူမသိတဲ့ဆောင်းပါးရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။

အဝေးမှာနေပြီးမြန်မာစာ မြန်မာစကားလေ့လာခွင့်လျော့ပါးလာတာနဲ့တစ်ချိန်ထဲမှာ ဒီဘက်နိုင်ငံက English လိုပြောတဲ့ Podcast တွေကိုနားထောင်ရင်းမြန်မာနိုင်ငံမှာမရှိသေးတဲ့ကွက်လပ်ကိုဖြည့်ချင်လို့ အွန်လိုင်းကနေအင်တာဗျူးတာကိုလုပ်ဖြစ်လာတယ်။ အချိန်တစ်ခုရောက်လာတဲ့အခါ အမေရိကားအကြောင်းရေးထားတဲ့စာအုပ်ရှားပါးနေတဲ့ဈေးကွက်လိုအပ်ချက်အရ စာအုပ်ထုပ်ဝေဖြစ်တယ်။

မြန်မာစာဖောင့်ကူးပြောင်းမှုမှာ မနေတတ် မထိုင်တတ်ဝင်ရေးမိတာကြောင့် ကျွန်တော်တန်ဖိုးထားရတဲ့ အင်တာဗျူးလုပ်တဲ့စာမျက်နှာ-Page ကို Facebook က သိမ်းသွားပြီးတဲ့နောက်ပိုင်း "လူသိများမှု-Reputation" ကို ကျွန်တော်ကြောက်လာတယ်။

အမေရိကားကိုတရားမဝင်ပြည်ဝင်မှုကိုအားမပေးရကောင်းလားလို့မြင်တဲ့လူတစ်စုက "ရန်ကုန်ပြန်လာရင် ဓါးနဲ့ခုတ်မယ်" လို့ခြိမ်းခြောက်ခံရပြီးနောက်ပိုင်း ကိုယ်ရေးကိုယ်တာတွေကို ဇကာစစ်ပြီး ဆောင်းပါးတွေထဲထည့်ရေးတာ တော်တော်ဘရိတ်အုပ်ထားလိုက်ရတော့တယ်။

ကျွန်တော့ဘဝရဲ့ပြောင်းလဲမှုတွေမှာ လိုအပ်ချက်ကိုဖြည့်ချင်တဲ့စိတ်ကြောင့်မတူညီတဲ့တစ်ဆစ်ချိုးတွေ အတန်ငယ်ရှိခဲ့တယ်။ သမီး နဲ့ သား အဆင့်မြင့်ပညာတွေတတ်ပြီး သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်လာရင် လိုအပ်ချက်ရှိနေသူတွေကို ပညာရေးအခြေတည်ပြီး ကျွန်တော်ပိုကူညီနိုင်လိမ့်မယ်လို့အမြဲခံယူထားတယ်။

ဘလော်ဂါတွေထဲမှာ ဒေါက်တာသူရိန်လှိုင်ဝင်း Thurein Hlaing Win သူရိန္လိုွင္ဝင္း ၊ ကိုအောင်ခမ်း Aung Kham ၊ ကိုရန်အောင် Yan Aung ၊ မနိုင်းနိုင်းစနေ မီးမီး တာလူး ၊ မဆုမွန် Sumon ၊ မခက်မာ Khet Mar ၊ မကေသွယ် Kay Thwel တို့က ကျွန်တော့ကိုကောင်းကောင်းဆက်ဆံပြီး စိတ်ဓါတ်ခွန်အားတွေပေးခဲ့တယ်။

ဘလော်ဂါမသက်ဝေ Thet Wai ကတော့ ကျွန်တော့ရဲ့ချန်နယ်မှာ-Graphic ပုံတစ်ပုံယူသုံးဖို့ခွင့်တောင်းတဲ့အခါမှာ အသာတကြည်ပေးတဲ့အတွက်လေးစားမိရင်း ဆက်သွယ်မိခဲ့တယ်။

ငယ်ဘဝအတွေးတွေထဲပြန်ခေါ်သွားပေးတဲ့ အခု "ကျွန်တော့အကြောင်း-Myself" ကို မသက်ဝေကို Tag တွဲပြီးရေးနေတဲ့ပို့စ်တွေကနေ သတိထားမိပြီး သူ့ကိုဘာလို့ "ကိုသက်ဝေ" လို့အများကိုခေါ်စေသလဲဆိုတာစဉ်းစားရင်း ရေးပေးလိုက်ပါတယ်။ အသိအမှတ်ပြုတဲ့အတွက်ကျေးဇူးပါ "ကိုသက်ဝေ"

မှတ်ချက်။။။။။။။။။။ စာလုံးပေါင်းသေသေချာချာပြန်မစစ်အားပါ။ စာလုံးတွေရှာလည်းရှာရသေး စာရိုက်တာကြာတာလည်းကြာသေး။ အမှားပါသွားရင် ယူနီကုဒ်လက်ကွက်က တရားခံ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-06-2019

<𝐙𝐚𝐰𝐠𝐲𝐢>

"ကၽြန္ေတာ့အေၾကာင္း-Myself" ကၽြန္ေတာ့နာမည္က ကိုကိုလြင္ပါ။ ေက်ာင္းနာမည္၊ ႐ုံးကိစၥ၊ ဘဏ္ စတဲ့ေနရာေတြမွာသုံးရင္းကေန နိုင္ငံကူးလက္မွတ္လုပ္တဲ့အထိ ဒီနာမည္ပဲသုံးပါတယ္။ အလုပ္လုပ္၊ စီးပြားရွာ၊ အိမ္ေထာင္ျပဳတဲ့အခါ မိဘလက္ငုတ္ရင္းရဲ့ကုန္စုံဆိုင္လုပ္ငန္းကိုႏွစ္မ်ားစြာလုပ္ကိုင္ရင္း အိမ္နာမည္ ညီညီ နဲ႔ ေမြးဖြားရာဘူမိနက္သန္ ေတာင္ႀကီးၿမိဳ႕ကိုတြဲဖက္ၿပီး အခုလူအမ်ားသိၾကတဲ့ "ကိုညီညီ (ေတာင္ႀကီး)" ဆိုတဲ့နာမည္ဟာ အေမရိကားအထိလိုက္လာခဲ့တယ္။ ငယ္ငယ္က ညီညီ ဟာ အင္မတန္အေဆာ့သန္တယ္။ လမ္းေတြမွာလာခ်ထားတဲ့ အိမ္ေဆာက္တဲ့ သဲႏုပုံ ေတြ ေတြ႕ရင္ ဂူေလးေတြလုပ္ရင္း ထမင္းေမ့ ဟင္းေမ့ ျဖစ္ေလာက္ေအာင္ေဆာ့လြန္းလို႔ အေမက ၾကက္ေတာင္ေမႊးနဲ႔လာေခၚမွ နားရြက္အဆြဲခံရင္းလိုက္ပါသြားရတယ္။ အိမ္ထဲေရာက္လို႔ အေမက (၂) ခ်က္ေလာက္နာနာေလးေပးလိုက္မွ မ်က္ရည္နဲ႔ေရာတဲ့ ထမင္း နဲ႔ ဟင္း နဲ႔က သိပ္စားလို႔ေကာင္းခဲ့ရတာကိုအမွတ္ရမိတယ္။ ငယ္ဘဝထဲမွာ တ႐ုတ္စာမသင္ခ်င္တဲ့ကိစၥဟာ ေတာ္ေတာ္ဒုကၡေပးတယ္။ ဆိုင္ကယ္ေရွ႕မွာအခန႔္သားထိုင္ရင္းမူႀကိဳေက်ာင္းတက္ရတဲ့စည္းစိမ္ကို အလယ္တန္းအေရာက္မွာစြန႔္လႊတ္ရေတာ့တယ္။ ဖတ္စာအုပ္လက္ကကိုင္လို႔ စာက်က္ရင္းေက်ာင္းသြားဖူးတယ္။ အေရွ႕ကေက်ာက္ခဲကို လက္ထဲကေက်ာက္ခဲခ်ိန္၊ သူငယ္ခ်င္းနဲ႔ပစ္တမ္းစကားၿပီး အခန္းဝထိေရာက္ေအာင္ေက်ာင္းတက္ဖူးတယ္။ လူငယ္ဘဝနဲ႔လူႀကီးဘဝကို ကိုယ္ေရးကိုယ္တာသိပ္မပါေအာင္လို႔ Merge & Fast Forward လုပ္ၿပီး ျပန္ေပါင္းထုပ္ၾကည့္လိုက္တဲ့အခါ ဆယ္တန္းေအာင္၊ ရန္ကုန္မွာေကာလိပ္တက္၊ အေရးေတာ္ပုံျဖစ္၊ ေက်ာင္းပိတ္၊ ေက်ာင္းနား၊ ကုန္သည္လုပ္ငန္းထဲဝင္၊ ၿပိဳင္ဘက္ေတြနဲ႔ယွဥ္ၿပိဳင္ ဒီလိုနဲ႔ "ကိုညီညီ (ေတာင္ႀကီး)" ဟာ ေခ်ာင္ကေလးကေကာင္ေလးေပမယ့္ ကုန္သည္ေလာကထဲမွာလူသိမ်ားခဲ့တယ္။ ေနာက္ေတာ့ရန္ကုန္သူေက်ာင္းေနဘက္ခ်စ္ဇနီးေခ်ာနဲ႔အိမ္ေထာင္က်၊ သမီး နဲ႔ သား ဆည္းပြားၿပီး ဘဝကိုအႀကိမ္ႀကိမ္ျပန္စခဲ့ရတယ္။ တ႐ုတ္ျပည္ကေျပာင္းေရႊ႕လာတဲ့အေဖ နဲ႔ ရန္ကုန္သူအေမတို႔ကေပါက္ဖြားလာတဲ့ ညီညီ ဟာ (၂ဝဝ၉) ခုႏွစ္မွာ ေခၚယူေပးသူအစ္မေၾကာင့္အေမရိကားကိုေျပာင္းေရႊ႕ရမယ့္ေျခေဗြရာေနာက္လိုက္ခဲ့ျပန္တယ္။ ကိုယ္ပိုင္လုပ္ငန္းလုပ္ခဲ့သူတစ္ေယာက္ဟာ ဝန္ထမ္းလုပ္ရတဲ့အခါ မေနတတ္မထိုင္တတ္ျဖစ္ရင္း အင္တာနက္မွာစာဖတ္ရင္းကေန ဘေလာ့ဂ္ပို႔စ္ေတြကိုေတြ႕လာတယ္။ Pdf ဖိုင္ေတြနဲ႔ဆြဲခ်ဖတ္ရႈလို႔ရတဲ့ မဂၢဇင္းစာေစာင္ေတြကို အပတ္စဥ္ရွာတတ္လာတယ္။ ေခတ္နဲ႔မ်က္ေျခမျပတ္ေနခ်င္တဲ့ ညီညီ ဟာ စာေစာင္ေတြရဲ့လိုအပ္ခ်က္ေတြကိုေတြ႕လာတယ္။ ဘေလာ္ဂါေတြကိုဆက္သြယ္ေပမဲ့ ဘယ္လိုလမ္းညႊန္ခ်က္မွမရတာေၾကာင့္ ျမန္မာနိုင္ငံကိုအေရးေပၚျပန္ဖို႔ေလယာဥ္လက္မွတ္ဝယ္ရင္းကေန ခက္ခဲတဲ့အေတြ႕အၾကဳံေတြကိုစာေရးၿပီးေျပာျပဖို႔စိတ္ကူးရခဲ့တယ္။ ဒီလိုနဲ႔ ေနာက္တစ္ႏွစ္ၾကာတဲ့အခါ ျမန္မာနိုင္ငံထုတ္ဂ်ာနယ္တစ္ခုမွာ လူမသိတဲ့ေဆာင္းပါးရွင္တစ္ေယာက္ျဖစ္လာခဲ့တယ္။ အေဝးမွာေနၿပီးျမန္မာစာ ျမန္မာစကားေလ့လာခြင့္ေလ်ာ့ပါးလာတာနဲ႔တစ္ခ်ိန္ထဲမွာ ဒီဘက္နိုင္ငံက English လိုေျပာတဲ့ Podcast ေတြကိုနားေထာင္ရင္းျမန္မာနိုင္ငံမွာမရွိေသးတဲ့ကြက္လပ္ကိုျဖည့္ခ်င္လို႔ အြန္လိုင္းကေနအင္တာဗ်ဴးတာကိုလုပ္ျဖစ္လာတယ္။ အခ်ိန္တစ္ခုေရာက္လာတဲ့အခါ အေမရိကားအေၾကာင္းေရးထားတဲ့စာအုပ္ရွားပါးေနတဲ့ေဈးကြက္လိုအပ္ခ်က္အရ စာအုပ္ထုပ္ေဝျဖစ္တယ္။ ျမန္မာစာေဖာင့္ကူးေျပာင္းမႈမွာ မေနတတ္ မထိုင္တတ္ဝင္ေရးမိတာေၾကာင့္ ကၽြန္ေတာ္တန္ဖိုးထားရတဲ့ အင္တာဗ်ဴးလုပ္တဲ့စာမ်က္ႏွာ-Page ကို Facebook က သိမ္းသြားၿပီးတဲ့ေနာက္ပိုင္း "လူသိမ်ားမႈ-Reputation" ကို ကၽြန္ေတာ္ေၾကာက္လာတယ္။ အေမရိကားကိုတရားမဝင္ျပည္ဝင္မႈကိုအားမေပးရေကာင္းလားလို႔ျမင္တဲ့လူတစ္စုက "ရန္ကုန္ျပန္လာရင္ ဓါးနဲ႔ခုတ္မယ္" လို႔ၿခိမ္းေျခာက္ခံရၿပီးေနာက္ပိုင္း ကိုယ္ေရးကိုယ္တာေတြကို ဇကာစစ္ၿပီး ေဆာင္းပါးေတြထဲထည့္ေရးတာ ေတာ္ေတာ္ဘရိတ္အုပ္ထားလိုက္ရေတာ့တယ္။ ကၽြန္ေတာ့ဘဝရဲ့ေျပာင္းလဲမႈေတြမွာ လိုအပ္ခ်က္ကိုျဖည့္ခ်င္တဲ့စိတ္ေၾကာင့္မတူညီတဲ့တစ္ဆစ္ခ်ိဳးေတြ အတန္ငယ္ရွိခဲ့တယ္။ သမီး နဲ႔ သား အဆင့္ျမင့္ပညာေတြတတ္ၿပီး သူတို႔ေျခေထာက္ေပၚသူတို႔ရပ္တည္နိုင္လာရင္ လိုအပ္ခ်က္ရွိေနသူေတြကို ပညာေရးအေျခတည္ၿပီး ကၽြန္ေတာ္ပိုကူညီနိုင္လိမ့္မယ္လို႔အျမဲခံယူထားတယ္။ ဘေလာ္ဂါေတြထဲမွာ ေဒါက္တာသူရိန္လွိုင္ဝင္း Thurein Hlaing Win သူရိႏႅိဳြင္ဝင္း ၊ ကိုေအာင္ခမ္း Aung Kham ၊ ကိုရန္ေအာင္ Yan Aung ၊ မနိုင္းနိုင္းစေန မီးမီး တာလူး ၊ မဆုမြန္ Sumon ၊ မခက္မာ Khet Mar ၊ မေကသြယ္ Kay Thwel တို႔က ကၽြန္ေတာ့ကိုေကာင္းေကာင္းဆက္ဆံၿပီး စိတ္ဓါတ္ခြန္အားေတြေပးခဲ့တယ္။ ဘေလာ္ဂါမသက္ေဝ Thet Wai ကေတာ့ ကၽြန္ေတာ့ရဲ့ခ်န္နယ္မွာ-Graphic ပုံတစ္ပုံယူသုံးဖို႔ခြင့္ေတာင္းတဲ့အခါမွာ အသာတၾကည္ေပးတဲ့အတြက္ေလးစားမိရင္း ဆက္သြယ္မိခဲ့တယ္။ ငယ္ဘဝအေတြးေတြထဲျပန္ေခၚသြားေပးတဲ့ အခု "ကၽြန္ေတာ့အေၾကာင္း-Myself" ကို မသက္ေဝကို Tag တြဲၿပီးေရးေနတဲ့ပို႔စ္ေတြကေန သတိထားမိၿပီး သူ႔ကိုဘာလို႔ "ကိုသက္ေဝ" လို႔အမ်ားကိုေခၚေစသလဲဆိုတာစဥ္းစားရင္း ေရးေပးလိုက္ပါတယ္။ အသိအမွတ္ျပဳတဲ့အတြက္ေက်းဇူးပါ "ကိုသက္ေဝ" မွတ္ခ်က္။။။။။။။။။။ စာလုံးေပါင္းေသေသခ်ာခ်ာျပန္မစစ္အားပါ။ စာလုံးေတြရွာလည္းရွာရေသး စာရိုက္တာၾကာတာလည္းၾကာေသး။ အမွားပါသြားရင္ ယူနီကုဒ္လက္ကြက္က တရားခံ။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 10-06-2019

No comments: