ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, April 17, 2015

အဝတ္ေလွ်ာ္ေသာလက္ျဖင္႕ ပညာေရးကိုျမွင္႕တင္အံ႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမအိုဟာ အသက္ ( ၈၇ ) ႏွစ္ရွိတဲ႕ပံုစံမေပၚ၊ သြက္လက္ေပါ႕ပါးစြာ ဘဏ္ထဲကို လွမ္းဝင္လိုက္တယ္။ ေစ်းသြား အလုပ္သြားသလိုပဲ သူမ မပ်က္မကြက္ေရာက္ေနက်ေနရာေပမုိ႕ ဘဏ္ကလည္း သူ႕ကို အေမၾကီးလို႕ သိေနပါျပီ။ ဘဏ္ဝန္ထမ္းေလးက စျပီး ႏႈတ္ဆက္တယ္ ..

“ အေမ .. ေနေကာင္းလား ”

“ ေကာင္းပါတယ္  သားရယ္။ မင္းတို႕တေတြေရာ ေနေကာင္းၾကတယ္မလား? ” လို႕ ေျဖညွင္းစြာ ျပန္ေျဖလိုက္တယ္။ ဘဏ္ဝန္ထမ္းေလးက ဆက္ျပီး ,,

“ အေမ႕ဘဏ္စာရင္းထဲမွာ ေငြဘယ္ေလာက္ရွိေနျပီလို႕ အေမထင္သလဲ ” လို႕ ေကာက္ခါငင္ခါ ေမးလိုက္တယ္။

“ မသိပါဘူးကြယ္ ” လို႕ ထူးျခားမႈမျပတဲ႕ အသံေလးနဲ႕ အေမ ျပန္ေျဖတယ္။ ျပီးေတာ႕ တစ္ဆက္တည္း

“ ဒါဆိုလည္း ေျပာျပေလ .. ဘယ္ေလာက္ရွိေနျပီလဲ ” လို႕ ေအးေဆးစြာ ျပန္ေျပာတယ္။


“ အေမစုတဲ႕ေငြဟာ ေဒၚလာ ( ၁ ) သန္း ရဲ႕ ( ၄ ) ပံု ( ၁ ) ပံု ရွိေနျပီ။ အဲဒီေငြေတြကုိ ကြ်န္ေတာ္တုိ႕ဘဏ္က ဘာလုပ္ေပးရမလဲ ” လို႕ ဘဏ္ဝန္ထမ္းေလးက ေမးတယ္။

ေကာင္ေလးကသာ ေျပာလုိက္တာ အေမၾကီးဟာ ရိုးလြန္းလို႕ သူေျပာတဲ႕ေငြပမာဏကို ဘယ္လိုမွ မမွန္းတတ္ဘူး ျဖစ္ေနတယ္။ အဲဒီအခ်ိန္မွာ ဘဏ္ဝန္ထမ္းေလးက အေၾကြေစ႕ ( ၁ဝ ) ေစ႕ကုိ ေကာင္တာစားပြဲေပၚမွာ စီထားေပးလိုက္ျပီး ေျပာတယ္ ..

“ အေမ .. ဒီအေၾကြ ( ၁ဝ ) ေစ႕ ( ေပါင္းျခင္း ) ဟာ အေမ႕ေငြေတြကို ကိုယ္စားျပဳတယ္။ ဒါကိုၾကည္႕ျပီး ေငြေတြကို ဘယ္လုိသံုးခ်င္တယ္ဆိုတာ ေျပာေလ ” လို႕လည္း တစ္ဆက္တည္း ေျပာလုိက္တယ္။

အေမဟာ ပထမအေၾကြေစ႕ကုိ လက္ညိႈးေလးနဲ႕ေရႊ႕ရင္း “ ဒါက ဘုရားရွိခုိးေက်ာင္းကို လွဴမယ္ ”

ေနာက္ထပ္ အေၾကြ ( ၃ ) ေစ႕ကို လက္ဝါးေလးနဲ႕ ႏူးညံ႕စြာအုပ္ရင္း

“ ဒီဟာေတြကုိ အေမ႕တူ နဲ႕ တူမ ကို ( ၂ ) ေစ႕ ေပးလိုက္ပါ။ ေနာက္တစ္ေစ႕ကုိ အေမ႕တစ္ဝမ္းကြဲကို ေပးခ်င္တယ္။ အေမက သူတို႕ကို သိပ္ခ်စ္တာ ” ဆိုျပီး ဘဏ္ဝန္ထမ္းေလး ရဲ႕ လက္ထဲကို ထည္႕ေပးလိုက္တယ္။

ေနာက္ဆံုးက်မွ အားရေက်နပ္သြားတဲ႕အျပံဳးနဲ႕ မ်က္ႏွာမွာ ဝင္းပသြားျပီး
“ က်န္တဲ႕အေၾကြ ( ၆ ) ေစ႕ ကိုေတာ႕ အေမ႕ဘဝမွာ အထူးေဆာင္ရြက္စရာ တစ္ခုရွိတယ္ ” လို႕ ေျပာလိုက္တဲ႕အခါ ဘဏ္ဝန္ထမ္းေလးမွာ အံ႕ၾသမွင္သက္သြားရတယ္။ ဒါနဲ႕ပဲ အေမၾကီးလည္း ေက်နပ္စြာ လွည္႕ျပန္သြားေလတယ္။
.
.
အဲဒီအေမၾကီးရဲ႕နာမယ္ကုိ ေအာ္စီယုိလာမက္ကာသီ - Oseola McCarty လို႕ေခၚျပီး အေမရိကန္ႏိုင္ငံ မစ္စစၥပီျပည္နယ္မွာ ၾကီးျပင္းခဲ႕သူ ျဖစ္ပါတယ္။ အျပင္ထြက္တာဆိုလို႕ မီးဖိုေခ်ာင္ေစ်းဝယ္တာ နဲ႕ ဘုရားရွိခိုးေက်ာင္းသြားတာကလြဲရင္ တစ္ေနကုန္ အဝတ္ေလွ်ာ္ေနသူပါ။
.
အေမၾကီးဟာ တစ္ခါမွ ကားေမာင္းမသင္ဖူးဘူး။ သူမ ခင္ရတဲ႕သူငယ္ခ်င္းေတြကုိ “ ငါ အခုအခ်ိန္အထိ အခ်စ္ရွာေနတုန္းပဲ ” လို႕ အျမဲေနာက္တတ္ေပမယ္႕ အေမၾကီးမွာ အိမ္ေထာင္မရွိပါဘူး။ အေမၾကီးဟာ ငယ္ရြယ္ႏုပ်ိဳစဥ္ကတည္းက သူတစ္ပါးရဲ႕ ညစ္ေပတဲ႕အဝတ္ေတြကုိ ေလွ်ာ္ဖြပ္ျပီး အသက္ေမြးဝမ္းေက်ာင္းျပဳတယ္။ လုပ္အားခရတဲ႕ မူးေစ႕၊ မတ္ေစ႕၊ က်ပ္တန္ေတြကအစ ေငြသားအားလံုးကို အနီးနားမွာ ရွိတဲ႕ဘဏ္မွာ ေန႕တိုင္းသြားအပ္လာလိုက္တာ အခုလို အသက္ၾကီးအုိမင္းလာတဲ႕အထိပဲ။ ဒါေပမယ္႕ သူ႕မဘဏ္စာအုပ္မွာ ေဒၚလာ ( ၂၅ဝ,ဝဝဝ ) ရွိေနျပီဆိုတာေတာ႕ မတြက္တတ္ရွာေလသူပါ။
.
.
ေနာက္ ( ၁ ) လ ေလာက္အၾကာ ျမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးရံုးက အေမၾကီးပို႕လုိက္တဲ႕ ခ်က္လက္မွတ္တစ္ေစာင္ကို လက္ခံရရွိတယ္။ ခ်က္လက္မွတ္မွာ $150,000 - တစ္သိန္းငါးေသာင္းေဒၚလာ ဆိုျပီး လက္ေရးနဲ႕ေရးထားတယ္။
.
တစ္ဆက္တည္း ေဘးနားမွာ “ မိမိဘဝကိုဘယ္လိုျမွင္႕တင္ရမွန္းမသိတဲ႕၊ မိမိလူမႈအသိုင္းအဝုိင္းကိုဘယ္လုိေခါင္းေဆာင္ရမွန္းမသိတဲ႕ အာဖရိကန္-အေမရိကန္လူမ်ိဳး ပညာခ်ိဳ႕တဲ႕သူေတြကို စာသင္ဆု - စေကာ္လာရွစ္ တစ္ခု တည္ေထာင္ဖို႕ ေဆာင္ရြက္ေပးပါ ” လို႕ ရိုးရွင္းစြာ ေရးထားေလတယ္။
.
.
ဒီလုပ္ရပ္ဟာ လူသားအသည္းႏွလံုးေပါင္းမ်ားစြာကို ပြတ္တိုက္မိသြားတဲ႕အခါ  “ အသက္အရြယ္ၾကီးရင္႕လွတဲ႕ အဝတ္ေလွ်ာ္အဖြားအိုေတာင္မွ သူမ ပိုင္ဆိုင္တဲ႕ ေငြေၾကးေတြအကုန္စြန္႕လႊတ္ျပီး ပညာေတာ္သင္ဆုေထာင္ေပးႏိုင္ခဲ႕ေသးတာပဲ ” ဆိုျပီး သူေ႒းသူၾကြယ္ေလာကမွာ သတင္းေမႊးခဲ႕တယ္။
.
ေလသတင္း ေလညွင္းေဆာင္ဆုိသလို ေကာင္းသတင္းမို႕လို႕  ပုိုလို႕ေတာင္ ျမန္ျမန္ဆန္ဆန္ပ်ံ႕ႏွံ႕တယ္လို႕ ဆိုရဦးမွာ ျဖစ္ပါတယ္။ ေငြေၾကးၾကြယ္ဝတဲ႕ လုပ္ငန္းရွင္ေတြက ကိုယ္ပိုင္ေငြေဒၚလာသန္းေပါင္းမ်ားစြာ သူ႕ထက္ငါ ရံပံုေငြထည္႕ဝင္ၾကတယ္။
.
.
အေမေအာ္စီယုိ မကြယ္လြန္ခင္ အသက္ ( ၉၁ ) ႏွစ္မွာ သူ႕ကို ဒီလိုဘာလုိ႕လုပ္ခဲ႕တာလဲလို႕ ေမးတဲ႕အခါ

“ အေမက တစ္ေန႕တစ္ရက္ လုပ္ေနတဲ႕ ေသးငယ္ေသာကိစၥေတြကေန ေခါင္းေဆာင္လုိ႕ရတယ္ဆုိတာ ျပခ်င္တယ္။ အေမက စည္းကမ္းဦးေဆာင္တဲ႕ဘဝမွာ ေနခ်င္သူပါ။ ျပီးေတာ႕ အေမက တစ္ေန႕တစ္ေန႕ကို အေကာင္းဆံုး လုပ္ေနခ်င္တယ္ ” လို႕ ေျပာတယ္။ ဆက္ျပီး

“ မင္းတို႕သိၾကလား..? အေမ႕မွာ အိပ္မက္ရွိတယ္။ အေမ႕အိပ္မက္က စေကာ္လာရွစ္ တည္ေထာင္ျပီး လူငယ္ေတြကို စာသင္ေပးဖို႕ပဲ ”

“ တစ္ခုေတာ႕ရွိတယ္။ အေမမေသခင္ ပထမဦးဆံုး ဘြဲ႕ရေက်ာင္းသားကုိ ဘြဲ႕ႏွင္းသဘင္မွာ ပညာေတာ္သင္ဆု ယူေနတာကို ျမင္သြားခ်င္တယ္ ”

“ ဒါဟာ အေမ႕ရဲ႕ အိပ္မက္ပဲ။ ဒါက ျဖစ္ဖို႕မေသခ်ာဘူးဆိုတာ အေမသိတယ္ ” လို႕ အားတင္းကာ ေျပာပါတယ္။
.
.
အေမ မဆံုးခင္ ( ၁ ) လ အလုိမွာ စေကာ္လာရွစ္ေက်ာင္းဆင္းပြဲ လုပ္ဖို႕စီစဥ္ၾကတယ္။ ပထမဦးဆံုးေအာင္တဲ႕ ေက်ာင္းသားကုိ ဆရာေတြက “ မင္းသတင္းၾကားျပီးျပီလား? မင္းကုိ ပညာသင္ဆုေပးခဲ႕တဲ႕ ေက်းဇူးရွင္ၾကီး ကြယ္လြန္သြားပါျပီ။ အေမအို ေအာ္စီယုိလာမက္ကာသီ ဆံုးသြားျပီ။ အခုလို ဆုယူတဲ႕ပြဲမွာ ဘာေျပာခ်င္ပါသလဲ ”  လို႕ စင္ျမင္႕ေပၚမွာ ေမးလိုက္တယ္။ လူမည္းေက်ာင္းသားေလးက ..

“ ဟုတ္ကဲ႕ .. ကြ်န္ေတာ႕မွာ ေျပာစရာရွိပါတယ္။ နတ္ျပည္ဟာ အေမ႕ထက္ေကာင္းတဲ႕ နတ္သမီးရဖို႕ အေၾကာင္းမရွိပါဘူး။ အေမဟာ အားက်စရာျဖစ္တယ္။ အေမဟာ မဂၤလာနတ္မယ္ ျဖစ္တယ္။ အေမဟာ ကမၻာေျမအတြက္ အဖိုးမျဖတ္ႏိုင္တဲ႕ ရတနာတစ္ပါး ျဖစ္ပါတယ္ ” လို႕ ဝမ္းနည္းအားတင္းရင္း မ်က္ရည္စက္လက္နဲ႕ ေျပာခ်လိုက္ႏုိင္တယ္။
.
.
အေမအို ေအာ္စီယုိလာမက္ကာသီ ရဲ႕ နာေရးကို ႏိုင္ငံျခားေရးဝန္ၾကီးေတြ တက္ေရာက္ၾကတယ္။ ႏိုင္ငံေတာ္ သမၼတေတြပါ တက္ေရာက္ၾကတယ္။ သမၼတကလင္တန္က “ သမၼတကခ်ီးျမွင္႕သည္႕ႏိုင္ငံသားဆု ” ခ်ီးျမွင္႕တယ္။ အေမ႕ရဲ႕လုပ္ေဆာင္ခ်က္အတြက္ ကုလသမဂၢ က ဂုဏ္ထူးေဆာင္တံဆိပ္ခ်ီးျမွင္႕တယ္။ ဟားဗတ္စီးပြားေရးတကၠသုိလ္က ေဒါက္တာဘြဲ႕ ေပးအပ္တယ္။
.
“ ေခါင္းေဆာင္မႈဆုိတာ ဒီလိုလုပ္ရတယ္လို႕ ” အေမေအာ္စီယုိလာက လုပ္ျပသြားတာျဖစ္တယ္။ တစ္ဦးတစ္ေယာက္အတြက္ မားမားမတ္မတ္ရပ္တည္ရမယ္။ အမ်ားအတြက္ ဦးေဆာင္ရမယ္။ အလုပ္ရာထူးဂုဏ္ပုဒ္အတြက္ မဟုတ္ဘူး။ စီးပြားေရးမွာမွ မဟုတ္ဘူး .. လူသားဆန္တဲ႕ ေခါင္းေဆာင္မႈဆိုတာ ရွိတယ္။ ေန႕စဥ္ေသးေသးေလးကေန အျမင္႕မားဆံုးလုပ္ႏိုင္သူေတြ ေခါင္းေဆာင္တတ္ေအာင္ သင္ေပးခဲ႕တဲ႕ အေမ ေအာ္စီယုိလာမက္ကာသီ ကုိ ႏွစ္သစ္မွာ ဂုဏ္ျပဳလိုက္ရပါတယ္။
.
koko2yeye@gmail.com
.
ရည္ညႊန္းကိုးကား - Audible: Extraordinary Leadership by Robin Sharma
.
http://www.audible.com/pd/Business/Extraordinary-Leadership-Audiobook/B002V1A9BQ/ref=a_search_c4_1_1_srTtl?qid=1429317793&sr=1-1
.
.
.
Myanmar Unicode Version:
.
.
“အဝတ်လျှော်သောလက်ဖြင့် ပညာရေးကိုမြှင့်တင်အံ့”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေအိုဟာ အသက် ( ၈၇ ) နှစ်ရှိတဲ့ပုံစံမပေါ်၊ သွက်လက်ပေါ့ပါးစွာ ဘဏ်ထဲကို လှမ်းဝင်လိုက်တယ်။ ဈေးသွား အလုပ်သွားသလိုပဲ သူမ မပျက်မကွက်ရောက်နေကျနေရာပေမို့ ဘဏ်ကလည်း သူ့ကို အမေကြီးလို့ သိနေပါပြီ။ ဘဏ်ဝန်ထမ်းလေးက စပြီး နှုတ်ဆက်တယ် ..

“ အမေ .. နေကောင်းလား ”

“ ကောင်းပါတယ်  သားရယ်။ မင်းတို့တတွေရော နေကောင်းကြတယ်မလား? ” လို့ ဖြေညှင်းစွာ ပြန်ဖြေလိုက်တယ်။ ဘဏ်ဝန်ထမ်းလေးက ဆက်ပြီး ,,

“ အမေ့ဘဏ်စာရင်းထဲမှာ ငွေဘယ်လောက်ရှိနေပြီလို့ အမေထင်သလဲ ” လို့ ကောက်ခါငင်ခါ မေးလိုက်တယ်။

“ မသိပါဘူးကွယ် ” လို့ ထူးခြားမှုမပြတဲ့ အသံလေးနဲ့ အမေ ပြန်ဖြေတယ်။ ပြီးတော့ တစ်ဆက်တည်း

“ ဒါဆိုလည်း ပြောပြလေ .. ဘယ်လောက်ရှိနေပြီလဲ ” လို့ အေးဆေးစွာ ပြန်ပြောတယ်။

“ အမေစုတဲ့ငွေဟာ ဒေါ်လာ ( ၁ ) သန်း ရဲ့ ( ၄ ) ပုံ ( ၁ ) ပုံ ရှိနေပြီ။ အဲဒီငွေတွေကို ကျွန်တော်တို့ဘဏ်က ဘာလုပ်ပေးရမလဲ ” လို့ ဘဏ်ဝန်ထမ်းလေးက မေးတယ်။

ကောင်လေးကသာ ပြောလိုက်တာ အမေကြီးဟာ ရိုးလွန်းလို့ သူပြောတဲ့ငွေပမာဏကို ဘယ်လိုမှ မမှန်းတတ်ဘူး ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဘဏ်ဝန်ထမ်းလေးက အကြွေစေ့ ( ၁ဝ ) စေ့ကို ကောင်တာစားပွဲပေါ်မှာ စီထားပေးလိုက်ပြီး ပြောတယ် ..

“ အမေ .. ဒီအကြွေ ( ၁ဝ ) စေ့ ( ပေါင်းခြင်း ) ဟာ အမေ့ငွေတွေကို ကိုယ်စားပြုတယ်။ ဒါကိုကြည့်ပြီး ငွေတွေကို ဘယ်လိုသုံးချင်တယ်ဆိုတာ ပြောလေ ” လို့လည်း တစ်ဆက်တည်း ပြောလိုက်တယ်။

အမေဟာ ပထမအကြွေစေ့ကို လက်ညှိုးလေးနဲ့ရွှေ့ရင်း “ ဒါက ဘုရားရှိခိုးကျောင်းကို လှူမယ် ”

နောက်ထပ် အကြွေ ( ၃ ) စေ့ကို လက်ဝါးလေးနဲ့ နူးညံ့စွာအုပ်ရင်း

“ ဒီဟာတွေကို အမေ့တူ နဲ့ တူမ ကို ( ၂ ) စေ့ ပေးလိုက်ပါ။ နောက်တစ်စေ့ကို အမေ့တစ်ဝမ်းကွဲကို ပေးချင်တယ်။ အမေက သူတို့ကို သိပ်ချစ်တာ ” ဆိုပြီး ဘဏ်ဝန်ထမ်းလေး ရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။

နောက်ဆုံးကျမှ အားရကျေနပ်သွားတဲ့အပြုံးနဲ့ မျက်နှာမှာ ဝင်းပသွားပြီး
“ ကျန်တဲ့အကြွေ ( ၆ ) စေ့ ကိုတော့ အမေ့ဘဝမှာ အထူးဆောင်ရွက်စရာ တစ်ခုရှိတယ် ” လို့ ပြောလိုက်တဲ့အခါ ဘဏ်ဝန်ထမ်းလေးမှာ အံ့ဩမှင်သက်သွားရတယ်။ ဒါနဲ့ပဲ အမေကြီးလည်း ကျေနပ်စွာ လှည့်ပြန်သွားလေတယ်။
.
.
အဲဒီအမေကြီးရဲ့နာမယ်ကို အော်စီယိုလာမက်ကာသီ - Oseola McCarty လို့ခေါ်ပြီး အမေရိကန်နိုင်ငံ မစ်စစ္စပီပြည်နယ်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ အပြင်ထွက်တာဆိုလို့ မီးဖိုချောင်ဈေးဝယ်တာ နဲ့ ဘုရားရှိခိုးကျောင်းသွားတာကလွဲရင် တစ်နေကုန် အဝတ်လျှော်နေသူပါ။
.
အမေကြီးဟာ တစ်ခါမှ ကားမောင်းမသင်ဖူးဘူး။ သူမ ခင်ရတဲ့သူငယ်ချင်းတွေကို “ ငါ အခုအချိန်အထိ အချစ်ရှာနေတုန်းပဲ ” လို့ အမြဲနောက်တတ်ပေမယ့် အမေကြီးမှာ အိမ်ထောင်မရှိပါဘူး။ အမေကြီးဟာ ငယ်ရွယ်နုပျိုစဉ်ကတည်းက သူတစ်ပါးရဲ့ ညစ်ပေတဲ့အဝတ်တွေကို လျှော်ဖွပ်ပြီး အသက်မွေးဝမ်းကျောင်းပြုတယ်။ လုပ်အားခရတဲ့ မူးစေ့၊ မတ်စေ့၊ ကျပ်တန်တွေကအစ ငွေသားအားလုံးကို အနီးနားမှာ ရှိတဲ့ဘဏ်မှာ နေ့တိုင်းသွားအပ်လာလိုက်တာ အခုလို အသက်ကြီးအိုမင်းလာတဲ့အထိပဲ။ ဒါပေမယ့် သူ့မဘဏ်စာအုပ်မှာ ဒေါ်လာ ( ၂၅ဝ,ဝဝဝ ) ရှိနေပြီဆိုတာတော့ မတွက်တတ်ရှာလေသူပါ။
.
.
နောက် ( ၁ ) လ လောက်အကြာ မြို့တော်အုပ်ချုပ်ရေးရုံးက အမေကြီးပို့လိုက်တဲ့ ချက်လက်မှတ်တစ်စောင်ကို လက်ခံရရှိတယ်။ ချက်လက်မှတ်မှာ $150,000 - တစ်သိန်းငါးသောင်းဒေါ်လာ ဆိုပြီး လက်ရေးနဲ့ရေးထားတယ်။
.
တစ်ဆက်တည်း ဘေးနားမှာ “ မိမိဘဝကိုဘယ်လိုမြှင့်တင်ရမှန်းမသိတဲ့၊ မိမိလူမှုအသိုင်းအဝိုင်းကိုဘယ်လိုခေါင်းဆောင်ရမှန်းမသိတဲ့ အာဖရိကန်-အမေရိကန်လူမျိုး ပညာချို့တဲ့သူတွေကို စာသင်ဆု - စကော်လာရှစ် တစ်ခု တည်ထောင်ဖို့ ဆောင်ရွက်ပေးပါ ” လို့ ရိုးရှင်းစွာ ရေးထားလေတယ်။
.
.
ဒီလုပ်ရပ်ဟာ လူသားအသည်းနှလုံးပေါင်းများစွာကို ပွတ်တိုက်မိသွားတဲ့အခါ  “ အသက်အရွယ်ကြီးရင့်လှတဲ့ အဝတ်လျှော်အဖွားအိုတောင်မှ သူမ ပိုင်ဆိုင်တဲ့ ငွေကြေးတွေအကုန်စွန့်လွှတ်ပြီး ပညာတော်သင်ဆုထောင်ပေးနိုင်ခဲ့သေးတာပဲ ” ဆိုပြီး သူဋ္ဌေးသူကြွယ်လောကမှာ သတင်းမွှေးခဲ့တယ်။
.
လေသတင်း လေညှင်းဆောင်ဆိုသလို ကောင်းသတင်းမို့လို့  ပိုလို့တောင် မြန်မြန်ဆန်ဆန်ပျံ့နှံ့တယ်လို့ ဆိုရဦးမှာ ဖြစ်ပါတယ်။ ငွေကြေးကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေက ကိုယ်ပိုင်ငွေဒေါ်လာသန်းပေါင်းများစွာ သူ့ထက်ငါ ရံပုံငွေထည့်ဝင်ကြတယ်။
.
.
အမေအော်စီယို မကွယ်လွန်ခင် အသက် ( ၉၁ ) နှစ်မှာ သူ့ကို ဒီလိုဘာလို့လုပ်ခဲ့တာလဲလို့ မေးတဲ့အခါ

“ အမေက တစ်နေ့တစ်ရက် လုပ်နေတဲ့ သေးငယ်သောကိစ္စတွေကနေ ခေါင်းဆောင်လို့ရတယ်ဆိုတာ ပြချင်တယ်။ အမေက စည်းကမ်းဦးဆောင်တဲ့ဘဝမှာ နေချင်သူပါ။ ပြီးတော့ အမေက တစ်နေ့တစ်နေ့ကို အကောင်းဆုံး လုပ်နေချင်တယ် ” လို့ ပြောတယ်။ ဆက်ပြီး

“ မင်းတို့သိကြလား..? အမေ့မှာ အိပ်မက်ရှိတယ်။ အမေ့အိပ်မက်က စကော်လာရှစ် တည်ထောင်ပြီး လူငယ်တွေကို စာသင်ပေးဖို့ပဲ ”

“ တစ်ခုတော့ရှိတယ်။ အမေမသေခင် ပထမဦးဆုံး ဘွဲ့ရကျောင်းသားကို ဘွဲ့နှင်းသဘင်မှာ ပညာတော်သင်ဆု ယူနေတာကို မြင်သွားချင်တယ် ”

“ ဒါဟာ အမေ့ရဲ့ အိပ်မက်ပဲ။ ဒါက ဖြစ်ဖို့မသေချာဘူးဆိုတာ အမေသိတယ် ” လို့ အားတင်းကာ ပြောပါတယ်။
.
.
အမေ မဆုံးခင် ( ၁ ) လ အလိုမှာ စကော်လာရှစ်ကျောင်းဆင်းပွဲ လုပ်ဖို့စီစဉ်ကြတယ်။ ပထမဦးဆုံးအောင်တဲ့ ကျောင်းသားကို ဆရာတွေက “ မင်းသတင်းကြားပြီးပြီလား? မင်းကို ပညာသင်ဆုပေးခဲ့တဲ့ ကျေးဇူးရှင်ကြီး ကွယ်လွန်သွားပါပြီ။ အမေအို အော်စီယိုလာမက်ကာသီ ဆုံးသွားပြီ။ အခုလို ဆုယူတဲ့ပွဲမှာ ဘာပြောချင်ပါသလဲ ”  လို့ စင်မြင့်ပေါ်မှာ မေးလိုက်တယ်။ လူမည်းကျောင်းသားလေးက ..

“ ဟုတ်ကဲ့ .. ကျွန်တော့မှာ ပြောစရာရှိပါတယ်။ နတ်ပြည်ဟာ အမေ့ထက်ကောင်းတဲ့ နတ်သမီးရဖို့ အကြောင်းမရှိပါဘူး။ အမေဟာ အားကျစရာဖြစ်တယ်။ အမေဟာ မင်္ဂလာနတ်မယ် ဖြစ်တယ်။ အမေဟာ ကမ္ဘာမြေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး ဖြစ်ပါတယ် ” လို့ ဝမ်းနည်းအားတင်းရင်း မျက်ရည်စက်လက်နဲ့ ပြောချလိုက်နိုင်တယ်။
.
.
အမေအို အော်စီယိုလာမက်ကာသီ ရဲ့ နာရေးကို နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြတယ်။ နိုင်ငံတော် သမ္မတတွေပါ တက်ရောက်ကြတယ်။ သမ္မတကလင်တန်က “ သမ္မတကချီးမြှင့်သည့်နိုင်ငံသားဆု ” ချီးမြှင့်တယ်။ အမေ့ရဲ့လုပ်ဆောင်ချက်အတွက် ကုလသမဂ္ဂ က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်တယ်။ ဟားဗတ်စီးပွားရေးတက္ကသိုလ်က ဒေါက်တာဘွဲ့ ပေးအပ်တယ်။
.
“ ခေါင်းဆောင်မှုဆိုတာ ဒီလိုလုပ်ရတယ်လို့ ” အမေအော်စီယိုလာက လုပ်ပြသွားတာဖြစ်တယ်။ တစ်ဦးတစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ရမယ်။ အများအတွက် ဦးဆောင်ရမယ်။ အလုပ်ရာထူးဂုဏ်ပုဒ်အတွက် မဟုတ်ဘူး။ စီးပွားရေးမှာမှ မဟုတ်ဘူး .. လူသားဆန်တဲ့ ခေါင်းဆောင်မှုဆိုတာ ရှိတယ်။ နေ့စဉ်သေးသေးလေးကနေ အမြင့်မားဆုံးလုပ်နိုင်သူတွေ ခေါင်းဆောင်တတ်အောင် သင်ပေးခဲ့တဲ့ အမေ အော်စီယိုလာမက်ကာသီ ကို နှစ်သစ်မှာ ဂုဏ်ပြုလိုက်ရပါတယ်။
.
koko2yeye@gmail.com
.
ရည်ညွှန်းကိုးကား - Audible: Extraordinary Leadership by Robin Sharma
.
http://www.audible.com/pd/Business/Extraordinary-Leadership-Audiobook/B002V1A9BQ/ref=a_search_c4_1_1_srTtl?qid=1429317793&sr=1-1
.
.
“ အဝတ္ေလွ်ာ္ေသာလက္ျဖင္႕ ပညာေရးကိုျမွင္႕တင္အံ႕ ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ( ၁၉ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/md9w63i9177d1c1/NetGuide+Vol.4%2C+Issue+15.pdf




No comments: