ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, March 22, 2020

A Spark of Curiosity လူသားတို့၏နိုးထခြင်းနှင့်အခြားသိပ္ပံအက်ဆေးများ Review


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
  မိတ်ဆွေတို့ကို ဒီ စာအုပ် Review ပို့စ်လေးနဲ့ ခရိုနာဗိုင်းရပ်စ်ပိုးတွေကနေဝေးရာကို ခေတ္တခေါ်သွားပါရစေ။

"A Spark of Curiosity လူသားတို့၏နိုးထခြင်းနှင့်အခြားသိပ္ပံအက်ဆေးများ" စာအုပ်ဟာ ပင်လယ်အတန်တန်ကျော်ဖြတ်ပြီးကျွန်တော်နေထိုင်ရာအရပ်ကိုရောက်လာတဲ့ (စာရေးသူကိုယ်တိုင်ပို့တဲ့) ဒုတိယမြောက်စာအုပ်ဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက အသည်းစွဲသိပ္ပံဇာတ်လမ်းနဲ့ရှာဖွေတွေ့ရှိမှု-Discovery တွေကိုအမြဲဖတ်ချင်ခဲ့တဲ့၊ ကျောင်းမုန့်ဖိုးထဲကပိုက်ဆံတွေနဲ့သိပ္ပံမဂ္ဂဇင်းတွေဝယ်ဖတ်ခဲ့တဲ့ ငယ်ငယ်တုန်းကအချိန်ကာလတွေကိုပြန်ခေါ်သွားပေးခဲ့လို့ကျေးဇူးတင်နေမိတယ်။

စာရေးသူနာမည်က "သာထက်အောင်" ဆိုတဲ့ စိတ်အားထက်သန်တဲ့လူငယ်တစ်ယောက်ပါ။ စာရေးသူတစ်ယောက်ဖြစ်လာတဲ့သူ့အကြောင်းက ကျွန်တော့ကိုသူ့စာအုပ်ဖတ်ဖြစ်စေဖို့ စိတ်တွန်းအားတွေဖြစ်စေခဲ့တယ်။ အခုခေတ်မှာ သိပ္ပံစာအုပ်ရေးသားသူဟာ လက်ချိုးရေတွက်လို့ရနေတာ သတင်းအမှန်အကန်ပါ။ ဒီလိုအပ်ချက်ကို သာထက်အောင်ကဖြည့်ချင်တယ်။ သူ့ရဲ့ဖြစ်ချင်စိတ်ကြီးမားလွန်းတာကို သူ့ရဲ့ပါရမီဖြည့်ဘက်ကပံ့ပိုးပေးတယ်။ ဒါကြောင့် အဝေးတစ်နေရာကကျွန်တော်ဒီစာအုပ်ကိုဖတ်ခွင့်ရပါတယ်။



လူသားတို့နိုးထခဲ့တာနဲ့ သိပ္ပံကိုစတွေ့ခဲ့တာမဟုတ်ပါ။ လူသားတွေဟာ အယူအဆအမှားတွေကြားမှာ ရာစုနှစ်အများကြီးနေခဲ့ကြရာကနေ ဖြစ်နိုင်ခြေအများစုရှိတဲ့တွေးတောနိုင်သူ-Thinker တွေပေါ်လာခဲ့တယ်။ အမှန်တရားကိုရဲရင့်စွာတင်ပြခဲ့တယ်။ ယုံကြည်မှုအတွက်အသက်တွေစတေးခဲ့တယ်။ သာထက်အောင်က ဒီအကြောင်းတွေနဲ့စာအုပ်ကိုစထားပါတယ်။

လူတွေဟာနီးနီလေးကိုကြည့်ရင်း ခပ်ဝေးဝေးကိုလှမ်းတွေးတတ်တဲ့သတ္တဝါမျိုးပါ။ ဒါကြောင့် ကောင်းကင်မှာမြင်ရတဲ့ကြယ်လေးတွေကိုခြေရာခံရင်း တောင်တွေပေါ်ဘယ်လောက်တက်ကြည့်ကြည့် ကြယ်တွေနဲ့မနီးနိုင်တာကိုမေ့နေတယ်။ သီအိုရီတွေအပေါ်အခြေခံတဲ့တွက်ဆချက်တွေဟာ မျက်စိနဲ့သာကြည့်နေသူတွေကို အဖြေမှန်ပေးဖို့အမြဲခက်ခဲတဲ့အကြောင်း "စကြဝဠာကြီးနှင့်သူ၏လူသားများ" မှာ သူဆက်ရေးတယ်။



စတီဗင်ဟော့ကင်းကိုလွမ်းဆွတ်တာနဲ့ အခုလက်ရှိခေတ်မှာ ဒိုင်နိုဆောတွေကိုမမြင်ရတော့တာဘယ်လိုပတ်သက်နေသလဲ? မှားနေတဲ့သက်သေပြချက်တွေလား မှန်ကန်တဲ့ယူဆချက်တွေလား ဘယ်ဟာကအမှန်လဲ . . ဆိုတဲ့ လူတွေသိမ်းထားတဲ့ "ဂိုဒေါင်ထဲကနဂါး" ဆိုတာတွေက တကယ်လား? ဒီအပိုင်းတွေက ကျွန်တော့ဖတ်ချင်စိတ်ကိုလွှမ်းမိုးလွန်းတယ်။

တစ်ဆက်တည်းမှာ ပန်းကန်ပြားပျံတို့၊ ဉက္ကာပျံတို့ တကယ်ရှိသလားဆိုတဲ့ ကျွန်တော် ၄ တန်းတုန်းကအတွေးတွေကို စာရေးသူဆက်ရေးပြတယ်။ ကောင်းကင်မှာ လင်းကနဲ လက်ကနဲပျံသွားတိုင်း ဂြိုဟ်သားလား? ဂြိုဟ်သား တကယ်ရှိသလား? ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့ကြယ်တာရာစစ်ပွဲတကယ်ဖြစ်ရင် လူတွေရောကျန်ပါဦးမလား? စတဲ့မေးခွန်းတွေရဲ့အဖြေတွေကို ဒီစာအုပ်ထဲမှာသိပ်ရှာဖွေလို့ကောင်းတယ်။


ပြောချင်တာကတော့ ဈေးကွက်မှာလိုအပ်ချက်ရှိလို့ဒီစာအုပ်ထွက်လာတယ်ဆိုတဲ့အကြောင်းပါ။ စကြဝဠာ နဲ့ ဂြိုဟ်တွေဆက်စပ်ပုံတွေကိုသိချင်စိတ်ဟာ အခုခေတ် လက်ကိုင်ဖုန်းပေါ်မှာအင်တာနက်သုံးတတ်ရုံလောက်တော့မရိုးစင်းဘူး။

ရှာဖွေရမယ်။ လေ့လာရမယ်။ အင်္ဂလိပ်စာအခြေခံလိုတယ်။ ဘာသာပြန်အားလိုတယ်။ စကားလုံးမွေးစားတတ်ရမယ်။ လူထုကိုပြောပြရဲရမယ်။ ဒီလို စူးစမ်းချင်စိတ်-Curiosity ရှိတယ်ဆိုရင်တော့ ဒီစာအုပ်ဟာ မိတ်ဆွေအတွက် စာအုပ်တိုက်တွေရဲ့စင်ပေါ်မှာစောင့်နေပါတယ်။


ထက်ကောင်းပုံနှိပ်တိုက်၊ ဒေါ်သီတာဝင်း အရုဏ်သစ်စာပေ၊ အုပ်ရေ ၁ဝဝဝ၊ ဒုတိယအကြိမ်၊ တန်ဖိုး ၆ဝဝဝ ကျပ် ရှိတဲ့ "A Spark of Curiosity လူသားတို့၏နိုးထခြင်းနှင့်အခြားသိပ္ပံအက်ဆေးများ" စာအုပ်ကို နီးစပ်ရာစာအုပ်တိုက်တွေမှာမေးဝယ်အားပေးရင်း လူငယ်လေးတစ်ယောက်ရဲ့အားထုတ်မှုကိုအသိအမှတ်ပြုပေးနိုင်ပါတယ်။

မှတ်ချက် ။။။။။။။။။။ စာအုပ်က ၂ဝ၂ဝ နှစ်ဆန်းပိုင်းကထွက်ခဲ့တာဖြစ်ပြီး ပထမတစ်ခေါက်ပျောက်သွားလို့ သူ့အမျိုးသမီးက ငွေကျပ် ၈၃ဝဝ ထပ်ပေးပြီး ပန်းဆက်လမ်းစာအုပ်တိုက်ကို ဒုတိယအကြိမ်ပို့ခိုင်းမှ ၁ လ နောက်ကျပြီးရောက်လာ၊ ကျွန်တော်လည်းအလုပ်များဖတ်တာနောက်ကျ၊ ဒါကြောင့်လည်း Review နောက်ကျရခြင်းဖြစ်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-22-2020


<Zawgyi>

"A Spark of Curiosity လူသားတို႔၏နိုးထျခင္းႏွင့္အျခားသိပၸံအက္ေဆးမ်ား Review"

            

မိတ္ေဆြတို႔ကို ဒီ စာအုပ္ Review ပို႔စ္ေလးနဲ႔ ခရိုနာဗိုင္းရပ္စ္ပိုးေတြကေနေဝးရာကို ေခတၱေခၚသြားပါရေစ။ 

"A Spark of Curiosity လူသားတို႔၏နိုးထျခင္းႏွင့္အျခားသိပၸံအက္ေဆးမ်ား" စာအုပ္ဟာ  ပင္လယ္အတန္တန္ေက်ာ္ျဖတ္ၿပီးကၽြန္ေတာ္ေနထိုင္ရာအရပ္ကိုေရာက္လာတဲ့ (စာေရးသူကိုယ္တိုင္ပို႔တဲ့) ဒုတိယေျမာက္စာအုပ္ျဖစ္ပါတယ္။ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက အသည္းစြဲသိပၸံဇာတ္လမ္းနဲ႔ရွာေဖြေတြ႕ရွိမႈ-Discovery ေတြကိုအျမဲဖတ္ခ်င္ခဲ့တဲ့၊ ေက်ာင္းမုန႔္ဖိုးထဲကပိုက္ဆံေတြနဲ႔သိပၸံမဂၢဇင္းေတြဝယ္ဖတ္ခဲ့တဲ့ ငယ္ငယ္တုန္းကအခ်ိန္ကာလေတြကိုျပန္ေခၚသြားေပးခဲ့လို႔ေက်းဇူးတင္ေနမိတယ္။ 

စာေရးသူနာမည္က "သာထက္ေအာင္" ဆိုတဲ့ စိတ္အားထက္သန္တဲ့လူငယ္တစ္ေယာက္ပါ။ စာေရးသူတစ္ေယာက္ျဖစ္လာတဲ့သူ႔အေၾကာင္းက ကၽြန္ေတာ့ကိုသူ႔စာအုပ္ဖတ္ျဖစ္ေစဖို႔ စိတ္တြန္းအားေတြျဖစ္ေစခဲ့တယ္။ အခုေခတ္မွာ သိပၸံစာအုပ္ေရးသားသူဟာ လက္ခ်ိဳးေရတြက္လို႔ရေနတာ သတင္းအမွန္အကန္ပါ။ ဒီလိုအပ္ခ်က္ကို သာထက္ေအာင္ကျဖည့္ခ်င္တယ္။ သူ႔ရဲ့ျဖစ္ခ်င္စိတ္ႀကီးမားလြန္းတာကို သူ႔ရဲ့ပါရမီျဖည့္ဘက္ကပံ့ပိုးေပးတယ္။ ဒါေၾကာင့္ အေဝးတစ္ေနရာကကၽြန္ေတာ္ဒီစာအုပ္ကိုဖတ္ခြင့္ရပါတယ္။

လူသားတို႔နိုးထခဲ့တာနဲ႔ သိပၸံကိုစေတြ႕ခဲ့တာမဟုတ္ပါ။ လူသားေတြဟာ အယူအဆအမွားေတြၾကားမွာ ရာစုႏွစ္အမ်ားႀကီးေနခဲ့ၾကရာကေန ျဖစ္နိုင္ေျခအမ်ားစုရွိတဲ့ေတြးေတာနိုင္သူ-Thinker ေတြေပၚလာခဲ့တယ္။ အမွန္တရားကိုရဲရင့္စြာတင္ျပခဲ့တယ္။ ယုံၾကည္မႈအတြက္အသက္ေတြစေတးခဲ့တယ္။ သာထက္ေအာင္က ဒီအေၾကာင္းေတြနဲ႔စာအုပ္ကိုစထားပါတယ္။

လူေတြဟာနီးနီေလးကိုၾကည့္ရင္း ခပ္ေဝးေဝးကိုလွမ္းေတြးတတ္တဲ့သတၱဝါမ်ိဳးပါ။ ဒါေၾကာင့္ ေကာင္းကင္မွာျမင္ရတဲ့ၾကယ္ေလးေတြကိုေျခရာခံရင္း ေတာင္ေတြေပၚဘယ္ေလာက္တက္ၾကည့္ၾကည့္ ၾကယ္ေတြနဲ႔မနီးနိုင္တာကိုေမ့ေနတယ္။ သီအိုရီေတြအေပၚအေျခခံတဲ့တြက္ဆခ်က္ေတြဟာ မ်က္စိနဲ႔သာၾကည့္ေနသူေတြကို အေျဖမွန္ေပးဖို႔အျမဲခက္ခဲတဲ့အေၾကာင္း "စၾကဝဠာႀကီးႏွင့္သူ၏လူသားမ်ား" မွာ သူဆက္ေရးတယ္။

စတီဗင္ေဟာ့ကင္းကိုလြမ္းဆြတ္တာနဲ႔ အခုလက္ရွိေခတ္မွာ ဒိုင္နိုေဆာေတြကိုမျမင္ရေတာ့တာဘယ္လိုပတ္သက္ေနသလဲ? မွားေနတဲ့သက္ေသျပခ်က္ေတြလား မွန္ကန္တဲ့ယူဆခ်က္ေတြလား ဘယ္ဟာကအမွန္လဲ . . ဆိုတဲ့ လူေတြသိမ္းထားတဲ့ "ဂိုေဒါင္ထဲကနဂါး" ဆိုတာေတြက တကယ္လား? ဒီအပိုင္းေတြက ကၽြန္ေတာ့ဖတ္ခ်င္စိတ္ကိုလႊမ္းမိုးလြန္းတယ္။

တစ္ဆက္တည္းမွာ ပန္းကန္ျပားပ်ံတို႔၊ ဉကၠာပ်ံတို႔ တကယ္ရွိသလားဆိုတဲ့ ကၽြန္ေတာ္ ၄ တန္းတုန္းကအေတြးေတြကို စာေရးသူဆက္ေရးျပတယ္။ ေကာင္းကင္မွာ လင္းကနဲ လက္ကနဲပ်ံသြားတိုင္း ၿဂိဳဟ္သားလား? ၿဂိဳဟ္သား တကယ္ရွိသလား? ငယ္ငယ္တုန္းကၾကည့္ခဲ့ရတဲ့ၾကယ္တာရာစစ္ပြဲတကယ္ျဖစ္ရင္ လူေတြေရာက်န္ပါဦးမလား? စတဲ့ေမးခြန္းေတြရဲ့အေျဖေတြကို ဒီစာအုပ္ထဲမွာသိပ္ရွာေဖြလို႔ေကာင္းတယ္။

ေျပာခ်င္တာကေတာ့ ေဈးကြက္မွာလိုအပ္ခ်က္ရွိလို႔ဒီစာအုပ္ထြက္လာတယ္ဆိုတဲ့အေၾကာင္းပါ။ စၾကဝဠာ နဲ႔ ၿဂိဳဟ္ေတြဆက္စပ္ပုံေတြကိုသိခ်င္စိတ္ဟာ အခုေခတ္ လက္ကိုင္ဖုန္းေပၚမွာအင္တာနက္သုံးတတ္႐ုံေလာက္ေတာ့မရိုးစင္းဘူး။ 

ရွာေဖြရမယ္။ ေလ့လာရမယ္။ အဂၤလိပ္စာအေျခခံလိုတယ္။ ဘာသာျပန္အားလိုတယ္။ စကားလုံးေမြးစားတတ္ရမယ္။ လူထုကိုေျပာျပရဲရမယ္။ ဒီလို စူးစမ္းခ်င္စိတ္-Curiosity ရွိတယ္ဆိုရင္ေတာ့ ဒီစာအုပ္ဟာ မိတ္ေဆြအတြက္ စာအုပ္တိုက္ေတြရဲ့စင္ေပၚမွာေစာင့္ေနပါတယ္။ 

ထက္ေကာင္းပုံႏွိပ္တိုက္၊ ေဒၚသီတာဝင္း အ႐ုဏ္သစ္စာေပ၊ အုပ္ေရ ၁ဝဝဝ၊ ဒုတိယအႀကိမ္၊ တန္ဖိုး ၆ဝဝဝ က်ပ္ ရွိတဲ့ "A Spark of Curiosity လူသားတို႔၏နိုးထျခင္းႏွင့္အျခားသိပၸံအက္ေဆးမ်ား" စာအုပ္ကို နီးစပ္ရာစာအုပ္တိုက္ေတြမွာေမးဝယ္အားေပးရင္း လူငယ္ေလးတစ္ေယာက္ရဲ့အားထုတ္မႈကိုအသိအမွတ္ျပဳေပးနိုင္ပါတယ္။

မွတ္ခ်က္ ။။။။။။။။။။ စာအုပ္က ၂ဝ၂ဝ ႏွစ္ဆန္းပိုင္းကထြက္ခဲ့တာျဖစ္ၿပီး ပထမတစ္ေခါက္ေပ်ာက္သြားလို႔ သူ႔အမ်ိဳးသမီးက ေငြက်ပ္ ၈၃ဝဝ ထပ္ေပးၿပီး ပန္းဆက္လမ္းစာအုပ္တိုက္ကို ဒုတိယအႀကိမ္ပို႔ခိုင္းမွ ၁ လ ေနာက္က်ၿပီးေရာက္လာ၊ ကၽြန္ေတာ္လည္းအလုပ္မ်ားဖတ္တာေနာက္က်၊ ဒါေၾကာင့္လည္း Review ေနာက္က်ရျခင္းျဖစ္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
03-22-2020

No comments: