ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, January 4, 2017

ႏိုင္ငံသားခံယူႏုိင္ဖို႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.

တန္းတူအခြင္႕အေရးရမႈနဲ႕အတူ တာဝန္ဝတၱရားေတြကပ္လ်က္တြဲပါလာတဲ႕အလုပ္တစ္ခုကေတာ႕ " အေမရိကန္ႏုိင္ငံသားေလ်ွာက္ထားျခင္း - Naturalization " ျဖစ္ပါတယ္။ ဒါေၾကာင္႕ ေျပာင္းေရႊ႕ခုိလံႈသူတစ္ဦးဟာ ႏိုင္ငံသားျဖစ္ခြင္႕ေပးဖို႕ေလွ်ာက္ေတာ႕မယ္ဆိုရင္ အေမရိကန္ႏို္င္ငံအတြက္ အင္မတန္အေရးၾကီးတဲ႕ဆံုးျဖတ္ခ်က္တစ္ခုကိုခ်ေပးရတာျဖစ္တယ္လုိ႕ အခုေရးမယ္႕ လဝက ကေပးတဲ႕ B3 လက္ကမ္းစာေစာင္က ဆုိပါတယ္။
.
ႏုိင္ငံသားျဖစ္လာႏုိင္တဲ႕နည္းလမ္းေတြက အျမဲတမ္းေနထုိင္ခြင္႕ - Permanent Residents ကေနကူးေျပာင္းတာက အမ်ားဆံုးပါပဲ။ အစိုးရကအသိမွတ္ျပဳျပီးတာနဲ႕ မဲေပး - Vote ခြင္႕ရတာကို ဒီဘက္ႏုိင္ငံသားေတြက ဒီမုိကေရစီတိုင္းျပည္ပီပီ လိုလိုခ်င္ခ်င္တန္ဖိုးထားၾကတယ္။
.
.
အသက္ ( ၁၈ ) ႏွစ္ျပည္႕ရင္ ႏိုင္ငံသားေလွ်ာက္လုိ႕ရပါျပီ။ က်န္းမာေရးေကာင္းရပါမယ္။ အေျခခံအဂၤလိပ္စာရရပါမယ္။ ေရးတတ္ရမယ္၊ ဖတ္တတ္ရမယ္၊ အနည္းဆံုးေတာ႕ ေျပာဆိုဆက္ဆံတတ္ရမယ္လို႕ေျပာထားပါတယ္။ အေမရိကန္အစုိးရရဲ႕လုပ္ငန္းစဥ္ နဲ႕ ဖြဲ႕စည္းပံုအခ်ိဳ႕ကို သိရပါမယ္။

.
ႏုိင္ငံထဲကိုဘယ္လိုနည္းလမ္း - Obtained Status ေပၚမူတည္ျပီး ( ၅ ) ႏွစ္ျပည္႕မွေျဖရတာရွိသလို ( ၃ ) ႏွစ္နဲ႕ ႏုိင္ငံသားေျဖရတာလည္း ရွိတယ္။ အသက္ၾကီးျပီး အေမရိကန္ေျမေပၚမွာ ( ၁၅ ) ႏွစ္၊ ႏွစ္ ( ၂ဝ ) ေက်ာ္ေနထုိင္ျပီးသူေတြအတြက္ ကန္႕သက္ခ်က္တစ္ခ်ိဳ႕ေျဖေလ်ာ႕ေပးတာကိုလည္း အေသးစိတ္ရွင္းျပထားပါေသးတယ္။
.
.
ႏိုင္ငံသားေလွ်ာက္တဲ႕ေဖာင္နာမယ္ကုိ Form N-400 လို႕ေခၚပါတယ္။ စစ္မႈထမ္းတစ္ေယာက္က ႏုိင္ငံသားေလွ်ာက္ဖို႕က်ေတာ႕ Form M-599 နဲ႕ ေလွ်ာက္ခုိင္းျပန္တယ္။ ေဖါင္အားလံုးကို အြန္လိုင္းကေန ရယူရတာျဖစ္ျပီး အင္တာဗ်ဴးစစ္တာကို ေျဖဖို႕ရက္ခ်ိန္းလိုပါတယ္။
.
ေပးလာတဲ႕ ေမးခြန္း ( ၁ဝဝ ) ပါတဲ႕ စာအုပ္ထဲမွာ အေမရိကန္ႏုိင္ငံရဲ႕ သမၼတအဆက္ဆက္၊ လြတ္လပ္ေရးဖခင္ၾကီးေတြ နဲ႕ အုပ္ခ်ဳပ္ေရးယႏၱရားအေၾကာင္း၊ ေဒသႏၱတရဗဟုသုတ နဲ႕ ႏိုင္ငံရဲ႕ပထဝီအေနအထားတို႕ကုိ အပုိင္းေတြခဲြျပီးေလ႕လာႏုိင္တယ္။ YouTube မွာ ရွာျပီးေလ႕လာရင္ ပုိျပီးအတတ္ျမန္ပါတယ္။
.
.
အင္တာဗ်ဴးေျဖျပီးတဲ႕အခါ ( ေအာင္ရင္ ) သစၥာခံ - Oath လုပ္ဖို႕ ရက္ခ်ိန္းအတိုင္းသြားရပါမယ္။ လူေပါင္း ( ၁ဝဝဝ ) ေက်ာ္ေလာက္ဆန္႕တဲ႕ ခန္းမ ( သို႕ ) ရုပ္ရွင္ရံုၾကီးထဲမွာ စုေပါင္းက်မ္းၾကိမ္ဖုိ႕လမ္းညႊန္ခ်က္ေတြရွိပါတယ္။ အေပၚကေျပာခဲ႕သလို အဆင္႕ဆင္႕ေက်ာ္ျဖတ္ျပီး ႏိုင္ငံသားျဖစ္ေၾကာင္းလက္မွတ္ေပးတဲ႕အခါ အေမရိကန္ႏိုင္ငံသားႏိုင္ငံကူးလက္မွတ္ - Passport ေလွ်ာက္ႏုိင္ဖို႕ သက္ဆုိင္ရာရံုးရဲ႕ကုိယ္စားလွယ္ေတြလာေစာင္႕ျပီးေဆာင္ရြက္ေပးတယ္ဆုိတာလည္း ပါပါတယ္။
.
ကမၻာေပၚမွာ ႏိုင္ငံ ( ၂ ) ခုရဲ႕တစ္ျပိဳင္တည္းႏုိင္ငံသားျဖစ္မႈ - Dual Citizenship ကိုလက္ခံေပးတဲ႕ႏိုင္ငံေတြရွိတယ္ ( ဥပမာ - ဖိလစ္ပိုင္ ) ဆက္ေလ႕လာမယ္ဆုိရင္ တစ္ျခားႏိုင္ငံေတြလည္း ရွိပါေသးတယ္။ ဒါေပမယ္႕ အဲဒီစာရင္းထဲမွာ ျမန္မာႏုိင္ငံ မပါတာ ကိ်န္းေသတယ္။
.
ဒီ႕အျပင္ အေမရိကန္ႏုိ္င္ငံသားခံယူဖို႕စိတ္ပုိင္းျဖတ္ထားရင္ ဘာအေၾကာင္းပဲျဖစ္ျဖစ္ အေမရိကန္ႏုိင္ငံအေပၚသစၥာေစာင္႕သိရမယ္ဆိုတာဒီစာရြက္မွာအေသအခ်ာေရးထားတာကို တင္ျပလိုက္ပါတယ္။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
01-04-2017
.
Ref: B3 U.S Citizenship and Immigration Services Pamphlet
.
.
Unicode Version:
.
.
" နိုင်ငံသားခံယူနိုင်ဖို့ "
.
တန်းတူအခွင့်အရေးရမှုနဲ့အတူ တာဝန်ဝတ္တရားတွေကပ်လျက်တွဲပါလာတဲ့အလုပ်တစ်ခုကတော့ " အမေရိကန်နိုင်ငံသားလျှောက်ထားခြင်း - Naturalization " ဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ခိုလှုံသူတစ်ဦးဟာ နိုင်ငံသားဖြစ်ခွင့်ပေးဖို့လျှောက်တော့မယ်ဆိုရင် အမေရိကန်န်ိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချပေးရတာဖြစ်တယ်လို့ အခုရေးမယ့် လဝက ကပေးတဲ့ B3 လက်ကမ်းစာစောင်က ဆိုပါတယ်။
.
နိုင်ငံသားဖြစ်လာနိုင်တဲ့နည်းလမ်းတွေက အမြဲတမ်းနေထိုင်ခွင့် - Permanent Residents ကနေကူးပြောင်းတာက အများဆုံးပါပဲ။ အစိုးရကအသိမှတ်ပြုပြီးတာနဲ့ မဲပေး - Vote ခွင့်ရတာကို ဒီဘက်နိုင်ငံသားတွေက ဒီမိုကရေစီတိုင်းပြည်ပီပီ လိုလိုချင်ချင်တန်ဖိုးထားကြတယ်။
.
.
အသက် ( ၁၈ ) နှစ်ပြည့်ရင် နိုင်ငံသားလျှောက်လို့ရပါပြီ။ ကျန်းမာရေးကောင်းရပါမယ်။ အခြေခံအင်္ဂလိပ်စာရရပါမယ်။ ရေးတတ်ရမယ်၊ ဖတ်တတ်ရမယ်၊ အနည်းဆုံးတော့ ပြောဆိုဆက်ဆံတတ်ရမယ်လို့ပြောထားပါတယ်။ အမေရိကန်အစိုးရရဲ့လုပ်ငန်းစဉ် နဲ့ ဖွဲ့စည်းပုံအချို့ကို သိရပါမယ်။
.
နိုင်ငံထဲကိုဘယ်လိုနည်းလမ်း - Obtained Status ပေါ်မူတည်ပြီး ( ၅ ) နှစ်ပြည့်မှဖြေရတာရှိသလို ( ၃ ) နှစ်နဲ့ နိုင်ငံသားဖြေရတာလည်း ရှိတယ်။ အသက်ကြီးပြီး အမေရိကန်မြေပေါ်မှာ ( ၁၅ ) နှစ်၊ နှစ် ( ၂ဝ ) ကျော်နေထိုင်ပြီးသူတွေအတွက် ကန့်သက်ချက်တစ်ချို့ဖြေလျော့ပေးတာကိုလည်း အသေးစိတ်ရှင်းပြထားပါသေးတယ်။
.
.
နိုင်ငံသားလျှောက်တဲ့ဖောင်နာမယ်ကို Form N-400 လို့ခေါ်ပါတယ်။ စစ်မှုထမ်းတစ်ယောက်က နိုင်ငံသားလျှောက်ဖို့ကျတော့ Form M-599 နဲ့ လျှောက်ခိုင်းပြန်တယ်။ ဖေါင်အားလုံးကို အွန်လိုင်းကနေ ရယူရတာဖြစ်ပြီး အင်တာဗျူးစစ်တာကို ဖြေဖို့ရက်ချိန်းလိုပါတယ်။
.
ပေးလာတဲ့ မေးခွန်း ( ၁ဝဝ ) ပါတဲ့ စာအုပ်ထဲမှာ အမေရိကန်နိုင်ငံရဲ့ သမ္မတအဆက်ဆက်၊ လွတ်လပ်ရေးဖခင်ကြီးတွေ နဲ့ အုပ်ချုပ်ရေးယန္တရားအကြောင်း၊ ဒေသန္တတရဗဟုသုတ နဲ့ နိုင်ငံရဲ့ပထဝီအနေအထားတို့ကို အပိုင်းတွေခွဲပြီးလေ့လာနိုင်တယ်။ YouTube မှာ ရှာပြီးလေ့လာရင် ပိုပြီးအတတ်မြန်ပါတယ်။
.
.
အင်တာဗျူးဖြေပြီးတဲ့အခါ ( အောင်ရင် ) သစ္စာခံ - Oath လုပ်ဖို့ ရက်ချိန်းအတိုင်းသွားရပါမယ်။ လူပေါင်း ( ၁ဝဝဝ ) ကျော်လောက်ဆန့်တဲ့ ခန်းမ ( သို့ ) ရုပ်ရှင်ရုံကြီးထဲမှာ စုပေါင်းကျမ်းကြိမ်ဖို့လမ်းညွှန်ချက်တွေရှိပါတယ်။ အပေါ်ကပြောခဲ့သလို အဆင့်ဆင့်ကျော်ဖြတ်ပြီး နိုင်ငံသားဖြစ်ကြောင်းလက်မှတ်ပေးတဲ့အခါ အမေရိကန်နိုင်ငံသားနိုင်ငံကူးလက်မှတ် - Passport လျှောက်နိုင်ဖို့ သက်ဆိုင်ရာရုံးရဲ့ကိုယ်စားလှယ်တွေလာစောင့်ပြီးဆောင်ရွက်ပေးတယ်ဆိုတာလည်း ပါပါတယ်။
.
ကမ္ဘာပေါ်မှာ နိုင်ငံ ( ၂ ) ခုရဲ့တစ်ပြိုင်တည်းနိုင်ငံသားဖြစ်မှု - Dual Citizenship ကိုလက်ခံပေးတဲ့နိုင်ငံတွေရှိတယ် ( ဥပမာ - ဖိလစ်ပိုင် ) ဆက်လေ့လာမယ်ဆိုရင် တစ်ခြားနိုင်ငံတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီစာရင်းထဲမှာ မြန်မာနိုင်ငံ မပါတာ ကျိန်းသေတယ်။
.
ဒီ့အပြင် အမေရိကန်န်ိုင်ငံသားခံယူဖို့စိတ်ပိုင်းဖြတ်ထားရင် ဘာအကြောင်းပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံအပေါ်သစ္စာစောင့်သိရမယ်ဆိုတာဒီစာရွက်မှာအသေအချာရေးထားတာကို တင်ပြလိုက်ပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
01-04-2017
.
Ref: B3 U.S Citizenship and Immigration Services Pamphlet

No comments: