ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Monday, October 29, 2018
နောက်မှဆက်ရေးဖို့ဖြစ်လာစေတဲ့အကြောင်းရင်း
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
.
.
လက်ရှိအခြေအနေဟာ ကိုယ့်စာကို ဘယ်သူက ဖတ်လို့ ဘယ်သူတွေက ချောင်းကြည့်နေသလဲဆိုတာမသိရတဲ့လောကကြီးမှာ အလင်းထဲထိုင်နေပေမယ့် နေရောင်ခြည်ကိုမမြင်ရတဲ့ဘဝနဲ့ခံစားချက်ချင်း ဆင်တူလှတယ်။
.
.
.
စာဖတ်သူတွေလိုချင်ရင် Messenger ကနေ မေးတယ် . . ဒါက ရှင်းတယ်။ လိုတာရှိလို့လာတာ၊ တစ်ချို့က အကြံပေးချင်လို့လာတာ၊ အကျိုးပြုချင်လို့လာတာ . . ဒါတွေက ကျေနပ်စရာအင်မတန်ကောင်းလှတယ်။
.
.
ဝေဖန်သူရှိလို့ ထောက်ပြပြင်ဆင်စရာရှိရင်လည်း ကျွန်တော်ကလက်မနှေးပါဘူး။ သတ္တိရှိလို့ အွန်လိုင်းပေါ် လူအများဖတ်နိုင်အောင်စာတက်ရေးနေမှတော့ ဖြူဖြူမည်းနည်း သည်းသည်းကွဲကွဲ ဘာကိုမှကြောက်နေစရာကိုမရှိပါဘူး . . တန်းပြင်တာပါပဲ။
.
.
.
.
.
.
.
.
စာမဖတ်သူတွေ အသံနဲ့နားထောင်နိုင်အောင်လို့ ထင်ရှားကျော်ကြားသူတွေ၊ တစ်နေရာ နယ်ပယ်တစ်ခုက အသိပညာအရာ၊ အတတ်ပညာအရာမှာ သူ့နည်းနဲ့သူ ထူးချွန်သူတွေကိုဖိတ်ခေါ်ပြီး အွန်လိုင်းအင်တာဗျူးတွေလုပ်နေမိတယ်။ ကျွန်တော်တစ်ယောက်တည်းလေ့လာရတာအားမရလို့ Public ကို ထပ်ပြီး မျှဝေနေတယ်။
.
.
LIVE က ရှည်လွန်းတယ်ဆိုလို့ YouTube မှာ (KNN-Tgi LIVE Channel) ချန်နယ်တစ်ခုထပ်ဖွင့်ပြီး အသံအရည်အသွေးကောင်းတဲ့ မိနစ်နည်းနည်းစီကြည့်လို့ရမယ့်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီးတင်ပေးနေပါတယ်။
.
.
ဒီနေရာမှာ အမြဲခြိမ်းခြောက်နေတဲ့ "ကိန်းဂဏန်းအရိပ်မည်းကြီး" က သိသိသာသာကြီးကပ်လျက်လိုက်လာပြန်တယ်။ လူမှုကွန်ယက်မှာနာမည်ကြီးသူတွေက Like သောင်းချီရ၊ Share ထောင်နဲ့ချီရ၊ တုံပြန်စကား - Comment ရာပေါင်းများစွာရနေချိန်မှာ ကြည့်ရှုသူ - Viewers သောင်းဂဏန်းသမားက ခြေကုတ်ပြီးနောက်ဆုတ်နေရသလို ငြိမ်ငြိမ်လေး လူမသိအောင်အားငယ်နေရတယ်။
.
.
.
ဒါတွေဟာ လူတွေမှာရှိကြတဲ့လောဘစိတ် နဲ့ မနာလိုဝန်တိုစိတ်တွေဆိုတာ မြင်သာတယ်။ ကိန်းဂဏန်းကြီးမှ လူတွေက အထင်ကြီးတယ်။ ကြည့်ရှုသူများမှ လူတွေက စပွန်ဆာပေးချင်ကြတယ်။ ရည်ရွယ်ချက်မှန်ပြီး ပလက်ဖောင်းတည်ဆောက်နေသူတွေကို ကမ်းလက်ကူလို့ လှမ်းမထူချင်ကြဘူး။
.
.
.
.
.
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-29-2018
.
ဘလော့ဂ်စာမျက်နှာ- http://konyinyitaunggyi.blogspot.com/.
.
YouTube စာမျက်နှာ- https://www.youtube.com/channel/UCghtbECLEDI0CzomICZixiQ/videos
.
ထုတ်ဝေပြီးစာအုပ်- (အားနာပါသည်) မရှိသေးပါ
.
.
Unicode Version:
.
.
"နောက်မဆက်ရေးဖို့ဖြစ်လာစေတဲ့အကြောင်းရင်း"
.
အခုတလော ကျွန်တော့ရဲ့ Google Keep မာ "နောက်မဆက်ရေးမယ်" လို့နာမည်ပေးထားတဲ့ Label မာ အွန်လိုင်းပေါ်မတင်တဲ့စာတွေများလာနေပါတယ်။ တစ်ချို့ကျတော့ Facebook ပေါ်မာရေးပြီး Only Me နဲ့ တင်ထားတာကြားဖူးတယ်။ ကျွန်တော်က ဒီလိုမလုပ်ဘူး။ ရေးပြီးတာနဲ့တင်ပြီ . . တင်ပြီဆိုတာနဲ့ Public ပဲ။
.
.
လက်ရိအခြေအနေဟာ ကိုယ့်စာကို ဘယ်သူက ဖတ်လို့ ဘယ်သူတွေက ချောင်းကြည့်နေသလဲဆိုတာမသိရတဲ့လောကကြီးမာ အလင်းထဲထိုင်နေပေမယ့် နေရောင်ခြည်ကိုမမြင်ရတဲ့ဘဝနဲ့ခံစားချက်ချင်း ဆင်တူလတယ်။
.
.
.
စာဖတ်သူတွေလိုချင်ရင် Messenger ကနေ မေးတယ် . . ဒါက ရင်းတယ်။ လိုတာရိလို့လာတာ၊ တစ်ချို့က အကြံပေးချင်လို့လာတာ၊ အကျိုးပြုချင်လို့လာတာ . . ဒါတွေက ကျေနပ်စရာအင်မတန်ကောင်းလတယ်။
.
.
ဝေဖန်သူရိလို့ ထောက်ပြပြင်ဆင်စရာရိရင်လည်း ကျွန်တော်ကလက်မနေးပါဘူး။ သတ္တိရိလို့ အွန်လိုင်းပေါ် လူအများဖတ်နိုင်အောင်စာတက်ရေးနေမတော့ ဖြူဖြူမည်းနည်း သည်းသည်းကွဲကွဲ ဘာကိုမကြောက်နေစရာကိုမရိပါဘူး . . တန်းပြင်တာပါပဲ။
.
.
.
နောက်ပိုင်းသတိထားမိတာကတော့ မိသားစုအရေးနဲ့ကိုယ်ရေးကိုယ်တာတွေ အရင်လောက် မဖော်ပြမိတော့ဘူး။ စာတစ်ပုဒ်ရေးပြီးတိုင်း Like မတောင်းမိတော့ဘူး။ လူဦးရေဘယ်လောက်ပြန်မျဝေ - Share သွားသလဲဆိုတာ လိုက်ပြီးရေတွက်မနေမိတော့ဘူး။
.
.
ဒီလိုနေရတာ "ကိန်းဂဏန်းတွေရဲ့စိတ်ချောက်ချားစရာအန္တရာယ်" ကို ရောင်ကျဉ်နိုင်လာတယ်။ သူနဲ့ကိုယ်နဲ့၊ ကိုယ်နဲ့သူနဲ့ နိုင်းယဉ်စရာမရိ နိုင်းယဉ်နေမိတဲ့ မစ္စရိယစိတ်ကို ထင်းထင်းရင်းရင်းမြင်လာမိတယ်။ ဒါဆိုရင် မေးပါရစေဦး . . ကိုညီညီ . . အခုဘာလုပ်နေသလဲ?
.
.
.
စာမဖတ်သူတွေ အသံနဲ့နားထောင်နိုင်အောင်လို့ ထင်ရားကျော်ကြားသူတွေ၊ တစ်နေရာ နယ်ပယ်တစ်ခုက အသိပညာအရာ၊ အတတ်ပညာအရာမာ သူ့နည်းနဲ့သူ ထူးချွန်သူတွေကိုဖိတ်ခေါ်ပြီး အွန်လိုင်းအင်တာဗျူးတွေလုပ်နေမိတယ်။ ကျွန်တော်တစ်ယောက်တည်းလေ့လာရတာအားမရလို့ Public ကို ထပ်ပြီး မျဝေနေတယ်။
.
.
LIVE က ရည်လွန်းတယ်ဆိုလို့ YouTube မာ (KNN-Tgi LIVE Channel) ချန်နယ်တစ်ခုထပ်ဖွင့်ပြီး အသံအရည်အသွေးကောင်းတဲ့ မိနစ်နည်းနည်းစီကြည့်လို့ရမယ့်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီးတင်ပေးနေပါတယ်။
.
.
ဒီနေရာမာ အမြဲခြိမ်းခြောက်နေတဲ့ "ကိန်းဂဏန်းအရိပ်မည်းကြီး" က သိသိသာသာကြီးကပ်လျက်လိုက်လာပြန်တယ်။ လူမုကွန်ယက်မာနာမည်ကြီးသူတွေက Like သောင်းချီရ၊ Share ထောင်နဲ့ချီရ၊ တုံပြန်စကား - Comment ရာပေါင်းများစွာရနေချိန်မာ ကြည့်ရုသူ - Viewers သောင်းဂဏန်းသမားက ခြေကုတ်ပြီးနောက်ဆုတ်နေရသလို ငြိမ်ငြိမ်လေး လူမသိအောင်အားငယ်နေရတယ်။
.
.
.
ဒါတွေဟာ လူတွေမာရိကြတဲ့လောဘစိတ် နဲ့ မနာလိုဝန်တိုစိတ်တွေဆိုတာ မြင်သာတယ်။ ကိန်းဂဏန်းကြီးမ လူတွေက အထင်ကြီးတယ်။ ကြည့်ရုသူများမ လူတွေက စပွန်ဆာပေးချင်ကြတယ်။ ရည်ရွယ်ချက်မန်ပြီး ပလက်ဖောင်းတည်ဆောက်နေသူတွေကို ကမ်းလက်ကူလို့ လမ်းမထူချင်ကြဘူး။
.
.
ဒါတွေခပ်ဝေးဝေးကငေးကြည့်နေရင်း ကျွန်တော်တို့အသက်ကြီးလာတဲ့အခါ ဘယ်လိုအိုမင်းကြမလဲလို့ ဆက်တွေး ဆက်ရေးနေမိတယ်။ "အသက်ကိုသေစေမယ့်ကိန်းဂဏန်းကျတော့ လူတွေက မကြီးချင်ကြဘူး" . . ကိန်းဂဏန်းသေးလေ ကောင်းလေလေ . . ရပ်တန့်နေလေ ကောင်းလေလေလို့ မရနိုင်တာကိုတမ်းတရင်း နွမ်းလျတဲ့လူ့ဘဝရောင်ခြည်ကို နေဝင်ရာအရပ်ဆီသို့ ဦးတည်သွားနေကြတယ်။ ဒါ တကယ့် သံဝေဂပါပဲ။
.
.
.
ကျန်တာတွေတော့ ကျွန်တော်သိပ်အလေးမထားဘူး။ "အသက်ရင်သန်ခြင်း - Vitality" ဆိုတဲ့ကိန်းဂဏန်း တစ်ဆင့်ထက်တစ်ဆင့်ကြီးလာရင်း ကြီးလာရင်း ရင့်ကြွေ လွင့်မြေမာ ကြွေကျ မြေမခသွားသေးခင် သယ်နိုင်သမျသယ်သွားချင်တာကတော့ "အမန်ကိုအမန်အတိုင်းမြင်တတ်ခြင်း" ဆိုတဲ့ "အသိပညာ" တစ်ခုသာပါပဲ။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-29-2018
.
ဘလော့ဂ်စာမျက်နာ- http://konyinyitaunggyi.blogspot.com/.
.
YouTube စာမျက်နာ- https://www.youtube.com/channel/UCghtbECLEDI0CzomICZixiQ/videos
.
ထုတ်ဝေပြီးစာအုပ်- (အားနာပါသည်) မရိသေးပ
No comments: