တစ္ေလာကျမန္မာ႕ရုပ္ရွင္အကယ္ဒမီေပးပြဲေၾကာင္႕ အကယ္ဒမီသက္တမ္းမွာ
အတိုဆံုးေက်းဇူးတင္စကားေျပာခဲ႕သူတစ္ေယာက္ကို ျပန္သတိရမိတယ္။ “(၇) ႏွစ္ရွိျပီ” ဆိုတဲ႕တစ္ခြန္းထဲေျပာျပီးဆင္းသြားတဲ႕
ဒါရုိက္တာေအာင္ကုိလတ္ရဲ႕ရင္တြင္းခံစားခ်က္ကုိ ဘယ္သူမွမရွင္းျပဘဲနဲ႕ ကြ်န္ေတာ္ရလိုက္တယ္။
သူ႕အခ်ိန္ေတြကုိ ဒီအကယ္ဒမီထဲနစ္ထားတာ (၇) ႏွစ္ၾကာတယ္။ ဒါ သူ႕ရဲ႕ဘဝပဲ။ ဒီၾကိဳးစားမႈဟာ
သူ႕ရဲ႕ရင္းႏွီးျမွဳပ္ႏွံမႈဆိုတာ သိပ္ေသခ်ာပါတယ္။
အခုၾကည္႕ေတာ႕သာ ေဆာင္းပါးတို (၂) ပုဒ္ေရးတင္ရံုေလးတင္
. . ဒီလိုေရးႏုိင္ဖို႕ အခ်ိန္ (၁ဝ) ႏွစ္ၾကာပါတယ္။ ဒါဟာ ကြ်န္ေတာ႕ဘဝျဖစ္ခဲ႕တယ္။ ဒီစကားလံုးေတြဟာကြ်န္ေတာ႕ရဲ႕ရင္းႏွီးျမွဳပ္ႏွံမႈအစိတ္အပိုင္းတစ္ခုပါပဲ။
ျမန္မာေတြႏိုင္ငံျခားထြက္ျပီး ဘဝရပ္တည္ၾကတယ္။
တစ္ခ်ိဳ႕ဆိုရင္ လပိုင္းေလာက္ၾကိဳးစားျပီး လက္ပန္းက်တယ္လို႕ညည္းညဴေနေပမဲ႕ တစ္ခ်ိဳ႕က်ေတာ႕
ဆယ္စုႏွစ္ခ်ီျပီးၾကာေသာ္မွ အားမေလွ်ာ႕ေသး၊ ဇြဲမက်ေသး၊ အာရံုေတြရေနေသးတဲ႕ အေကာင္းျမင္စိတ္ဓါတ္ပိုင္ရွင္ေတြရဲ႕စိတ္ဓါတ္ခိုင္ခန္႕မႈဟာသူတုိ႕ရဲ႕ဘဝပါပဲ။
ကြ်န္ေတာ္ဟာ ေက်ာင္းတက္ရင္းတန္းလန္း မိဘလက္ငုတ္ရင္းျဖစ္တဲ႕ကုန္သည္အလုပ္ကုိ
တစ္ဖက္တစ္လမ္းကသင္ယူခဲ႕သူပါ။ ဒီလိုရင္းႏွီးျမွဳပ္ႏွံမႈကေန တစ္ေနရာကေနတစ္ေနရာေျပာင္းဖို႕ျဖစ္လာေတာ႕အရာရာကုိတစ္ကေနျပန္စရတဲ႕အခါေတြမွာ
စိတ္သိပ္ပင္ပန္းရတယ္။ အဲဒီလိုေနာက္တစ္ေနရာမွာအေျခက်ျပီလည္းဆိုေရာ ထပ္ေျပာင္းလဲဖုိ႕ျဖစ္လာ၊
ဒါနဲ႕ ေနသားက်ေနတဲ႕ ဒုတိယေနရာကေန တတိယေနရာ၊ အခု စတုတၳေနရာအထိ ဆင္႕ကာဆင္႕ကာေျပာင္းေရႊ႕လာလုိက္တာ
တစ္ခါတစ္ေလ “ကြ်န္ေတာ႕အိမ္” ဟာ ဘယ္တစ္ခုလဲလို႕ျပန္ေမးရေလာက္ေအာင္ ထင္ေယာင္ျမင္မွားျဖစ္ရတယ္။
ဒါဟာ ကြ်န္ေတာ႕ဘဝပါပဲ။
လူတစ္ခ်ိဳ႕က သူတို႕လက္လွမ္းမွီရာအိမ္နီးခ်င္းတိုင္းျပည္ေတြမွာ
ကိုယ္အား ဥာဏ္အားတတ္စြမ္းသ၍ ကိုယ္က်ိဳးစြန္႕အသက္ေမြးဝမ္းေက်ာင္းၾကတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ႕
ပညာအထြဋ္အထိပ္ေရာက္ေအာင္ ေငြလမ္းခင္းျပီးေလွ်ာက္ၾကတယ္။ ဒီကေန ေနာက္ထပ္တတိယႏုိင္ငံကိုခုန္ကူးရင္း
လမ္းစသစ္ေတြေဖာက္ထြက္ၾကတယ္။ ဒီထဲမွာ ဘာအတတ္ပညာမွမပါလာေပမယ္႕ ေခၚယူခြင္႕-Petition ရွိသူရဲ႕ကူညီမႈေတြေၾကာင္႕
အေမရိကားေရာက္လာသူေတြလည္းပါဝင္ၾကပါတယ္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႕အေမရိကားေရာက္လာသူေတြမွာ
အရင္းခံအားျဖင္႕ လူ (၂) မ်ိဳးခြဲလို႕ရတယ္။ ႏိုင္ငံသားခံယူခြင္႕-Neutralization ကုိေစာင္႕ေနသူေတြကို
ပထမအမ်ိဳးအစား နဲ႕ အျမဲတမ္းေနထိုင္ခြင္႕-Alien Registration Number/Green Card ကုိသာကိုင္ထားျပီး
ႏိုင္ငံသားခံယူခြင္႕မေလွ်ာက္သူေတြကို ဒုတိယအမ်ိဳးအစားထဲမွာထည္႕သြင္းျပီးေဆြးေႏြးျပပါမယ္။
ပထမအမ်ိဳးအစားက ရွင္းတယ္။ ဒီလို ႏိုင္ငံသားခံယူခြင္႕လိုခ်င္လို႕
အေမရိကားလာတာ။ အေဖ အေမ/သား သမီး ေခၚလို႕ကအစ ႏိုင္ငံေရး/လူမ်ိဳးေရး/ဘာသာေရး/စစ္ေရးခိုလံႈခြင္႕အဆံုး
နည္းအမ်ိဳးမ်ိဳးနဲ႕လာၾကတယ္။ ဒီဘက္အေမရိကန္အစုိးရရဲ႕မူဝါဒအရလည္း ဒီေျမေပၚမွာေရာက္ေနသူ
ဘယ္သူဘယ္ဝါမဆို ခိုလႈံခြင္႕-Asylum ေလွ်ာက္ထားခြင္႕ရွိတယ္ (1*) ။ ဒါကိုအခြင္႕အေကာင္းယူျပီး
ဒီကို အလည္ဗီဆာနဲ႕လာ၊ လည္ပတ္၊ ျပီးေတာ႕ ပြဲစားကုမၸဏီကိုအေၾကာင္းတစ္ခုခုျပျပီး မျပန္ဘဲေနခဲ႕
စတဲ႕နည္းလမ္းေတြ အခုေနာက္ပိုင္းေခတ္စားေနတာၾကားလာရတယ္ (2*)
(စာၾကြင္း။ ။
(1*) ႏွင္႕ (2*) တုိ႕၏အေၾကာင္းအရာမ်ားသည္ ကြ်န္ေတာ္မကြ်မ္းက်င္ေသာနယ္ပယ္ျဖစ္သည္႕အျပင္
အမွန္တကယ္ၾကံဳခဲ႕သူမ်ားသည္လည္း သူတို႕၏ကိုယ္ေတြ႕ကိုျပန္မွ်ေဝရန္ခြင္႕မျပဳထားေသာေၾကာင္႕
ၾကားဖူးရံုသာရွိျပီး စာတစ္ပုဒ္အျဖစ္ေရးရန္မရွိပါ။ ကြ်န္ေတာ္ကိုယ္တိုင္လည္း မၾကံဳဖူးပါ။
ထုိ႕ေၾကာင္႕ အဆိုပါကိစၥမ်ားႏွင္႕ပတ္သတ္၍မည္သည္႕ေမးခြန္းမ်ားကိုမွ်ေျဖဆိုေပးရန္အစီအစဥ္မရွိပါ)
လာခဲ႕တဲ႕ကြ်န္ေတာ္တို႕ေဆြမ်ိဳးမိတ္သဂၤဟေတြၾကားမွာလည္း
ဒီကိစၥအေပၚမွာ ဝိဝါဒ နဲ႕ ေမွ်ာ္မွန္းခ်က္ေတြမတူညီၾကဘူး။ လူငယ္အမ်ားစုကေတာ႕ ဒီဘက္ႏိုင္ငံသားကဒ္ျပားကိုင္ေဆာင္ျပီး
ဒီဘက္ႏုိင္ငံရဲ႕ပညာေရး နဲ႕ အလုပ္အကိုင္ျမဲျမံမႈေတြအေပၚမွာအားထားၾကတယ္။ လူလတ္ပိုင္းက်ေတာ႕
ႏိုင္ငံသားခံယူခ်င္သူေရာ၊ အျမဲတမ္းေနထုိင္ခြင္႕ကိုအခ်ိန္ျပည္႕ကိုင္ဆြဲထားခ်င္ၾကသူေတြနဲ႕ပါ
မွ်တတယ္လို႕ဆိုရမယ္။ ဘာျဖစ္လို႕တစ္ခ်ိဳ႕က အေမရိကန္ႏုိင္ငံသားမခံယူခ်င္ၾကတာလဲ? အေၾကာင္းအမ်ိဳးမ်ိဳးရွိေနႏုိင္ပါတယ္။
အေမရိကားကုိေျပာင္းေရႊ႕လာသူေတြထဲမွာ ျမန္မာႏုိင္ငံကစီးပြားေရးေကာင္းခဲ႕သူေတြ၊
လက္ရွိလုပ္လက္စ ကိုင္လက္စ မျပီးျပတ္ေသးသူေတြ၊ ျမန္မာႏုိင္ငံမွာေရႊ႕ေျပာင္းဖို႕မလြယ္ကူတဲ႕ပစၥည္းေတြရွိေနသူေတြ
အေမရိကန္ႏုိင္ငံသားမေလွ်ာက္ခ်င္ၾကပါဘူး။ အဲဒီစာရင္းထဲမွာမပါတဲ႕ လူဦးေရအနည္းငယ္ကေတာ႕
အေမရိကားမွာေနရထုိင္ရတာ အထီးက်န္တယ္၊ လူ႕ဘဝက လုပ္ရတာနဲ႕ျပန္ရတာမတန္ဘူး၊ ဘာမဆိုကိုယ္တိုင္လုပ္ရတယ္၊
ကိုယ္ရွာသမွ်အခြန္ေဆာင္တာနဲ႕ကုန္တာပဲလို႕ ခံယူထားသူတစ္ခ်ိဳ႕နဲ႕ တကယ္ျမန္မာႏိုင္ငံသားကိုမစြန္႕လႊတ္လိုသူ၊
မစြန္႕လႊတ္လိုေသးသူေတြက Green Card ကို သက္တမ္းတိုးျပီးဆက္လက္ေနထုိင္ၾကပါတယ္။
ဒီေနရာမွာ အေမရိကန္ႏိုင္ငံသား-Citizen နဲ႕
အျမဲတမ္းေနထုိင္ခြင္႕ရထားသူ-LPR (Lawful Permanent Residents) တုိ႕က ဘာအခြင္႕အေရးေတြကြာျခားေနလို႕တုန္းလို႕ေမးစရွာရွိေနႏိုင္ပါတယ္။
အေသးစိတ္ေတြကိုအေလးေပးေျပာမွာထက္စာရင္ အဓိကကြာျခားမႈ (၂) ခ်က္ကေတာ႕ မဲေပးခြင္႕-Right
to Vote နဲ႕ လူမႈဖူလံုေရးအက်ိဳးအျမတ္-Social Security Benefit ေတြ ျဖစ္ပါတယ္။ ဆိုလိုတာက
LPR သမားဟာ မဲေပးခြင္႕မရွိဘူး။ ႏိုင္ငံသားေတြကိုသာေပးတဲ႕ က်န္းမာေရးနဲ႕သက္ၾကီးအေထာက္အပံ႕ေတြကို
ရႏုိင္မွာမဟုတ္ပါဘူး။
အေမရိကားကိုေရာက္ေအာင္လာသူေတြက မဲေပးႏုိင္ျခင္း
မေပးႏုိင္ျခင္းထက္ အသက္ၾကီးလာတဲ႕အခါ အေပၚမွာေျပာခဲ႕တဲ႕ခံစားခြင္႕ေတြကိုက်ေတာ႕ လုိခ်င္ၾကပါတယ္။
ဒါေပမဲ႕ Green Card ကိုင္ထားသမားဟာ ႏိုင္ငံသားတစ္ေယာက္လုိပဲ အိမ္ဝယ္ႏုိင္တယ္၊ စေတာ႕ရွယ္ယာဝယ္ႏုိင္တယ္၊
ကုမၸဏီေထာင္ႏုိင္တယ္၊ အမ်ားနဲ႕အတူအခြန္ထမ္းရပါမယ္။
ကြ်န္ေတာ္ဟာျမန္မာႏိုင္ငံသားျဖစ္မႈကိုမစြန္႕လႊတ္လိုေသးတာေၾကာင္႕
(၂ဝ၁၉) မွာ Green Card သက္တမ္းတိုးဖို႕အခ်ိန္က်ေရာက္လာပါတယ္။ Green Card တစ္ခုရဲ႕ကို
အေမရိကန္ျပည္ေထာင္စုကုိစတင္ဝင္ေရာက္တဲ႕ေန႕-Date of Entry ကေန (၁ဝ) ႏွစ္ သက္တမ္းေပးထားပါတယ္။
အမွန္ကေတာ႕ (၁၁) ႏွစ္ပါ။ ဘယ္ကေန ဘယ္လုိ (၁၁) ႏွစ္ျဖစ္သြားတယ္ဆိုတာကို ကိုယ္ေတြ႕စုေဆာင္းထားတဲ႕ပံုေပါင္း
(၅ဝ) ေလာက္နဲ႕ ေနာက္တစ္ပိုင္းကုိ ေစာင္႕ေမွ်ာ္ေပးၾကပါ။ (ယခုေဆာင္းပါးကို Like
& Share မလုပ္သူမ်ား အပိုင္း (၂) ကို ဖတ္ခြင္႕ရမည္မဟုတ္)
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
03-31-2019
Unicode Version:
"ကျွန်တော်
Green Card သက်တမ်းတိုးခဲ့စဉ်က။ အပိုင်း (၁)”
တစ်လောကမြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲကြောင့် အကယ်ဒမီသက်တမ်းမှာ အတိုဆုံးကျေးဇူးတင်စကားပြောခဲ့သူတစ်ယောက်ကို ပြန်သတိရမိတယ်။
“(၇) နှစ်ရှိပြီ”
ဆိုတဲ့တစ်ခွန်းထဲပြောပြီးဆင်းသွားတဲ့ ဒါရိုက်တာအောင်ကိုလတ်ရဲ့ရင်တွင်းခံစားချက်ကို
ဘယ်သူမှမရှင်းပြဘဲနဲ့ ကျွန်တော်ရလိုက်တယ်။ သူ့အချိန်တွေကို
ဒီအကယ်ဒမီထဲနစ်ထားတာ (၇) နှစ်ကြာတယ်။ ဒါ သူ့ရဲ့ဘဝပဲ။ ဒီကြိုးစားမှုဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုဆိုတာ သိပ်သေချာပါတယ်။
အခုကြည့်တော့သာ ဆောင်းပါးတို (၂) ပုဒ်ရေးတင်ရုံလေးတင်
. . ဒီလိုရေးနိုင်ဖို့ အချိန် (၁ဝ) နှစ်ကြာပါတယ်။ ဒါဟာ ကျွန်တော့ဘဝဖြစ်ခဲ့တယ်။
ဒီစကားလုံးတွေဟာကျွန်တော့ရဲ့ရင်းနှီးမြှုပ်နှံမှုအစိတ်အပိုင်းတစ်ခုပါပဲ။
မြန်မာတွေနိုင်ငံခြားထွက်ပြီး ဘဝရပ်တည်ကြတယ်။
တစ်ချို့ဆိုရင် လပိုင်းလောက်ကြိုးစားပြီး လက်ပန်းကျတယ်လို့ညည်းညူနေပေမဲ့ တစ်ချို့ကျတော့
ဆယ်စုနှစ်ချီပြီးကြာသော်မှ အားမလျှော့သေး၊ ဇွဲမကျသေး၊ အာရုံတွေရနေသေးတဲ့ အကောင်းမြင်စိတ်ဓါတ်ပိုင်ရှင်တွေရဲ့စိတ်ဓါတ်ခိုင်ခန့်မှုဟာသူတို့ရဲ့ဘဝပါပဲ။
ကျွန်တော်ဟာ ကျောင်းတက်ရင်းတန်းလန်း မိဘလက်ငုတ်ရင်းဖြစ်တဲ့ကုန်သည်အလုပ်ကို
တစ်ဖက်တစ်လမ်းကသင်ယူခဲ့သူပါ။ ဒီလိုရင်းနှီးမြှုပ်နှံမှုကနေ တစ်နေရာကနေတစ်နေရာပြောင်းဖို့ဖြစ်လာတော့အရာရာကိုတစ်ကနေပြန်စရတဲ့အခါတွေမှာ စိတ်သိပ်ပင်ပန်းရတယ်။ အဲဒီလိုနောက်တစ်နေရာမှာအခြေကျပြီလည်းဆိုရော ထပ်ပြောင်းလဲဖို့ဖြစ်လာ၊ ဒါနဲ့ နေသားကျနေတဲ့
ဒုတိယနေရာကနေ တတိယနေရာ၊ အခု စတုတ္ထနေရာအထိ ဆင့်ကာဆင့်ကာပြောင်းရွှေ့လာလိုက်တာ တစ်ခါတစ်လေ “ကျွန်တော့အိမ်” ဟာ ဘယ်တစ်ခုလဲလို့ပြန်မေးရလောက်အောင်
ထင်ယောင်မြင်မှားဖြစ်ရတယ်။ ဒါဟာ ကျွန်တော့ဘဝပါပဲ။
လူတစ်ချို့က သူတို့လက်လှမ်းမှီရာအိမ်နီးချင်းတိုင်းပြည်တွေမှာ ကိုယ်အား ဉာဏ်အားတတ်စွမ်းသ၍ ကိုယ်ကျိုးစွန့်အသက်မွေးဝမ်းကျောင်းကြတယ်။
တစ်ချို့ကျပြန်တော့ ပညာအထွဋ်အထိပ်ရောက်အောင် ငွေလမ်းခင်းပြီးလျှောက်ကြတယ်။ ဒီကနေ နောက်ထပ်တတိယနိုင်ငံကိုခုန်ကူးရင်း လမ်းစသစ်တွေဖောက်ထွက်ကြတယ်။
ဒီထဲမှာ ဘာအတတ်ပညာမှမပါလာပေမယ့် ခေါ်ယူခွင့်-Petition ရှိသူရဲ့ကူညီမှုတွေကြောင့် အမေရိကားရောက်လာသူတွေလည်းပါဝင်ကြပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်အမေရိကားရောက်လာသူတွေမှာ အရင်းခံအားဖြင့် လူ (၂) မျိုးခွဲလို့ရတယ်။ နိုင်ငံသားခံယူခွင့်-Neutralization
ကိုစောင့်နေသူတွေကို ပထမအမျိုးအစား နဲ့ အမြဲတမ်းနေထိုင်ခွင့်-Alien Registration
Number/Green Card ကိုသာကိုင်ထားပြီး နိုင်ငံသားခံယူခွင့်မလျှောက်သူတွေကို ဒုတိယအမျိုးအစားထဲမှာထည့်သွင်းပြီးဆွေးနွေးပြပါမယ်။
ပထမအမျိုးအစားက ရှင်းတယ်။
ဒီလို နိုင်ငံသားခံယူခွင့်လိုချင်လို့ အမေရိကားလာတာ။ အဖေ အမေ/သား သမီး ခေါ်လို့ကအစ
နိုင်ငံရေး/လူမျိုးရေး/ဘာသာရေး/စစ်ရေးခိုလှုံခွင့်အဆုံး နည်းအမျိုးမျိုးနဲ့လာကြတယ်။
ဒီဘက်အမေရိကန်အစိုးရရဲ့မူဝါဒအရလည်း ဒီမြေပေါ်မှာရောက်နေသူ ဘယ်သူဘယ်ဝါမဆို ခိုလှုံခွင့်-Asylum လျှောက်ထားခွင့်ရှိတယ် (1*) ။ ဒါကိုအခွင့်အကောင်းယူပြီး ဒီကို အလည်ဗီဆာနဲ့လာ၊ လည်ပတ်၊
ပြီးတော့ ပွဲစားကုမ္ပဏီကိုအကြောင်းတစ်ခုခုပြပြီး မပြန်ဘဲနေခဲ့ စတဲ့နည်းလမ်းတွေ အခုနောက်ပိုင်းခေတ်စားနေတာကြားလာရတယ်
(2*)
(စာကြွင်း။ ။
(1*) နှင့် (2*) တို့၏အကြောင်းအရာများသည်
ကျွန်တော်မကျွမ်းကျင်သောနယ်ပယ်ဖြစ်သည့်အပြင် အမှန်တကယ်ကြုံခဲ့သူများသည်လည်း သူတို့၏ကိုယ်တွေ့ကိုပြန်မျှဝေရန်ခွင့်မပြုထားသောကြောင့် ကြားဖူးရုံသာရှိပြီး စာတစ်ပုဒ်အဖြစ်ရေးရန်မရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း မကြုံဖူးပါ။
ထို့ကြောင့် အဆိုပါကိစ္စများနှင့်ပတ်သတ်၍မည်သည့်မေးခွန်းများကိုမျှဖြေဆိုပေးရန်အစီအစဉ်မရှိပါ)
လာခဲ့တဲ့ကျွန်တော်တို့ဆွေမျိုးမိတ်သင်္ဂဟတွေကြားမှာလည်း ဒီကိစ္စအပေါ်မှာ ဝိဝါဒ နဲ့ မျှော်မှန်းချက်တွေမတူညီကြဘူး။ လူငယ်အများစုကတော့
ဒီဘက်နိုင်ငံသားကဒ်ပြားကိုင်ဆောင်ပြီး ဒီဘက်နိုင်ငံရဲ့ပညာရေး နဲ့ အလုပ်အကိုင်မြဲမြံမှုတွေအပေါ်မှာအားထားကြတယ်။ လူလတ်ပိုင်းကျတော့ နိုင်ငံသားခံယူချင်သူရော၊
အမြဲတမ်းနေထိုင်ခွင့်ကိုအချိန်ပြည့်ကိုင်ဆွဲထားချင်ကြသူတွေနဲ့ပါ မျှတတယ်လို့ဆိုရမယ်။ ဘာဖြစ်လို့တစ်ချို့က အမေရိကန်နိုင်ငံသားမခံယူချင်ကြတာလဲ?
အကြောင်းအမျိုးမျိုးရှိနေနိုင်ပါတယ်။
အမေရိကားကိုပြောင်းရွှေ့လာသူတွေထဲမှာ မြန်မာနိုင်ငံကစီးပွားရေးကောင်းခဲ့သူတွေ၊
လက်ရှိလုပ်လက်စ ကိုင်လက်စ မပြီးပြတ်သေးသူတွေ၊
မြန်မာနိုင်ငံမှာရွှေ့ပြောင်းဖို့မလွယ်ကူတဲ့ပစ္စည်းတွေရှိနေသူတွေ အမေရိကန်နိုင်ငံသားမလျှောက်ချင်ကြပါဘူး။ အဲဒီစာရင်းထဲမှာမပါတဲ့ လူဦးရေအနည်းငယ်ကတော့ အမေရိကားမှာနေရထိုင်ရတာ
အထီးကျန်တယ်၊ လူ့ဘဝက လုပ်ရတာနဲ့ပြန်ရတာမတန်ဘူး၊ ဘာမဆိုကိုယ်တိုင်လုပ်ရတယ်၊ ကိုယ်ရှာသမျှအခွန်ဆောင်တာနဲ့ကုန်တာပဲလို့ ခံယူထားသူတစ်ချို့နဲ့
တကယ်မြန်မာနိုင်ငံသားကိုမစွန့်လွှတ်လိုသူ၊ မစွန့်လွှတ်လိုသေးသူတွေက Green Card ကို သက်တမ်းတိုးပြီးဆက်လက်နေထိုင်ကြပါတယ်။
ဒီနေရာမှာ အမေရိကန်နိုင်ငံသား-Citizen နဲ့
အမြဲတမ်းနေထိုင်ခွင့်ရထားသူ-LPR (Lawful Permanent Residents) တို့က ဘာအခွင့်အရေးတွေကွာခြားနေလို့တုန်းလို့မေးစရှာရှိနေနိုင်ပါတယ်။ အသေးစိတ်တွေကိုအလေးပေးပြောမှာထက်စာရင် အဓိကကွာခြားမှု (၂) ချက်ကတော့ မဲပေးခွင့်-Right
to Vote နဲ့ လူမှုဖူလုံရေးအကျိုးအမြတ်-Social
Security Benefit တွေ ဖြစ်ပါတယ်။ ဆိုလိုတာက LPR သမားဟာ မဲပေးခွင့်မရှိဘူး။ နိုင်ငံသားတွေကိုသာပေးတဲ့ ကျန်းမာရေးနဲ့သက်ကြီးအထောက်အပံ့တွေကို
ရနိုင်မှာမဟုတ်ပါဘူး။
အမေရိကားကိုရောက်အောင်လာသူတွေက မဲပေးနိုင်ခြင်း
မပေးနိုင်ခြင်းထက် အသက်ကြီးလာတဲ့အခါ အပေါ်မှာပြောခဲ့တဲ့ခံစားခွင့်တွေကိုကျတော့
လိုချင်ကြပါတယ်။ ဒါပေမဲ့ Green Card ကိုင်ထားသမားဟာ နိုင်ငံသားတစ်ယောက်လိုပဲ အိမ်ဝယ်နိုင်တယ်၊
စတော့ရှယ်ယာဝယ်နိုင်တယ်၊ ကုမ္ပဏီထောင်နိုင်တယ်၊
အများနဲ့အတူအခွန်ထမ်းရပါမယ်။
ကျွန်တော်ဟာမြန်မာနိုင်ငံသားဖြစ်မှုကိုမစွန့်လွှတ်လိုသေးတာကြောင့် (၂ဝ၁၉) မှာ Green Card သက်တမ်းတိုးဖို့အချိန်ကျရောက်လာပါတယ်။ Green Card
တစ်ခုရဲ့ကို အမေရိကန်ပြည်ထောင်စုကိုစတင်ဝင်ရောက်တဲ့နေ့-Date of Entry ကနေ (၁ဝ) နှစ် သက်တမ်းပေးထားပါတယ်။ အမှန်ကတော့ (၁၁) နှစ်ပါ။ ဘယ်ကနေ ဘယ်လို (၁၁) နှစ်ဖြစ်သွားတယ်ဆိုတာကို ကိုယ်တွေ့စုဆောင်းထားတဲ့ပုံပေါင်း
(၅ဝ) လောက်နဲ့ နောက်တစ်ပိုင်းကို စောင့်မျှော်ပေးကြပါ။ (ယခုဆောင်းပါးကို
Like & Share မလုပ်သူများ အပိုင်း (၂) ကို ဖတ်ခွင့်ရမည်မဟုတ်)
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-31-2019
No comments:
Post a Comment