ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 14, 2017

ဆီလီကြန္နည္းပညာရပ္ဝန္းကျမိဳ႕ေတြအေၾကာင္း



. ဆီလီကြန္ေတာင္ၾကားလို႕ေျပာလုိက္တာနဲ႕ နည္းပညာအစံုနဲ႕ တီထြင္မႈအမ်ိဳးမ်ိဳးကို စီးပြားေရးက႑ေပါင္းစံုမွာဦးေဆာင္ေနတဲ႕ အေမရိကန္ႏို္င္ငံရဲ႕ ကယ္လီဖိုးနီးယားျပည္နယ္က ေဒသတစ္ခုဆိုတာ လူသိမ်ားၾကပါတယ္။ သို႕ေပမယ္႕ ဒီေနရာဟာ ျမန္မာႏုိင္ငံက မုိးကုတ္ျမိဳ႕လို ျမိဳ႕ ( ၃ ) ၊ ( ၄ ) ျမိဳ႕ကို တစ္ဖက္နဲ႕တစ္ဖက္သြယ္တန္းေနတဲ႕ေတာင္တန္း ( ၂ ) ခုအတြင္းမွာ ဇလံုထဲထည္႕ထားတဲ႕ပံုစံမ်ိဳးလို႕ထင္ရင္ မွားကုန္ပါလိမ္႕မယ္။
.
. ဆန္ဖရန္စစၥကုိေတာင္ပိုင္းစက္မွဳဇံုကေနခ်ဲ႕ထြင္လာလိုက္တဲ႕နည္းပညာျမိဳ႕အုပ္စုၾကီးဟာ အနီးကပ္ ဆန္မေထးရုိ - San Mateo ျမိဳ႕ကုိေက်ာ္လို႕ ေနာက္ဆံုးမွာ ဆန္တာကလာ႕ရာလြင္ျပင္ - Santa Clara Valley အေရာက္မွာေတာ႕ ရင္းႏွီးျမဳပ္ႏွံသူ - Venture Capitalist ေတြနဲ႕ပိုမိုစည္ကားလာခဲ႕ပါတယ္။
.
.
. ကြ်န္ေတာ္ ဒီႏို္င္ငံမေရာက္ခင္က ရန္ကုန္မွာ အေမရိကားအေၾကာင္း အင္တာနက္မွာေတာက္ေလွ်ာက္ရွာဖတ္တုန္း ဆီလီကြန္ေတာင္ၾကားဆိုတာ ဆိုင္းဘုတ္အၾကီးၾကီးတပ္ထားတဲ႕ ျမိဳ႕ဝင္မုခ္ဦးၾကီးရွိမယ္လို႕ထင္ခဲ႕တာ တက္တက္စင္လြဲတာပါပဲ။ အဲဒီအစား ရန္ကုန္အစြန္ ေထာက္ၾကံ႕ကေန ပဲခူးေလာက္အထိ ျမိဳ႕ေတြပူးပူးကပ္ကပ္ျဖစ္ေနတဲ႕ " အုပ္စုဖြဲ႕ျမိဳ႕ပံုစံမ်ိဳး " နဲ႕ ဆီလီကြန္ေတာင္ၾကားဆိုတဲ႕ နည္းပညာနယ္ပယ္ၾကီးျဖစ္ထြန္းလာတာ နဖူးေတြ႕ဒူးေတြ႕သိျမင္လိုက္ရတယ္။
.
. တိုးပြားလာတဲ႕ လုပ္ငန္းရွင္ေတြနဲ႕ အင္ဂ်င္နီယာအုပ္စုေတြကုိအလုပ္ေပးဖို႕ ဆန္ဖရန္စစၥကုိျမိဳ႕က်ဥ္းက်ဥ္းေလးနဲ႕မျဖစ္ႏုိ္ုင္တဲ႕အခါ ကုန္းတြင္းပိုင္းကုိေရႊ႕လာရင္းနဲ႕ သြားလာရလြယ္ကူတဲ႕ ဆန္ဟုိေဆးျမိဳ႕ - San Jose မွာ စုျဖစ္ၾကတယ္။
.
.
. ဒီလိုနဲ႕ စက္မႈဇံုလို႕ ကနဦးဖန္းတီးခဲ႕တဲ႕ ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသ - Bay Area အတြင္း ဆန္ဖရန္စစၥကိုဟာ ခရီးသြားျမိဳ႕အျဖစ္က်န္ရစ္တယ္။
.
. ယခင္ႏွစ္မ်ားစြာက ျမင္းေလာင္းပြဲနဲ႕ျမိဳ႕ရံပံုေငြတည္ခဲ႕တဲ႕ ဆန္မေထးရို - San Mateo က ေဆာ႕ဝဲလ္အေျခတည္ျပီး ဝန္ေဆာင္မႈေရာင္းတဲ႕ ပင္လယ္ကမ္းေျခေလးအေကြ႕မွာ အိေျႏၵရ လွပလန္းဆန္းေနတယ္။
.
.
. " ေက်ာင္းဆင္းေတာ႕အလုပ္ရွာ၊ ေတြ႕တဲ႕အလုပ္ကရြာထဲမွာ " ဆုိသလို စတင္းဖို႕ဒ္တကၠသိုလ္ - Standford University က လူခ်မ္းသာေတာ္ေတာ္မ်ားမ်ား ေမြးထုတ္ေပးတယ္။ လူသိမ်ားတဲ႕ ကြန္ပ်ဴတာဦးပိုင္ - HP ( Hewlett Packard ) တည္ေထာင္သူတို႕ဆုိရင္ ဆီလီကြန္ေတာင္ၾကားကိုကိုင္လႈပ္ခဲ႕တဲ႕အထဲမွာပါဝင္ခဲ႕တယ္
.
. ေနာက္ပိုင္းမွာ လုပ္ငန္းအသစ္စလုပ္သူ - Start-Up တုိင္း ကုမၸဏီေထာင္ဖို႕နဲ႕ လုပ္ငန္းတိုးခ်ဲ႕ဖို႕ေငြရင္းေငြႏွီးရွာေဖြရာေနရာ ျဖစ္လာတယ္။ ဒါက အေမရိကန္ျပည္တြင္းျဖစ္လုပ္ငန္းရွင္ေတြပဲရွိေသးတယ္။ ျပင္ပကေန အေမရိကန္ေစ်းကြက္ထဲတုိုးဝင္လာတဲ႕ကုမၸဏီေတြရဲ႕ေျခလွမ္းဘယ္ေလာက္က်ယ္သလဲဆုိရင္ Samsung ရဲ႕ အေဆာက္အဦသစ္တို႕၊ Sony ရဲ႕ အထင္ကရရံုးခ်ဳပ္တုိ႕ကုိၾကည္႕ရင္သိႏိုင္ပါတယ္။
.
.
. ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ေျပာရရင္ . .
.
Facebook ရွိတဲ႕ေနရာကုိ Menlo Park
.
Google နဲ႕ LinkedIn ရွိတဲ႕ေနရာက Mountain View
.
Apple မူလတည္ေထာင္ရာျမိဳ႕က Cupertino
.
Yahoo ႐ံုးခ်ဳပ္ က Sunnyvale မွာ
.
VISA ၊ Evernote နဲ႕ Sony တုိ႕က San Mateo မွာ
.
Uber ၊ Twitter ၊ Pinterest တုိ႕ကို San Francisco
.
eBay ၊ Paypal ၊ Samsung နဲ႕ Cisco တို႕ရွိတဲ႕ေနရာက San Jose
.
Oracle ေဆာ႕ဝဲလ္ကုမၸဏီ နဲ႕ Huawei Technologies က Santa Clara မွာ
.
Netflix ရံုးခ်ဳပ္ကုိေတာ႕ Los Gatos မွာ စသျဖင္႕ . .
ပုဂံက ျမတ္စြယ္ေတာ္ ( ၄ ) ဆူ တစ္ေန႕တည္းအကုန္ဖူးႏုိင္ေပမယ္႕ ဆီလီကြန္ေတာင္ၾကားနည္းပညာကုမၸဏီေတြစံုဖို႕ေတာ႕ တစ္ရက္တည္းနဲ႕မရပါဘူး။
.
.
. အခုလို ခ်မ္းသာတဲ႕စီးပြားေရးသမၼတတက္လာတဲ႕အေမရိကန္မွာ ရံုးထုိင္တာနဲ႕ ဆီလီကြန္ေတာင္ၾကားက အေမရိကန္စီးပြားေရးကိုဦးေဆာင္ေနတဲ႕ CEO ေတြကိုေခၚေတြ႕တာမွတ္မိၾကမွာပါ။ ေရွ႕ဆက္လုပ္မယ္႕လမ္းစဥ္ေတြမွာ အေမရိကန္ထြက္ကုန္ဦးစားေပးစံနစ္နဲ႕ ဦးစားေပးလုပ္ကိုင္ဖို႕ေျပာသံကိုပါ ၾကားလိုက္မိတယ္။
.
. ဒါကိုၾကည္႕ျခင္းအားျဖင္႕ နည္းပညာ နဲ႕ မူပိုင္ခြင္႕ဟာ အေမရိကန္စီးပြားေရးကို ေတာင္တက္တက္ ေတာင္ဆင္းဆင္း တစ္ခ်က္မွမပ်င္းရေလေအာင္ ဘယ္လိုဂီယာနဲ႕ ဆီလီကြန္ေတာင္ၾကားကို ကစားမလဲဆုိတာ ရင္ခုန္စရာပါ။
.
. တစ္ဆက္တည္း ဆီလီကြန္ေတာင္ၾကားမွာအလုပ္လုပ္္ၾကတဲ႕ ႏိုင္ငံတကာကပညာတတ္မ်ားဟာလည္း လစာေကာင္းေကာင္းနဲ႕လက္ခေမာင္းခတ္ဖို႕ အားအသစ္၊ အစီအစဥ္အသစ္ေတြနဲ႕ အခုေလာက္ဆိုအဆင္သင္႕ျပင္ထားၾကေလာက္ေရာေပါ႕..။
.
.
. ခင္လ်က္
.
. ကုိညီညီ ( ေတာင္ၾကီး )
. 02-14-2017
.
.
Unicode Version:
.
.
. " ဆီလီကွန်နည်းပညာရပ်ဝန်းကမြို့တွေအကြောင်း "
. ဆီလီကွန်တောင်ကြားလို့ပြောလိုက်တာနဲ့ နည်းပညာအစုံနဲ့ တီထွင်မှုအမျိုးမျိုးကို စီးပွားရေးကဏ္ဍပေါင်းစုံမှာဦးဆောင်နေတဲ့ အမေရိကန်နို်င်ငံရဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ဒေသတစ်ခုဆိုတာ လူသိများကြပါတယ်။ သို့ပေမယ့် ဒီနေရာဟာ မြန်မာနိုင်ငံက မိုးကုတ်မြို့လို မြို့ ( ၃ ) ၊ ( ၄ ) မြို့ကို တစ်ဖက်နဲ့တစ်ဖက်သွယ်တန်ုးနေတဲ့တောင်တန်း ( ၂ ) ခုအတွင်းမှာ ဇလုံထဲထည့်ထားတဲ့ပုံစံမျိုးလို့ထင်ရင် မှားကုန်ပါလိမ့်မယ်။
.
. ဆန်ဖရန်စစ္စကိုတောင်ပိုင်းစက်မှုဇုံကနေချဲ့ထွင်လာလိုက်တဲ့နည်းပညာမြို့အုပ်စုကြီးဟာ အနီးကပ် ဆန်မထေးရို - San Mateo မြို့ကိုကျော်လို့ နောက်ဆုံးမှာ ဆန်တာကလာ့ရာလွင်ပြင် - Santa Clara Valley အရောက်မှာတော့ ရင်းနှီးမြုပ်နှံသူ - Venture Capitalist တွေနဲ့ပိုမိုစည်ကားလာခဲ့ပါတယ်။
.
.
. ကျွန်တော် ဒီနို်င်ငံမရောက်ခင်က ရန်ကုန်မှာ အမေရိကားအကြောင်း အင်တာနက်မှာတောက်လျှောက်ရှာဖတ်တုန်း ဆီလီကွန်တောင်ကြားဆိုတာ ဆိုင်းဘုတ်အကြီးကြီးတပ်ထားတဲ့ မြို့ဝင်မုခ်ဦးကြီးရှိမယ်လို့ထင်ခဲ့တာ တက်တက်စင်လွဲတာပါပဲ။ အဲဒီအစား ရန်ကုန်အစွန် ထောက်ကြံ့ကနေ ပဲခူးလောက်အထိ မြို့တွေပူးပူးကပ်ကပ်ဖြစ်နေတဲ့ " အုပ်စုဖွဲ့မြို့ပုံစံမျိုး " နဲ့ ဆီလီကွန်တောင်ကြားဆိုတဲ့ နည်းပညာနယ်ပယ်ကြီးဖြစ်ထွန်းလာတာ နဖူးတွေ့ဒူးတွေ့သိမြင်လိုက်ရတယ်။
.
. တိုးပွားလာတဲ့ လုပ်ငန်းရှင်တွေနဲ့ အင်ဂျင်နီယာအုပ်စုတွေကိုအလုပ်ပေးဖို့ ဆန်ဖရန်စစ္စကိုမြို့ကျဉ်းကျဉ်းလေးနဲ့မဖြစ်နို်ုင်တဲ့အခါ ကုန်းတွင်းပိုင်းကိုရွှေ့လာရင်းနဲ့ သွားလာရလွယ်ကူတဲ့ ဆန်ဟိုဆေးမြို့ - San Jose မှာ စုဖြစ်ကြတယ်။
.
.
. ဒီလိုနဲ့ စက်မှုဇုံလို့ ကနဦးဖန်းတီးခဲ့တဲ့ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ - Bay Area အတွင်း ဆန်ဖရန်စစ္စကိုဟာ ခရီးသွားမြို့အဖြစ်ကျန်ရစ်တယ်။
.
. ယခင်နှစ်များစွာက မြင်းလောင်းပွဲနဲ့မြို့ရံပုံငွေတည်ခဲ့တဲ့ ဆန်မထေးရို - San Mateo က ဆော့ဝဲလ်အခြေတည်ပြီး ဝန်ဆောင်မှုရောင်းတဲ့ ပင်လယ်ကမ်းခြေလေးအကွေ့မှာ အိန္ဒြေရ လှပလန်းဆန်းနေတယ်။
.
.
. " ကျောင်းဆင်းတော့အလုပ်ရှာ၊ တွေ့တဲ့အလုပ်ကရွာထဲမှာ " ဆိုသလို စတင်းဖို့ဒ်တက္ကသိုလ် - Standford University က လူချမ်းသာတော်တော်များများ မွေးထုတ်ပေးတယ်။ လူသိများတဲ့ ကွန်ပျူတာဦးပိုင် - HP ( Hewlett Packard ) တည်ထောင်သူတို့ဆိုရင် ဆီလီကွန်တောင်ကြားကိုကိုင်လှုပ်ခဲ့တဲ့အထဲမှာပါဝင်ခဲ့တယ်။
.
. နောက်ပိုင်းမှာ လုပ်ငန်းအသစ်စလုပ်သူ - Start-Up တိုင်း ကုမ္ပဏီထောင်ဖို့နဲ့ လုပ်ငန်းတိုးချဲ့ဖို့ငွေရင်းငွေနှီးရှာဖွေရာနေရာ ဖြစ်လာတယ်။ ဒါက အမေရိကန်ပြည်တွင်းဖြစ်လုပ်ငန်းရှင်တွေပဲရှိသေးတယ်။ ပြင်ပကနေ အမေရိကန်စျေးကွက်ထဲတိုုးဝင်လာတဲ့ကုမ္ပဏီတွေရဲ့ခြေလှမ်းဘယ်လောက်ကျယ်သလဲဆိုရင် Samsung ရဲ့ အဆောက်အဦသစ်တို့၊ Sony ရဲ့ အထင်ကရရုံးချုပ်တို့ကိုကြည့်ရင်သိနိုင်ပါတယ်။
.
.
. ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောရရင် . .
.
Facebook ရှိတဲ့နေရာကို Menlo Park
.
Google နဲ့ LinkedIn ရှိတဲ့နေရာက Mountain View
.
Apple မူလတည်ထောင်ရာမြို့က Cupertino
.
Yahoo ႐ံုးခ်ဳပ္ က Sunnyvale မွာ
.
VISA ၊ Evernote နဲ့ Sony တို့က San Mateo မှာ
.
Uber ၊ Twitter ၊ Pinterest တို့ကို San Francisco
.
eBay ၊ Paypal ၊ Samsung နဲ့ Cisco တို့ရှိတဲ့နေရာက San Jose
.
Oracle ဆော့ဝဲလ်ကုမ္ပဏီ နဲ့ Huawei Technologies က Santa Clara မှာ
.
Netflix ရုံးချုပ်ကိုတော့ Los Gatos မှာ စသဖြင့် . .
ပုဂံက မြတ်စွယ်တော် ( ၄ ) ဆူ တစ်နေ့တည်းအကုန်ဖူးနိုင်ပေမယ့် ဆီလီကွန်တောင်ကြားနည်းပညာကုမ္ပဏီတွေစုံဖို့တော့ တစ်ရက်တည်းနဲ့မရပါဘူး။
.
.
. အခုလို ချမ်းသာတဲ့စီးပွားရေးသမ္မတတက်လာတဲ့အမေရိကန်မှာ ရုံးထိုင်တာနဲ့ ဆီလီကွန်တောင်ကြားက အမေရိကန်စီးပွားရေးကိုဦးဆောင်နေတဲ့ CEO တွေကိုခေါ်တွေ့တာမှတ်မိကြမှာပါ။ ရှေ့ဆက်လုပ်မယ့်လမ်းစဉ်တွေမှာ အမေရိကန်ထွက်ကုန်ဦးစားပေးစံနစ်နဲ့ ဦးစားပေးလုပ်ကိုင်ဖို့ပြောသံကိုပါ ကြားလိုက်မိတယ်။
.
. ဒါကိုကြည့်ခြင်းအားဖြင့် နည်းပညာ နဲ့ မူပိုင်ခွင့်ဟာ အမေရိကန်စီးပွားရေးကို တောင်တက်တက် တောင်ဆင်းဆင်း တစ်ချက်မှမပျင်းရလေအောင် ဘယ်လိုဂီယာနဲ့ ဆီလီကွန်တောင်ကြားကို ကစားမလဲဆိုတာ ရင်ခုန်စရာပါ။
.
. တစ်ဆက်တည်း ဆီလီကွန်တောင်ကြားမှာအလုပ်လုပ််ကြတဲ့ နိုင်ငံတကာကပညာတတ်များဟာလည်း လစာကောင်းကောင်းနဲ့လက်ခမောင်းခတ်ဖို့ အားအသစ်၊ အစီအစဉ်အသစ်တွေနဲ့ အခုေလာက္ဆိုအဆင်သင့်ပြင်ထားကြလောက်ရောပေါ့..။
.
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 02-14-2017

No comments: