ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, February 17, 2019

မိနစ္တိုင္းမွာေသေနတဲ႕လူေတြထက္အသက္ရွင္ေနတဲ႕လူေတြကပိုမ်ားတယ္

ေဆာင္းပါးရွင္ - ကုိညီညိ (ေတာင္ၾကီး)
              ဒီေခါင္းစဥ္ကိုေပးမယ္ၾကံလုိက္ေတာ႕ ေတာ္ေတာ္ေလးအေတြးၾကပ္သြားတယ္။ သူမ်ားတကာေတြက မိနစ္တိုင္း စကၠန္႕တုိင္းမွာ လူဦးေရဘယ္ေလာက္အသက္ဆံုးပါးသြားတဲ႕အေၾကာင္းေျပာျပီး သခၤါရတရားကို သံေဝဂတရားနဲ႕တြဲျပီး အမွားေတြအတြက္ ေနာင္တရေစခ်င္ၾကတာ ကြ်န္ေတာ္သိပါတယ္။

           သိတဲ႕အတုိင္းလည္း လူေတြက မ်က္စိပြင္႕ေနတဲ႕အခ်ိန္မွာ ႏွလံုးသားနဲ႕စိတ္တံခါးေတြဖြင္႕ထားဖို႕၊ နားပြင္႕ေနတဲ႕အခ်ိန္မွာ ကုိယ္႕ဘဝလမ္းကုိျဖတ္ေမာင္းသြားမယ္႕အေဝးကရထားဥၾသဆြဲသံကိုနားစြင္႕ဖို႕ နဲ႕ ဝင္သက္ထြက္သက္ရွဴေနတဲ႕အခ်ိန္မွာ ေသကံေရာက္ အသက္ေပ်ာက္ဖို႕ ကံနဲ႕ၾကမၼာက ဖန္တီးလာတဲ႕အခါဘယ္လိုျပင္ဆင္ထားရမလဲဆိုတာကုိ သင္ျပၾကတယ္။

            ကြ်န္ေတာ္ေရာက္ေနတဲ႕ႏုိင္ငံက်ေတာ႕ ေျပာင္းျပန္ခင္ဗ်။ သူတို႕က ေသစကားမၾကားခ်င္ဘူး . . ေသတယ္ဆုိတဲ႕အသံုးနဲ႕ဘဝရဲ႕အခ်ိန္ေတြကိုမျဖဳန္းခ်င္ဘူး . . "ျဖစ္ခါမွျဖစ္-ပစ္သြားခါမွပစ္-လက္ရွိမွာဆက္ခ်စ္ၾကမယ္" ဆိုတာမ်ိဳးေတြခ်ည္းေတြ႕ေနရတာပါ။

            ဒါေၾကာင္႕ "ဘဝဟာ တုိလြန္းတယ္" . . "လွလွပပေနထုိင္သြားၾကစို႕" ဆုိတဲ႕အမ်ားၾကားေနက်စကားလံုးေတြနဲ႕ေန႕တစ္ေန႕ကိုဖြင္႕လွစ္ၾကတယ္။ မေန႕ကဘာျဖစ္ခဲ႕တယ္ဆိုတဲ႕အနီးဆံုးအတိတ္မွာ ဘယ္ေလာက္အထိေပ်ာ္ရႊင္စြာေနထုိုင္ခဲ႕သလဲဆုိတာနဲ႕ မ်က္ႏွာသစ္ၾကတယ္။ "ျပီးခဲ႕တဲ႕ စေန တနဂၤေႏြရံုးပိတ္ရက္မွာဘယ္လုိေပ်ာ္ခဲ႕သလဲ-How is your weekends?" ဆုိတာနဲ႕ တနလၤာေန႕အလုပ္အတက္မွာ အျပံဳးနဲ႕ႏႈတ္ဆက္တတ္ၾကပါတယ္။

           ဒီလိုဆုိေတာ႕ အေနာက္ကမၻာကေျပာသလို "မိနစ္တိုင္းမွာေသေနတဲ႕လူေတြထက္အသက္ရွင္ေနတဲ႕လူေတြကပိုမ်ားတယ္" ဆိုတဲ႕ဝိေသသက မွန္ေနျပီး အေရွ႕ကမၻာက "ေသျခင္းကိုျပင္ဆင္ေနတာကမွားေနျပီလား?" ဒီအေျဖကိုေတာ႕ စာဖတ္သူေတြကိုယ္တုိင္သာေျဖလိုက္ၾကပါ။
           တရားဘာဝနာ နဲ႕ ပစၥဳပၸန္သေဘာတရားတုိ႕အျပင္ ဘဝကိုဘယ္လုိပံုေဖာ္တည္ေဆာက္ရမယ္ဆုိတာ သိပ္ဥာဏ္မမွီတဲ႕ေတာင္ေပၚသားတစ္ေယာက္အဖို႕ ကိုယ္သိသေလာက္ကုိသာေရးျပခ်င္ပါတယ္။

           အမွန္က ဘဝမွာ "ရွင္လ်က္ေသေနသူ" နဲ႕ "ေသလြန္ေသာ္လည္းရွင္ေနသူ" ဆိုတဲ႕လူ (၂) မ်ိဳးအေၾကာင္းခြဲျခားသံုးသပ္မိပါတယ္။ အသက္ကရွင္ေနေပမယ္႕ ဘဝကေသေနသူေတြ လက္ရွိလူသားကမၻာမွာ အမ်ားၾကီးပါ။ တိရိစာၦန္ေတြက်ေတာ႕ရွင္းတယ္ . . သူတုိ႕မွာ အိပ္-စား-ကာမ အျပင္ ဘာမွမရွိဘူး။ သင္လို႕တတ္တာကို ခဏခဏျပန္ေက်ာ႕ျပီးလုပ္ေနရလို႕ မညည္းညဴဘူး။ ေန႕တုိင္း ဒါၾကီး ဒါၾကီးကိုပဲလုပ္ေနရလုိ႕စိတ္မပ်က္ဘူး။

           ဒါေပမယ္႕ လူေတြက်ေတာ႕ အလုိရမၼက္ၾကီးတယ္။ လုိခ်င္တာကိုမရလို႕ ရေအာင္လုပ္ၾကတယ္။ နည္းမွန္ေသာ နည္းမမွန္ေသာ၊ ေလာကပါလတရားနဲ႕ကိုက္ညီေသာ မကိုက္ညီေသာ၊ သူတစ္ပါးအက်ိဳးရွိေသာ အက်ိဳးမရွိေသာ၊ သူတစ္ပါးနစ္နာေသာ မနစ္နာေသာ မစဥ္းစားပဲ လုပ္တတ္ၾကတယ္။ ဒါေၾကာင္႕ တိရိစာၦန္ေလာကထက္ လူ႕ေလာကမွာ စစ္ပြဲေတြပိုမ်ားတယ္။

           ဒါ႕အျပင္ လူ နဲ႕ ခႏၶာကိုယ္ကမေသေသးဘူး . . သူတုိ႕လုပ္ရပ္ကေသေနျပီး ဦး နဲ႕ ေဒၚ တပ္ထားတဲ႕သူတို႕ရဲ႕နာမည္ေတြ လူတကာစြန္႕ပစ္ထားတဲ႕ေျမာင္းထဲေရာက္ေနသူေတြကိုမ်က္ျမင္ကိုယ္ေတြ႕ေတြ႕ဖူးတယ္။ သူမ်ားပစၥည္းကုိကုိယ္႕ပစၥည္းထင္ေနသူေတြ၊ အဆင္ျမင္႕ျမင္႕ ေငြေၾကးတင္႕မွအဖက္လုပ္ေပါင္းေဖာ္ခ်င္သူေတြ၊ အဆံမရွိပဲ ဟန္လုပ္လြန္တဲ႕သူေတြထဲက (တစ္ခ်ိဳ႕) ဟာ သူတုိ႕ဘဝဒီမွာတင္လမ္းဆံုးေနျပီဆုိတာ သတိမထားမိၾကဘူး။

           တကယ္သိတဲ႕သူေတြက်ေတာ႕ ဒီလိုမဟုတ္ဘူးဗ်။ ကိုယ္မေသခင္ လူသားေကာင္းက်ိဳး၊ မ်ိဳးရိုးမ်ိဳးႏြယ္ နဲ႕ ရပ္ရြာအက်ိဳးကိုသယ္ပိုးၾကတယ္။ ကိုယ္႕ထမင္းကိုယ္စားျပီး သူတစ္ပါးအတြက္ ေအာက္စီဂ်င္ရွာေပးၾကတယ္။ ကိုယ္ေသသြားရင္ေတာင္ ကိုယ္႕ကိုတမ္းတေနမယ္႕စကားတစ္ခြန္း၊ ေဆာင္ပုဒ္တစ္ခု၊ အသိပညာတစ္စုအတြက္ မေသခင္ စု-တု-ျပဳ စတဲ႕အလုပ္ေတြလုပ္ေနၾကတယ္။ ဒါေတြက ဘာကြာတာလဲ?

           အေနာက္ႏုိင္ငံမွာ တီထြင္ဆန္းသစ္မႈေတြမ်ားသေလာက္ ေရွးရိုးစြဲေတြလည္း မနည္းၾကပါဘူး။ သူတုိ႕စြဲတဲ႕ေရွးရိုးက "လူူလူခ်င္းခ်စ္ခင္ရမယ္" ဆုိတာမ်ိဳး၊ "မိမိကိုဆက္ဆံေစခ်င္သလိုမ်ိဳး သူတစ္ပါးကိုဆက္ဆံပါ" ဆိုတာမ်ိဳး နဲ႕ "ကိုယ္ကသမိုင္းကိုေရးမလား? သမုိင္းကကိုယ္႕ကုိေရးသြားမလား?" ဆိုတာမ်ိဳး လူၾကီးေတြထားခဲ႕တဲ႕စကားေတြနဲ႕ ပညာေရးအဆင္႕ဆင္႕မွာသြန္ခ်ခဲ႕တဲ႕ဟင္းေလးအုိးၾကီးေတြကိုေတာ႕ အသည္းစြဲၾကတယ္။

           တစ္ေန႕တစ္ေန႕ ေကာင္းတာေလးေတြနည္းနည္းခ်င္းစီစုထားၾကတယ္။ အိုၾကီးအုိမအတြက္ ရံပံုေငြ-Pension ခံစားခြင္႕ဥပေဒေတြျပ႒ာန္းထားၾကတယ္။ အေရးေပၚသံုးဖို႕ Emergency Fund ေတြ ဘဏ္ထဲမွာ ဥထားၾကတယ္။ လက္ကိုင္ဖုန္းမွာ တက္ဘလက္မွာ နားၾကပ္ထဲမွာ သင္ယူစရာတစ္ခုခုကို အျမဲစုထားၾကတယ္။

           တကယ္လိုအပ္လာတဲ႕အခါ စုထားတဲ႕ေငြကိုဘဏ္တုိက္ကေနသြားထုတ္သလိုမ်ိဳး ကိုယ္႕ဘဝရဲ႕အခက္အခဲေတြၾကံဳတဲ႕အခါ ဖတ္ထား မွတ္ထား သင္ယူထားတဲ႕အသိပညာ နဲ႕ ဆင္ျခင္တံုတရားေတြကုိထုတ္သံုးၾကတယ္။ ျပသနာေတြ႕ျပီဆုိရင္ မဖံုးထားဘူး၊ ေရွာင္မေျပးဘူး၊ မေကြ႕ပတ္ဘူး၊ ေျဖရွင္းရလြယ္ေအာင္အရင္ဆံုးခြဲျခမ္းစိတ္ျဖာလိုက္တယ္။ အျဖစ္ႏုိင္ဆံုးေျဖရွင္းႏုိင္မႈကေန ခ်ည္းကပ္တယ္။ မႏုိင္မနင္းျဖစ္တဲ႕ကိစၥေတြကုိ ကိုယ္႕ထက္ေတာ္သူေတြဆီကေန အၾကံယူတယ္။

           လူေတာ္ဖို႕ထက္ "လူေကာင္းကိုေနရာမွန္မွာထားမလား?" "လူမွန္ကုိေနရာေကာင္းမွာထားမလား?" ဆိုတာ သူတုိ႕ေရြးခ်ယ္တယ္။ လူေတြလုိက္နာဖို႕ဥပေဒခ်မွတ္သလို လိုက္နာဖို႕ဥပေဒကိုျပင္ဖို႕ဝန္မေလးၾကဘူး။

           ကိုယ္နဲ႕မဆုိင္လို႕လက္ပုိက္ၾကည္႕ေနသူေတြ အေနာက္ႏုိင္ငံမွာသိပ္မေတြ႕ရဘူး။ ႏုိင္ငံေရးဟာ လူတုိင္းနဲ႕ဆုိင္တယ္။ ျမင္တာ ေတြ႕တာကုိ သတင္းပို႕တာသိပ္ျမန္တယ္။ ေျဖရွင္းပံုေတြဟာ သိပ္ျပီး အရင္းအျမစ္က်တယ္။ လုိအပ္ခ်က္ေတြကိုအျပစ္မရွာပဲ ခြ်တ္ယြင္းခ်က္ကုိခ်က္ခ်င္းျပင္တယ္။

           ဒါေၾကာင္႕ ဒီလုိသံုးသပ္မႈမ်ိဳး နဲ႕ ဒီလိုစံနစ္ေတြက်င္႕ၾကံတဲ႕တုိင္းျပည္မွာ "မိနစ္တိုင္းမွာေသေနတဲ႕လူေတြထက္အသက္ရွင္ေနတဲ႕လူေတြကပိုမ်ားတယ္" ဆိုတာ လက္ခံလာႏုိင္တယ္။ ေကာင္းတဲ႕အက်င္႕အၾကံေတြကို စံနမူနာျပဳအတုယူျပီး ကြ်န္ေတာ္တို႕ေရႊျပည္ၾကီးခရီးေပါက္ေအာင္ အတူတူေလွ်ာက္လွမ္းလက္တြဲသြားရပါမယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
02-16-2019

Unicode Version:

          ဒီခေါင်းစဉ်ကိုပေးမယ်ကြံလိုက်တော့ တော်တော်လေးအတွေးကြပ်သွားတယ်။ သူများတကာတွေက မိနစ်တိုင်း စက္ကန့်တိုင်းမှာ လူဦးရေဘယ်လောက်အသက်ဆုံးပါးသွားတဲ့အကြောင်းပြောပြီး သင်္ခါရတရားကို သံဝေဂတရားနဲ့တွဲပြီး အမှားတွေအတွက် နောင်တရစေချင်ကြတာ ကျွန်တော်သိပါတယ်။

           သိတဲ့အတိုင်းလည်း လူတွေက မျက်စိပွင့်နေတဲ့အချိန်မှာ နှလုံးသားနဲ့စိတ်တံခါးတွေဖွင့်ထားဖို့၊ နားပွင့်နေတဲ့အချိန်မှာ ကိုယ့်ဘဝလမ်းကိုဖြတ်မောင်းသွားမယ့်အဝေးကရထားဥသြဆွဲသံကိုနားစွင့်ဖို့ နဲ့ ဝင်သက်ထွက်သက်ရှူနေတဲ့အချိန်မှာ သေကံရောက် အသက်ပျောက်ဖို့ ကံနဲ့ကြမ္မာက ဖန်တီးလာတဲ့အခါဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကို သင်ပြကြတယ်။

            ကျွန်တော်ရောက်နေတဲ့နိုင်ငံကျတော့ ပြောင်းပြန်ခင်ဗျ။ သူတို့က သေစကားမကြားချင်ဘူး . . သေတယ်ဆိုတဲ့အသုံးနဲ့ဘဝရဲ့အချိန်တွေကိုမဖြုန်းချင်ဘူး . . "ဖြစ်ခါမှဖြစ်-ပစ်သွားခါမှပစ်-လက်ရှိမှာဆက်ချစ်ကြမယ်" ဆိုတာမျိုးတွေချည်းတွေ့နေရတာပါ။

            ဒါကြောင့် "ဘဝဟာ တိုလွန်းတယ်" . . "လှလှပပနေထိုင်သွားကြစို့" ဆိုတဲ့အများကြားနေကျစကားလုံးတွေနဲ့နေ့တစ်နေ့ကိုဖွင့်လှစ်ကြတယ်။ မနေ့ကဘာဖြစ်ခဲ့တယ်ဆိုတဲ့အနီးဆုံးအတိတ်မှာ ဘယ်လောက်အထိပျော်ရွှင်စွာနေထိုုင်ခဲ့သလဲဆိုတာနဲ့ မျက်နှာသစ်ကြတယ်။ "ပြီးခဲ့တဲ့ စနေ တနင်္ဂနွေရုံးပိတ်ရက်မှာဘယ်လိုပျော်ခဲ့သလဲ-How is your weekends?" ဆိုတာနဲ့ တနင်္လာနေ့အလုပ်အတက်မှာ အပြုံးနဲ့နှုတ်ဆက်တတ်ကြပါတယ်။

           ဒီလိုဆိုတော့ အနောက်ကမ္ဘာကပြောသလို "မိနစ်တိုင်းမှာသေနေတဲ့လူတွေထက်အသက်ရှင်နေတဲ့လူတွေကပိုများတယ်" ဆိုတဲ့ဝိသေသက မှန်နေပြီး အရှေ့ကမ္ဘာက "သေခြင်းကိုပြင်ဆင်နေတာကမှားနေပြီလား?" ဒီအဖြေကိုတော့ စာဖတ်သူတွေကိုယ်တိုင်သာဖြေလိုက်ကြပါ။

           တရားဘာဝနာ နဲ့ ပစ္စုပ္ပန်သဘောတရားတို့အပြင် ဘဝကိုဘယ်လိုပုံဖော်တည်ဆောက်ရမယ်ဆိုတာ သိပ်ဉာဏ်မမှီတဲ့တောင်ပေါ်သားတစ်ယောက်အဖို့ ကိုယ်သိသလောက်ကိုသာရေးပြချင်ပါတယ်။

           အမှန်က ဘဝမှာ "ရှင်လျက်သေနေသူ" နဲ့ "သေလွန်သော်လည်းရှင်နေသူ" ဆိုတဲ့လူ (၂) မျိုးအကြောင်းခွဲခြားသုံးသပ်မိပါတယ်။ အသက်ကရှင်နေပေမယ့် ဘဝကသေနေသူတွေ လက်ရှိလူသားကမ္ဘာမှာ အများကြီးပါ။ တိရိစ္ဆာန်တွေကျတော့ရှင်းတယ် . . သူတို့မှာ အိပ်-စား-ကာမ အပြင် ဘာမှမရှိဘူး။ သင်လို့တတ်တာကို ခဏခဏပြန်ကျော့ပြီးလုပ်နေရလို့ မညည်းညူဘူး။ နေ့တိုင်း ဒါကြီး ဒါကြီးကိုပဲလုပ်နေရလို့စိတ်မပျက်ဘူး။

           ဒါပေမယ့် လူတွေကျတော့ အလိုရမ္မက်ကြီးတယ်။ လိုချင်တာကိုမရလို့ ရအောင်လုပ်ကြတယ်။ နည်းမှန်သော နည်းမမှန်သော၊ လောကပါလတရားနဲ့ကိုက်ညီသော မကိုက်ညီသော၊ သူတစ်ပါးအကျိုးရှိသော အကျိုးမရှိသော၊ သူတစ်ပါးနစ်နာသော မနစ်နာသော မစဉ်းစားပဲ လုပ်တတ်ကြတယ်။ ဒါကြောင့် တိရိစ္ဆာန်လောကထက် လူ့လောကမှာ စစ်ပွဲတွေပိုများတယ်။

           ဒါ့အပြင် လူ နဲ့ ခန္ဓာကိုယ်ကမသေသေးဘူး . . သူတို့လုပ်ရပ်ကသေနေပြီး ဦး နဲ့ ဒေါ် တပ်ထားတဲ့သူတို့ရဲ့နာမည်တွေ လူတကာစွန့်ပစ်ထားတဲ့မြောင်းထဲရောက်နေသူတွေကိုမျက်မြင်ကိုယ်တွေ့တွေ့ဖူးတယ်။ သူများပစ္စည်းကိုကိုယ့်ပစ္စည်းထင်နေသူတွေ၊ အဆင်မြင့်မြင့် ငွေကြေးတင့်မှအဖက်လုပ်ပေါင်းဖော်ချင်သူတွေ၊ အဆံမရှိပဲ ဟန်လုပ်လွန်တဲ့သူတွေထဲက (တစ်ချို့) ဟာ သူတို့ဘဝဒီမှာတင်လမ်းဆုံးနေပြီဆိုတာ သတိမထားမိကြဘူး။

           တကယ်သိတဲ့သူတွေကျတော့ ဒီလိုမဟုတ်ဘူးဗျ။ ကိုယ်မသေခင် လူသားကောင်းကျိုး၊ မျိုးရိုးမျိုးနွယ် နဲ့ ရပ်ရွာအကျိုးကိုသယ်ပိုးကြတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးအတွက် အောက်စီဂျင်ရှာပေးကြတယ်။ ကိုယ်သေသွားရင်တောင် ကိုယ့်ကိုတမ်းတနေမယ့်စကားတစ်ခွန်း၊ ဆောင်ပုဒ်တစ်ခု၊ အသိပညာတစ်စုအတွက် မသေခင် စု-တု-ပြု စတဲ့အလုပ်တွေလုပ်နေကြတယ်။ ဒါတွေက ဘာကွာတာလဲ?

           အနောက်နိုင်ငံမှာ တီထွင်ဆန်းသစ်မှုတွေများသလောက် ရှေးရိုးစွဲတွေလည်း မနည်းကြပါဘူး။ သူတို့စွဲတဲ့ရှေးရိုးက "လူူလူချင်းချစ်ခင်ရမယ်" ဆိုတာမျိုး၊ "မိမိကိုဆက်ဆံစေချင်သလိုမျိုး သူတစ်ပါးကိုဆက်ဆံပါ" ဆိုတာမျိုး နဲ့ "ကိုယ်ကသမိုင်းကိုရေးမလား? သမိုင်းကကိုယ့်ကိုရေးသွားမလား?" ဆိုတာမျိုး လူကြီးတွေထားခဲ့တဲ့စကားတွေနဲ့ ပညာရေးအဆင့်ဆင့်မှာသွန်ချခဲ့တဲ့ဟင်းလေးအိုးကြီးတွေကိုတော့ အသည်းစွဲကြတယ်။

           တစ်နေ့တစ်နေ့ ကောင်းတာလေးတွေနည်းနည်းချင်းစီစုထားကြတယ်။ အိုကြီးအိုမအတွက် ရံပုံငွေ-Pension ခံစားခွင့်ဥပဒေတွေပြဋ္ဌာန်းထားကြတယ်။ အရေးပေါ်သုံးဖို့ Emergency Fund တွေ ဘဏ်ထဲမှာ ဥထားကြတယ်။ လက်ကိုင်ဖုန်းမှာ တက်ဘလက်မှာ နားကြပ်ထဲမှာ သင်ယူစရာတစ်ခုခုကို အမြဲစုထားကြတယ်။

           တကယ်လိုအပ်လာတဲ့အခါ စုထားတဲ့ငွေကိုဘဏ်တိုက်ကနေသွားထုတ်သလိုမျိုး ကိုယ့်ဘဝရဲ့အခက်အခဲတွေကြုံတဲ့အခါ ဖတ်ထား မှတ်ထား သင်ယူထားတဲ့အသိပညာ နဲ့ ဆင်ခြင်တုံတရားတွေကိုထုတ်သုံးကြတယ်။ ပြသနာတွေ့ပြီဆိုရင် မဖုံးထားဘူး၊ ရှောင်မပြေးဘူး၊ မကွေ့ပတ်ဘူး၊ ဖြေရှင်းရလွယ်အောင်အရင်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တယ်။ အဖြစ်နိုင်ဆုံးဖြေရှင်းနိုင်မှုကနေ ချည်းကပ်တယ်။ မနိုင်မနင်းဖြစ်တဲ့ကိစ္စတွေကို ကိုယ့်ထက်တော်သူတွေဆီကနေ အကြံယူတယ်။

           လူတော်ဖို့ထက် "လူကောင်းကိုနေရာမှန်မှာထားမလား?" "လူမှန်ကိုနေရာကောင်းမှာထားမလား?" ဆိုတာ သူတို့ရွေးချယ်တယ်။ လူတွေလိုက်နာဖို့ဥပဒေချမှတ်သလို လိုက်နာဖို့ဥပဒေကိုပြင်ဖို့ဝန်မလေးကြဘူး။

           ကိုယ်နဲ့မဆိုင်လို့လက်ပိုက်ကြည့်နေသူတွေ အနောက်နိုင်ငံမှာသိပ်မတွေ့ရဘူး။ နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်။ မြင်တာ တွေ့တာကို သတင်းပို့တာသိပ်မြန်တယ်။ ဖြေရှင်းပုံတွေဟာ သိပ်ပြီး အရင်းအမြစ်ကျတယ်။ လိုအပ်ချက်တွေကိုအပြစ်မရှာပဲ ချွတ်ယွင်းချက်ကိုချက်ချင်းပြင်တယ်။

           ဒါကြောင့် ဒီလိုသုံးသပ်မှုမျိုး နဲ့ ဒီလိုစံနစ်တွေကျင့်ကြံတဲ့တိုင်းပြည်မှာ "မိနစ်တိုင်းမှာသေနေတဲ့လူတွေထက်အသက်ရှင်နေတဲ့လူတွေကပိုများတယ်" ဆိုတာ လက်ခံလာနိုင်တယ်။ ကောင်းတဲ့အကျင့်အကြံတွေကို စံနမူနာပြုအတုယူပြီး ကျွန်တော်တို့ရွှေပြည်ကြီးခရီးပေါက်အောင် အတူတူလျှောက်လှမ်းလက်တွဲသွားရပါမယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
02-16-2019

 

No comments: